အခန်း (၁၇၄)
Vol. 11 Ch. 174
ဘာသာပြန် = စနိုးဝှိုက်
"666 မာစတာ လင်း ဒီခွေးကို ဘယ်ကနေ ယူလာတာလဲ"
"ဒါက ရှီဘာ အီနူ ခွေးမျိုး မဟုတ်လား..တကယ့်မျက်လုံးကောင်းတွေ ရှိတယ်"
"မင်းဘကြီးလို..ရှီဘာ အီနူခွေးမျိုး လား...ဒါက ဖော်မာဆန် မောင်တိန် ခွေးမျိုးဟ"
"မင်းအစ်မကြီးကို ဖော်မာဆန် မောင်တိန်ခွေးမျိုးပါလား...ဒါက တရုတ် ရူရယ် ခွေးမျိုးဟ...အကြီးအကဲ ခွေး နီကိုးလပ်ကို လျော့မတွက်နဲ့နော်..."
"ဟေး မီးတောက် စစ်ပွဲ အင်ပါယာက ဘယ်ကို သွားတာလဲ သူ့ကို မတွေ့ရတာ အတော်ကြာနေပြီနော်..."
"ဟုတ်တယ် အရင်တုန်းက ဆိုရင် သူက မာစတာ လင်းရဲ့ ဝိုက်ဘိုမှာ ရှိနေကြ..ဒါပေမဲ့ အခုနောက်ပိုင်း သူ့ကို မတွေ့ရတော့ဘူး"
"အဲ့အကြောင်းကို မပြောနဲ့တော့ မာစတာ လင်းရဲ့ ဝိုက်ဘိုက..အဘမ်းခံထားရတာလေ..ဘယ်လိုဖြစ်ပြီး..ခနလေးနဲ့ ပြန်ပြီး ပြန်သုံးလို့ရနေတာလဲ.."
"ဟားဟား မာစတာ လင်းကို ဘယ်သူလို့ ထင်နေတာလဲ..ဝိုက်ဘိုက သူ့ကို အကြာကြီး ပစ်ပယ်ထားလို့ ရမယ် ထင်နေတာလား.."
"ပြောတာ လုံလောက်ပြီ..ပို့စ်တင်ကြ..ပို့စ်တင်ကြ"
မာစတာ လင်းရဲ့ဝိုက်ဘို အကောင့် အချိန်အတိုလေးအတွင်းလေးမှာ ပြန်ပြီး..အသုံးပြုလို့ရသွားတာက ဆယ်လီတွေ.ကို ..အံ့သြသွားစေခဲ့ပါတယ်။
ချီရီ ဝိုက်ဘိုဟာ များပြားလှတဲ့ အင်တာနက် ဆယ်လီတွေကို သတိပေးစာသား ပို့ထားပြီး..ဒီကိစ္စကို ဝင်မပါဖို့ ညွှန်ကြားထားပြီးသားပါ။
အခုကျတော့ မာစတာ လင်းရဲ့ ဝိုက်ဘိုအကောင့်ဟာ အချိန်တို အတွင်းမှာ ပြန်ပြီး..အသက်ဝင်နေပြီး..စိတ်တိုင်းကျ ပိုစ့်တွေတင်နေတာက..သူတို့ကို အံ့သြသင့်စေတာ ပုံမှန်ပါပဲ။
ဒါက..အဲဒီမှာ နောက်ထပ် ပြသနာတစ်ခုခုရှိနေတယ်လို့ ပြောချင်တာလား...
