မင်းတို့ အကုန်လုံးက ငါ့မြေးလေးတွေ အဆင့်ပဲ ရှိသေးတယ်
Vol. 12 Ch. 177
ဘာသာပြန် = စနိုးဝှိုက်
အင်တာနက် ဟတ်ကာ ပညာရပ်ကို ချေးငှားတာဟာ စွယ်စုံအမှတ် တစ်ရာကုန်ကျ စေမှာပါ။စွယ်စုံကျမ်းက ဒီအတွက် စမ်းသပ်ချက် မပေးထားပါဘူး။
လင်းဖန် ဒီစာကြောင်းကို ဖတ်မိလိူက်တဲ့ အချိန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့တယ်။
အင်တာနက် ဟတ်ကာ ပညာရပ်ကို ချေးငှားပေးတယ် ဆိုတာက စွယ်စုံကျမ်းရဲ့ ကြင်နာမူတစ်ခုဖြစ်ပြီး ကန့်သတ်ချက်တွေ အများကြီး ပါဝင့်ပါတယ်။
စွယ်စုံ အမှတ် ၁၀၀ ဆိုတဲ့ ပမာဏက သူ့မှာ ရှိတဲ့ အမှတ်အကုန်နီးပါးပါပဲ..သူ့မှာ စုစုပေါင်းမှ ၁၁၈ မှတ်ပဲ ရှိတာပါ။
သူနဲ့ လားလားမှ မဆိုင်တဲ့ ကိစ္စတစ်ခုအတွက်နဲ့ စွယ်စုံအမှတ် ၁၀၀ တောင် ထုတ်သုံးလိုက်ဖို့ ထိုက်တန်ရဲ့လား...
တစ်ချို့ လူတွေဆိုရင် သူတို့ရဲ့ လက်တွေကို ခါပြီး သာသာယာယာ ထွက်သွားကြမှာပါ..ဘာလို့လဲ ဆိုတော့ ဒီကိစ္စက သူ့တို့နဲ့ ဘာမှ မဆိုင်ပါဘူး။
စကားပုံတွေထဲကအတိုင်း ဓာတစ်ချောင်းက မင်းဗိုက်ကို လာမထိုးသ၍ မင်းမပူ ဘာတစ်ခုမှ မပါပါဘူး။
သို့ပေမယ့် လင်းဖန် ရဲ့ အကျင့်က သူ့ရှေ့မှာ မမျှတ မူတွေ ဖြစ်နေပြီ ဆိုကတည်းက မျှတမူကို ဆောင်ယူပေးမှ နေသာထိုင်သာ ရှိတာပါ။
ဟတ်ကာ ပညာရပ်က ဥပဒေကို ချိုးဖောက်တယ် ဆိုပေမယ့်လည်း..သူ အခြေအနေ ကို ဖြေရှင်းဖို့ အသုံးပြုရပါဦးမယ်။
လင်းဖန် တွေဝေမနေတော့ပဲ စွယ်စုံအမှတ်တွေကို သုံးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..စွယ်စုံအမှတ်တစ်ရာ က မိန်းကလေးကို တရားမျှတမူရှာဖွေပေးဖို့ တကယ်ထိုက်တန်ပါတယ်။
စွယ်စုံကျမ်း အမှတ်တွေက ပြန်ပြီးတော့.စုဆောင်းလို့ရပါတယ်. ဒါပေမယ့် အခုကတော့ အမှန်တရားကို လုပ်ဆောင်ရမယ့် အချိန်ပါပဲ။
သူ အိမ်ကို ငှားတော့ အိမ်ပိုင်ရှင်က ဟောင်းနွမ်းနေတဲ့ ကွန်ပြူတာ တစ်လုံးကိုလည်း ထားပေးခဲ့ပြီး..ဒါက အနည်းငယ် ဒိတ်အောက်နေပေမယ့် လည်း သုံလို့ ရပါသေးတယ်။
လင်းဖန်ဟာ ကွန်ပြူတာ ရှေ့မှာ ထိုင်ပြီး စွယ်စုံအမှတ် ၁၀၀နဲ့ အပေးအယူ လုပ်လိုက်ပြီး..ကျောင်းလီ ..ချန်ဂျန် တို့ကို ဟတ်ဖို့ စိတ်ထဲက တွေးလိုက်ပါတယ်။
* ကလစ် ကလစ် *
လင်းဖန်ဟာ ကွန်ပြူတာ ရှေ့မှာ ထိုင်နေခဲ့တယ်..သူ ဟတ်ကာ နည်းစနစ်တွေ အကြောင်းဘာမှ မသိပေမယ့်လည်း သူ့လက်ချောင်းတွေကတော့ ကီးဘုတ်ပေါ်မှာ အလိုလို ရွှေ့နေခဲ့လို့ပါ။
