သေတဲ့ အထိတိုက်ခိုက်မယ်
Vol. 12 Ch. 176
ဘာသာပြန် = စနိုးဝှိုက်
ပရိတ်သတ် တွေ အကုန်လုံးဟာ အံ့သြသွားကြပါပြီ။
မာစတာ လင်းက ဘာလုပ်ဖို့ ကြံစည်နေတာလဲ..သူရူးများ ရူးသွားတာလား...
ကျောက်ကျန်းယန်ဟာ ဝိုက်ဘိုက ပိုစ့်ကိုမြင်ပြီး ပြောလိုက်တယ်။
"မာစတာ လင်းက တကယ်ကြမ်းတမ်းတာပဲ"
ဝူယူလန် လဲ လင်းဖန် ရေးထားတာကို ဖတ်ပြီး ရယ်မောလိုက်ပါတယ်။ဒီတစ်ကြိမ်မှာလည်း ပျော် တတ်တဲ့လူတွေဟာ မာစတာ လင်းဖက်က ရပ်တည်ကြဦးမှာပါ။
ဝိုက်ဘိုပေါ်တွင်။
ဝမ်းနည်းနေတဲ့ မယ်လိုဒီ : 666.....မာစတာ လင်းက သဘာဝကို တောင် ဆန့်ကျင်နိုင်တဲ့ ပါဝါတွေ ရှိနေပြီ ထင်တယ်.။
ကျို့ရှိီယန် : မာစတာ လင်းက တကယ် ရယ်စရာကောင်းတာပဲ..ငါ့ရဲ့ အကြွေးဝယ်ကတ်ကို လိုချင်နေတာများလား"
ဆန်းပြားတဲ့ ခရမ်းရောင်ဝိုင် : လေးစားပါတယ် မာစတာ လင်းရေ။
...
လင်းဖန် သူတို့ကို ဖျက်ဆီးဖို့ နည်းလမ်းကောင်းကို မသုံးနေချင်တော့ပါဘူး။ထပ်ပြောရရင် သူ့မှာ သက်သေအထောက်အထားတွေ မရှိပေမယ့် လည်း ဒီလူတွေက လူ့တိရစ္ဆာန်တွေ ဆိုတာ သူသေချာပါတယ်။
သူလုံးဝ ဒီတိုင်း လွှတ်မပေးလိုက်ချင်ပါဘူး။
အစက တော့ သူအကုန်လုံးကို သူ့ပိုစ်ကို ပြန်တင်ခိုင်းခဲ့ ပေမယ့် လည်း အခုတော့ လုပ်လို့ မရတော့ပေ။
ငါသာ နင်တို့နဲ့ သေအောင် မတိုက်ခိုက်နိုင်ရင်..ငါ့မျိုးရိုးနာမည်က လင်း မဟုတ်တော့ဘူး။
ကျောင်းလီ နဲ့ ချန်ဂျန် တို့ကတော့ လုံးဝ စိတ်မပူကြပေ..ဒီကိစ္စက ဒီမှာတင် ပြီးဆုံးသွားခဲ့ပါပြီ။
သို့ပေမယ့် သူတို့ ဝိုက်ဘိုပေါ်က ပို့စ်ကို မြင်တဲ့ အချိန်မှာ ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။
ဒီအကောင်က ဘယ်လိုဟာလဲ....
အခြေအနေတွေက ထိန်းချုပ်လို့ မရဖြစ်နေပြီး ဒီအကောင်က သူတို့ကို ဆက်တိုက် ကျိန်ဆဲနေပါတယ်။ဒီမာစတာ လင်းက တစ်ခုခုတော့ တစ်ခုခုပါပဲ။
ဦးနှောက်လွှတ်နေတာ များလား...