ထပ်ပြောရရင် ပို့စ်တင်နေကြတဲ့ လူတွေဟာ ဘာသတိပေးချက်မှ ရကြတဲ့ ပုံမပေါ်ပါဘူး။
ဆယ်လီ တစ်ယောက်ဟာ မာစတာ လင်းရဲ့ ပို့စ်ကို ပြန်တင်ကြည့်ဖို့ ကြိုးစားလိုက်ပေမယ့်လည်း မှ မဖြစ်တာ တွေ့လိုက်ရပါတယ်။
ယင်းနောက် တစ်ခြား အင်တာနက် ဆယ်လီတွေဟာလည်း လိုက်တင်ကြည့်လိုက်ကြပြီး..ဘာမှမဖြစ်ကြပါဘူး..ဒါကြောင့် ဒီကိစ္စဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပါတော့တယ်။
ကြယ်အလင်း ကျောင်းတွင်။
ကျောင်းလီဟာ စားပွဲကို ဒေါသထွက်စွာ ရိုက်လိုက်ပြီး...
"ဒီ မာစတာ လင်း ဆိုတဲ့ ကောင်က ဘယ်ကနေလာတာလဲ..ချီရီ ဝိုက်ဘိုကရော ဘာဖြစ်သွားတာလဲ.."
ချီရီ ဝိုက်ဘိုဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကုန်လုံးကို..အသိပေးထားပြီဖြစ်ပြီး..ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို အကုန်ဖြစ်ပျက်ရမှာပါ။
ဒီအဖြစ်ပျက်ကြီး ပျောက်ကွယ်ခါနိီး အချိန်ကြမှ အခု တဖန်ပြန်ပြီး ဟော့ဖြစ်လာပါပြီ။
ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ ဒေါသထွက်နေကြပြီး..တစ်ချိန်တည်းမှာပဲ..သူတို့ စိတ်ပူနေမိပါတယ်။
ဒီကိစ္စကို သူတို့ ဒီထက်ပိုပြီး ထိန်းထားလို့ မရတော့တာကို သိထားကြပြီး..ပုံမှန်လူတွေ ထက်ကျော်လွန်ကာ ထိန်းချုပ်နိုင်စွမ်းလွတ်သွားရင်..သူတို့လည်း ဘာမှ မတတ်နိုင်တော့ပေ။
ချန်ဂျန်ဟာ စိတ်ပူနေခဲ့ပေမယ့် လည်း တည်ငြိမ်စွာဖြင့်...
"စိတ်မပူပါနဲ့..ဒီကိစ္စရဲ့ မူရင်း အရင်းအမြစ်ကို ဖြေရှင်းလိုက်ရင်..အဆင်ပြေသွားမှာပါ။ငါ ချီရီ ဝိုက်ဘိုက အကြီးအကဲ ပိုင်းကို ဆက်သွယ်ပြီးသွားပြီ..သူပြောတာကတော့ သူတို့ ဒီထက်ပိုပြီး ဆက်မလုပ်ပေးနိုင်တော့ဘူးတဲ့..။အဲ့အကြီးအကဲက စကားအကုန်ပြောပြီးသွားပြီ..ငါမနက်ဖြန် အဲ့ကို လိုက်သွားပြီး ရှင်းလင်းအောင်လုပ်ရမယ်။.အခြေအနေတွေ ဒီထက်ပိုပြီး ဆိုးရွားမလာဖို့ လိုအပ်တယ်"
ကျောင်းလီဟာ လည်း ခေါင်းညိမ့်လိုက်တယ်။သူတို့ လုပ်နိုင်တာ ဒါအကုန်ပါပဲ..ဒီလို အသေးအဖွဲလေးက ဒီလောက်အထိ ကြီးလာလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
ဒါဟာ သူတို့အတွက် မကောင်းတဲ့ အရာတစ်ခုဖြစ်ပြီး..အချိန်မှီတားဆီး မှရတော့မှာပါ။
မြို့သားတွေဟာလည်း အမှန်တရားကို မသိကြပေမယ့် ဒီမိန်းကလေး ရဲ့ဘဝကတော့ ပြီးဆုံးပြီဆိုတာ နားလည် လိုက်ပါတယ်။
အမှန်တရားက ဘယ်လိုပဲ ဖြစ်ဖြစ် သူမရဲ့ အနာဂတ်ဘဝကတော့ အဆုံးသတ်ပါပြီ။
"ဒီ မိန်းကလေး ရှောင်ရီမိုကတော့ .. သေပြီပဲ"
"ဟုတ်တယ် သူမက တော်တော် သတ္တိရှိတာပဲ..သူမကို တကယ်လေးစားမိတယ်။တစ်ခြားလူတွေ ဆိုရင် မသိချင်ယောင် ဆောင်သွားလိမ့်မယ်..ဒါပေမဲ့ ဒီမိန်းကလေးက..ထိပ်တိုက်ရင် ဆိုင်ဖို့ကို ရွေးချယ်လိုက်တယ်"
"အင်တာနက် ဆယ်လီတွေ ပါဝင်လာပေမယ့်လဲ သက်သေ မရှိရင် ဘာမှ လုပ်လို့ မရဘူးလေ.."
