ဆုံးရှုံးမှု
Vol. 85 Ch. 1178
ဝမ်ဝေ့က ကိုယ်ပိုင်ဒိုင်မေးရှင်းနေရာလွတ်ကို စစ်ဆေးကြည့်လိုက်စဉ် သူ့အံ့ဖွယ်အသိစိတ်ဖြင့် သူ သိမ်းဆည်းထားသည့် အလောင်းများကို ကြည့်လိုက်သည်။ လူအိုကြီးငရဲနှင့် တိုက်ပွဲအတွင်း ဖောက်ခွဲမှုက အရာအားလုံးကို ဖျက်ဆီးမပစ်ခင် သူက ဖန်ဆင်းမှုသက်ရှိများ၏ အလောင်းတချို့ကို နောက်ပိုင်းတွင် အရင်းအမြစ်အနေဖြင့် အသုံးပြုဖို့ရာအတွက် သိမ်းဆည်းနိုင်ခဲ့သည်။
တကယ်လို့ ဒီလူသာ ကိုယ်တိုင် ဖောက်ခွဲမပစ်ခဲ့ရင် ငါ့ဆီမှာ ရာချီပြီးတော့ ရှိနေလောက်တယ်…
ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်သည်။ သူက ထိုလူအိုကြီးငရဲ၏ မဆင်မခြင်အပြုအမူကြောင့် ဆုံးရှုံးခဲ့ရကြောင်း တွေးမိသည့်အခါ နှလုံးသားမှ နာကျင်လာမိသည်။ သူ ဆုံးရှုံးလိုက်သည့် အကျိုးအမြတ်ကို တွေးသည့်အချိန်တိုင်း ထိုလူအိုကြီးငရဲကို ပြန်လည်အသက်သွင်းပြီး ထပ်သတ်ဖို့အထိပင် ကြံမိ၏။
ဒေါသထွက်နေလို့ အကျိုးမရှိဘူး။ စိတ်ငြိမ်ငြိမ်ထား…
ဝမ်ဝေ့က စည်းပိတ်ထားသည့် ဓားကို ဆင့်မခေါ်ခင် တွေးလိုက်သည်။
ဒီဖန်ဆင်းမှုသက်ရှိက ငါ့ရဲ့ ကောင်းကင်ဘုံအဆင့် လက်နက်ကို တည်ဆောက်ဖို့အတွက် ပစ္စည်းကောင်းပဲ။ ဒါပေမဲ့ အကြွင်းမဲ့အဆင့် လက်နက်ကို ဖန်တီးဖို့အတွက်တော့ မလုံလောက်သေးဘူး…
သူက လက်နက်ကို သိမ်းဆည်းပြီးသည့်နောက်တွင် အလောင်းများကို အာရုံစိုက်လိုက်သည်။
နောက်ပြဿနာက ဒီအလောင်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ။ အကြီးအကဲတန့် ဒါမှမဟုတ် ယန်းလီလင်းတို့က ဒီဟာကို ဖြေရှင်းနိုင်ပါ့မလား။ လီလင်းကတော့ ကောင်းကင်ဘုံတက်လှမ်းခြင်း ဆေးလုံးကို သုံးပြီးတဲ့နောက်မှာတော့ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ သူမအနေနဲ့ ကောင်းကင်ဘုံအဆင့် ဖော်စပ်နည်းတချို့ကိုတော့ ဖန်တီးရလိမ့်မယ်…
သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ထိုအရာက သူ့ပြဿနာ မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ယန်းလီလင်းကသာ ထိုအရာအပေါ် စိတ်ဖိစီးရမည့်သူ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူမက စိန်ခေါ်ရတာ သဘောကျတာပဲလေ…
သူက လက်ဝှေ့ပြီးသည့်နောက်တွင် အလောင်းများကို သူမဆီ ပို့ပေးလိုက်သည်။
