သားရဲတွေ ကမ္ဘာကို ဝင်ရောက်လာခြင်း
Vol. 12 Ch. 175
ဘာသာပြန် = စနိုးဝှိုက်
အရှေ့မြောက်ကို ဦးတည်နေတဲ့ ရထားတစ်စီးပေါ်တွင်။
ရှောင်ရီမိုဟာ အထုတ်ပြင်ပြီး အိမ်ပြန်နေရပါပြီ။သူမ ဒီလိုဆက်ဆံခံရတာကို တကယ်မကျေနပ်နိုင်ပါဘူး။
"အမေ..အဖေ ..ဘာတွေလုပ်နေတာလဲ.."
အဖေရှောင်ဟာ ဒေါသထွက်စွာဖြင့်...
"နင်တော်တော်တုံးပါလား..ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမှာ ဝင်ပါနိုင်ရတာလဲ..နင့်ကိုနင်တော်တော် ဟုတ်လှပြီထင်နေတာလား..နင်ကအရမ်းတော်နေတယ် ဆိုရင်တောင် ကြယ်အလင်းကျောင်းက နင့်ကို ကန်ထုတ်ဦးမှာပဲ..အနှစ်နှစ်ဆယ်လုံးလုံးကြိုးစား ခဲ့ရသမျှတွေ အကုန်ဆုံးရှုံးရပြီ..ငါတို့ ပြန်ရောက်ရင် နင့်ကို ချက်ချင်း မဂ်လာဆောင် ပေးရမယ်"
အမေရှောင်ဟာတော့ ထောင့်တစ်ထောင့်မှာ ထိုင်ပြီး ငိုနေခဲ့ပါတယ်။သူမ သမီးလေးက တရားမျှတမူအတွက် လုပ်ပေးတယ်ဆိုတာ မပြစ်မတင်ချင်တော့ပါဘူး..သို့ပေမယ့် ဒီလို ကိစ္စက သာမန်လူတစ်ယောက် ဝင်မပါသင့်တဲ့ အရာပါ။
ရှောင်ရီမိုရဲ့ မျက်လုံးတွေဟာ နီရဲလာပြီး အပြင်ဘက်က မြင်ကွင်းကို ကြည့်လိုက်တယ်။
"သမီး လက်ထပ်မှာမဟုတ်ဘူး..အဖေနားမလည်ပါဘူး..သမီးတို့ ကိုယ့်ဟာကို ရပ်တည်လို့ရတယ်။ဒီလို ကိစ္စမျိုးက ဘာမှမလုပ်ရင် ပိုပိုပြီးတောင် ဆိုးရွာလာလိမ့်မယ်"
အမေ ရှောင်ဟာ သူမကို နှစ်သိမ့်ဖို့ လုပ်လိုက်တယ်။
"သမီး အဖေက သမီးအတွက် အစိုးရိမ်လွန်နေတာပါ..အရမ်းအများကြီး မတွေးနဲ့။တကယ်လို့ နောက်နှစ် စာမေးပွဲဖြေခွင့်ရရင် ပြန်လာလို့ ရဦးမှာပါ"
"ဒါက ဘာကို ဆိုလိုတာလဲ.."
အဖေ ရှောငိဟာ လက်ဝေ့ယမ်းလိုက်ပြီး..