"ဟုတ်တယ် ငါတို့ ဒီသတင်းကို စဖတ်ကြတော့ ဒေါသထွက်သွားကြတာပဲလေ..ဒါပေမယ့် သက်သေကတော့ ရှိမနေခဲ့ဘူး"
"ဒီကိစ္စက ပထမဆုံး အကြိမ်မဟုတ်တော့ဘူးလေ..ရှင်းချန်း ပရော်ဖက်ဆာ နဲ့ ဒီ ကြယ်အလင်း ကျောင်းရဲ့ အဖြစ်အပျက်က အတူတူပဲ..ဒါပေမဲ့ ရှင်းချန်း မတော်တဆမူက..ကျေနပ်စရာ အဖြေတစ်ခု ထွက်လာသေးတယ်"
တိမ်ဖြူလမ်း။
လင်းဖန် အကြီးအကဲ ခွေးကို အမှန်အကန် မော်ဒယ် အဖြစ်ဖန်တီး ပေးနေခဲ့ပါတယ်။အကြီးအကဲ ခွေး နီကိုးလပ်က ခွေး မော်ဒယ်အဖြစ် အတော်သင့်တော် တာပါ။
သိုပေမယ့် သူဘယ်လောက်ပဲ ကြိုးစား ကြိုးစား.. အကြီးအကဲ ခွေး နီကိုးလပ်ကို ဆွဲဆောင်လို့ မရတော့ပေ။
"ဒီကိုလာဦး..နည်းနည်း အကြောက်အလန့် ကင်းတဲ့ အကြည့်လေး လုပ်ပြစမ်းပါ"
အကြီးအကဲ ခွေး နီကိုးလပ်က လဲလျောင်းနေရင်း လင်းဖန်ကို ကြည့်လိုက်ကာ လျာထုတ်ပြနေခဲ့ပါတယ်။သူဟာ သန်းဝေလိုက်ပြီး..သူ့လက်ပေါ်ကို ခေါင်းတင်ကာ ဇိမ်ခံနေခဲ့သည်။
ဒါဟာ သူ့ရဲ့ ဇိမ်ကျလှတဲ့ ခွေးဘဝကို ပေါ်လွင်စေပါတယ်။
ကျောက်ကျန်းယန်ဟာ ရယ်မောလိုက်ပြီး..
"မာစတာ လင်း..အကြီးအကဲ ခွေး နီကိုးလပ်က အတော်ကွဲပြားတာပဲ နော်.."
ဝုတ် ဝုတ်..
အကြအကဲ ခွေး နီကိုးလပ်ဟာ အကြိမ်အနည်းငယ် ဟောင်လိုက်ပေမယ့် လည်း လင်းဖန် သူပြောချင်တဲ့ အဓိပါယ်ကို နားလည်ပါတယ်။
"ဒီလူတွေက..စောက်ရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ..အေးဆေးကို မနားရဘူး"
လင်းဖန် ကြောင်အသွားခဲ့တယ်။
ဘာတုန်းဟ....
ဝုတ် ဝုတ်..
