← Chapters

ဒေါသထွက်နေတဲ့ သားရဲ

Vol. 12 Ch. 178

ဒေါသထွက်နေတဲ့ သားရဲ

Vol. 12 Ch. 178

ဘာသာပြန် = စနိုဝှိုက်

လင်းဖန် ရဲ့ လုပ်ဆောင်ချက်တွေက လူများစွာကို ဒေါသထွက်စေခဲ့ပါတယ်။ဆယ်လီ ဖြစ်နေတဲ့ လူတိုင်းဟာ ဒါမျိုးမ လုပ်ရဲကြပါဘူး။

သူတို့ မလုပ်ရဲ့တော့ ဘာဖြစ်လဲ...

လင်းဖန်ကတော့ တစ်ခြားဟာတွေကို တစ်ခုမှ ဂရုမစိုက်ပေ။

လူတိုင်းငါ့ကို အပြစ်တင်ကြပါစေ...လူများလေကောင်းလေပဲ..နောက်ဆုံးပြမှ သိကြမယ်။

အခုလောလောဆယ်ကတော့ သူက မီးအိမ်ထဲကို လောင်စာ လောင်းထည့်ပေးနေခဲ့တာပါ။

ဒီကိစ္စဟာ အရမ်းကို တိုက်ဆိုင်လွန်းတာတွေလည်း ရှိနေပါတယ်..ဝိုက်ဘိုက ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖယ်ရှားလိုက်တဲ့ တစ်ချိန်တည်းမှာပဲ ..ကြယ်အလင်း​ကျောင်းရဲ့ ဖြေရှင်းချက်ဟာ ထွက်ပေါ်လာခဲ့တာပါ။

ဖြေရှင်းချက်ကတော့ ကျောင်းသူလေးမှာ စိတ်ကျန်းမာရေး အခြေအနေရှိနေပြီး..သူတို့ ကျောင်းကို မတော်တဆ သိက္ခာချမိသွားတယ် ဆိုတာပါပဲ။

တကယ်လို့ လင်းဖန် သာ ဒီလိုတွေ လိုက်လုပ်ပြီး လူအာရုံစိုက်အောင် မလုပ်ရင်..ဒီကိစ္စက တစ်ရက် နှစ်ရက် အတွင်းမှာ အမှန်တကယ် ပျောက်ကွယ်သွားတော့မှာပါ။

ဘယ်သူမှာ အာရုံ မစိုက်ကြတော့ရင် ..လေထဲက ဆေးလိပ်ငွေ့လိုပဲ တဖြည်းဖြည်း လွင့်ပျယ်သွားမှာပါ။

လင်းဖန်ဟာ ဝိုက်ဘိုပေါ်က အခြေအနေကို တစ်ချက်ကြည့်လိုက်တယ်..ဒါက မလုံလောက်သေးပါဘူး။

ကြယ်အလင်းကျောင်းက ဘွဲ့ရခဲ့တဲ့ ဘယ်သူပဲ ဖြစ်ဖြစ် သူ့တားဂတ် ထဲမှာ ပါဝင်ရမှာပါ။

မန်တိန်ချောင်က ကျော်ကြားတဲ့ စတား တစ်ယောက်ပါ။သူက အောင်မြင်တဲ့ ရုပ်ရှင်ကားကြီး တွေမှာ သရုပ်ဆောင်ခဲ့ပြီး ဆုတွေလည်း ရခဲ့ပါတယ်။

သူဟာ အသက်လေးဆယ်နားနီး နေပြီဆိုပေမယ့်လည်း..များပြားလှတဲ့ မိန်းမငယ်လေးတွေက သူ့ကို နံပါတ် ၁ ယောက်ျားလေး စတား အဖြစ်သတ်မှတ်ထားဆဲ ဖြစ်သည်။

လင်းဖန် : @ မန်တိန်ချောင်..မင်းက အဲ့ခွေးသားနှစ်ကောင်ရဲ့ ကျောင်းသားဖြစ်ခဲ့တာလား..ငါမင်းကို တကယ် အထင်သေးမိသွားပြီကွာ။

မန်တိန်ချောင်ဟာ လက်ရှိ သူ့ရုပ်ရှင်ကို ကြော်ငြာနေခဲ့တာ ဖြစ်ပြီး သူ့ဝိုက်ဘိူကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့သြသွားခဲ့ပါတယ်။

ဒီကောင်လေးက ဘာလဲဟ....သူ ဘာပြောချင်တာလဲ..