ကျောင်းလီ : ကျေးဇူးပြုပြီး မာစတာ လင်း ဝိုက်ဘိုပေါ်က ပို့စ်ကို ဖျက်ပေးလို့ ရမလား..မဟုတ်ရင် တကယ် တရားစွဲတော့မှာနော်"
သူဒီလို လူနဲ့ တကယ်ရန်ထပ်မဖြစ်ချင်တော့ပါဘူး။ထပ်ပြောရရင် ဒီလို အခြေအနေကြောင့်လည်း မူလ အရင်းအမြစ်ဟာ ဖုံးကွယ်နေခဲ့ပြီး..အထောက်အထားလည်း မရှိပြန်တဲ့ အတွက် သူ့ကို တိုက်ခိုက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။
မာစတာ လင်းက ခွေးရူးလို ကိုက်ပြီး မလွှတ်တော့ပေမယ့်လည်း သူတို့ လုံးဝ မကြောက်တော့ပေ။
လင်းဖန်ကတော့ သူ့စိတ်ထဲမှာ ဒီလူတွေကို သင်ခန်းစာ ပေးချင်နေတာပဲ ရှိပါတယ်။
သူကျောင်းလီရဲ့ စာကို မြင်တာနဲ့ ပြန်ပြောလိုက်တယ်။
"@ ကျောင်းလီ @ ချန်ဂျန် ငါ့ကို ကျက်သရေလာလာတုန်းနေတဲ့ နှစ်ကောင်..မင်းတို့ကတော့ ငါ့အတွက်သေလူပဲ။တရားစွဲချင်ရင် စွဲလိုက်..ငါစောင့်နေမယ် မဟုတ်ရင်တော့ မင်းတို့က အရှုံးသမားတွေပဲ.."
"မာစတာ လင်းက သူတို့နှစ်ယောက်ကို အရှက်ခွဲနေတာပဲ"
"မာစတာ လင်းရေ လေးစားပါတယ်..ဒါပေမယ့် တစ်ခြားစိတ်တော့ မရှိဘူးနော်"
"ဟုတ်တယ်..မတော်တဆ မူက အဖြေထွက်ပြီးသွားပြီလေ..မာစတာ လင်း ဒီလိုလုပ်နေလည်း အပိုပဲ"
"ဟေး..ဒါက အကျိုးမရှိဘူးဆိုရင်တောင် ငါကတော့ ထောက်ခံပေးဦးမယ်ကွာ"
...
သူဒီလို လုပ်နေတာ တွေဟာ ဒီနှစ်ယောက်ကို ဘာမှ မဖြစ်စေဘူးဆိုတာ လင်းဖန် သိပါတယ်။သို့ပေမယ့် သူ အခုလို လုပ်နေတာက ဒေါသထွက်လွန်းလို့ပါ။
ကြယ်အလင်းကျောင်း။
ကျောင်းလီ ဟာ ဒေါသထွက်နေခဲ့ပါတယ်..မာစတာ လင်းဆိုတာ ဘယ်ကကောင်လဲ သူသိတောင် မသိပါဘူး။
သို့ပေမယ့် ဒီကောင်က ခွေးရူးတစ်ကောင်လိုပဲ လုံးဝ လွှတ်ပေးမယ့်ပုံ မရှိပေ။
သူဖုန်းခေါ်လိုက်တယ်။
"မာစတာ လင်းရဲ့ ဝိုက်ဘိုက ကျုပ်နဲ့ ချန်ဂျန်ကို ဆဲဆိုနေတယ်..ခင်ဗျား ဘန်းပေးမယ်လို့ မျှော်လင့်ပါတယ်"
"ပရော်ဖက်ဆာ ကျောင်း..ကျွန်တော် တို့ ဝိုက်ဘိုက လွတ်လပ်စွာပြောဆိုခွင့် ပေးထားတယ်လေ..သူဒီလို ပြောနေတာနဲ့ သူ့ကို သွားဘန်းလို့ မဖြစ်နိုင်ဘူး..တကယ်လို့ အဲဒါကို မကျေနပ်ရင် ခင်ဗျား တရားစွဲလို့ပဲ ရမယ်"
ကျောင်းလီ : ..........
