← Chapters

ရင့်မှည့်ခြင်း

Vol. 85 Ch. 1181

ရင့်မှည့်ခြင်း

Vol. 85 Ch. 1181

ဝမ်ဝေ့က ယန်းလီလင်းနှင့် တွေ့ဆုံဖို့ အစောင့်အရှောက်ကမ္ဘာဆီ ဦးတည်လိုက်သည်။ သူက သူမအား တောင်တစ်ခုလောက် ကြီးမာသည့် ဧရာမဆေးမီးဖိုတစ်ခုဖြင့် ရှိနေသည်ကို တွေ့လိုက်ရ၏။ ဝမ်ဝေ့က ထိုဆေးမီးဖိုကို ချီးကျူးလိုက်မိသည်။ သူမက ကောင်းကင်ဘုံအဆင့် အလောင်းများအား ဆေးလုံးအဖြစ် သန့်စင်ဖို့ နည်းလမ်းရှာဖွေခြင်းအား အောင်မြင်သွားလေသည်။

ယန်းလီလင်းက တန့်ယွမ်ဧကရာဇ်နှင့် ဟုန်မိန်လင်းတို့ဆီမှ လှုံ့ဆော်မှုကို ရယူကာ ကမ္ဘာ့အသိုက်အဝန်းများကို ဆက်နွယ်ပြီး သူတို့၏ စွမ်းအားကို ငှားယူကာ ဆေးမီးဖိုအဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တခြားနည်းဖြင့် ပြောရလျှင် သူမက ဒိုင်မေးရှင်းအနိမ့်ကို ဆေးမီးဖိုအဖြစ် အသုံးပြုနိုင်၏။ ထို့နောက် ပုံရိပ်ယောင်ဆေးလုံးဖြင့် သူမက နေမင်းအားလုံး၊ မီးတောက်စွမ်းအား၊ ထိုကမ္ဘာ့အသိုက်အဝန်းများရှိ စည်းမျဉ်းများရှိ မီးတောက်စည်းမျဉ်းများအားလုံးကို စုဝေးကာ ဖြစ်စဉ်အတွက် လိုအပ်သည့် မီးတောက်ကို ဖန်တီးနိုင်သည်။

နောက်ဆုံးအနေဖြင့် ယန်းလီလင်းက အိပ်မက်လောကမှ သိမ်းဆည်းထားသော ဝိညာဉ်စွမ်းအားတချို့ကို ငှားယူခဲ့ပြီး သူမ၏ သန့်စင်ရေးဖြစ်စဉ်ကို အားဖြည့်ခဲ့သည်။

“အခု စကားပြောဖို့ အားလား” ဝမ်ဝေ့က မေးလိုက်သည်။ ယန်းလီလင်းက အာရုံစူးစိုက်နေဆဲဖြစ်သည့်အတွက် သူ့အနေဖြင့် သူမနဖူးအပေါ်မှ ချွေးစက်များကိုပင် သတိထားမိလိုက်၏။

“မိနစ်နည်းနည်းဆို ရပါတယ်” သူမက ပြန်ဖြေလိုက်သည်။

“ကိစ္စတွေ ဘယ်လိုအခြေအနေရှိလဲဆိုတာ သိချင်လို့ပါ”

“ကျွန်မ အောင်မြင်သွားတယ်။ ဒါပေမဲ့ အောင်မြင်တယ်ဆိုရုံလောက်ပဲ”

“အိုး”

“ကျွန်မဆီမှာ အဆင့်(၁၁) ကောင်းကင်ဘုံဆေးလုံးကို ဖော်စပ်ဖို့ အတွေ့အကြုံနဲ့ ဗဟုသုတတွေ မရှိဘူးလေ။ အထူးသဖြင့် အချိန်တိုအတွင်းမှာပေါ့” ယန်းလီလင်းက ရှင်းပြလိုက်သည်။