သူ အချိန်အတော်ကြာ ရှာလိုက်ပြီး တဲ့နောက်မှာ မာစတာ လင်းက..ကျောင်းလီ နဲ့ ချန်ဂျန် တို့ရဲ့..ရန်သူတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရပါတယ်။

သူက ကြယ်အလင်းကျောင်းကနေ ဘွဲ့ရခဲ့တယ် ဆိုပေမယ့် လည်း ကြယ်အလင်းကျောင်းနဲ့ ဘာအဆက်အသွယ်မှ ရှိတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။

မန်တိန်ချောင် :: မင်းဘာတွေ ပြောနေတာတုန်း။

သူ လင်းဖန် ဘာကို ပြောချင်တာလဲ ဆိုတာကို သိချင်နေခဲ့ပေမယ့် လင်းဖန်ကတော့ ဒါပြောပြီးသူ့ကို အဖတ်တောင် မလုပ်တော့ပါဘူး။

သူက တစ်ခြား ဆယ်လီ တွေကိုသာ လိုက်ရှာပြီး ပို့်စ်တင်နေခဲ့ပါတယ်။

လင်းဖန် : @နွေရာသီ ပန်းပွင့်လေး..မင်းလည်း အဲ့ခွေးသား နှစ်ကောင်ကို ထောက်ခံနေတာလား။ငါတကယ် အထင်သေးမိသွားပြီ။

နွေရာသီ ပန်းပွင့်လေး..အောင်မြင်နေတဲ့ မိန်းကလေး သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး..အရမ်းလည်း လှပပါတယ်။သူမကို အားပေးနေတဲ့ ပရိတ်သတ်တွေဟာလည်း အများကြီးပါပဲ။

သူမဟာ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရဲ့ ရုတ်တရက် အပြစ်တင်ချင်းကို ခံလိုက်ရတဲ့ အချိန်မှာ ဆွံ့အသွားပါတော့တယ်။

ဒီကောင်လေးက ဘာဖြစ်ချင်နေတာလဲ..ဦးနှောက်မရှိတဲ့ အင်တာနက် ထရိုး တစ်ယောက်များလား....

ငါ ဒီနှစ်ယောက်ကို ဘယ်တုန်းက ထောက်ခံလိုက်မိလို့လဲ...

လင်းဖန်ဟာ ဆယ်လီ ဆယ်ယောက်ထက်မက ရှာလိုက်ပြီး ဒီနှစ်ယောက်ကို ထောက်ခံခံ မခံခံ ပို့စ်တင်ပြီး ဝေဖန်လိုက်ပါတယ်။

ဒါတွေလုပ်ပြီး တဲ့ နောက်မှာတော့ လင်းဖန်ဟာ သူတို့ ဖန်တွေ ရဲ့ ဝိုင်းကိုက် ခြင်းကို ခံနေရပါပြီ။

သူ့ ဝိုက်ဘိုမှာလဲ ပရိတ်သတ် သန်းချီ ရှိပေမဲ့ ဒါက အသုံးမဝင်ပါဘူး။လင်းဖန်က တစ်ခြားဆယ်လီ တွေကို ဒေါသထွက်အောင် လုပ်ထားတော့ သူတို့လည်း ထွက်မလာရဲကြတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လင်းဖန်ဟာ ဝိုက်ဘို ဆော့ဝဲကို တစ်ချက်ကြည့်လိုက်ပြီး ထပ်မကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ့ကို လာတိုက်ခိုက်နေကြတဲ့ လူတွေက များလွန်းလို့ သူဘာပြန်ပြောရမှန်းတောင် မသိတော့ပေ။

ကြယ်အလင်း ကျောင်းက လူတွေက သတင်းတွေ တည်ငြိမ်သွားပြီး သူတို့ အဖြစ်အပျက်ပျောက်ကွယ်သွားစေချင်ပေမယ့် လင်းဖန် ဒီလို အခွင့်အရေးမျိုး ပေးမှာမဟုတ်ပေ။