"မမေးနဲ့ .. အဖေနဲ့ အမေ ပြောတာကိုပဲ နားထောင်"
ရှောင်ရီမိုဟာ အနည်းငယ် စိတ်ဆတ်ပါတယ်...သူမ သံသယ ရှိနေတဲ့ အရာဆိုရင် သူမ ဒီတိုင်း လွတ်မပေးလိုက်နိုင်ပါဘူး။
"မဟုတ်ဘူး..အဖေတို့ အခုပြောမှ ရမယ်..မဟုတ်ရင် ပြန်မလိုက်နိုင်ဘူး"
အဖေ ရှောင်ရဲ့ မျက်နှာဟာ ပိုပြီး ဆိုးရွားလာခဲ့တယ်။
"ပြောတာကိုပဲ နားထောင်စမ်းပါ..ဒီကိစ္စမှာ ဝင်မပါပဲနဲ့ ကိုယ့်ဟာကိုပဲ ဂရုစိုက်တော့"
"ကျောငိး စီမံခန့်ခွဲရေး ဌာနက အဖေ့ကို ခေါ်တာ သမီးမှတ်မိပါသေးတယ်..သူတို့က အဖေ့ကို ဘာပြောတာလဲ"
ရှောင်ရီမိုဟာ သံသယ ဖြစ်စွာမေးလိုက်တယ်။
အဖေ ရှောင်ဟာ ဘာမှ မပြောမှ မျက်လုံးသာ မှိတ်လိုက်တဲ့ အချိန်မှာ အမေ ရှောင်ဟာ သူမ သမီးလေးကို နှသ်သိမ့်ဖို လုပ်လိုက်ပါတယ်။
"ဘာမှ မဟုတ်ဘူး..သမီးအဖေက တောင်းပန်ခဲ့ယုံပါ..ဒါကြောင့် ကျောင်း စီမံခန့်ခွဲရေးက သမီးကို နောက်နှစ် ကျောင်းပြန်တက်ဖို့ သဘောတူပေးခဲ့တယ်"
သူမ အမေပြောတာကို သူမ နားမလည်ခဲ့ပါဘူး..သို့ပေမယ့် သူမ ဖုန်းက နိုတီကျပြီး ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူမ ဒေါသထွက်လွန်းလို့ အော်ငိုမိလိုက်ပါတယ်။
"သူတို့ ဘယ်လိုများ ဒီလို လုပ်နိုင်ရတာလဲ..သမီးက ဘယ်တုန်းက ဒီပရက်ရှင် ရှိသွားလို့လဲ..မဟုတ်ဘူး..ဒီကိစ္စကို ရှင်းအောင် လုပ်ရမယ်"
,
အဖေရှောင်ဟာ ဖုန်းကို အမြန်လုယူပြီး ပြောလိုက်တယ်။
"နင့်ရဲ့ အဖေနဲ့ အမေကို တကယ်ဒေါသထွက်ပြီး သေသွားတာ မြင်ချင်နေတာလား.."
"ကျောင်းစီမံခန့်ခွဲရေးနဲ့ အဖေ တစ်ခုခုကို သဘောတူညီ ခဲ့တာလား. မဟုတ်ရင် သူတို့သမီးကို ပြန်လာခိုင်းမှာ မဟုတ်ဘူး..အဖေ ရိုးရိုးသားသားပြောပါ ဘာတွေ သဘောတူခဲ့တာလဲ.."
ရှောင်ရီမိုဟာ သူမရဲ့ အဖေကို ကြည့်ကာ ထပ်ပြောလိုက်တယ်။
"အဖေ မပြောဘူးဆိုရင် ..သမီးသေတာကို မြင်ရလိမ့်မယ်.."
* ဖြန်း *
ရိုက်ချက်တစ်ချက်ဟာ ပါးပေါ်ကို ကျရောက်သွားပြီး..ရထားပေါ်က ခရီးသည်တွေတောငိ ဘာတွေ ဖြစ်နေလဲ လှမ်းကြည့်လိုက်ကြပါတယ်။
"ဒါက ဘာလုပ်တာလဲ..."
အမေရှောငိဟာ အဖေရှောင်ကို ကြည့်ပြီး မေးလိုက်တယ်။
အဖေရှောင်ဟာလည်း သူ့သမီးကိုကြည့်နေခဲ့ပြီး သူ့ရဲ့ နှလုံးသားတွေဟာတော့ ကွဲကြေနေလို့ပါ။
ချက်ချင်းပဲ သူဒီလို မလုပ်သင့်ဘူးလို့ ခံစား လိုက်ရပါတယ်။
"ဟုတိတယ်..ဒါက ဘာမှ စွမ်းဆောင်နိုင်စွမ်း မရှိတဲ့ ငါ့ရဲ့ အမှားပဲ။ကျောင်းစီမံခန့်ခွဲရေးက လူတွေကို ငါ့သမီးမှာ စိတ်ကျရောဂါ ရှိနေပါတယ် ဆိုပြီး ထောက်ခံပေးခဲ့ရတယ်။ဒါပေမဲ့ သမီးနားလည်း ဖို့လို့တယ်..ဒါက တို့လို့ လူတွေ ဝင်ပါလို့မရတဲ့ ကိစ္စပဲ။အဖေ သမီးလုပ်ခဲ့တာကို သိပြီး..ဂုဏ်လည်း ယူမိတယ်။ဒါပေမဲ့ ဒါက ငါ့သမီးလို ဆယ်ကျော်သက်တစ်ယောက်က ဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ်ဘူး"
ယင်နောက် သူဟာ အနည်းငယ် တည်ငြိမ်သွားခဲ့ပြီး..
