← Chapters

ကံကြမ္မာရုပ်သေးရုပ်

Vol. 85 Ch. 1177

ကံကြမ္မာရုပ်သေးရုပ်

Vol. 85 Ch. 1177

မိုကျွင်းက ဝမ်ဝေ့ကို အမုန်းတရားဖြင့် ကြည့်လိုက်သည်။ အကယ်၍ သူ့အကြည့်များကသာ သတ်နိုင်ပါက သူ့ဘဝမှ ဤဆူးကို ရှင်းထုတ်ပစ်လောက်သည်။ မဟုတ်သေးဘူး။ သူ့တွင် စွမ်းပကားရှိနေပါက ဤထက် ဆိုးရွားသည့် အရာများကိုပင် ပြုလုပ်နိုင်သည်။ နှမြောစရာကောင်းလှစွာဖြင့် သူ့အကြည့်များက အရှုံးသမားတစ်ယောက်၏ အကြည့်သာ ဖြစ်နေသည်။ သူ ဝန်မခံလိုလျှင်ပင် ထိုအရာက အမှန်တရားသာ ဖြစ်၏။

“ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား”

“ခင်ဗျားက အမြဲတမ်း ကိုယ့်ဘာသာကိုယ် အထင်ကြီးနေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားကို ပြိုင်ဖက်အဖြစ် မှတ်ယူဖူးတယ်များ ထင်လို့လား” ဝမ်ဝေ့က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ခင်ဗျားက ဒိုင်မေးရှင်းအနိမ့်ကနေ ထွက်သွားဖို့ အချိန်တွေရတယ်။ ဒါပေမဲ့ မလုပ်ဘူး။ ဘာလို့လဲ … အဖြေက သိသာပါတယ်။ ခင်ဗျားက မျှော်လင့်ချက်ကို ကိုင်စွဲထားတာပဲ။ ကျုပ်ဆီမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာမျိုး၊ ဒါမှမဟုတ်ဘူးဆိုရင် အသူရာချောက်နက်နဲ့ တိုက်ပွဲအတွင်းမှာ ကြီးကြီးမားမား ထိခိုက်ခဲ့တာမျိုးကို မျှော်လင့်နေခဲ့တာ။ အဲဒါက အလုပ်မဖြစ်ဘူးဆိုရင်တောင် ကျုပ် မတက်လှမ်းခင်အထိ ပုန်းအောင်းနေဖို့ ရည်ရွယ်ထားခဲ့တာပဲ။ အဲဒီနောက်မှာ ဒိုင်မေးရှင်းအနိမ့်က ခင်ဗျားစိတ်တိုင်းကျ သောင်းကျန်းနိုင်မဲ့ နေရာ ဖြစ်လာလိမ့်မယ်။ ခင်ဗျားလမ်းမှာ ကျုပ် မရှိရင် နောက်ဆုံး လုပ်ချင်တာ လုပ်လို့ရပြီလို့ တွက်နေတာပဲ”

ဝမ်ဝေ့က သူ့ကို သနားစွာ ကြည့်လိုက်သည်။

“ကံကောင်းမှုနဲ့ မျှော်လင့်ချက်အပေါ် မှီခိုတဲ့သူမျိုးက ကျုပ်ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မယ်လို့ ထင်နေလား။ အဲဒါကြောင့် ခင်ဗျားက လောဘကြီးလွန်းတယ်လို့ ပြောရတာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“နှမြောစရာပဲ။ မိုရှင်းယွင်က ခင်ဗျားရဲ့ စွမ်းအားကို သိမ်းပိုက်နိုင်ခဲ့ရင် ပိုကောင်းသွားမှာ။ သူမက ခင်ဗျားလိုမျိုး လောဘကြီးတယ်ဆိုပေမဲ့ ဘယ်အချိန်နောက်ဆုတ်ရမယ်ဆိုတာကို သိပြီးတော့ အသုံးမဝင်တဲ့ မာနမျိုးတွေမထားဘဲ ဉာဏ်ကောင်းတယ်”

“မင်းက ဘာလိုချင်တာလဲ” မိုကျွင်းက အံကြိတ်ကာ မေးလိုက်သည်။ သူက တာအိုသက်သေပြပြီးကတည်းက အကြိမ်များစွာ ရှုံးနိမ့်မှု ခံစားခဲ့ရသော်လည်း ဤမျှအရှက်မကွဲဖူးပေ။ သို့သော်လည်း သူက သူ့ကိုယ်သူ ထိန်းချုပ်ထား၏။ သူသာ အသက်ရှင်သရွေ့ မျှော်လင့်ချက်ဆိုတာရှိပြီး နောက်ဆုံးအချိန်အထိ လက်လျှော့မည် မဟုတ်ပေ။