မာစတာ လင်းရဲ့ ဖန်တွေ အတွက်ကတော့..သူတို့တောင် အနည်းငယ် လန့်နေခဲ့ပါတယ်။

ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ ဝိုက်ဘိူပေါ်က အခြေအနေကို မြင်ပြီး ရယ်မောလိုက်ကြပါတယ်...ဒီလူက တကယ်ကို စောက်ရူးပါ။

ဒီကိစ္စကို သူတို့ ပြန်ပြောစရာ တောင်မလိုတော့ ပါဘူး..အခုတိုက်ခိုက် နေကြတဲ့ ပရိတ်သတိတွေနဲ့တင် လွတ်ပေးထားလို့ရနေပါပြီ။

ဝူယူလန်ဟာ ကြောင်အနေခဲ့ပြီး ပြောလိုက်တယ်။

"မာစတာ လင်း..ရှင် ဒီတစ်ခါတော့ ဒေါသထွက်နေတဲ့ သားရဲ တစ်ကောင်နဲ့ တူနေသလိုပဲ။ဆိုးရွားတာတော့ မဖြစ်လောက်ပါဘူးနော်"

လင်းဖန် ရယ်မောလိုက်တယ်။

"ဒါက ငါလိုချင်တဲ့ အခြေအနေပဲလေ"

ဝူတန်ဟီဟာ ရယ်မောလိုက်တယ်။

"တစ်ခါတစ်လေ ဘာမှ မရှိတဲ့ အချိန်ကြရင်..လက်ထဲကို ရောက်လာအောင် ဖန်တီးတတ်ရတယ်။မာစတာ လင်း သက်သေ ရထားပြီးတာတာ့ မဟုတ်ပါဘူးနော်"

လင်းဖန် ခေါင်းကို ခါယမ်းလိုက်တယ်။

"အချိန်မကျသေးဘူး.."

လင်းဖန် ဆယ်လီ တွေကို အပြစ်တင်ပြီးတဲ့ နောက်မှာတော့ သူ့ဝိုက်ဘို အကောင့်ဟာ စစ်မြေပြင် ဖြစ်နေခဲ့ပါပြီ။

ဒါကြောင့် သူ ဆယ်လီ တွေကို အပြစ်တင်ပြီးတာနဲ့ ဖုန်း ကို ပိတ်ထားလိုက်တယ်..နောက်ဆက်တွဲ တွေကို သူထိုင်ကြည့်နေလို့လဲ ဘာမှ ထူးမှာ မဟုတ်ပါဘူး။

သူ့ အိမ်က ကွန်ပြူတာမှာ ဘယ်လို အခြေအနေရှိနေပြီလည်း ဆိုတာ သူမသိထားပဲ..အသုံးဝင်တဲ့ အထောက်အထား ရနေပြီလား ဆိုတာလည်း မသိသေးပါဘူး။

ညအချိန်။

လင်းဖန် အိမ်ကို ပြန်ရောက်တာနဲ့ ကွန်ပြူတာ ရှေ့ကို သွားလိုက်တယ် .သူ့စိတ်ထဲမှာတော့ အသုံးဝင်တဲ့.သက်သေ အထောက်အထား ရှိပါစေဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပါ။

သူ စခရင်ကို မြင်လိုက်တဲ့ အချိန်မှာပဲ ကြောင်အသွားခဲ့ရပါတယ်။စခရင် အပေါ်က အရာတွေ အကုန်လုံးဟာ ပျောက်ကွယ်နေပြီး မူလနေရာကို ပြန်ရောက်နေခဲ့တာပါ။.ကြည့်ရတာ ကွန်ပြူတာက ပရိုဂရမ်တွေကို မထိန်းနိုင်တဲ့ ပုံပါပဲ။

ဒါက..စွယ်စုံအမှတ် ၁၀၀ ကို အိမ်သာထဲ ပစ်ချလိုက်သလိုပါပဲ..သက်သေ မရှိပဲနဲ့..ဒီအခြေအနေကို ပြောင်းလဲ ဖို့ သုည ရာခိုင်နှုန်းပဲ ရှိပါတယ်။

"ဟင် "

လင်းဖန် စိတ်ပျက်နေတုန်းမှာပဲ စခရင် ပေါ်က ဖိုင် အသစ်နှစ်ခုကို တွေ့လိုက်ရတယ်။ဒီ ဖိုင်တွေကို နာမည်တွေတောင် ပေးထားလိုက်ပါသေးတယ်။

ကျောင်းလီ !