"အဖေ ပြောတာနားထောင်..ဒီကိစ္စမှာ ဝင်မပါနဲ့တော့။ဒါက အဖေနဲ့ အမေ အတွက်လည်း လွယ်ကူတဲ့ အရာမဟုတ်ဘူး။တို့ ဘယ်သူ့ကိုမှ အပြစ်ပြုမိလို့ မရဘူး..ဒါကြောင့်နားထောင်လိုက်ပါ ..ဟုတ်ပြီလား.."
ရှောင်ရီမိုဟာ သူမရဲ့ အဖေကို ကြည့်နေခဲ့ပြီး သူမရဲ့ လက်တွေကတော့ အက်ျီကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့ပါ။
သူမ ခေါင်းကို ငုံ့လိုက်တဲ့ အချိန်မှာတော့..မျက်ရည်တွေဟာ စီးကျလာခဲ့ပါပြီ..
အဖေ ရှောင်ဟာလည်း ရင်ထဲမှာ နာကျင်လှပေမယ့် သူ့သမီးလေးကို အိမ်ခေါ်သွားရင် အဆင်ပြေသွားမှာပါ လို့ပဲ တွေးလိုက်ပါတယ်။
"အဖေ, ဖုန်းကို သမီးကို ပြန်ပေးပါ"
ရှောင်ရီမိုဟာ ပြောလိုက်တယ်။
"မရဘူး.."
"အဖေ ..ပေးပါ..သမီးဘာပို့စ်မှ မတင်တော့ပါဘူး။ဝိုက်ဘိုမှာ ဘာတွေ ဖြစ်နေလဲ ကြည့်ယုံတင်ပါ"
နောက်ဆုံး ရှောင်ရီမိုဟာ သူမရဲ့ ဖုန်းကိုပြန်ရတဲ့ အချိန်မှာ ဖုန်းကို ဖွင့်ပြီး သတင်းတွေ ဖတ်လိုက်တယ်။
မာစတာ လင်း...
အနည်းငယ် နောက်ကျနိုင်တယ် ဆိုပေမယ့်လည်း အမှန်တရားဟာ တစ်နေ့ ပေါ်ပေါက်လာမယ်လို့ သူမယုံကြည်ပါတယ်။
တိမ်ဖြူလမ်း...
