ပြောင်းလဲသွားတဲ့ အခြေအနေ
Vol. 12 Ch. 180
ဘာသာပြန် = စနိုးဝှိုက်
ကျောင်းလီဟာ ရုံးခန်းထံမှာ ဇိမ်ကျကျ နဲ့ လဘက်ရည်သောက်နေခဲ့ပြီး..သူ့ရဲ့ ကွန်ပြူတာကို ကြည့်နေခဲ့ပါတယ်။
လတ်တဘော သူ့ဘဝက နည်းနည်း ကျပ်တည်းနေခဲ့တာပါ..ဒါပေမဲ့ အဲ့ခွေးရူးကို အခုရပ်တန့်ဖို့အချိန်ရောက်ပါပြီ။
သူဒီအကောင်ကိုသာ သင်ခန်းစာမပေးရဘူးဆိုရင် နေရထိုင်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။
သူ့ကွန်ပြုတာ စခရင်မှာတော့ ကျောင်းသူလေးတွေရဲ့ နာမည်စာရင်းတွေ တန်းစီနေခဲ့ပါတယ်။သူ့ပုံစံကို ကြည့်ရင် အလုပ်လုပ် နေတယ်လို့ ထင်ရပေမယ့်လည်း...ကျောင်းလီ ဟာ အမှန်တကယ်တော့ လူရွေးရခက်နေခဲ့တာပါ။
ဒီတစ်ယောက်က မဆိုးဘူး..ဒါပေမဲ့ သူမရဲ့ မျက်နှာမှာ.ဝက်ခြံနည်းနည်း ပေါက်နေတယ်..
ဒီတစ်ယောက်က အရပ်ရှည်ပြီး..ရုပ်ချောတော့ သူ့ကိုပဲ ရွေးလိုက်ရင် ကောင်းမလား...
...
အဲ့အချိန်မှာပဲ သူ့ဖုန်းလေးဟာ မြည်လာခဲ့ပြီး ကြည့်လိုက်တဲ့ အချိန်မှာ ချန်ဂျန် ဆက်တာမှန်း သိလိုက်ပါတယ်။
ကျောင်းလီ ခေါင်းယမ်းလိုက်တယ်..ဒီအမျိူးသမီး ကတကယ် စိုးရိမ်တတ်တာပါ။
ဘာတွေ များစိုးရိမ်စရာ ရှိလို့လဲ..အခြေအနေကဖြင့် အကုန် အဆင်ပြေနေပြီ ဘာမှ စိုးရိမ်စရာ မရှိဘူး။
တကယ်လို့ စိုးရိမ်ရမယ် ဆိုရင်တောင်...သူတို့မဟုတ်ပါဘူး။ဟိုခွေးရူးကသာ စိုးရိမ်သင့်တဲ့ လူပါ။
သူ ဖုန်းကိုင်လိုက်တဲ့ အချိန်မှာပဲ အလျင်စလို ဖြစ်နေတဲ့..ချန်ဂျန်ရဲ့ အသံကို ကြားလိုက်ရပါတယ်။
"မြန်မြန်လုပ် ဝိုက်ဘိုကို ကြည့်လိုက်..အဲ့ခွေးသားက ဗီဒီယို နှစ်ခုတင်ထားတယ်။ဘာတွေ ဖြစ်နေတာလဲ ငါ့ကို ပြောစမ်းပါ...ဗီဒီယိုကို နင်ရိုက်ထားတာလား..မဟုတ်ဘူး..ငါ့ဗီဒီယို လည်း အဲ့မှာ ရှိနေသေးတယ်. ဘယ်သူလုပ်တာလဲ"
ကျောင်းလီ မျက်မှောင်ကျုတ်လိုက်တယ်...သူ ဘာတွေပြော နေတာလဲ။
သူ့မက စကားကို ဗလုံးဗထွေးနဲ့ ပြောနေပြီး သူ တစ်ခုမှ နားမလည်ပါဘူး။
"ဘာတွေ ဖြစ်နေတာလဲ..ဗီဒီယို တုန်း"
"နင့်ဟာနင် ဗီဒီယို သွားကြည့်လိုက်တော့.."