စခရင် ပေါ်မှာ ပေါ်နေတဲ့ အရာတွေဟာ ပြောင်းလဲ နေပေမယ့်လည်း သူ တစ်လုံးမှ နားမလည်ခဲ့ပါဘူး။
အနည်းဆုံးတော့ စခရင် ပေါ်မှာ အဂ်လိပ် စာလုံးတွေ ရေးထားပါသေးတယ်..သို့ပေမယ့် လင်းဖန်ဟာ အဂ်လိပ်စာကို 3B အထိတောင် မတက်ခဲ့တော့ ဘာမှ နားမလည်ခဲ့ပေ။
ဘာပဲ ဖြစ်ဖြစ် သူ့ကိုယ်သူတော့ ဂုဏ်ယူမိပါသေးတယ်။
စခရင်ပေါ်မှာတော့ တံခါးတွေ တစ်ခုပြီး တစ်ခု ဖြတ်သနိး ဝင်ရောက်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲ ကွန်ပြူတာ မှ ဆူညံ့သံ တစ်ချို့ကို ကြားလိုက်ရသည်။
ကြည့်ရတာ ကွန်ပြူတာဟာ အသုံးများသလို ဖြစ်နေပြီး..ဒီဆက်တိုက် အလုပ်လူပ်နေတဲ့..အချက်အလက်တွေကို လိုက်မမှီနိုင်မှာ လင်းဖန် စိုးရိမ်လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ မော်နီတာမှာ အိမ်တစ်လုံးရဲ့ ပုံစံပေါ်လာခဲ့ပြီး..ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် စကားပြောနေတဲ့ အသံကို ကြားနေရတယ်။
သူတို့ပြောနေတဲ့ စကားတွေက ပုံမှန်အကြောင်းအရာတွေ ဖြစ်ပြီး ဘာမှ အရေးကြီး တာတွေ မပါပါဘူး။
လင်းဖန် အချိန်တစ်နာရီလောက် နားထောင် နေခဲ့ပေမယ့်လည်း ဘာမှ ထူးခြားတာ မတွေ့ရပေ။
ဒါကြောင့် သူ အိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ ကွန်ပြူတာ နားမှာ တစ်ချိန်လုံးရှိ နေဖို့ မလိုပါဘူး။
သူ စွယ်စုံအမှတ် ၁၀၀ တောင် ကုန်ထားမှတော့ သူ့အလိုလို ပြန်ပြတဲ့ စနစ်တွေပါဝင်ပြီးသားပါ။
ဒီကိစ္စက ကောက်ရိုးပုံထဲ အပ်ပျောက်နေသလို ဖြစ်ပြီး..အပ် ပြန်တွေမှသာ ဒီပြသနာ ကဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
နောက်တစ်ရက်။
လင်းဖန်ဟာ မနက်အစောပြီး နိုးလာခဲ့တယ်။
စခရင်ကို သူကြည့်လိုက်တဲ့ အချိန်မှာ ဘာမှ မပေါ်ပေမယ့်လည်း..အသက်ရူသံတွေကို ကြားနေရပြီး.အသံဖမ်းနေခဲ့သလိုပါပဲ။
သူ အချိန်အတော်ကြာအောင် ပြန်ရစ်ကြည့်လိုက်ပေမယ့် လည်း ဘာမှ အသုံးဝင်တာ မတွေ့ရပါဘူး။ဒါကြောင့် သူဒီတိုင်း ထားခဲ့ပြီး ဆိုင်ကို သွားဖို့သာ တတ်နိုင်ပါတော့တယ်။
ရင်းနှီးမြုတ်နှံမူဟာ လက်ရှိ ရွှေ့လျားနေဆဲ ဖြစ်ပြီး အချိန်ဘယ်လောက်ထိ ကြာမလဲ ဆိုတာတော့ သူကိုယ်တိုင်လည်း မသိပါဘူး။
ဒီကြားထဲမှာ သူတစ်နေ့တစ်နေ့.. ဝိုက်ဘိုပေါ်မှာ ပို့စ်တင်ပြီး..ရန်စဖို့သာ တတ်နိုင်ပါတယ်။
တိမ်ဖြူလမ်း။
လင်းဖန် ဆိုင်ကို ရောက်ပြီးတဲ့ နောက်မှ လုပ်နေကြ အလုပ်ကို လုပ်ပြီး ပန်ကိတ် ဆယ်လုံးပြီးတဲ့အချိန်မှာတော့ အနားယူလိုက်ပါတယ်။