ချန်ဂျန်ဟာ ပြောလိုက်တယ်။
"နင် ဝိုက်ဘို ပေါ်က ကိစ္စကို ထည့်တွက်မနေနဲ့တော့ ..ပြသနာက အဖြေထွက်ပြီးသွားပြီး ဝိုက်ဘိုကလည်း ဆွေးနွေးထားတဲ့ ပို့စ်တွေကို ဖယ်ရှားပြီးပြီလေ..သူ ဒီလိုလုပ်နေရင်တောင် ဘာပြသနာ မှရှိနိုင်မှာ မဟုတ်ဘူး"
ကျောင်းလီဟာ မပျော်မရွှင်ပြောလိုက်တယ်။
"ဒါဆို နင်က သူ့ကို တရားမစွဲတော့ဘူးလား"
ချန်ဂျန်ဟာ ပြုံးလိုက်တယ်။
"အင်း ..ဒါပေမယ့် အခုမဟုတ်သေးဘူး။သူက အခုငါတို့ကို ဆဲဆိုရတာကို သဘောကျနေတာလေ .မဟုတ်ဘူးလား။ငါ အင်တာနက် ထရိုးတစ်ယောက်ကို သူ့ပို့ကို ပြန်တင်ပေးဖို့ စီစဥ်လိုက်မယ်။ဒါက လုံလောက်တဲ့ အထိကြီးသွားပြီ ဆိုမှ တရားစွဲကြတာပေါ့"
ကျောင်းလီဟာ သူ့ပေါင်ကို ရိုက်လိုက်ပြီး ယုတ်မာတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်။
"အကြံကောင်းပဲ..သူဆက်ပြီး ပြစ်တင် ဆဲဆိုပါစေ"
....
ညအချိန်။
ဆိုင်လေးဟာ ပိတ်သွားပြီး ..လူတိုင်းဟာ ကူကယ်ရာ မဲ့နေခဲ့ပါတယ်။
အခုအခြေအနေက နှသ်ဖက်စလုံးဟာ ဆိုးရွားနေပြီး..ဒီကိစ္စကို ပြန်အဖော်ဖို့တောင် အခွင့်အေ မရကြတော့ပါဘူး။
သူတို့ တံခါးပိတ်ခါနီး အချိန်မှာပဲ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဆိုင်ထဲကို ဖြည့်းညှင်းစွာ ဝင်လိုက်ပါတယ်။
လူလိမ် ထျန်ဟာ ပြောလိုက်တယ်။
"ဒေါသမထွက်နဲ့တော့..အကောင်းဆုံးကြိုးစားခဲ့ကြတာပဲ"
ဝူယူလန်ဟာလည်း ခေါင်းညိမ့်လိုက်တယ်..မာစတာ လင်းက ဒီလို လူမျိုးတွေကို ထိပ်တိုက်ရင်ဆိုင်ပေးတဲ့ လူကောင်း တစ်ယောက်ပါ။
လင်းဖန် ပြုံးလိုက်တယ်။
"ကျွန်တော် စိတ်မတိုပါဘူ..ဒီကိစ္စကို ဖြေရှင်းဖို့ အဖြေတစ်ခုတော့ ရှိမှာပါ။တရားမျှတမူက အိပ်ပျော်နေတာ ဖြစ်လိမ့်မယ်..စောင့်ကြည့်ကြရအောင်"
"ဟားဟား"
လူတိုင်းဟာ ရယ်မောလိုက်ပြီး လင်းဖန် ပြောတာနဲ့ သဘောတူလိုက်ကြတယ်။
လင်းဖန်ဟာ လက်ဝေ့ယမ်းလိုက်ပြီး..
"ကောင်းပြီ..ကျွန်တော် သွားတော့မယ်"
ဒါပေါ့ တရားမျှတမူက သူ့အလိုလို ရောက်မလာနိုင်ဘူး ဆိုတာ လင်းဖန် သိပြီးသားပါ..တစ်ယောက်ယောက်ကတော့ နောက်ကနေ တွန်းအားပေးမှ ရမှာပါ။
ဒါပေမဲ့ သူလည်း ဘယ်လို တွန်းအားပေးရမလဲ မသိထားပါဘူး ..လက်ရှိအခြေအနေက ကိုင်တွယ်ရခက်ခဲပါတယ်။
ကားထဲတွင်။
ဝမ်မင်ယန်ဟာ လင်းဖန်ကို ဖုန်းခေါ်လာခဲ့ပါတယ်။
လင်းဖန် ဖုန်းကိုင်တဲ့ အချိန်မှာ ဝမ်မင်ယန်ဟာ ရယ်မောလိုက်ပြီး...
