← Chapters

အရာရာတိုင်းက သူ့ရဲ့ လုပ်နိုင်စွမ်း အတွင်းမှာပဲ

Vol. 12 Ch. 179

အရာရာတိုင်းက သူ့ရဲ့ လုပ်နိုင်စွမ်း အတွင်းမှာပဲ

Vol. 12 Ch. 179

ဘာသာပြန် = စနိုးဝှိုက်

မနက်ခင်းလေထုဟာ လတ်ဆတ်နေခဲ့တယ်။

လင်းဖန် ရဲ့ အခြေအနေတွေကတော့ သူ အပြစ်တင်ခဲ့တဲ့ ဆယ်လီ တွေရဲ့ ဒေါသထွက်မူကို ခံနေရပါတယ်။

"666 .. မာစတာ လင်းက ဘယ်သူလဲ။သူဒါမျိုးလုပ်တယ်ဆိုတော့..သတ္တိတွေ ဘယ်ကရလာတာလဲ"

"သူက တကယ်ကို သောက်ရူးပဲ..ဒီလိူအရာမျိုး ဖြစ်လာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့မိဘူး"

"မာစတာ လင်း ပြောပြောနေတဲ့ ခွေးသား နှစ်ကောင် ဆိုတာ ဘယ်သူတုန်း"

"အပေါ်ကကောင်..အင်တာနက်ပေါ်မှာသာ ရှာကြည့်လိုက် မင်းတွေ့လိမ့်မယ်..တစ်ချို့ ဝက်ဆိုဒ်တွေမှာ သူတို့အကြောင်းတွေ ရှိတုန်းပဲ"

"ငါတကယ် မယုံနိုင်ဘူး..ငါအခုမှ ရှာကြည့်လိုက်တာ ဒီလိုအရာမျိုး ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး"

"ဒီ မအိမ်လုံးတွေက ခွေးသားတွေပဲ ထားဦး..ဒါက ဆယ်လီ တွေနဲ့ ဆိုင်လို့တုန်း"

....

အကြောင်းအရာဟာ ပြောင်းလဲ သွားခဲ့ပါပြီ..ဒါက ကြယ်အလင်းကျောင်းနဲ့ မဆိုင်တော့ပါဘူး။ခွေးသားနှစ်ကောင် ဘယ်သူလဲ ဆိုတာပဲ တစ်ချို့ လူတွေဟာ သိချင်နေကြပါတယ်။

သတင်ချန်နယ် တွေကို သူတို့ လိုက်ကြည့်တဲ့ အချိန်ကြမှသာ တစ်ချို့ မသိသေးတဲ့ လူတွေဟာ ဒီခွေးသား နှစ်ယောက်ကို နားလည် လိုက်ကြပါသည်။

သူတို့က ဒီကိစ္စတွေ နောက်ကွယ်က အမှန်တရားကို မသိကြသေးပါဘူး။သို့ပေမယ့်..တစ်ချို့လူတွေဟာ ကြယ်အလင်းကျောင်း ဘက်ကပဲ ရပ်တည်ပေးကြပါသေးတယ်။

အနည်းဆုံး ကြယ်အလင်းကျောင်းမှာက ရှောင်ရီမို ရဲ့ စိတ်ကျရောဂါနဲ့ ပတ်သက်ပြီး သက်သေရှိနေခဲ့ပါတယ်။

ကျောင်းလီဟာ ရှောင်ရီမို ရဲ့အဖေ ဝန်ခံတဲ့ ဗီဒီယို ဖိုင်ကို ထုတ်ဖော်လိုက်တဲ့ နောက်မှာတော့ လူတိုင်းဟာ ​ကြယ်အလင်းကျောင်းကို ယုံကြည်သွားကြပြီး..မာစတာ လင်းကတော့ သောက်ရူးကြီး တစ်ယောက်ပါ။