အဲ့အချိန်မှာပဲ လမ်းထဲမှာ ခွေးဟောင်သံကို.. ကြားလိုက်ရပါတယ်။
အကြီးအကဲ ခွေး နီကိုးလပ်ဟာ..ခေါင်းကို မော့လိုက်ပြီး. အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
အပြင်ဘက်မှ အမွေးထူထူ ခွေးမလေးကို မြင်လိုက်တဲ့ အချိန်မှာတော့..အကြီးအကဲ ခွေးနီးကိုးလပ်ဟာ နှစ်ခါပြန်ပြီး တောင် တွေးမနေတော့ပဲ ချက်ချင်း ပြေးထွက်သွားခဲ့ပါတယ်။
လင်းဖန် ဆွံအသွားပြီး ဒီခွေးကို နောက်တစ်ခါ..ပန်ကိတ် မကျွေးဖို့ ဆုံးဖြတ်လိုက်တယ်။
လူလိမ် ထျန်ဟာ ပြုံးလိုက်ပြီး...
"ခွေးတစ်ကောင်က ဘာနားလည်မှာ မလို့လဲ."
လင်းဖန် ပြုံးလိုက်တယ်။
"သူနားလည်ပါတယ်..သူပြောတာတောင်.ကျွန်တော် နားလည်တယ်.."
ဝူယန်လန်ဟာ ရုပ်တစ်ရက် တအော်လိုက်ပါတယ်။
"ဒီကို လာကြည့်ဦး..ကြယ်အလင်းကျောင်း..ဝိုက်ဘိုပေါ်မှာ.တစ်ခုခုတင်ထားတယ်။ဒါက တကယ်ဒေါသထွက်စရာပဲ..သူတို့က အမှန်တရားကို ဖုံူကွယ်ချင်နေတာ.."
လင်းဖန် ထရပ်လိုက်တယ်..အကြီးအကဲ ခွေး နီကိုးလပ်က သူ့ကို ဘာလေးစားမူ မှမရှိဘူးဆိုတော့ သူ သင်ခန်းစာ ပေးမှ ဖြစ်မှာပါ။
ယင်းနောက် သူဟာ ဖုန်းကို ကြည့်လိုက်တယ်။
"ကျောင်းသူ ရှောင်ရီမိုဟာ စိတ်အခြေအနေ မကောင်းပဲ ဒီပရက်ရှင် ဝင်နေခဲ့တယ်..အခုဖြစ်ပေါ်နေတဲ့ အရာတွေက.သူမရဲ့ စိတ်အခြေအနေမကောင်းလို့ပါ။အဆုံးသတ် အနေနဲ့..ဒါဟာ ကျောင်းရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး..ပရောဖက်ဆာ နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့တယ်။ကျောင်းဟာ အတွင်းပိုင်း စီစဥ်မူတွေ လုပ်နေပါပြီ။ကျေးဇူးပြုပြီး..ကောလာဟသတွေကို ပိုပြီး ဖြစ်ပေါ်စေမယ့်..အရာတွေ ကို မဖြန့်ဝေမိစေဖို့ တိုက်တွန်းပါရစေ"
မြို့သားတွေဟာ ဒီလို သတင်းနဲ့ ပတ်သက်ပြီး မအံ့သြတော့ပါဘူး။
အဆုံးမှာတော့ ကျောင်းသူလေးဟာ သူမရဲ့ ပညာရေး အဆုံးသတ်သွားရတာပါပဲ။သူမ ဖျော်ဖြေရေး လောက မှာ အောင်မြင်ဖို့ဆိုတာ ကလည်း..မဖြစ်နိုင်တော့ပါဘူး။
အရာရာတိုင်းက အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပြီး..သူမ အထုတ်ကို သိမ်းကာ အိမ်ပြန်ဖို့ပဲ တတ်နိုင်ပါတော့မယ်။
ကြယ်အလင်းကျောင်းတင်မကပါဘူး..တစ်ကမ္ဘာလုံးက.သူမကို အပြစ်တင်ဖို့ စောင့်ကြည့်နေသလိုပါပဲ။ဒါက အကြီးဆုံး ပြသနာ တစ်ခုပါ။
"ဒီ ပြသနာ က အဆုံမသတ်သေးဘူး..ငါတို့ အမှန်တရားကို ရှာဖွေကြရဦးမယ်"
"အမှန်တရားကို ငါ့ဖင်မှာ လာရှာလိုက်..အမှန်တရားက ဒါပဲ ကြယ်အလင်းကျောင်း ဘာမှမပတ်ဘူး..ရှောင်ရီမိုက ဒီပရက်ရှင် ဝင်ပြီး လျောက်လုပ်နေတော့ တစ်ခြားလူတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို ဖြစ်သွားတာ"
"တစ်ယောက်အထက်တစ်ယောက်ရှိတယ်..မင်းက ဒီလို ပြောရအောင်..အထောက်အထားရှိလို့လား.."