အတွေးတစ်ချက်ဖြင့် သူ့ရှေ့တွင် ပုံရိပ်ယောင် ၁၀၈ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက အနာဂတ်ဗုဒ္ဓကိုယ်ကို ကြည့်နေရင်း ဒေါသထွက်လာမိ၏။ ဤတိုက်ပွဲအတွင်း သူ့အကြီးမားဆုံး ဆုံးရှုံးမှုက အနာဂတ်ကိုယ် ၂၅၈ခု ဖြစ်ပေသည်။ သူ့အစီအစဉ်အများစုက အနာဂတ်ကိုယ် ၃၆၅ခု၏ ကျင့်ကြံဆင့်ကို အသုံးပြုလျက် တွက်ချက်ထားခြင်းဖြစ်ကာ ယခုတွင် သူက သုံးပုံနှစ်ပုံ ဆုံးရှုံးသွားရသည်။ သူတို့ကို စတေးလိုက်ရသည့်အတွက် ကုသိုလ်အသုံးပြုခြင်းကပင် သူတို့ကို ပြန်လည်ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ပေ။
ထိုအရာတွေအပြင် သူက လူအိုကြီးငရဲလိုလူမျိုးအတွက် သူ့အနာဂတ်ကိုယ်မှ စွမ်းအားကိုပင် ဆင့်ခေါ်ခဲ့ရသည်။ ယခုမှစ၍ သူက အကြပ်အတည်းကြား ကျရောက်သွားပြီဖြစ်ကာ မဟာတာအိုအနေဖြင့် သူ့ကို တူညီသည့် နည်းဗျူဟာ ထပ်သုံးခွင့်ပြုမည် မဟုတ်ကြောင်း သိထားသည်။
လူအိုကြီးငရဲက သေပြီဆိုပေမဲ့ ကတ်သုလူ…မင်းကို ငါ မရစေနဲ့။ မင်းက အကြောက်တရားကို ခံစားရမဲ့ ပထမဦးဆုံး စကြဝဠာသက်ရှိ ဖြစ်သွားမယ်…
ဝမ်ဝေ့က စိတ်ငြိမ်ငြိမ်ထားကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ယခု သူက ကြီးကြီးမားမား ဆုံးရှုံးမှုကို တွေ့ကြုံခံစားခဲ့ရသည့်အတွက် ကျင့်ကြံရေးတိုးတက်မှုအတွက် ဟာကွက်ကို ဖြည့်စည်းဖို့ နည်းလမ်း လိုအပ်နေသည်။
ဒါက ဒီလိုပဲ ဖြစ်သင့်တယ်…
ဝမ်ဝေ့က ကျင့်ကြံရေးအခန်းသို့ ထွက်လာခဲ့ပြီး ယန်းလီလင်း၏ ဆေးလုံးကို သောက်သုံးပြီးသည့်နောက်တွင် အစီအရင်အားလုံးကို အသက်သွင်းလိုက်သည်။
အချိန်က ကုန်ဆုံးသွားပြီး ဝမ်ဝေ့က ပြန်လည်ကုစားဖို့ရာ အာရုံစိုက်ထားခဲ့၏။ ပုံမှန်အားဖြင့် အရေးပေါ်အခြေအနေ မဟုတ်ပါက လူများက သူ့ကို နှောင့်ယှက်ကြမည် မဟုတ်ပေ။ သို့သော် သူက သူ့တည်ရှိမှု လိုအပ်နေသည်ဟု ညွှန်ပြနေသည့် ဆက်သွယ်ရေးအဆောင်ကို လက်ခံရရှိလိုက်သည်။
တစ်ယောက်ယောက်က ငါ့ကို ဘာလို့ ဆက်သွယ်တာလဲ။ အပြင်ဘက်မှာ နှစ် ၁၅၀၀ပဲ ရှိဦးမှာလေ…
သူက အဆောင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။
ဟုန်မိန်လင်းက အထက်ဘုံ တက်လှမ်းချင်နေတာလား။
ဝမ်ဝေ့က ပလ္လင်အခန်းအတွင်း ပုံရိပ်ယောင်တစ်ခုကို စေလွှတ်ကာ သူမကို ဆင့်ခေါ်လိုက်သည်။ သူမက သူမ၏ ဆရာဖြစ်သူနှင့် တွေ့ဆုံချင်နေမှန်း ခန့်မှန်းမိသော်လည်း ဤသည်က အလျင်လိုသည် မဟုတ်ပါလော။