“ဘာမှမလိုချင်ဘူး။ ခင်ဗျားဆီက ကျုပ် လိုချင်တာကို ကျုပ်ဘာသာ ယူနိုင်တယ်။ ခင်ဗျားရဲ့ သဘောထား မလိုအပ်ဘူး။ ခင်ဗျားနေရာ ခင်ဗျားသိဖို့ပဲ လိုတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ့ကို ဘာလုပ်မှာလဲ” မိုကျွင်းက မေးလိုက်သည်။

“ကျုပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ဘယ်တုန်းကမှ ရုပ်သေးရုပ် မလုပ်ခဲ့ဖူးတာပဲ။ အနည်းဆုံးတော့ ကျုပ်ရဲ့တာအိုနဲ့ ပတ်သက်နေတဲ့ အရာမျိုးပေါ့။ ကျုပ်ရဲ့ ရုပ်ခန္ဓာက ကံကြမ္မာရုပ်သေးရုပ် ရုပ်ခန္ဓာလို့ခေါ်တဲ့အခါမျိုးမှာ ပိုပြီးတော့ ထူးဆန်းတယ်မလား”

“မင်း မလုပ်ပါဘူး”

“ခင်ဗျားက ကျုပ်ရဲ့ ပထမဦးဆုံး ကံကြမ္မာရုပ်သေးရုပ် ဖြစ်မှာဆိုတော့ ဂုဏ်ယူလိုက်တော့”

“အဲဒါကို မလုပ်နဲ့။ ငါ့ကို အဲ့လိုအရှက်မခွဲနဲ့” မိုကျွင်းက အလျင်အမြန် ပြောလိုက်သည်။ သူက ရုပ်သေးရုပ်တစ်ယောက် ဖြစ်မည့်အစား သေဖို့သာ လိုလားပေသည်။ သူက ဝိညာဉ်ကို ဖောက်ခွဲပစ်ဖို့ ကြိုးစားလိုက်၏။ သို့သော် သူက အပြီးတိုင် စည်းပိတ်ခံထားရသည်။

“မစိုးရိမ်ပါနဲ့။ ကျုပ်က ခင်ဗျားကို မှတ်ဉာဏ်အသစ် ပေးမှာဆိုတော့  အရှက်ကွဲမှုတွေ ရှိမှာ မဟုတ်ဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပိုမိုပင် ကြောက်ဖို့ကောင်းနေလေ၏။ ထို့နောက် အခန်းအတွင်း ကြိုးမျှင်များစွာဖြင့် ဖွဲ့စည်းထားသည့် ကံကြမ္မာမြစ်ကြောင်း၏ ပုံရိပ်ယောင်တစ်ခုက ထွက်ပေါ်လာကာ မိုကျွင်း၏ ဝိညာဉ်အတွင်း ဝင်ရောက်သွားခဲ့သည်။

“မဖြစ်ဘူး ရပ်လိုက် ရပ်လိုက်။ ငါ မင်းအတွက် အကူအညီ ဖြစ်နိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုကို သိထားတယ်”

“ခင်ဗျား မသိပါဘူး”

“ငါ သိတယ်။ အဲဒါက  လျှို့ဝှက်နယ်မြေတစ်ခုပဲ”

“ကောင်းပြီလေ။ ခင်ဗျားက သနားဖို့ကောင်းအောင် လုပ်မနေဘဲနဲ့ ကိုယ့််ကံကြမ္မာကိုယ် လက်ခံလိုက်တော့” ဝမ်ဝေ့က ပြောလိုက်သည်။

“ခင်ဗျားရဲ့ ကံကောင်းမှုနဲ့ ကံကြမ္မာနဲ့ဆိုရင် ခင်ဗျား တွေ့ခဲ့တဲ့ လျှို့ဝှက်နယ်မြေတွေဆိုတာက ကျုပ်အတွက် အသုံးမဝင်ဘူး”