ဆယ်လီ တွေဆိုတာ ကောင်ကင်မှာ ရှိနေကြတဲ့ လူတွေ ဖြစ်ကြပြီး..ဒါတောင် ဒီလူက အလကားနေရင်း အပြစ်တင် ချင်နေပါသေးတယ်။

ဒါက ပရိတ်သတ် အများစုကို ဒေါသထွက်စေခဲ့ပါတယ်။

"မင်းတို့ မနေ့က ဘာဖြစ်သွားလဲ သိကြလား..လင်းဖန်က တကယ်ကို သေချင်နေတာပဲ"

"ဟီးဟီး ဒီကောင်က ရူးချင်တိုင်း ရူးနေတော့တာပဲ။သူက ကြယ်အလင်းကျောင်းကိုတောင်..ပထွေးမုန်းမုန်းနေလိုက်သေးတယ်။အမှန်တရား ထွက်လာပြန်တော့လည်း လက်မခံချင်ပြန်ဘူး။ဆယ်လီတွေကိုပါ အပြစ်တင်နေတာကတော့ ရူးနေတာ သေချာသွားပြီ"

"ငါ ဒီနောက်ပိုင်း လူတွေ အများကြီး မြင်ဖူးတယ်..နာမည်ကြီး ချင်ပြီဆိုရင် သူတို့ မလုပ်ရဲတာ ဘာမှ မရှိတော့ဘူး"

"အခု ဆယ်လီ တွေက တရားစွဲဖို့ ပြင်နေကြပြီ..သူ့ကို သေတဲ့ အထိတရားစွဲရင်တော့ အကောင်းဆုံးပဲ..ဒါမှ သူ အင်တာနက်ပေါ်ပြန်မလာနိုင်တော့မှာ"

"ထောက်ခံတယ်"

တိမ်ဖြူလမ်း။

ကလေးမလေး တစ်ယောက်လက်ကို ဆွဲထားတဲ့ အမျိူးသမီး ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ ရောက်လာခဲ့ပါတယ်။

"သူဌေးလေး ရှင်ဒီကိစ္စကို ဒီထက်ပိုပြီ ဆက်မပြောတော့ရင် ကောင်းမယ်ထင်တယ်နော်"

လင်းဖန် ရယ်မောလိုက်တယ်။

"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ..ကျွန်တော် အခြေအနေကို ကိုင်တွယ်နိုင်ပါတယ်"

လူလိမ်ထျန်ဟာ ပြုံးလိုက်ပြီး..

"မိန်းကလေး မင်းရဲ့ သမီးလေးက တကယ်ချစ်ဖို့ကောင်းတာပဲ"

သူဌေးမလေး ရဲ့ နောက်မှာ ရှိနေတဲလ ကလေးမလေးဟာ ဆိုင်ထဲကို လှမ်းကြည့်လိုက်ပါတယ်..ပြီးတဲ့ နောက်မှာ သူ့အမေနောက်ကို သွားကာ ပြန်ပုန်းနေလိုက်တယ်။

ဆိုင်ပိုင်ရှင် အမျိူးသမီးဟာ ..နှုတ်ခမ်းကို ကိုက်လိုက်ပြီး..

"ကျွန်မ ရှင့်ထက်ကြီးတယ်..အစ်မဟောင်လို့ ခေါ်သင့်တယ်နော်."

လူလိမ် ထျန်ဟာ ရယ်မောလိုက်ပြီး..ကလေးလေးကို ကြည့်ကာ..