ချန်ဂျန် !

သူ စိတ်လှုပ်ရှားသွားပြီး..အမြန်ထိုင်ကာ. ဖိုင်တွေကို ဖွင့်လိုက်တယ်။

ဗီဒီယို ဖိုင်တစ်ခု ဟာ ပေါ်လာပြီး..ကြာချိန်က ဆယ်မိနစ်လောက်ရှိပါတယ်..ဘာအကြောင်းအရာလဲ ဆိုတာတော့ သူလည်း မသိသေးပါဘူး။

စခရင် ပေါ်မှာတော့...ရုံးခန် တစ်ခန်းထဲက ပုံရိပ်တွေပါ။ကြည့်ရတာ ကျောင်းလီ ရဲ့ ဖုန်းဟာ ဟတ်ခံထားရပြီး..ချန်ဂျန်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့ပါတယ်။

ချန်ဂျန် :: ကြယ်အလင်းကျောင်းက ငါတို့ကို ကူညီပြီးသွားပြီ..ဒီလူတွေက ဘာလုပ်နိုင်မှာ မို့လို့လဲ..။

ကျောင်းလီ :: မီဒီယာ တွေ တစ်ယောက်မှ ဒီကိစ္စကို ဟရဲတာ မဟုတ်ဘူး။ပရိတ်သတ် အနည်းငယ် ရှိတဲ့ ဝိုက်ဘိုက ကောင်လေးက ငါတို့ကို ချဲလန့်လာခေါ်ချင်နေတယ်။ဒီကောင် ဘယ်က သတ္တိတွေ ရလာလဲ ဆိုတာ မစဥ်းစားနိုင်တော့ဘူး။

ချန်ဂျန် : ရှောင်ရီမိုရဲ့ အဖေက ငါတို့ရဲ့ ကမ်းလှမ်းမူကို လက်ခံပြီး သူမသမီး ဒီပရက်ရှင် ရှိနေတာကို ဝန်ခံပေးလိမ့်မယ်။နင်တကယ် သူမကို ကျောင်းကို ပြန်လာခိုင်းမလို့လား။

ကျောင်းလီ :: နင်က ဒါကို ဖြစ်နိုင်မယ်ထင်လို့လား။သူတို့ အတွက်နောက်ကျသွားပြီ..အရင်ကလည်း တစ်ခါမှ ပြန်မခေါ်ဖူးဘူး။သူမကို ပြန်ခေါ်တာက ဘယ်နည်းနဲ့မှ မကောင်းနိုင်ဘူး။

ချန်ဂျန်ဟာ ရယ်မောလိုက်ပြီး..ခနအကြာမှာ ခက်ထန်တဲ့ မျက်နှာ အဖြစ်ပြောင်းလဲ သွားပြီး..

"အကြီးအကဲ ကျောင်း..နင် ဒီလို မကောင်းတဲ့ အရာတွေကို အနာဂတ်မှာ လျော့လုပ်သင့်တယ်။ဒီတစ်ကြိမ် နင်သေမှာတောင် မကြောက်တဲ့ တစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ .တကယ်လို့ အထူးအကြောင်းပြချက်ကြောင့် သာမဟုတ်ရင်..တစ်ခုခု ဖြစ်သွားနိုင်တယ်"

"အေးဆေးပါ..ဘာဖြစ်နိုင်မှာ မို့လို့လဲ..သူတို့ ဒီအထိလာပြီးတော့ ပြသနာ မရှာရဲကြပါဘူး"

......