ကြိုးမျှင်တစ်ခုက မိုကျွင်း၏ စကားပြောနိုင်စွမ်းကို ပိတ်ဆို့လာခဲ့သည်။ ထို့နောက် ကြိုးမျှင်များစွာက ပေါင်းစည်း၍ သူ့အတွက် ခန္ဓာကိုယ်အသစ်ကို ဖွဲ့စည်းပြီး ပြန်လည်အသက်သွင်းခဲ့၏။ ကြိုးမျှင်များစွာက မိုကျွင်းအတွက် မှတ်ဉာဏ်အသစ်နှင့် အကျင့်စရိုက်အသစ်ကို ဖန်တီးပေးလာသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဝမ်ဝေ့က ထိုသူ၏ တာအိုအမှတ်အသားကို ပစ်မှတ်ထားပြီး သူ့အစစ်အမှန်ဆန္ဒကို ထားရှိကာ လိုအပ်လာသည့် အချိန်အတွင်း အမှတ်အသားကို ရှင်းထုတ်ပစ်နိုင်ဖို့ လုပ်ဆောင်လိုက်သည်။

ပြောင်မြောက်တဲ့ လက်ရာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုအရာက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်၏ တည်ရှိမှုအပေါ်တွင် သက်ရောက်မှုရှိသည့်အတွက် အမြင့်ဆုံးကျွန်ပြုခြင်း နည်းစနစ်အဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် ကံကြမ္မာမြစ်ကြောင်းကို အသုံးပြုခြင်းသည် ကျင့်ကြံဆင့် မြင့်မားသူ တစ်ယောက်ယောက်က ထိုဖြစ်စဉ်ကို ပြန်လည်ပြောင်းလဲမည်ဆိုပါက ဝမ်ဝေ့အား ရုပ်သေးရုပ်ကို ရှင်းထုတ်ပစ်နိုင်မည့် အခွင့်အရေးကို ပေးလာလိမ့်မည်။

“အခုကစပြီးတော့ မင်းဆီမှာ နာမည် မရှိတော့ဘူး။ ဇစ်မြစ်ပဲ ရှိတော့တယ်။ ငရဲခုံရုံးရဲ့ ပထမဆုံး မျိုးဆက်ပဲ။ မင်းရဲ့ တာဝန်က ကောင်းကင်ဧကရာဇ်ခေတ်ကာလရဲ့ တန်ပြန်သက်ရောက်မှုတို့ကို စုစည်းပြီးတော့ ခေတ်ကာလကို ကြာရှည်အောင် လုပ်ပေးဖို့ပဲ”

ငရဲခုံရုံးကို အပြည့်အဝ တည်ထောင်ပြီးတော့ ထိန်းချုပ်မှု ရတာနဲ့ ဆက်ခံသူကိုရွေးပြီး သေချင်ယောင်ဆောင်။ လျို့ဝှက်ဇစ်မြစ်နဲ့ နောက်ကွယ်ကနေ ခုံရုံးကို ထိန်းချုပ်။ ကွယ်ရာမှာ ခင်ဗျားရဲ့ တာဝန်က ကျုပ်ကာလကို အဆုံးသတ်ပစ်ဖို့ ငရဲအရှင်ကို ကူညီပေးဖို့ပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ အဓိကရည်ရွယ်ချက်က အဲဒီလူတွေကို မအောင်မြင်အောင် တားဆီးဖို့ပဲ”

“ခင်ဗျားရဲ့ တာဝန်က ခင်ဗျားရဲ့ ဇစ်မြစ်မပေါက်ကြားခင်အထိ တည်ရှိနေလိမ့်မယ်။ အဲဒီနေ့ကျရင် ခင်ဗျားရဲ့ တာဝန်က ငရဲခုံရုံးကို တတ်နိုင်သမျှ ထိခိုက်အောင်လုပ်ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းဆီ သတိပေးစကားလှမ်းပို့ရမယ်”

ဝမ်ဝေ့၏ စကားပြီးဆုံးသွားသည်နှင့် ငရဲခုံရုံး၏ ပထမမျိုးဆက် ငရဲအရှင်၏ ကံကြမ္မာကြိုးမျှင်က ပြောင်းလဲသွားကာ သူ့အနာဂတ်တစ်ခုလုံးနှင့် ကံကြမ္မာက ပြောင်းလဲသွားကြောင်း ပြသနေသည်။ သူက ကံအပြောင်းအလဲတချို့ကိုပင် ရရှိလိုက်၏။

“သခင့်အမိန့်အတိုင်းပါ” ငရဲအရှင်က ဒူးတစ်ဖက် ထောက်ကာ ပြောလိုက်သည်။

“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် ရွှေရောင်နတ်ဘုရား၏ ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်။ သူက ချပ်ဝတ်၏ ပုံစံကို ပြောင်းလဲပြီးသည့်နောက်တွင် ထိုအရာ၏ စွမ်းအားအရင်းမြစ်ဖြစ်သည့် ကုန်းမြေနှင့်အတူ ပေးလိုက်၏။