ကျောက်ကျန်းယန်ဟာ လက်ရှိအခြေအနေကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်။
"ဒီကိစ္စက တစ်ကယ်ကို အဆုံးသတ်သွားပြီ"
ဝုယူလန်ဟာ လည်းမယုံကြည်နိုင်ပါဘူး။
"ဘယ်လို ဖြစ်နိုင်မှာလဲ..ဒါက လုံးဝ ဒီလိုမဖြစ်နိုင်ဘူး"
လူလိမ် ထျန်ဟာလည်း ကြည့်လိုက်တယ်။
"အဖြေက ထွက်ပြီးနေပြီလေ..စိတ်ကျရောဂါ ခံစားနေရတာ"
ဝူတန်ဟီဟာ ဥာဏ်ပညာရှိပြီး အတွေ့အကြုံရင့်ကျတ်တဲ့ လူတစ်ယောက်ပါ..သူ ဒီလိုအရာတွေကို အများကြီး ကြုံးဖူးပါတယ်။
"လူတွေ အများကြီး ဝင်ပတ်သက်လေ..ပိုပြီး ခံစားကြရလေပဲ။သူတို့က သူတို့ရဲ့ ဂုဏ်သိက္ခာတော့ အကျခံမှာ မဟုတ်ဘူး..ဒါမရိုးရှင်းဘူးလို့ ပြောလို့ရတယ်"
အဲ့အချိန်မှာတော့ လင်းဖန်ဟာ သူ့ရဲ့ မေးစေ့ကို ကိုင်ပြီး အပြင်ကို ကြည့်နေခဲ့တယ်..သူဘာတွေးနေလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။
ကလင် ကလင်
ဝူတန်ဟီဟာ မြည့်နေတဲ့ သူ့ဖုန်းလေးကို ကြည့်ကာ ခေါင်းယမ်းလိုက်တယ်။
"ကြည့်ရတာ အဆုံးသတ်ပြီ ထင်တယ်..မစ္စတာကျောက်လည်း အကောင်းဆုံး ကြိုးသားပေးပြီးသွားပြီ"
ကျောက်မင်ဟာ ပြောလိုက်တယ်။
"အကြီးအကဲ ဝူ တောင်းပန်ပါတယ်..ကျွန်တော်လည်း ဒီလောက်အထိပဲ အကူညီပေးနိုင်တယ်..ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖျက်ရတော့မယ်..အကြီးအကဲ ဝူရဲ့ မိတ်ဆွေလည်း ဒီကိစ္စကို ပို့ထပ်တင် လို့ရမှာ မဟုတ်တော့ဘူး"
ဝူတန်ဟီဟာ ဒီလို ဖြစ်လာမယ် ဆိုတာ သိပြီးသားကြောင့် အရမ်းကြီး အတုန့်ပြန်နေတော့ပါဘူး။
"နားလည်ပါတယ်..ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါ မစ္စတာ ကျောက်"
ကျောင်မင်ဟာ ပြောလိုက်တယ်။
"ကျွန်တော် ဒီလောက်ပဲ ကူညီနိုင်တာ ခွင့်လွှတ်ပါ။ဒီကိစ္စက နဲနဲ ရှုပ်ထွေးတယ်"
......
ဖုန်းချပြီး တဲ့နောက်မှာ ဆိုင်လေးဟာ တိတ်ဆိတ်နေခဲ့ပါတယ်။
ဝူယူလန်ဟာ မယုံကြည်နိုင်ပါဘူး..
"ဘယ်လိုလုပ် ဒီတိုင်း အဆုံးသတ်နိုင်မှာလဲ.."
လူလိမ် ထျန်ဟာလည်း လင်းဖန်ကို ကြည့်ကာ မေးလိုက်ပါတယ်။
"ဘာဆက်လုပ်မှာလဲ..ဒီတိုင်းပဲ ထားလိုက်တော့မှာလား.."
လင်းဖန်ဟာ အသိစိတ်ပြန်ဝင်လာပြီး ပြုံးလိုက်တယ်။
"ရွေးစရာမရှိတော့ဘူးလေ..သူတို့တွေကို တိုက်ခိုက်ဖို့ ကျွန်တော့်မှာ ပါဝါ မှ မရှိတာ"
လူလိမ် ထျန်ဟာ ပြောလိုက်တယ်။
"ဒါက မင်းစတိုင်မဟုတ်ပါဘူး"
လင်းဖန် ပြုံးလိုက်တယ်..သူ့စိတ်ထဲမှာလည်း ဒေါသထွက်မိပါတယ်။သူ ဝိုက်ဘို ကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့..
တကယ်ပဲ...