ချန်ဂျန်ဟာ ဒါကို ပြောပြီးတဲ့နောက်မှာ ဖုန်းချလိုက်ပါတယ်။သူမကြည့်ရတာ..စိတ်ပူပန်နေတဲ့ပုံပါပဲ။
ကျောင်းလီဟာ ခေါင်းခါယမ်းလိုက်ပြီး..ဝိုက်ဘိုကို ဖွင့်လိုက်တယ်..ဒါက မာစတာ လင်းရဲ့ ဝိုက်ဘို အကောင့်မှာပဲ ရှိမှာပါ။
သူမာစတာ လင်းရဲ့ အကောင့်ကို ဝင်ပြီး ပို့စ်ကို မြင်တဲ့ အချိန်မှာ ရယ်မောလိုက်ပါတယ်။
ဒါက အခြေအနေကို ပြောင်းလဲ ပစ်မယ့်အရာလား...နောက်ကျသွားပြီ ကောင်လေး...
ယင်းနောက် သူ ဗီဒီယို တစ်ခုကို ထောက်ကြည့်လိုက်တဲ့ အချိန်မှာတော့ ရင်းနှီးတဲ့ အသံကို ကြားလိုက်ရပါပြီ။
"ဒီကိစ္စက ပြီးပြီးသွားပြီ.."
"မြို့သားတွေက ဘာများ တတ်နိုင်မှာ မို့လို့လဲ.."
ဗီဒီယိုကို ကြည့်ပြီး တဲ့နောက်မှာတော့ ကျောင်းလီဟာ ကြောင်အသွားပြီး သူ့လက်ထဲက လဘက်ရည် ခွက်တောင် လွတ်ကျသွားခဲ့ပါတယ်။
ဘယ်လို ဖြစ်နိုင်မှာလဲ....
......
ရှောင်ရီမို တစ်ယောက် အိမ်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့မ အခန်းလေးထဲမှာပဲ နေပြီး ကိုယ့်ကိုကို အကျဥ်းချ ထားခဲ့တာပါ။
သူမဟာ မာစတာ လင်းရဲ့ ဝိုက်ဘိုကို ဖော်လို လုပ်ပြီး စောင့်ကြည့်နေပေမယ့် မာစတာ လင်း လုပ်နေတာတွေကို လုံဝ နားမလည်နိုင်တော့ပါဘူး။
အရင်နေ့တွေတုန်းက မာစတာ လင်းရဲ့ ပို့စ်တွေဟာ ဘာကို ဆိုလိုချင်မှန်း မသိတော့ပါဘူး။
သူမ ကိုယ့်ကိုကို ပြန်ရယ်မောလိုက်တယ်။
ငါ့ကို ဘာလို့ သူစိမ်းတစ်ယောက်က ကူညီပေးမှာလဲ...
မာစတာ လင်းက ဒီလိုတွေလျောက်လုပ်ပြီး အကြောင်းအရာကို ပြောင်းလဲ ပစ်တာက ပုံမှန်ပါပဲ။
အခုသူတင်ထားတဲ့ ဗီဒိီယိုတွေကိုလည်း သူမ ကြည့်ချင်စိတ် လုံးဝ မရှိပါဘူး...အခုချိန် ရှောင်မြောင် မြောင် တစ်ယောက် ဘာတွေလုပ်နေမလဲ ဆိုတာ ကိုပဲ တွေးနေမိပါတယ်။
သို့ပေမယ့် တစ်ချို့ ခံစားမူတွေကြောင့် သူမ ဗီဒီယို တစ်ခုကို ထောက်ကာ ဖွင့်ကြည့်လိုက်ပါတယ်။
သူမ ဗီဒီယိုကို မြင်တဲ့ အချိန်မှာ အံ့သြလွန်းလို့ အသံတောင် မထွက်နိုင်တော့ပါဘူး။
ကြယ်အလင်း ရုပ်ရှင် ကျောင်း။
ဆရာတစ်ယောက်ဟာ ဝိုက်ဘိုကို ကြည့်နေခဲ့ပါတယ်..လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေက တကယ် သွေးပူစရာပါ။
လူတိုင်းဟာ ဒီဆရာ မာစတာ လင်းကို ယုံကြည်မှန်း သိထားကြပါတယ်။သို့ပေမယ့် မာစတာ လင်းရဲ့ လတ်တလော အပြုအမူတွေ ကြောင့် သူတောင်မှ သံသယ ဖြစ်လာမိပါပြီ။
မာစတာ လင်း ဘာသဘောနဲ့ ဒီလိုတွေ လုပ်နေလည်း သူနားမလည်ပါဘူး။
တစ်ခြားလူတွေ ပျော်နေသလိုပဲ သူနာမည်ကြီးချင်လို့ လျောက်လုပ်နေတာ ဖြစ်နိုင်မလား...