ကျောင်းလီ နဲ့ ချန်ဂျန်ဟာ ပို့စ်အနည်းငယ်ကို တင်ထားကြပေမယ့်လည်း..ဒါက သူတို့ ရဲ့အပြစ်တွေကို ကာကွယ်ပြီး ဖြူစင်ကြောင်းပြတဲ့ သာမန်ပို့စ်လေးတွေပါ။
လင်းဖန်ကို အံ့သြသင့်စေတာက..ကျောင်းလီ နဲ့ချန်ဂျန် တို့ရဲ့ ပို့စ်တွေ အောက်မှာတောင်..သူ
အရင်နေ့က တင်ထားတဲ့ ပို့စ်ကို ပြန်ပြီး တင်နေကြတာပါ။
တစ်ချိန်တည်း မှာပဲ မနေ့က လင်းဖန် ဆဲဆိုပြီး တင်ထားတဲ့ ပို့စ်ကို ရှဲလ် ကြတဲ့ လူတွေ အများကြီး ရှိပါတယ်။
ကြည့်ရတာ ဒီလူတွေက အုပ်စုလိုက်ဖြစ်ပြီး..တစ်ခုခု လုပ်ဖို့ ကြံစည်နေကြတဲ့ ပုံပါပဲ။သို့ပေမဲ့လင်းဖန်ဟာ သူတို့လုပ်ချင်တာကို လုပ်ခွင့်ပြုထားပြီး ဂရုမစိုက်တော့ပေ။
လင်းဖန် ရဲ့အနားမှာတော့ အကြီးအကဲ ခွေး နီကိုးလပ်ဟာ အမူအရာမဲ့စွာ လှဲနေခဲ့ပါတယ်..သူ့ပုံစံက မသိရင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ လူလိုပါပဲ။
ဝူယူလန်ဟာ သူ့ဖုန်ကို ကြည့်နေရင်းကနေ အံ့သြသွားခဲ့ပြီး..
"မာစတာ လင်း..ဝိုက်ဘိုအကောင့်ကို တစ်ချက်ကြည့်လိုက်ဦး..ဒီမှာ ဆယ်လီတွေက.ပြစ်တင်ပြောဆိုနေကြပြီ"
လင်းဖန်ဟာ ဝူယူလန် ပြောတာကို သိပ်ဂရုမစိုက်ပဲ ဖုန်းကိုဖွင့်ကာ ဝိုက်ဘို အကောင့်ကို ကြည့်လိုက်တယ်။
လူအများကြီးဟာ သူ့ကို .ပြစ်တင်ပြောဆိုထားကြပေမယ့် လည်း..လင်းဖန် ဆယ်လီ တွေရဲ့ ပို့စ်ကိုသာ ရှာလိုက်ကြည့်လိုက်ပါတယ်။
သူသာ သေချာ ရှာမကြည့်ဘူးဆိုရင် ဒါတွေ ရှိနေမှန်းတောင် သတိထားမိမှာမဟုတ်ပါဘူး။ဆယ်လီတွေ အများကြီးက သူ့ကို ဆွမ်းကြီး ဝိုင်းလောင်း ထားကြတာပါ။
ဒီဆယ်လီ တွေထဲမှာမှ ယန်ယွဲ့ချန် ..ရဲ့ ပို့စ်ဟာအတော် ဟော့ဖြစ်နေခဲ့ပြီး..သူမကိုယ်တိုင်ကလည်း..အောင်မြင်နေတဲ့ ပြဇာတ် မင်းသမီး တလက်ပါ။
သူမဟာ ပရိတ်သတ်တွေ အများကြီး ရှိပြီး....အတော်ကျော်ကြားလှပါတယ်။ဒါကြောင့် သူမရဲ့ ပို့စ်ဟာ လူတွေကြားထဲ ရောက်သွားတာ သိပ်တော့ မထူးဆန်းပါဘူး။
ယန်ယွဲ့ချန် :: ပရော်ဖက်ဆာ ချန်ဂျန် ဆိုတာက ကျွန်မလေးစားရတဲ့..ဆရာမ တစ်ယောက်ပါ။ကျွန်မဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက..အဲ့ကျောင်းက ဘွဲ့ရလာခဲ့တာပါ။သူမက ဒီလို နိမ့်ကျတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။သူမမှာ တပည့် တွေအပေါ်သေချာ သင်ကြားပေးနိုင်တဲ့ အရည်အချင်းတွေရှိပြီး..ကိုယ်ကျင့်သီလ တွေလည်း ရှိတဲ့ လူတစ်ယောက်ပါ။ကျွန်မ ရဲ့ နာမည်ကို ရင်းပြီး တော့ သူမရဲ့ ကိုယ်ကျင့်တရားကို ထောက်ခံရဲပါတယ်။တစ်ချိန်တည်းမှာပဲ မာစတာ လင်း ဆိုတဲ့ လူကို လည်း ပရော်ဖက်ဆာ ချန်ဂျန်ကို အသုံးပြုပြီး..