"ငါတစ်နေ့လုံး ဝိုက်ဘိုကို စောင့်ကြည့်နေတာ..မင်းက တကယ်ကြမ်းတမ်းတာပဲ"
လင်းဖန် ပြုံးလိုက်တယ်။
"အဲလောက်လဲ မဟုတ်ပါဘူး..ကျုပ်သူတို့ကို ဆဲဆိုလို့ပဲ ရတယ်..သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
ဝမ်မင်ယန်ဟာ ပြောလိုက်တယ်။
"အရမ်းကြီးလည်း တာဝန်တစ်ခုလို မတွေး ထားပါနဲ့..မင်းလညိး အကောင်းဆုံးကြိုးစား ပေးပြီးသွားပြီလေ..ဒါက လက်ရှိ နိုင်ငံရဲ့ အသွားအလာပဲ။တသ်ခါတစ်လေမှာ.အင်အားမရှိရင် ဘာမှလုပ်လို့မရဘူး။ထပ်ပြောရရင် ကြယ်အလင်းကျောင်းကလည်း မရိုးရှင်းဘူး..သူတို့ကို ကြည့်ပေးနေတဲ့ အကြီးပိုင်းတွေ ရှိလိမ့်မယ်"
"ကောင်းပြီ သူတို့အကြောင်းတော့ မပြောပါနဲ့တော့..အခု သက်သေ မရှိသေးပေမယ့်လည်း..နောက်ဆုံး ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ပြောဖို့ ခက်ခဲသေးတယ်။သူတို့က အပြစ်ကင်းချင်ယောင် ဆောင်နေပေမယ့် သိုးရေခြုံတဲ့ ဝံပူလွေတွေပဲ..ရှုပ်ထွေးတာက အတော်ရှုပ်ထွေးတယ်"
လင်းဖန် ဆက်ပြောလိုက်တယ်။
"စိတ်မပူနဲ့ ကျုပ်သူတို့ ရဲ့ ကံကြမ္မာကို ဖတ်ပြီးသွားပြီး..သူတို့မှာ ဘာကောင်းတဲ့ အရာမှ မရှိဘူး"
ဝမ်မင်ယန်ဟာ အံ့သြသွားခဲ့တယ်
"မင်းသူတို့ရဲ့ ကံကြမ္မာကို ဖတ်နိုင်တာလား"
"ခင်ဗျား ဘယ်လိုထင်လို့လဲ..ကောင်းပြီ မပြောနဲ့တော့ ကျုပ်အခုကားမောင်းနေတာ"
"ကောင်းပြီလေ"
လင်းဖန် အိမ်ကို ပြန်ရောက်တဲ့ အချိန်မှာ..TV ကို ဖွင့်လိုက်ပါတယ်။
သူအနည်းငယ် ပင်ပန်းသလို ခံစားရတဲ့ အတွက် ရေချိုးလိုက်ပြီး ဆိုဖာပေါ်မှာထိုင်ကာ TV ကြည့်လိုက်တယ်။
ချန်နယ် အသစ်။
"ဒီနေ့မှာတော့ ကောင်းကင် မြေခွေး အမည်ရှိ ဟတ်ကာတစ်ဦးကို အချက်အလက်တွေ ခိုးယူမူနဲ့ ဖမ်းမိခဲ့ပါတယ်။ဒီနေ့ သတင်းတွေကတော့ အောက်ပါအတိုင်းပါ"
လင်းဖန် မျက်လုံးမှေးပြီး အိပ်ဖို့ လုပ်နေရာကနေ ဒီသတင်းကြောင့် အံ့သြသွားခဲ့ရပါတယ်။
ချီးပဲ ဟတ်ကာတွေက ဒီလောက်တောင် ကြောက်စရာ ကောင်းလို့လား...