“ဒါက အုတ်မြစ်တစ်ခု ဖြစ်ဖို့ လုံလောက်မှာပါ”

“သခင့်ကို ကျေးဇူးတင်ပါတယ်”

ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားပြီး လေဟာနယ်မှ တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်၏ လျှို့ဝှက်လုံခြုံရေးသေတ္တာ ဖြစ်၏။

သူ နှင်ထုတ်မခံရခင် လျှို့ဝှက်လုံခြုံရေးသေတ္တာကို ဖန်တီးဖို့ အခွင့်အရေး မရဘူးလို့ ထင်ထားခဲ့တာ။ သူက သတိကြီးတဲ့ပုံပဲ…

ဝမ်ဝေ့က သေတ္တာကို ဖျက်ဆီးပစ်လိုက်သော်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားခဲ့၏။ ချန်းထုံက သူ့လျှို့ဝှက်လုံခြုံရေးသေတ္တာကို ဝှက်ထားသည့် နေရာကို သေချာပေါက် သိနေလိမ့်မည်။ ပုံမှန်အားဖြင့် ထိုအရာသည် အဓိကပြဿနာတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို သတ်လိုပါက … အထူးသဖြင့် စံပြတစ်ယောက်ဖြစ်ပါက … သူတို့ပုံရိပ်ယောင်သည် သူ့လျှို့ဝှက်သေတ္တာကို ရှာဖွေဖို့ အင်မတန် လွယ်ကူလိမ့်မည်။

သို့သော်လည်း ဝမ်ဝေ့ကမူ ထူးကဲပေ၏။ သူ့ကံကြမ္မာမဲ့ အဆင့်အတန်းဖြင့် လျှို့ဝှက်လုံခြုံရေးသေတ္တာကို ကောင်းချီးပေးထားသရွေ့ သာမန်စံပြများက သူ့သေတ္တာကို ရှာဖွေနိုင်မည် မဟုတ်ပေ။

ချန်းထုံက ဝန်ထုပ်တစ်ခု ဖြစ်လာတာပဲ။ သူ့ကို ဖြေရှင်းရမယ်။ ဒါပေမဲ့ ဘယ်လိုလဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုအရာကို တွေးလိုက်သည်နှင့် အဖြေ ရရှိလိုက်၏။

သတ်ဖြတ်ရေးစစ်ဆေးမှု … သူက မပြီးမပြတ်အခြေအနေအတွင်းမှာ ရှိနေတုန်း ဒိုင်မေးရှင်းအနိမ့်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ နည်းလမ်းက အဲဒီစစ်ဆေးမှုနဲ့ ဆက်နွယ်နေလိမ့်မယ်။ ငါသာ အဲဒီစစ်ဆေးမှုကို ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်နိုင်သရွေ့ သူက ရွေးချယ်စရာ မရှိဘဲ ထွက်သွားရမှာပဲ…

ဝမ်ဝေ့က ထိုအတွေးသည် ကျရှုံးနိုင်ချေရှိကြောင်း သိထားသည့်အတွက် ယခင်က မတွေးခဲ့ဖူးပေ။ သူက စံပြတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်၏။ မပြီးမပြတ်အခြေအနေတွင် ရှိနေသည့် စံပြတစ်ယောက်သည်ပင် များများစားစား ပြောင်းလဲမှုမရှိပေ။ သို့သော်လည်း လတ်တလော အဖြစ်အပျက်များက သူ့ကို သတ္တိနှင့် မျှော်လင့်ချက် ပေးအပ်လာသည်။

ငါ ပြန်လည်ကောင်းပြီးတော့ တတိယအဆင့် ကုသိုလ်ရွှေခန္ဓာဖွဲ့စည်းပြီးတဲ့အထိ စောင့်ကြတာပေါ့…

သူက ငရဲအရှင်ကို အာရုံစိုက်လိုက်သည်။ သူက လက်ညှိုးဖြင့် ထိုးပြီးသည့်နောက်တွင် ထိုခန္ဓာကိုယ်အပေါ် မန္တန်တစ်ခု ချထားလိုက်သည်။ ငရဲအရှင် သေဆုံးသွားသည့်အခါ ထိုမန္တန်က အသက်ဝင်လာပြီး ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ကို သူ့အစစ်အမှန်ဆန္ဒက မဖျက်ဆီးနိုင်ခင် ရှင်းထုတ်ပစ်လိမ့်မည်။ ပြောရမည်ဆိုလျှင် သူ့ကို ထာဝရသတ်ပစ်လိုက်ခြင်း ဖြစ်၏။