လူစိတ်ဝင်စားခံ ချင်နေတာ ရပ်လိုက်ဖို့ ပြောချင်ပါတယ်။ကိုယ့်အရည်အချင်းနဲ့ ကိုယ်သာ ရပ်တည်ပါ။ဒါပေမဲ့ ရှင့်ရဲ့ ဝိုက်ဘိုကို ကြည့်ရတာတော့ ဗေဒင်ဟောစားတဲ့ ပုံပဲ..ဒါကို ကြည့်ကတည်းက ရှင်က ကိုယ်ကျိုးကိုပဲ ကြည့်တဲ့ လူဆိုတာ သိသာတယ်။ဒီနေ့လို သိပ္ပံခေတ်ကြီးမှာ ဘယ်သူမှ မယုံကြည်ကြတော့ဘူး။ရှင်ကိုယ့်နေရာကိုယ်သိပြီး..အင်တာနက် ကို ဆက်ပြီး အသုံးမချဖို့ မျှော်လင့်ပါတယ်"
"ပြောတာ ကောင်းတယ်..ငါလည်းအဲ့ကောင်ကို မကြိုက်တာ ကြာပြီ..နေရာတကာ ပါတဲ့ကောင်"
"အမှန်ပဲ အဲ့ကောင်က သက်သေမရှိပဲ ဘာတွေ ဖင်ယားနေတာလဲ..ဦးနှောက်လည်း ရှိမယ့်ပုံမပေါ်ဘူး။သူ့ကိုယ်သူ သိလိမ့်မယ်လို့ပဲ မျှော်လင့်မိတယ်"
"ဒီကောင်က ဘာကို ဗေဒင်ဆရာလဲ..အလကား အလိမ်အညာပဲ ဖြစ်မယ်။လူတိုင်းပဲ သူ့ရဲ့ အလိမ်အညာကို မခံရစေနဲ့..ငါကတော့ ပရော်ဖက်ဆာ ချန်ဂျန်ကို ယုံတယ်"
"ခွေးသားတွေ မင်းတို့ မာစတာ လင်းကို ဘာစကားပြောတာလဲ။သူက အမှန်တကယ် အရည်အချင်းရှိတဲ့ လူပဲ..မင်းတို့ အာချောင်နေသလို မဟုတ်ဘူး"
"အပေါ်ကကောင် အသုံးမကျတဲ့ ခွေး..အားလုံးပဲ သတိထားကြ"
ယန်ယွဲ့ချန် ပို့စ်တင်အပြီး မှာပဲ ဒေါသထွက်လွယ်တဲ့..လူတွေဟာ မှတ်ချက်တွေ ဝင်မန့်လိုက်ကြပါတယ်။
ကျောင်းချန်းယုက တော့ ဆယ်လီတွေထဲမှာ ဒေါသအထွက်ဆုံးလူတစ်ယောက်ပါပဲ။သူဟာ အောင်မြင်တဲ့ ဇာတ်ကား များစွာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား တစ်ယောက်ပါ။
ကျောင်းချန်းယု : အရင်တုန်းက ငါ့ရဲ့ ရလာဒ်တွေက မကောင်းပဲ..တစ်ယောက်ထဲ သီးသန့် နေတတ်တဲ့ လူတစ်ယောက်။ဒီလို အကျင့်နဲ့ ဆိုရင် ငါဒီလောက မှာ လုံးဝ တောင့်ခံနိုင်မှာမဟုတ်ဘူး။ဒါပေမယ့် ဆရာ ကျောင်းက ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲ ပေးခဲ့တယ်..ပြီးတော့ ငါ့ကို လည်း လူတွေနဲ့ ပေါင်းသင်း တတ်အောင် အများကြီး ကူညီ ပေးခဲ့သေးတယ်။ဆရာကျောင်းက တကယ့် လူကောင်းတစ်ယောက်ပဲ။ကျေးဇူးပြုပြီး သူ့ရဲ့ ဂုဏ်သရေကို မဖျက်စီးကြပါနဲ့။မာစတာ လင်း ဆိုတဲ့ လူအတွက်ကတော့..ကျွန်တော် ပရိတ်သတ်နဲ့ အင်တာနက် သုံးစွဲသူတွေကို ဘွိုင်းကော့ လုပ်ကြဖို့.တိုက်တွန်းပြီး သူ့ကို အပြစ်ပေးကြစေချင်ပါတယ်"
"သဘောတူတယ်"
"ငါလည်း မင်းပြောတာကို ထောက်ခံတယ်"
"ငါအခုပဲ အဲ့ကောာင်ကို သွားဆဲတော့မယ်"
.....