အဲ့အချိန်မှာပဲ မာစတာ လင်း ဗီဒီယို နှစ်ပုဒ်တင်တာကို တွေ့လိုက်ရပါတယ်...သူ သံသယ ဖြစ်စွာပဲ ဗီဒီယို တစ်ပုဒ်ကို ဖွင့်ကြည့်လိုက်တယ်။
ဗီဒီယို ထဲက လာနေတဲ့ အသံက ကျောင်းလီ နဲ့ ချန်ဂျန် ရဲ့ အသံဖြစ်ပြီး..နည်းနည်း ကျယ်တယ်လို့တောင် ပြောလို့ရပါတယ်။
ဆရာဟာ ကြောင်အသွားခဲ့ပြီး..သူ ရေရွတ်နေကတော့..
"ဒါက တကယ်ကို ကိစ္စကြီးပဲ.."
ဘေးနားက လူတွေဟာ မေးလိုက်ပါတယ်။
"ဘာဖြစ်လို့လဲ..ကိစ္စတုန်း"
"မင်းတို့ဟာမင်းတို့ မာစတာ လင်းရဲ့ ဝိုက်ဘိုကို ကြည့်လိုက်ကြ"
လူတိုင်းဟာ သူတို့ လုပ်လက်စ အလုပ်တွေကို ရပ်ပြီး မာစတာ လင်းရဲ့ ဝိုက်ဘိူကို ကြည့်လိုက်ကြပါတယ်။
သူတို့ကြည့်ပြီးသွားတဲ့နောက်မှာ တစ်ယောက်ချင်းစီတိုင်းဟာ ဆွံ့အသွားကြပါပြီ။ဒီကိစ္စက အတော်ကြီးတယ် ဆိုတာ သူ့တို့အားလုံး နားလည်လိုက်ကြပါတယ်။
သူတို့ထဲက အချို့ဟာ ချက်ချင်းဖုန်းတွေ ခေါ်လိုက်ကြပြီး..
"ကျောင်းအုပ်..တစ်ခုခု ဖြစ်နေပြီ တစ်ခုခုဖြစ်နေပြီ"
ကျောင်းအုပ်ဟာ ပြန်ပြောလိုက်တယ်။
"ဘာဖြစ်လို့တုန်း"
"မြန်မြန် မာစတာ လင်းရဲ့ဝိုက်ဘိုကို ကြည့်လိုက်။အရော်ဖက်ဆာ ကျောင်းနဲ့ ပရော်ဖက်ဆာ ချန်ဂျန် တို့ဖော်ထုတ်ခံလိုက်ရပြီ..အခုမာစတာလင်းက ဗီဒီယို တင်ထားတယ်"
ဖုန်းကခေါ်နေတုန်း ဖြစ်ပေမယ့်လည်း ပရောဖက်ဆာဟာ ကျောင်းအုပ်ကြီး စားပွဲကို ရိုက်ချလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။
......