“ဘာမှအလျင်လိုနေဖို့ မလိုဘူး” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။
“စစ်ပွဲပြီးတဲ့နောက်မှာ ငါတို့ရဲ့ ပဋိပက္ခက အခု ဘာမှမပြောပလောက်ပါဘူး”
ဟုန်မိန်လင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမက ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အဆိုးဆုံးအခြေအနေအတွက် မျှော်လင့်ချက် ကြီးကြီးမားမား မထားရဲခဲ့ပေ။
“ဘာကိစ္စနဲ့များ ရောက်လာတာလဲ”
“ကျွန်မ ထွက်သွားတော့မယ်” သူမက ကြေညာလိုက်သည်။
“ဒီလောက်တောင် စောတယ်လား”
“ကျွန်မအနေနဲ့ ဒီမှာ လုပ်စရာ မရှိတော့ဘူး။ ဒိုင်မေးရှင်းအနိမ့်က စုစည်းသွားပြီးတော့ ကမ္ဘာကြီးကလည်း ငြိမ်းအေးနေပြီ။ လူတွေကလည်း ပျော်ရွှင်နေပြီဆိုတော့ ကျွန်မဘဝရဲ့ နောက်အဆင့်ကို စတင်ရမဲ့အချိန်ပဲ။ ပြီးတော့ ဆရာကိုလည်း တွေ့ချင်တယ်”
“မင်း ဘယ်လိုခံစားနေရတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ငါ့စကားကို နားထောင်ပြီးတော့ ထွက်မသွားသေးနဲ့ဦး” ဝမ်ဝေ့က အကြံပေးလိုက်သည်။
“ငါက တာအိုအခမ်းအနားကို ကျင်းပပြီးတော့ ဒိုင်မေးရှင်းအနိမ့် မသေမျိုးတွေ အားလုံးကို တာအိုဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှာ”
ဟုန်မိန်လင်း၏ အကြည့်များက တောက်ပလာသည်။
“ဒီလိုပွဲအခမ်းအနားမျိုးက မင်းရဲ့ အနာဂတ် ကျင့်ကြံရေးအတွက် ဘယ်လိုတောင် အကျိုးအမြတ်ရှိမလဲဆိုတာကို နားလည်ထားသင့်တယ်”
ဟုန်မိန်လင်းက ချက်ချင်းဆိုသလို စိတ်ယိုင်သွားမိသည်။ သို့သော်လည်း သူမက သူမဆရာကို မြင်တွေ့နိုင်သည့် အတွေးကလည်း စိတ်လှုပ်ရှားဖို့ ကောင်းသည့်အတွက် ပဋိပက္ခ ဖြစ်နေ၏။
“မင်းက မင်းဆရာရဲ့ စမ်းသပ်မှုကို အောင်မြင်မှ သူမက မင်းအဆင့်အတန်းကို အသိအမှတ်ပြုမှာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ ငါ သူမကို သိထားသလောက် သူမက တင်းကြပ်တယ်။ သူမက လူတွေကို သင်ကြားပေးပြီးတော့ ကံအပြောင်းအလဲအခွင့်အရေးတွေကို ပေးရတာ သဘောကျပေမဲ့ ထိုက်တန်တဲ့သူတွေကိုပဲ ပေးမှာ။ ပြီးတော့ သူမက စံနှုန်းမြင့်တယ်။