အခု ဟော့ ဖြစ်နေတဲ့ သတင်းခေါင်းစဥ် တွေဟာ ဖယ်ရှားခြင်း ခံနေရပါတယ်။
ပို့စ်တင်ထားတဲ့ လူတွေနဲ့ ဆယ်လီတွေဟာ အဘန်းမခံရပေမယ့်လည်း ..ပို့စ်တွေက တော့ အကုန်ဖယ်ရှားခြင်း ခံလိုက်ရပါပြီ။
ခနအကြာမှာပဲ ဒီကိစ္စကြီးဟာ သုည အဆင့်ကို ပြန်ရောက်သွားပြီး ဘယ်တုန်းကမှ မရှိတော့သလို ပါပဲ။
တစ်ချို့လူတွေဟာ အပြစ်တင်နေကြတုန်း ဖြစ်ပေမယ့်လည်း ဒါတွေက အသုံးမဝင်တဲ့ အရာတွေပါ။
လင်းဖန်ရဲ့ ဝိုက်ဘို ပို့စ်တွေဟာ ဖယ်ရှားခြင်းခံခဲ့ရပေမယ့်လည်း သူ့အကောင့်တော့ ကျန်ရစ်နေပါသေးတယ်။
မြို့သားတွေဟာ လင်းဖန်ရဲ့ အကောင့်ထဲမှာ အဆက်မပြတ်ဆွေး နွေးနေကြလို့ပါ။
"မိုးမေလင်း...မာစတာ လင်းအကောင့်က ဘာဖြစ်သွားတာလဲ.."
"သူတို့က ပို့စ်ပဲ ဖြစ်သွားလို့ တော်သေးတယ်..အကောင့်တွေပါဘန်းရင် အခုချိန် အကုန်လုံး ငိုနေရလောက်ပြီ"
"သက်သေ ဆိုတာက အမြဲတမ်းလိုအပ်တယ်လေ..သက်သေမရှိရင် ပြောသမျှစကားတိုင်းက အလိမ်အညာလိုပဲ"
"မိုက်ရိုင်းတဲ့ မာစတာ လင်းက ကောလဟလကို ဖြန့်ခဲ့တာပဲ"
"တစ်ယောက် အထက်မှာ တစ်ယောက်ရှိတယ် မအိမ်လုံး ထွက်သွားလိုက်တော့"
"မာစတာ လင်းလည်း ကြောင်ပျောက်သွားပြီ..ဒါပေမယ့် ဘယ်သူမှ မတင်ရဲတဲ့ အချိန်မှာ သူတင်ပေးတယ်လေ ."
အားလုံး ဝမ်းနည်းစွာ ဆွေးနွေးနေကြတဲ့ အချိန်မှာ မာစတာ လင်းရဲ့ ပို့စ်အသစ်ဟာ အားလုံးကို ဆွံ့အသွားစေခဲ့ပါတယ်။
"@ ကျောင်းလီ @ ချန် ဂျန် ..ဟားဟားးးးဟားး"
လင်းဖန်...
" @ ကျောင်းလီ @ ဂျန်ချန် ခွေးမသား နှစ်ကောင်။အသက်ကြီးကြီး လူကြီး ဘာလို့ လမ်းဘေးမှာ သေနေတာလဲ..လူအတွေက ဘာလို့ ညသန်းခေါင်ကြီး ငိုကြွေးနေကြတာလဲ..ဘာလို့ ကွန်ဒုံးတွေက လူတွေကို ခံစားစေခဲ့ရတာလဲ။အမျိုးသမီးငယ်လေးတွေ ဘာလို့ ဘဝပျက်ကြရတာလဲ။ဘယ်သူတွေက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခဲ့တာလဲ..ကျောင်းသူလေးတွေ ရုတ်တရက် သေဆုံးမူက ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ဒါတွေအားလုံးရဲ့ နောက်ကွယ်က..သူတို့မှာ လူသားတွေရဲ့ စိတ်ဝိဥာဥ်နဲ့ ကိုယ်ကျင့်တရားတွေ မရှိကြလို့ပဲ။ကျေးဇူးပြုပြီး မာစတာ လင်းရဲ့ ရှိုးကို ကြည့်ပေးကြပါ။ကျောင်းလီ နဲ့ ချန်ဂျန်ရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ကင်မရာတွေနဲ့ သေချာရိုက်ကူထားပြီး..ဒီသတ္တဝါနှစ်ကောင် လူသားမျိုးနွယ်ထဲ ဘယ်လို ရောက်လာလဲ ဆိုတာ ကြည့်ကြတာပေါ့"