လင်းဖန်ကို ဘယ်သူကမှ သိပ်ပြီး သဘောမတွေ့ကြတော့ပါဘူး..မြို့သားတွေ အများစုက သူနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြပြီး ပါပြီ။
အခုလည်း လင်းဖန် ဗီဒီယို နှစ်ခု တင်လိုက်တဲ့အချိန်တုန်းက ဘာအရူးထပြန်ပြီလဲ ဆိုတာ သံသယ ရှိကြပါတယ်။
လင်းဖန်သာ ပေါက်ကရ ဗီဒိယို လျောက်တင်ရင် ဒါက ကိုယ့်သေတွင်းကို တူးတာပါပဲ။
သို့ပေမယ့် သူတို့ ဗီဒီယို ကို ဖွင့်ကြည့်လိုက်တဲ့ အချိဖိန်မှာတော့ လုံးဝ အံ့သြသွားကြရပါပြီ။
ဗီဒီယို ထဲမှာ ကျောင်းလီ နဲ့ ချန်ဂျန် တို့ စကားပြောထားကြတာ ဖြစ်ပြီး လက်ရှိ အခြေအနေနဲ့ ပတ်သက်နေပါတယ်။
ဒီမှာ ဟောင်မြောင်မြောင် နဲ့ ရှောင်ရီမို တို့ရဲ့ အကြောင်းပါ ပါဝင်ပြီး.. တစ်ချိန်တည်းမှာပဲ မြို့သားတွေဟာ ကျောင်းလီ ပြောတာနဲ့ ပတ်သက်ပြီး ဒေါသထွက်နေကြလို့ပါ။
"ဒီနေရာမှာတော့ ငါက နတ်ဘုရားပဲ...သူတို့တွေက ဘာတတ်နိုင်မှာမလို့လဲ"
ဗီဒီယို ဆုံးကားနီးမှာ ဖြစ်သွားတဲ့အရာတွေက မြို့သူ မြို့သားတွေကို ဒေါသအထွက်ဆုံးပါ။
ဒီမှာ ကျောင်းလီက ကျောင်းသူလေးတစ်ယောက်ကို အခန်းထဲ ခေါ်သွားခဲ့ ပါသေးတယ်..အလားတူစွာပဲ ချန်ဂျန်ဟာ ကျောင်းလီ ရဲ့ အဖေ ဒါရိုက်တာ သဘောကျဖို့ အတွက် ညစာစားပွဲ မှာ မြူဆွယ်ခဲ့တာပါ။
လူတွေဟာ သူတို့ကို ဒီနှစ်ယောက် ကစားခဲ့မှန်း သေဘာပေါက်လိုက်ကြပါတယ်။
ဒီဗီဒီိယို ကို လင်းဖန်တင်လိုက်ပေမယ့်လည်း ပြန်တင်ကြတဲ့ လူတွေ များလွန်းတာကြောင့် ချက်ချင်းပဲ ပျံ့နှံ့သွားခဲ့ပါတော့တယ်။
ဝိုက်ဘို ကုမ္ပဏီက အလုပ်သမားများဟာ အခြေအနေကို မြင်ပြီး ဆွံ့အသွား ကြပါပြီ။
သူတို့ ဘာလုပ်သင့်လဲ....
ပို့စ်တွေ လိုက်ဖျက် ရမှာလား...
ဒါက ဟာသ မဟုတ်ပါဘူး..အချိန်ခနလေးမှာ ပြန်တင်ကြတဲ့ လူတွေဟာ ခြောက်သန်းလောက်ရှိပြီး .ဆက်လက် မြင့်တက်နေတုန်းပါ။
သူတို့ ဗီဒီယိုကို ဖယ်ရှားလိုက်ရင် လူတွေရဲ့ အပြစ်တင်မူတွေကို ကြောက်ရပါသေးတယ်။
မီဒီယာ ကုမ္ပဏီ။
အလုပ်သမား : ကောင်လေးတို့ ဝိုက်ဘို ကို အမြန်ကြည့်လိုက်ကြ..အဲ့မှာ အမှန်တရား ပေါ်နေပြီး"
"မဖြစ်နိုင်တာ ပြောင်းလဲတာကြီးက မြန်လွန်းတယ်"
,
အယ်ဒီတာ ခေါင်းဆောင်ဟာ အလျင်အမြန်ပဲ ညွှန်ကြားလိုက်တယ်။
"မြန်မြန်..ဒီကိစ္စကို ခေါင်းစဥ်တပ်ပြီး သတင်းရေးကြ..ငါ တစ်နာရီ အတွင်းလိုချင်တယ်"
အလုပ်သမား : အယ်ဒီတာ ဒီကိစ္စက ကျွန်တော်တို့ ဝင်မပါသင့်ဘူးဆို။
"ဟုတ်တယ်လေ..အဲ့တာက လုံလောက်တဲ့ သက်သေမရှိလို့ ပြောတာ..အခု သက်သေတွေမှ ပေါလွန်းလို့..မြန်မြန်သတင်းရေးကြ"
အလုပ်သမား တွေဟာ အလျင်အမြန်ပဲ သတင်းရေးဖို့ လုပ်လိုက်ကြပြီး..တစ်ချိန်ထဲမှာပဲ သူတို့ သံသယ အနည်းငယ်တော့ ရှိကြပါတယ်။
မာစတာလင်း..သူ ဒီလို အရာတွေကို ဘယ်ကနေ သွားရှာလာတာလဲ...