မင်း တက်လှမ်းပြီးတဲ့နောက်မှာ စမ်းသပ်ခံရမှာပဲ။ မင်း ရလဒ်က သူမရဲ့ အမြင်မှာ မင်းက ဘယ်လောက်ထိ အဆင့်အတန်းရှိမလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။ အဲဒါဆိုတော့ မင်းရဲ့ အခြေခံအုတ်မြစ်ကို တိုးမြင့်အောင် လုပ်တာက အကောင်းဆုံးရွေးချယ်မှုပဲ”
“ရှင် ပြောတာ ဟုတ်တယ်။ ကျွန်မကို သူမ အကြောင်း ပြောပြလို့ရမလား” ဟုန်မိန်လင်းက မေးလိုက်သည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ငါ ပြောပြချင်ပါတယ်။ ဒါပေမဲ့ ငါ အများကြီး သိတယ်လို့တော့ မထင်ဘူး”
“ကျွန်မ သိပါပြီ” ဟုန်မိန်လင်းက ထိုစကားနောက်ကွယ်မှ အကြောင်းအရင်းကို နားလည်လိုက်သည်။ ထိုအရာများက သူမဆရာ၏ ဆက်ဆံရေးနှင့် အခြေအနေကို ကောက်ချက်ချနိုင်ခဲ့၏။ နှစ်ဦးသားက စကားစမြည်ပြောပြီးသည့်နောက်တွင် ဟုန်မိန်လင်းက အိမ်သို့ ပြန်သွားလေသည်။
ဝမ်ဝေ့က အိပ်မက်လောကအတွင်း ဝင်ရောက်ကာ ဆာဗာအနှံ့ ကြေညာချက်ကို ထုတ်ဖော်လိုက်သည်။
အထွတ်အထိပ် ဧကရာဇ်ဝမ် - [ ငါက ကမ္ဘာတစ်ဝှမ်း တာအိုအခမ်းအနားကို ကျင်းပမှာ။ မင်းတို့တွေ ဘဝမှာ မကြုံတွေ့ဖူးတဲ့ အစားအစာ၊ သေရည်နဲ့ တေးဂီတတို့ ရှိလိမ့်မယ်။ သေမျိုးတွေအားလုံးကို ဖိတ်ကြားတယ်။ မင်းတို့တွေက ငါနဲ့ ရွယ်တူတွေရှေ့မှာ ကိုယ့်ကိုယ်ကို အရှက်မခွဲမိစေဖို့ ဟောပြောပို့ချချက်ကို ကြိုတင်ပြင်ဆင်လာဖို့ လိုတယ်။
ပွဲအခမ်းအနားရက်နဲ့ နေရာကို တစ်လကြိုတင်အသိပေးမယ်။]
ဝမ်ဝေ့က သတင်းစကားကို ကြည့်ပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ပုံမှန်အားဖြင့် ဤသို့သော ကြေညာချက်မျိုးက အိပ်မက်လောက၏ စနစ်မှ ရေးသားပေးသည့်အတွက် သူတို့က အေးစက်စက်ပုံစံသာ ဖြစ်နေလေ့ရှိသည်။ သို့သော်လည်း သူက ဝေ့ပေါ် သို့မဟုတ် တွစ်တာနှင့် တူညီသည့် ရေးသားမှုပုံစံကို ရွေးချယ်ခဲ့၏။ သူက အရှက်မဲ့စွာဖြင့် သူ့ကိုယ်သူ အထွတ်အထိပ်ဧကရာဇ်ဟု ဂုဏ်ပုဒ်ကိုပင် ပေးထားခဲ့သည်။ လောကသုံးပါးဧကရာဇ် အခေါ်အဝေါ်သည် ရှည်လျားသည်ဟု ထင်မိ၏။
ဤကြေညာချက်က စောစောစီးစီး ထွက်ခွာသွားမဲ့ လူတချို့ကို နှောင့်နှေးထားနိုင်မှာပါ…
ဝမ်ဝေ့က အိပ်မက်လောကမှ ထွက်လာပြီးသည့်နောက်တွင် အဆုံးမဲ့လေဟာနယ်ကို စစ်ဆေးကြည့်ပြီး တာအိုဘာသာဂိုဏ်းအားလုံးကို စစ်ဆေးကြည့်လိုက်သည်။
အခုထိ ငြိမ်သက်နေတုန်းပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