"ကလေး ဒီကိုလာပါဦး"

လင်းဖန် စနောက်လိုက်တယ်။

"ခင်ဗျားက အရမ်းကြောက်ဖို့ကောင်းနေလို့ဖြစ်မယ်..ကလေးက အနားတောင် မကပ်ရဲ့တော့ဘူး"

အစ်မဟောင်ဟာ ပြောလိုက်တယ်။

"ငါသွားတော့မယ် ..ကလေးကျောင်းပို့ ရဦးမှာ ဆိုတော့"

အစ်မဟောင် ထွက်ခွာသွားပြီး နောက်မှာ လူလိမ် ထျန်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ်။

"အစ်မလေးဟောင်က တကယ်စွမ်းဆောင်နိုင်စွမ်းရှိတာပဲ..သူမက အသက်ကြီးနေတာတောင် နောက်ထပ် ကိုယ်ဝန်တစ်ခု ယူနိုင်.သေးတယ်"

လင်းဖန် ရယ်မောလိုက်ပြီး..ဝိုက်ဘိုကို စစ်ဆေးဖို့ လုပ်လိုက်တယ်။

သူ့ဝိုက်ဘိုမှာ တိုက်ခိုက်မူတွေ နဲ့ ပြည့်နေပြီး..ပို့စ်တိုင်း လိုလို မှာ အပြစ်တင်မူတွေ ရှိနေခဲ့ပါတယ်။

အရင်နေ့က ဆယ်လီတွေကို..သူအပြစ်တင်ခဲ့တာက..လူတွေ များစွာကို စိတ်ဆိုးစေခဲ့မယ့် သူလိုချင်တဲ့ အတိုင်းတော့ ဖြစ်မြောက်ခဲ့ပါတယိ။

အခုသူလိုအပ်တာက အကုန်လုံးကို ရိုက်ချဖို့ အချိန်တစ်ခုကို စောင့်ယုံပါပဲ။

တစ်ချိန်တွးမှာပဲ ကျောင်းလီရဲ့ ပို့စ်တစ်ခုဟာ တင်လာခဲ့တယ်။

ကျောင်းလီ :: မာစတာ လင်းဆိုတဲ့ လူကို ကြည့်ရသလောက်တော့ သူ့က သူ့ရဲ့ စကားတွေကို တာဝန်ယူနိင်တဲ့ ပုံစံ မပေါ်ဘူး။သူက ပရော်ဖက်ဆာ ချန်ဂျန် ရဲ့ ဂုဏ်သတင်းကိုလည်း ဖျက်ဆီးသေးတယ်။ဒါကြောင့် ငါတို့ဟာ သက်သေ အထောက်အထားတွေနဲ့ အတူ ဥပဒေကြောင်း အရ အမူဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။

"ကောင်းတယိ..ငါ ပရော်ဖက်ဆာ ကျောင်းနဲ့.ရပ်တည်မယ်"

"ဒီလို လူတွေ ကိုယ်လုပ်တာ ကိုယ်ပြန်ခံရသင့်တယ်။ဒီလို လူတွေက အင်တာနက်ပေါ်မှာ အမှိုက်တွေလိုပဲ"

"ထောက်ခံတယ်"

"ပရော်ဖက်ဆာ ကျောင်း နဲ့ ပရော်ဖက်ဆာ ချန်ဂျန်က ကိုယ်ကျင့်တရားရှိပြီး..လေးစားရတဲ့ လူတွေပဲ"

"နာမည်ကြီးချင်တဲ့ လူတွေ အများကြီး ရှိပေမယ့်ဒီလူကတော့ တကယ်ကို စောက်ရှက်မရှိဘူး"

တစ်ချိန်တည်းမှာပဲ ဆယ်လီ အများစုဟာ ကျောင်းလီ ရဲ့ ပို့စ်ကို ပြန်တင်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို ပြကြပါတယ်။

ဒီအကြောင်းအရာဟာ ပိုပိုကျယ်ပြန့်လာပြီး လူပြောများတဲ့ ကိစ္စ ဖြစ်လာခဲ့ပါပြီ။

ဆယ်လီ ယန်ယွဲ့ချန်ဟာလည်း ပရော်ဖက်ဆာ ကျောင်းနဲ့ ပရော်ဖက်ဆာ ချန်ဂျန်ကို ထောက်ခံကြောင်း ​ပိုစ့်တင်လိုက်ပါတယ်။