“အာ ငါ တော်တော် ပင်ပန်းသွားပြီ” သူက လက်ဝှေ့ပြီးသည့်နောက်တွင် ထိုသူကို ပြန်လွှတ်လိုက်၏။ ငရဲအရှင်က သူ့ခုံရုံးကို တည်ဆောက်ဖို့ ထွက်သွားသည်။ ထိုစဉ် ဝမ်ဝေ့ကမူ သူ လုပ်ဖို့လိုအပ်သည့်အရာများကို အာရုံစိုက်ထားလိုက်၏။ ပထမဦးစွာ သူက ဂိုဏ်းမှ လူတစ်ယောက်ကို ဆင့်ခေါ်ပြီး သံသရာခုံရုံးအတွက် လူများကို ရွေးချယ်ဖို့ တာဝန်ပေးအပ်ခဲ့သည်။

ကျောက်တုံးယမမင်းနှင့် သဘောတူညီချက်အရ သူသည် ကမ္ဘာ့အသိုက်အဝန်း ၃၇၉၉ အတွက် ကံကြမ္မာခုံရုံး၏ ကုန်ကျမှုကို တစ်ဦးတည်းသော တောင့်ခံမည့်သူ ဖြစ်ရမည်။ သို့သော်လည်း သူက တက်လှမ်းသွားပြီးသည့်နောက်တွင် သူ့ခုံရုံးကို လီကျွင်းဆီ ချန်ထားပေးနိုင်ခဲ့လားဟု သိချင်နေမိ၏။ အကယ်၍ ထိုသို့ဖြစ်နိုင်ပါက ထိုသူများသည် စတင် အလုပ်လုပ်လာနိုင်လိမ့်မည်။

ဝမ်ဝေ့ နောက်ထပ်လုပ်သည့်အရာကမူ အရင်းအမြစ်ချီနေရာလွတ်အတွင်း ကိုယ်ပွားကို စေလွှတ်ကာ သူ့ကုသရေးကို ကူညီပေးနိုင်သည့် သီးသန့်ချီမျှင်တချို့ကို ရှာဖွေဖို့ ဖြစ်၏။ သူခန့်မှန်းထားသလောက် သူ့စွမ်းရည်ကြောင့် နှစ်သန်းနှစ်ရာကြာမြင့်မည်ဖြစ်ကာ … အကယ်၍ သူသာရှားပါးသည့် စွမ်းအင်တချို့ကို ရှာတွေ့နိုင်ပါက အချိန်သည် ပိုမိုတိုတောင်းသွားလိမ့်မည်။ ထို့နောက် သူက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်၏ ဒုတိယခေါင်းဆောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုသူက ရင်းနှီးသည့်သူဖြစ်ပြီး ပင်ကိုအာကာပြင်နည်းစနစ် ရှိထားသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ကာ ချစ်မြတ်နိုးရသည့် ပါရမီကင်းမဲ့သော ညီမငယ်တစ်ဦးရှိသူ ကျန်းကျင့် ဖြစ်၏။ ယခု သူက ဝမ်ကျူ ထွက်ခွာသွားပြီဖြစ်သည့်အတွက် ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဝမ်ဝေ့က ဝမ်ကျူ၏ အတွင်းကမ္ဘာနှင့် လုပ်ပိုင်ခွင့်ကို သူ့ဆီ ပေးအပ်ခဲ့သည်။ ထိုအရာက သူသည် ရွေးချယ်ခံရသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ဝမ်ဝေ့က သူ့အား ထိုက်တန်သည့် အဖွဲ့ဝင်များကို ရွေးချယ်ဖို့ တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်၏။ အကယ်၍ ကျန်းကျင့်က ချန်ထားခဲ့သည့် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပါက အတွင်းကမ္ဘာကို စုပ်ယူကာ သူနှင့် ဆက်နွယ်နိုင်လိမ့်မည်။

ထိုအသေးအဖွဲကိစ္စအားလုံးကို ဖြေရှင်းပြီးသည်နှင့် ဝမ်ဝေ့က အရေးကြီးသည့် တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်သည်။ သူ့၏ ဆုလာဘ်များ ဖြစ်၏။ အဓိကတိုက်ပွဲ ပြီးဆုံးပြီးသည့်နောက်တွင် သူက အကျိုးအမြတ် ရရှိလာလိမ့်မည်။ သို့သော်လည်း သူက နောက်ဆုံးသော ဆုလာဘ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် စိတ်နှလုံးသား နာကျင်လာမိ၏။

All Chapters