လင်းဖန် ရဲ့ အောင်မြင်မူနှုန်း နဲ့ ပရိတ်သတ် အင်အားက ဆယ်လီ တွေနဲ့ ယှဥ်ရင် နိမ့်ကျနေပါသေးတယ်။သူ သွားယှဥ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး..အခုတော့ သူတို့ ပရိတ်သတ်တွေရဲ့ တိုက်ခိုက် မူကို ခံနေကြရပါပြီ။
လင်းဖန်ကို အရင်တုန်းက အားပေးနေကြတဲ့ လူတစ်ချို့ကတောင်..အခု တစ်ခြားလူတွေနဲ့ ပေါင်းပြီး သူ့ကို အပြစ်တင်နေကြပါတယ်။
"ပြီးခဲ့တဲ့ ညကို တွေးရရင် ငါမာစတာ လင်းရဲ့ အလိမ်အညာကို ခံခဲ့ရသလိုပဲ။ပြီးတော့ ခံခဲ့ရတဲ့ ကောင်မလေး တွေနဲ့လည်း..ဘယ်သူမှ သေချာ သိကြတာမဟုတ်ဘူး။သူက ဒီပြသနာကို အခြေခံပြီး တစ်ခုခု လုပ်ချင်နေတဲ့ ပုံပဲ။တစ်ခြားလူတွေ အလိမ်မခံရဖို့ ငါမျှော်လင့်တယ်"
"ဒီခွေးသားကို ဘလော့ထားကြ"
"ဟီးဟီး..မာစတာ လင်း ဘာတွေ လုပ်ထားလဲ တောင် မသိရသေးဘူး ..ငါက ဘာလို့ ဘလော့ရမှာလဲ .."
"ဖော်လိုဖြုတ်ထားကြ..အမှန်တရားက ပေါ်လာပြီး သွားပြီလေ..သူက ဘာတွေထပ်ဖြစ်ချင်နေတာလဲ။တစ်ခြားလူတွေကို အလကားပတ်ဆဲနေတယ်"
"ငါကတော့ မာစတာ လင်းကို ထောက်ခံတယ်"
"အပေါ်ကစောက်ပေါ..ကိုယ့်သေတွင်းကို တူးချင်နေတာလား"
........
လင်းဖန် ဒီစကားတွေကို နှလုံးသားထဲကနေ..ခံစားမနေတော့ပါဘူး။သူ ဝိုက်ဘို ပို့စ်တွေသာ ထပ်တင်ပေးလိုက်ပါတယ်။
လင်းဖန် : @ ကျောင်းလီ @ ယန်ယွဲ့ချန် @ ချန်ဂျန် @ ကျောင်းချန်းယု။ မအိန်လုံး တစ်သိုက် မင်းတို့ ခွေးတွေနဲ့ ငါ့ကို လာမကိုက်ခိုင်းနဲ့.."
ဝူယူလန် ဟာခေါင်းကို မော့ပြီး မာစတာ လင်းကို ကြည့်လိုက်တယ်။
"မာစတာ လင်း.. အကုန်လုံးနဲ့ စစ်ပွဲ ဖြစ် ချင်နေတာလား.."
လင်းဖန် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ရယ်မောလိုက်တယ်။
ယန်ယွဲ့ချန်..ကျောက်ချန်းယု နဲ့ တခြား လူတွေဟာ ဒါကို မြင်တဲ့ အချိန်မှာတော့ ဒေါသထွက်သွားကြပြီး တရားစွဲမယ်လို့ အသီးသီး ပို့စ်တွေ တင်ကာ ပြောလာခဲ့ကြပါတယ်။
လင်းဖန် : ငါ့ကို တရားစွဲချင်တာလား..မင်းတို့တွေ အကုန်လုံးက ငါ့မြေးလေးတွေ အဆင့်ပဲ ရှိပါသေးတယ်ကွာ။
ယန်ယွဲ့ချန် : .......
ကျောက်ချန်းယု : .......
မြို့သားများ : ........