သူ သတင်းကို သေချာကြည့်လိုက်ပေမယ့်လည်း နောက်ခံ အကြောင်းအရာကိုသေချာရှင်းမပြထားပါဘူး။သို့ပေမယ့် သူဖုန်းကတဆင့် အင်တာနက်မှာ ရှာလိုက်တဲ့ အချိန်မှာတော့ အကုန်သိလိုက်ရပါတယ်။
ဒီ ကောင်းကင် မြေခွေး က အတော်အံ့သြဖို့ ကောင်းတာပါ။သူက တစ်ခြားလူတွေရဲ့ သတင်းအချက်အလက်ကို ခိုးယူယုံတင်မကပဲ..သူဟာ ကင်မရာတွေကို ထိန်းချုပ်ပြီး .jနစ်နာသူတွေရဲ့ ပုံရိပ်ကို ဖမ်းယူဖို့ပါ ကြိုးစားခဲ့ပါတယ်။
သို့ပေမယ့် ဒီဟတ်ကာက တကယ် သနားဖို့ ကောင်းတာပါ။အွန်လိုင်းပေါ်က သတင်းအရတော့ .ဟတ်ကာဟာ သူချစ်တဲ့ မိန်းကလေး အိုင်ဒေါရဲ့ အကောင့်ကို ဟတ်ခဲ့ပါတယ်။
သူ ကင်မရာကို အသက်သွင်တဲ့ အချိန်မှာ မိန်းကလေး အိုင်ဒေါဟာ အဝတ်လဲ နေတာဖြစ်ပြီး..ရဲတွေရဲ့ ထောင်ချောက်တစ်ခုဖြစ်နေခဲ့တာပါ။
သူ့ကို အင်တာနက် ရဲ့အရာရှိတွေ ခြေရာခံနေတာ သတိမထားမိပဲ ..သူ့ရဲ့ အိုင်ဒီကနေ တဆင့် အဖမ်းခံလိုက်ရပါတော့တယ်။
ဒါက ကောင်းကင် မြေခွေးဟာ ပရိုဟတ်ကာ တစ်ယောက် ဖြစ်ပေမယ့်လည်း..သူ့ကိုသူ မကာကွယ်နိုင်လိုက်ဘူး ဆိုတာ ပြသနေခဲ့ပါတယ်။
ဒါပေါ့ ဒါက ခန့်မှန်းယုံ သက်သက်ပါ ဘယ်သူမှ သေချာတဲ့ အခြေအနေကို မသိကြပါဘူး။
* ဖတ် *
လင်းဖန် သူ့ပေါင်သူ ရိုက်လိုက်တယ် .သူ့မှာ စွယ်စုံကျမ်း ရှိပြီး အဲ့ထဲက ကျွမ်းကျင်မူတွေထဲမှာ ဟတ်ကာ နည်းပညာလည်း ပါဝင်ပါတယ်။
ယင်းနောက် သူ စွယ်စုံကျမ်းကနေ တဆင့် ဟတ် ကာ စာမျက်နှာကို ကြည့်လိုက်တဲ့ အချိန်မှာတော့ အံ့သြသွားခဲ့ပါပြီ။
စွယ်စုံ အမှတ်လိုအပ်ချက်က အတော်များတော့ သူလိုက်လို့ မမှီနိုင်ပါဘူး။
ဒီ ဟတ်ကာ ပေ့ချ် မှာ အကိုင်းအခွဲ တောင် မရှိပဲ မူရင်း စာမျက်နှာ တစ်ခုပဲ ရှိပါတယ်။
ဒီပေ့ချ်ကို ဖွင့်ဖို့ လိုအပ်တဲ့ စွယ်စုံအမှတ်အရေအတွက်က တစ်ထောင်ပါ။
အကူညီမဲ့ပြီ...
သို့ပေမယ့် ခနအကြာမှာ သူတွေးနေသလို မဟုတ်ဘူးဆိုတာ လင်းဖန် သတိထားမိလိုက်ပါတယ်။
စွယ်စုံကျမ်းက လူသားဆန်မူ အနည်းငယ်တော့ ရှိပါသေးတယ်။