မေတ္တယျက အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေနဲ့ လှုပ်ရှားပြီးသွားပြီ။ ဒါပေမဲ့ အန္တိမသဟဇာတက တိတ်ဆိတ်နေတုန်းပဲ…
သူက ထိုသူသည် ဒိုင်မေးရှင်းအနိမ့်တွင် နယ်ရုပ် မရှိဘဲ နေလိမ့်မည်ဟု မယုံပေ။ တာအိုဘာသာ တည်ရှိခဲ့သရွေ့ အန္တိမသဟဇာတက သူတို့၏ ချီကံကောင်းမှုကို အသုံးချကာ ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည်။
ဝမ်ဝေ့က တာအိုဘာသာကို သုတ်သင်ပစ်ဖို့ကိုပင် တွေးခဲ့သေးသည်။ သို့သော် ဖုန်းဟွမ်လိုလူမျိုးက အသက်ရှင်နေပြီး သူတို့ကို ပြန်လည်အသက်သွင်းဖို့ ကံကြမ္မာဖြင့် ပေါ်ထက်လာနိုင်သည်။ အန္တိမသဟဇာတက အစစ်အမှန်ကောင်းကင်တာအိုအပေါ် တစ်စိတ်တစ်ပိုင်းလွှမ်းမိုးမှုဖြင့် ထိုဖြစ်စဉ်က မေတ္တယျ သို့မဟုတ် ဖုန်းဟွမ် လုပ်ခဲ့သည်ထက်ပင် ပိုမိုမြန်ဆန်နိုင်သည်။
ပို၍အရေးကြီးသည်က သူသည် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ကျင့်ကြံသူဖြင့် ရန်သူလုပ်ဖို့ အကျိုးမရှိကြောင်း ထင်မိသည်။ သူတို့က ရန်သူတွေဖြစ်သော်လည်း တိုက်ရိုက်ရန်သူ လုပ်ခြင်းက ကွဲပြားပေသည်။
သူ့တိတ်ဆိတ်နေမှုက စိတ်အနှောင့်အယှက်ဖြစ်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ကိစ္စများက အဆင်ပြေချောမွေ့နေပြီး ယေဘုယျအခြေအနေတစ်ခုလုံးက သူတို့ဘက် အရေးသာနေဟန်ပေါ်သည်။ သို့သော်လည်း ထိုသို့ဖြစ်လေလေ သူက ပိုမိုသတိကြီးလေလေ ဖြစ်၏။ အန္တိမသဟဇာတ၏ လှုပ်ရှားမှုကင်းမဲ့နေခြင်းက တစ်စုံတစ်ခုကြီးကြီးမားမား ဖြစ်ပျက်တော့မည်ဖြစ်ကြောင်း သိသာနေသည်။ သူ့နောက်လှုပ်ရှားမှုက ရိုးရှင်းမည် မဟုတ်ပေ။
ငါ့ကောက်ချက်ချမှုဆိုရင် သူတို့က မရဏအရှင် ဒါမှမဟုတ် ပြင်ပနတ်ဘုရားတွေနဲ့ မဟာမိတ်ပေါင်းမှာကို စိုးရိမ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဒိုင်မေးရှင်းအနိမ့်မှာ ဝင်ရောက်မစွက်ဖက်ဖို့ တားဆီးထားတယ်လို့ ထင်တာ။ ဒါပေမဲ့ ငါက မရဏလောကကို ဖျက်ဆီးပစ်လိုက်တာတောင် ဘယ်သူကမှ ပေါ်ထွက်မလာဘူး။ မေတ္တယျက ငါ့ဘက်ကနေပြီးတော့ အဲဒီကြက်သီးထဖွယ်ကောင်းတဲ့ သက်ရှိကို ရှင်းထုတ်ပေးခဲ့တယ်။