"တစ်ယောက် အထက် တစ်ယောက်ရှိတယ်..နှစ်ယောက်ရှိတယ်..မင်းအဲတာပဲ ထပ်တလဲလဲ ပြောနေ"
လင်းဖန် ချက်ချင်းပဲ ကြယ်အလင်းကျောင်းရဲ့ ပို့စ်ကိုမြင်ပြီး ပိုစ့် စာပြန်တင်လိုက်တယ်။
"မင်းမေလိုး ခွေးမသား.."
ဒီ ပို့စ် ပေါ်လာတဲ့ အချိန်မှာပဲ.. ချက်ချင်းပဲ ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။
"666 မာစတာ လင်းက စောက်ရမ်းမိုက်တယ်"
"ငါ မာစတာ လင်းကို ယုံကြည်တယ်..သူနဲ့ အတူတူ အဆုံးအထိတိုက်ခိုက်မယ်.."
"မေ့လိုက်တော့ မာစတာ လင်းက ပါဝါရှိပေမယ့်လည်း..ဒီကိစ္စမှာ ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"ဟုတ်တယ် ကြယ်အလင်းကျောင်းက ဒီလို အဖြစ်အပျက်မျိုး အဖြစ်ခံပါ့မလား..ထပ်ပြောရရင်..ဒီကိစ္စက သက်သေလည်း မရှိဘူး"
"ငါတော့ အပေါ်ကလူ ပြောတာကို သဘောတူတယ်"
ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ မာစတာ လင်းရဲ့ ပို့စ်ကို မြင်ပြီး ချက်ချင်းပဲ ပို့စ်တွေ အသီးသီး တင်လိုက်ကြပါတယိ။
ကျောင်းလီဟာ ပြောလိုက်တယ်။
"မာစတာ လင်းကို မေးပါရစေ..ကိုယ့်စကားကို တာဝန်ခံနိုင်လား ဆိုတာ..မင်းရဲ့ စကားလုံးတွေကို ငါတို့ သက်သေအဖြစ် စုစည်းထားပြီးပြီ..တရားဥပဒေ အရ ဖြေရှင်းကြတာပေါ့"
ဂျန်ချန်ဟာ လည်း စာပြန်လိုက်တယ်။
"အခု အရာရာပေါ်လာပြီ..ရှောင်ရီမိုက ဒီပရက်ရှင် ဝင်နေတာ..နင်ဘာမှ ထပ်ပြီး ပတ်သက်စရာ မလိုဘူး..နင်တင်ထားတာတွေကို ဖျက်လိုက်.မဟုတ်ရင် တရားစွဲ ရလိမ့်မယ်"
လင်းဖန် လည်း စာပြန်လိုက်တယ်။
"@ကျောင်းလီ @ ချန်ဂျန်..ခွေးမသား နှစ်ကောင်.မင်း#လိုးလိုက် ခွေးသားတွေ"
မြို့သားတွေ : ...............
ကျောင်းလီ : ...............
ချန်ဂျန် : ............