ဝိုက်ဘိုမှာတင်ထားသလို ဆိုရင် တော့ ဒေါင်းလောဆွဲပြီး ရထားတာပါပဲ။
သူ ဘယ်သူ့ကို အရူးလုပ်ဖို့ပြင် နေတာလဲ....
တရုတ်ပြည် တစ်ခုလုံးမှာ ဘာလို့ သူတစ်ယောက်ထဲ ဒေါင်းလော့ဆွဲပြီး ဒီဗီဒီယိုကို ရသွားတာလဲ...
အင်တာနက်ပေါ်တွင်။
"ချီးပဲ ဒီနှစ်ကောင်က တော်တော် စိတ်တိုဖို့ကောင်းတယ်"
"သူတို့က များသွားပြီ ငါတို့မှာတော့ ယုံလိုက်ရတာ...သူတို့က ဒီလို လုပ်မယ်လို့ မထင်ထားဘူး"
"ငါနားလည်သွားပြီ ဒီ ကိစ္စက ဖုံးလွမ်းနေပြီး ပို့စ်တင်လို့မရတော့ မာစတာ လင်းက ဆယ်လီတွေကို အသုံးချပြီး ဖုံးကွယ်မသွားအောင်လုပ်နေတာ..လုံလောက်အောင် လူတွေ သိသွားကြပြီ ဆိုမှ သူက ဗီဒီယိုကို တင်ပေးလိုက်တယ်"
"အပေါ်ကကောင်..မင်းကဘယ်လိုဖြစ်ပြီး ရုတ်ရက်ကြီး ဥာဏ်ကောင်းသွားရတာလဲ..အရင်တုန်းက မင်းဦးနှောက်ဘယ်ရောက်နေတာလဲ ..မင်းမာစတာ လင်းကို ဆဲနေတာ ငါမှတ်မိသေးတယ်"
"လူတိုင်းပဲ ဝိုက်ဘို ကဖျက်မချခင် ဗီဒီယို ကို ဒေါင်းလော့ လုပ်ထားကြဟေ့"
"ငါက လုပ်ပြီးသွားပြီ"
.....
ဝိုက်ဘိုက ခေါင်းဆောင်ဟာလည်း ဘာမှ မတတ်နိုင်တော့ပါဘူး..အခု သက်သေက ရှိနေပြီ ဖြစ်ပြီး ဗီဒီယို ကို ဖျကိချတာက သူတို့အတွက်မကောင်းနိုင်ပေ။
အဲ့အချိန်မှာပဲ မာစတာ လင်းရဲ့ ပို့စ်တစ်ခုဟာ ထပ်တက်လာခဲ့ပါတယ်။
"တကယ်တော့ ငါ မနေ့က အတော်ကို ပျင်းနေခဲ့တာ..ငါ အပြင်းပြေ ဇာတ်ကားလေးကြည့်ချင်လို့ ဒေါလော့ ဆွဲတာကို..အခုဒီလို ဟာတွေနဲ့ ဂျင်းထည့်ခံရတော့ တကယ် နာကျင်စေတယ်။ဒါပေမဲ့ ဒီနေ့ကတော့ ရာသီဥတုကောင်းတယ်နော်"
အောက်ဘက်ရှိ မှတ်ချက်များတွင်တော့။
"မာစတာ လင်း ..ကျေးဇူးပြုပြီး မငိုပါနဲ့..ငါမင်းကို Gp 1000 အလကားပေးလို့ရပါတယ်"
"ဘာမှမဖြစ်ပါဘူး..ငါ့မှာ ဇာတ်ကားတွေ တစ်ထောင်လောက်ရှိတဲ့ ဟတ်တစ် ရှိတယ်။ငါမင်းကို အလကားပေးလိုက်လို့ရတယ်နော်"
"မာစတာ လင်း ငါမှားသွားပါတယ်။မင်းကို အပြစ်မတင်ခဲ့သင့်ဘူး"
"ငါ ပြန်ဖော်လို လိုက်ပြီ ..နောက််တစ်ခါ.ငါနဲ့ မာစတာ လင်းကို သွေးမခွဲ ကြပါနဲ့တော့"
"ရဲ့ရင့်တဲ့ စစ်သည်တော် တစ်ယောက်ပဲ"