“အဲဒါဆိုတော့ ကျွန်မက နောက်ထပ် နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ရတယ်။ အဲဒီအလောင်းတွေကို သန့်စင်ပြီး သူတို့ရဲ့ တာအိုစည်းချက်နဲ့ သူတို့ရဲ့ စွမ်းအင်ကို ဆေးလုံးအဖြစ် ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ ထိပ်သီးဧကရာဇ်အဆင့် ဆေးပင်တချို့ကို ဆေးလုံးပုံဖော်ရေးအဆင့်မှာ သက်ရောက်မှုရှိအောင် ထည့်သုံးခဲ့တယ်။ အဲဒါကြောင့် အခြေခံကျတဲ့ အဆင့်(၁၁)ဆေးလုံးကို ဖန်တီးနိုင်ခဲ့တာ”

“အဲဒါတောင် အံ့ဩဖို့ကောင်းနေတုန်းမှာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။

“ကျွန်မ သိပါတယ်” ယန်းလီလင်းက ပြုံးလိုက်သည်။

“ဒီအတွေ့အကြုံက ကျွန်မရဲ့ အရည်အချင်း လမ်းစဉ်အတွက်လည်း အတော်လေး အကျိုးရှိတယ်။ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရဖို့ နည်းလမ်းတောင် စဉ်းစားမိသွားပြီ”

“ဒါက ရဲတင်းတဲ့စကားတွေပဲ။ ပြောပါဦး” ဝမ်ဝေ့က ပြောလိုက်သည်။

“အစ်ကိုကြီးက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရောက်သွားတာနဲ့ အစ်ကိုကြီးရဲ့ စွမ်းအားကို ငှားပြီး ဆေးလုံး ဖော်စပ်ခိုင်းဖို့ပဲ လိုတယ်။ အဲဒီအတွေ့အကြုံက ကျွန်မကို လမ်းစဉ်အတွက် အဖြေကို ပေးလိမ့်မယ်”

ဝမ်ဝေ့က ဆွံ့အမိသွားသော်လည်း ဤသည်က နည်းလမ်းကောင်း ဖြစ်၏။

“ကောင်းပြီလေ”

“အစ်ကိုကြီးက ကတိတည်တဲ့သူဆိုတာကို သိတယ်” ယန်းလီလင်းက အကြည့်များ တောက်ပလာသည်။

“ကောင်းပြီလေ။ ကျွန်မ အာရုံစိုက်လိုက်ဦးမယ်။ ဒါနဲ့ ထွက်မသွားခင် တစ်ခုခု လုပ်ပေးလို့ ရမလား။ ဒီဆေးလုံးက အခြေခံကျတယ်ဆိုပေမဲ့ အချိန်တော့ ကြာဦးမှာ။ ဒီနေရာရဲ့ အချိန်ကို အချိန်မီ ပြီးဖို့ အချိန်အရှိန်မြှင့်တင်ပေးလို့ရမလား”

“ကောင်းပြီလေ” ဝမ်ဝေ့က ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည့်အချိန် အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်က ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူမကို နှုတ်ဆက်ပြီးသည့်နောက်တွင် နောက်ဦးတည်ရာဖြစ်သည့် ဝါးမျိုရေးဇုန်ဆီ ဦးတည်လိုက်၏။

“ရင့်မှည့်တော့မယ်” ဝမ်ဝေ့က မျိုးရိုးဗီဇသစ်သီးကို ကြည့်ရင်း ပြောလိုက်သည်။ ယခုအခါ ရင့်မှည့်တော့မည်ဖြစ်၏။ အိပ်မက်လောကက အိပ်မက်စွမ်းအားနှင့် အိပ်မက်ဆိုးများ၊ ထာဝရဦးသျှောင်များ၏ အလောင်းနှင့် ကုသိုလ်ပမာဏအနည်းငယ် ကျွေးမွေးပြီးသည့်နောက်တွင် ထိုအရာက ဖြည်းဖြည်းချင်း ရင့်မှည့်ဖို့ အချိန်ကျရောက်လာခဲ့သည်။

သူက နောက်ဆုံးနေရာက အစိမ်းဖျော့ဖျော့မှ မြစိမ်းရောင် ဖြစ်သွားသည်အထိ အားဖြည့်ဖို့ မတုံ့ဆိုင်းနေတော့ပေ။