လူအများစုဟာ ကျောင်းလီ ဘက်ကရပ်တည်လို့ပါ။

အဲ့အချိန်မှာ လင်းဖန် ရဲ့ ဘက်ကတော့ အခြေအနေ မကောင်းပါဘူး။

"ငါ မာစတာ လင်းကို ဖော်လို မလုပ်တော့ဘူး..သူက စွမ်းဆောင် နိုင်စွမ်းတွေ ရှိပါတယ်။ဒါပေမယ့် ဘာမှန်း ညာမှန်းမသိပဲ ပြသနာ လျောက်ရှာနေတယ်"

"ငါလည်း ဖော်လို ဖြုတ်လိုက်ပြီ..သူ့ဟာသူ ဖြေရှင်းပစေတော့..ဘယ်သူမှ ဂရုမစိုက်တော့ဘူး"

"ဟီးဟီး ပျော်ဖို့ကောင်းတယ်နော်..သူက နာမည်ကြီးချင်နေတာလား မသိဘူး"

"သူ အရင်က လူပ်ခဲ့တာတွေကလည်း နာမည်ကြီးချင်လို့ ပူးပေါင်းထားတာ ပဲဖြစ်မယ်"

"ကောင်လေးတို့ အဲလို မလုပ်ကြနဲ့ မာစတာ လင်းက အဲလို လူမျိုးမဟုတ်ဘူး"

"သူက ဒီလို လူမျိုးမဟုတ်ရင် ဘယ်လို လူမျိုးလဲ"

"ငါတကယ် စိတ်ပျက်သွားပြီ..မာစတာ လင်း ဒီလို ပြောင်းလဲ သွားမယ်လို့ မထင်ထားခဲ့ဘူး"

......

လင်းဖန် သူ့ကို ဝိုင်းပြီး ဆဲဆို ပြစ်တင်နေကြတဲ့ လူတွေကို သိပ်ပြီး ဂရုမစိုက်ပါဘူး။အခု ချိန်မှာ သူ နည်းနည်းထပ်စောင့် ဖို့ လိုနေပါသေးတယ်။

ချီရီ ဝိုက်ဘို။

"မာစတာ လင်းက လူအများကြီးကို စော်ကားထားတယ် ..သူ့ ဝိုက်ဘို အကောင့်ကို ကျွန်တော်တို့ဘန်းသင့်လား"

သူတို့ ခေါင်းဆောင်ဟာ ပြန်ပြောလိုက်တယ်။

"မင်းကို ငါ ဒီကုမ္ပဏီကနေ ဘမ်းပေးရမလား..သူ့အကောင့်ကို သွားမထိနဲ့"

ဝိုက်ဘို ကုမ္ပဏီမှာ ရှိနေတဲ့ အလုပ်သမားတိုင်း ဒါကို ကြားပြီး ဆွံ့အသွားခဲ့ပါတယ်။ဒီလောက်ထိ ပြသနာရှာတဲ့ လူမျိုး သူတို့ လုပ်သက်မှာ မတွေ့ဖူးကြသေးပါဘူး။

ဒီလို အဖြစ်အပျက်မျို့ အရင်က မဖြစ်ဖူးတာတော့ မဟုတ်ပါဘူး..ဒါပေမဲ့ အဲလို ပြသနာရှာတဲ့ လူကို တန်းပြီး ဘမ်းပစ်ခဲ့ပါတယ်။

နေ့လည်။

လင်းဖန် ဝိုက်ဘို ပေါ်မှာ ဘာပို့စ်မှ မတင်သေးပေ။လူတိုင်းဟာ လင်းဖန်ကို ဝိုက်ဘိုက သတိပေးထားတယ် ထင်နေကြပြီး...တစ်ချို့ လူတွေကတော့ လင်းဖန် ကြောက်လို့ ပုန်းနေတယ် လို့ ထင်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆယ်လီတွေက တရားစွဲဆိုဖို့ ပြင်ဆင်နေကြပါပြီ။ဒီလို တရားစွဲခံရရင် အာချောင်နေလို့ မထူးတော့ပါဘူး။