ဗီဒီယိုကို ကြည့်ပြီးတဲ့ နောက်မှာ လင်းဖန်ဟာ ဒေါသထွက်လာခဲ့ပါတယ်။နောက်ဆုံးတော့ သူ့မှာ သက်သေအထောက် အထား ရှိလာခဲ့ပါပြီ။

စွယ်စုံကျမ်းက နောက်စရာ မဟုတ်ပါဘူး...ဒီလို မျိုး နှစ်ယောက်စလုံးကို ဆွဲချလို့ရမယ့် ဗီဒီယို ဖိုင်ကို ထုတ်ပေးထားခဲ့တာပါ။

ထပ်ပြောရရင် ဗီဒီယို မှာ ဒေါသထွက်စရာ ကိစ္စတွေနဲ့လည်း ကြုံရပါသေးတယ်။ဒီလို အဖြစ်အပျက်တွေ ကြုံပြီးနောက်မှာတောင်..ဒီကောင်က ကျောင်းသူတစ်ယောက်နဲ့.. အခန်းယူ ခဲ့တာပါ။

ဒါပေမဲ့ စွယ်စုံကျမ်းဟာ ကျောင်းသူလေးရဲ့ မျက်နှာကို ဝေဝါးထားပြီး အခွင့်အရေး ပေးထားပါသေးတယ်။

နောက်ထပ် ဗီဒီယို တစ်ခုက ချန်ဂျန်ဟာ ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့တာပါ..ညစာစားပွဲ

ပြီးတဲ့ နောက်မှာ သူတို့ဟာ ရှက်စရာ အပြုအမူကို လုပ်ခဲ့ပါတယ်။

ဒီဗီဒီယို တွေဟာ အကောင်းဆုံ သက်သေ အထောက်အထား တွေဖြစ်ပြီး သူတို့ကို ဆွဲချဖို့အတွက်လုံလောက်တာ ထက်တောင် ပိုနေပါပြီ။

ဒါနဲ့ သာ အလုပ်မဖြစ်သေးဘူးဆိုရင် သူလုပ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။

လင်းဖန် ဗီဒီယိုကို ဒေါင်းလော့ ဆွဲလိုက်ပြီး..ဖုန်းထဲကို ပြောင်းထည့်လိုက်တယ်..မနက်ဖြန်ကျရင်ဒါတွေကို ဖော်ထုတ်တော့မှာပါ။

နောက်ဆုံးမှာတော့ သူစိတ်သက်သာရာ ရသွားခဲ့ပါပြီ။

သူ ဒီကိစ္စကို ဝင်ပတ်သက်လို့ နောင်တ မရမိသလို ကြောက်လည်း မကြောက်ပါဘူး။ဒီလူတွေ သူ့ဆီလာနိုင်ရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။

သူ့ရဲ့ စွမ်းအားရှစ်မျိုး လက်သီးသိုင်းက ဟာသ မဟုတ်ပါဘူး။

ဒါပေါ့ ဒါက သူ့ရဲ့ အတွေးတွေပါ...သူတည်တည်ငြိမ်ငြိမ် တွေးတောဖို့လိုပါတယ်။

ဗီိဒီယို တွေကို သူဘယ်က ရတယ်လို့ ပြောရမလဲ...

ဟုတ်တာပေါ့ သူ ဗီဒီယိုကို ဇာတ်ကားတွေ ဒေါင်းလော့ဆွဲရင်း တွေ့ခဲ့တာလို့ ဖြေရမှာပါ။

ဘယ်ကောင်က ဒီလို အရာကို လိုင်းပေါ်တင်လိုက်မှန်း ငါက ဘယ်လို သိမှာလဲ....

အချိန်အကြာကြီးတွေးတော ပြီးတဲ့နောက်မှာ သူ ဇာတ်ကားတွေ ဒေါင်းလော့ဆွဲရင် တွေ့တယ်လို့ ပြောဖို့သာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါကြောင့် သူ ကွန်ပြူတာကနေ တဆင့် ဇာတ်ကား အနည်းငယ် ဒေါင်းလော့ ဆွဲလိုက်တယ်။

ဇာတ်ကား နာမည်တွေအတွက်ကတော့... သူ​တို့တွေက ကြည့်ဖို့မသင့်တော် တဲ့ဇာတ်ကားတွေပါ။

All Chapters