“လှလိုက်တာ” ဝမ်ဝေ့က မှတ်ချက်ပေးပြီးသည့်နောက်တွင် စည်းတံဆိပ်သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ထည့်စရာတစ်ခုကို ဖန်တီးလိုက်ပြီး သစ်သီးကို ခူးဆွတ်ကာ သေချာသိမ်းဆည်းထားလိုက်သည်။

သစ်ပင်က ယခုအခါ အသုံးမဝင်တော့ပေ။ ထိုအရာက နောက်ထပ် မျိုးရိုးဗီဇသစ်သီးအတွက် မျိုးစေ့ကို ဖွဲ့စည်းဖို့ရာအတွက် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူက ဤမျှ လူအိုကြီးငရဲအပါအဝင် လူများစွာ လိုချင်နေသည့်သစ်သီးကို ရရှိသည့်အတွက် ပျော်ရွှင်နေမိ၏။

ဝမ်ဝေ့၏ နောက်ဦးတည်ရာက တိုက်ပွဲနတ်ဆိုးကမ္ဘာ ဖြစ်၏။ သူ ရောက်ရှိသွားသည်နှင့် ကိစ္စနှစ်ခုကို သတိထားမိခဲ့သည်။ ပထမတစ်ခုက ကမ္ဘာတစ်ခုလုံးက ပျော်ပွဲရွှင်ပွဲကျင်းပနေသည့် လေထုမျိုး ရှိနေကြသည်။ သူ ကြည့်လိုက်ရာ နေရာတိုင်းတွင် ပွဲအခမ်းအနားများ ရှိနေကြ၏။

ဒုတိယအနေဖြင့် သူ့အာရုံကို ဖမ်းစားသွားသည်က ပတ်ဝန်းကျင်ရှိ ခပ်ဖျော့ဖျော့ ပင်ကိုချီ ဖြစ်သည်။ ဗဟုသုတ၊ အရင်းအမြစ်နှင့် အတွေးအခေါ်များ ဆက်တိုက် ပြောင်းလဲခြင်းက စနစ်များစွာကို ဖန်တီးမှုဖြစ်လာစေပြီး ကျွမ်းကျင်အတတ်ပညာများကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ တချို့သော ကမ္ဘာများက သူတို့၏ ပတ်ဝန်းကျင်ကို ပင်ကိုအဖြစ် ပြောင်းလဲဖို့ အဆင့်နိမ့်ပုံစံကို ဖန်တီးနိုင်ခဲ့ကြ၏။

ဤဖွံ့ဖြိုးတိုးတက်မှုက ကောင်းကျိုးနှင့် ဆိုးကျိုးဟူ၍ ရှိလေသည်။ ကောင်းကျိုးကမူ ဤကမ္ဘာ၏ နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး ပင်ကို နတ်ဆိုးနတ်ဘုရားမျိုးနွယ်၏ ပြန်လည်အသက်ဝင်လာမှုလည်း အပါအဝင် ဖြစ်သည်။ အစစ်အမှန်ကောင်းကင်တာအိုက ထိုအခွင့်အရေးကို အသုံးပြုကာ ဒိုင်မေးရှင်းအနိမ့်အား ဟော်သဲ့သက်ရှိများ လွှမ်းမိုးမှုရှိသည်ကို မျှခြေညီအောင် လုပ်ဆောင်လာသည်။

ဆိုးကျိုးကမူ ဝမ်ဝေ့၏ ခုံရုံးအတွင်း အသေးစား ပဋိပက္ခတချို့ ဖြစ်လာခဲ့သည်။ ကမ္ဘာများစွာက အသင်္ချေအင်ပါယာကမ္ဘာအား ပင်ကိုပတ်ဝန်းကျင်ပြောင်းလဲဖို့ နည်းလမ်းကို ရောင်းချဖို့ရာအတွက် တိုက်တွန်းကြ၏။ သို့သော် ဝမ်ဝေ့က သူ့ မွေးရပ်မြေအတွက်သာ ချန်ထားခဲ့မည်ဟု ဆုံးဖြတ်ထားသည့်အတွက် ခုံရုံးထံ  ထိုကမ္ဘာများအား သူတို့အလိုရှိပါက သူတို့ဘာသာသူတို့ နည်းလမ်းဖန်တီးနိုင်ကြောင်း ပြောပြခိုင်းခဲ့သည်။