အဲဒါဆိုတော့ အန္တိမသဟဇာတက ဘာလို့မလှုပ်ရှားသေးတာလဲ။ သူက သနားညှာတာမှုရှိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ပြင်ပတွေနဲ့ မဟာမိတ်ဖွဲ့လောက်အောင်ထိ မသွားချင်တာလား…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် စဉ်းစားလိုက်သည်။ အန္တိမသဟဇာတ၏ အကျင့်စရိုက်က လူသားဆန်မှု ဆုံးရှုံးသွားပြီး စက်ယန္တရားနှင့်တူသည့် သက်ရှိဖြစ်လာကြောင်း ညွှန်ပြနေသည်။
သူ့အပြုအမူလှုပ်ရှားနေတာက အကြောင်းအရင်းများစွာ ဖြစ်နေနိုင်တယ်။ အဲဒီသက်ရှိက သူ့အနေအထားအတွက် ငါ ထင်ထားသလိုမျိုး အသုံးဝင်တာမျိုး ဖြစ်နေနိုင်တယ်။ ကတ်သုလူက တားမြစ်ချက် ၁၃ခုထဲက တစ်ခုဆိုပေမဲ့ မဟာမိတ်ဖွဲ့ဖို့ အကျိုးဆက်တစ်ခုရှိနေနိုင်တာလည်း ဖြစ်နေနိုင်တယ်။ အန္တိမသဟဇာတက အစစ်အမှန်ကောင်းကင်တာအိုကို သုံးပြီးတော့ သူ့စွမ်းအားကို ရယူထားခဲ့တာ။ သူသာ ပြင်ပနတ်ဘုရားနဲ့ ဆက်နွယ်မှုရှိတယ်ဆိုရင် သူ့စွမ်းအားကို ဖယ်ရှားခံရလိမ့်မယ်ဆိုတာ ဖြစ်နိုင်တယ်…
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုက သေချာတွက်ချက်ထားတဲ့ လှုပ်ရှားမှုတစ်ခုပဲ။ သူက သူ့လက်ထဲကအရာကို မထုတ်ဖော်ချင်ပေမဲ့ လက်လျှော့လိုက်တာပဲ။ သူ လှုပ်ရှားလိုက်တာနဲ့ ကြီးကြီးမားမား ထိရောက်မှုဖြစ်လာလိမ့်မယ်…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။
အနှစ်ချုပ်ဆိုရင် ငါက အကျိုးအကြောင်းသင့်တဲ့ ကောက်ချက်ချမှုမျိုးကို လုပ်ဖို့ အချက်အလက်အများကြီး လိုအပ်နေတယ်…
သူက ခေါင်းအသာယမ်းကာ ထိုအတွေးအားလုံးကို သိမ်းဆည်းလိုက်သည်။ သူက မဟာကျင်းတိုင်းပြည်၏ ပထမအုပ်ချုပ်သူ ဟန်စွင်းကို အာရုံစိုက်လိုက်သည်။ ထိုသူက စွင်းကျောင်းလုံအပြီးတွင် လူသားဧကရာဇ်၏ နယ်ရုပ်အသစ်လည်း ဖြစ်ပေသည်။
လှုပ်ရှားမှု မပြသေးတဲ့ နောက်ထပ်လူတစ်ယောက်ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အနေဖြင့် သူ လောကသုံးပါးဧကရာဇ် ဂုဏ်ပုဒ်အားလုံးကို ရယူပြီးသည့်နောက်တွင် လူသားဧကရာဇ်ဘက်မှ တုံ့ပြန်မှုတချို့ကို မျှော်လင့်ထားသည်။
ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်ရဲ့ လက်ရှိအကန့်အသတ်ကြောင့်လည်း ဖြစ်နေနိုင်တယ်။ ငါက တက်လှမ်းပြီးတဲ့နောက်မှာ ချင်သူတော်စင်ခုံရုံးနဲ့ ရင်ဆိုင်ရမှာဆိုတော့ သတိကြီးကြီးထားသင့်တယ်…
သူက သီးသန့်ကျင့်ကြံရေး မဝင်ရောက်ခင် ပုံရိပ်ယောင်ကို ဖယ်ရှားလိုက်သည်။