လင်းဖန် ရဲ့ အကောင့် မှာရှိတဲ့ ပရိတ်သတ် အရည်အတွက်ဟာလည်း အပြောင်းအလဲ မြန်လွန်းလှပါတယ်..နာရီပိုင်းအတွင်းမှာတင်..လူနှစ်သိန်းလောက် ထွက်သွားကြပါပြီ။

တစ်ခြားလူတွေကတော့ အခုလို ဖော်လို လျော့ကျသွားရင် အလျင်အမြန်ဖြေရှင်း တတ်ကြပါတယ်။

ဒါပေမယ့် လင်းဖန်ကတော့ ဒီလို မတွေးပါဘူး။သူ့ဆီမှာ စစ်မှန်တဲ့ ပရိတ်သတ်တွေ ကျန်တာက များပြားလှတဲ့ ပရိတ်သတ်တွေ ရှိနေတာထက်ပိုပြီး ကောင်းပါတယ်။

ဝူယူလန်ဟာ စိုးရိမ်စွာပြောလိုက်တယ်။

"မာစတာ လင်း တကယ်စိတ်မပူဘူးလား"

လင်းဖန် နာရီကို ကြည့်လိုက်ပြီး..

"ဘာတွေ စိတ်ပူစရာ လိုလို့ လဲ အခုမှ အစပဲ ရှိသေးတာ..ဒါပေမဲ့ ခနကြာရင် ငါ့ရဲ့ ဝှက်ဖဲ ဖော်ထုတ်တော့မယ်"

အဲ့အချိန်မှာပဲ..နောက်ထပ် နာရီ အနည်းငယ်လောက်အကြာမှ လင်းဖန်ရဲ့ ပို့စ့် တက်လာပါတော့တယ်။

"မနေ့ညက ငါ ဗီဒီယို နှစ်ခု ဒေါင်းလော့ ဆွဲလာတယ်။ဒါက နည်းနည်းတော့ ဆက်ဆီကျတယ်နော် ဒါပေမယ့် ငါကတော့ အဲ့တာကို......"

ဝိုက်ဘို ပို့စ်မှာ ဗီဒီယို နှစ်ပုဒ်ပါဝင်နေခဲ့ပါတယ်။

ဒီပို့စ်အပြီးမှာတော့ မှတ်ချက်တွေ ပလူပျံ လာခဲ့ပါပြီ။

"အရူးတွေ..အရူးတွေ"

"မာစတာ လင်း..ကျွန်တော်တို့ ခင်ဗျားကို အထင်လွဲမိသွားပြီ"

ဆွေးနွေးမူတွေဟာ မြင်တက်လာခဲ့ပါတယ်။

ရုတ်တရက် ခနအကြာမှာပဲ..မှတ်ချက်တွေဟာ ကြိုတင်စီစဥ်ထားသလို ရပ်တန့်သွားခဲ့တယ်။

ဒါကို လူတိုင်းပျောက်ကွယ်သွားသလိုပါပဲ။

လင်းဖန် အတွက်ကတော့ သူလုပ်နိုင်သလောက် အဆုံးအထိ လုပ်ပေးပြီးပါပြီ..နောက်ပိုင်း ဖြစ်လာတဲ့ အရာတွေက သူနဲ့ မဆိုင်တော့ပါဘူး။

ဆိုင်ထဲတွင်။

ဝူယူလန်ဟာ ဗီဒီယိုကို ဖွင့်ကြည့်လိုက်ပြီး သူ့မရဲ့ အမူအရာဟာ ပြောင်းလဲ သွားခဲ့ပါတယ်။

All Chapters