ဝမ်ဝေ့က ရွှေရောင်ဖြင့်တန်ဆာဆင်ထားသည့် နတ်ဆိုးများဖြင့် ပြည့်နှက်နေသော အခန်းအတွင်း ရောက်ရှိလာကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။

“ဘယ်သူလဲ” အခန်းထဲ ထိုအသံကို ကြားလိုက်သည်နှင့် ချက်ချင်းဆိုသလို သတိတကြီးဖြစ်သွားကြသည်။ သူတို့အားလုံးက ဤအရေးကြီးသည့်ဖြစ်ရပ်ကို နှောင့်ယှက်ရဲသည်က ဘယ်သူလဲဟု စဉ်းစားနေကြသည်။

“မင်းက လက်ထပ်တော့မှာကို ငါ့တောင် မပြောဘူးပဲ”

“ဝမ်ဝေ့လား … တကယ်ကို မင်းပဲ” ယဲ့တာ့ဖူက သူ့ကို ပွေ့ဖက်ဖို့ ရောက်ရှိလာသည်။

“ငါ မင်းကို ဖိတ်ချင်ပေမဲ့ မင်းက အိပ်မက်လောကထဲမှာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေတယ်လို့ ပြောတယ်လေ။ စစ်ပွဲအပြီး ပြန်လည်အားဖြည့်နေတာ နေမှာပေါ့”

“ငါ ပုံရိပ်ယောင် လွှတ်လို့ရတာပဲလေ”

“အင်း ဟုတ်သားပဲ။ အဲဒါကို မစဉ်းစားလိုက်မိဘူး” မျောက်ဧကရာဇ်က ပြောလိုက်သည်။

“အထွတ်အထိပ် ဧကရာဇ် အရှင့်ကို ဂါရဝပြုပါတယ်” အခန်းအတွင်း ပြိုင်တူအသံများ ထွက်ပေါ်လာကာ အားလုံးက သူ၏ ဇစ်မြစ်ကို သတိထားမိသွားပြီး ဦးညွှတ်လိုက်ကြသည်။ ထိုသူများက အံ့အားသင့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားနေကြသော်လည်း ဝမ်ဝေ့က အလွယ်တကူ သတိထားမိခဲ့၏။

“ဘာမှအားနာနေဖို့ မလိုဘူး။ ဒီကို မိတ်ဆွေတစ်ယောက်အနေနဲ့ မင်္ဂလာပွဲလာတက်ရုံပဲ” ဝမ်ဝေ့က သူတို့ကို ဖျောင်းဖျလိုက်၏။ သို့သော်လည်း မည်သူကမှ မတ်တတ်မရပ်ကြပေ။ သူတို့ရှေ့တွင် ရှိနေသည့် ဒဏ္ဍာရီလာ အမျိုးသားက ပြောနေလျှင်ပင် သူတို့ဘက်မှ မလေးမစားပြုမူရမည့်သူမျိုး မဟုတ်ပေ။

“မင်းတို့ ကြားတယ်မလား။ စိတ်ငြိမ်ငြိမ်နေကြ” ယဲ့တာ့ဖူက ဝင်ပြောလိုက်သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ထိုသူများက မျက်လုံးထောင့်မှ အချင်းချင်း တိတ်တဆိတ် ကြည့်လိုက်ကြပြီး သတ္တိကောင်းကောင်းဖြင့် အရင် ရပ်ရဲမည့်သူကို စောင့်ဆိုင်းလိုက်ကြသည်။

ယဲ့တာ့ဖူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။

“မင်းသာ ဒီမှာရှိနေသရွေ့ သူတို့က နားထောင်မယ်လို့ မထင်ဘူး။ လာလာ တခြားနေရာမှာ သွားပြောရအောင်” သူက ဝမ်ဝေ့ကို တခြားအခန်းအတွင်း ဦးဆောင်ခေါ်သွားလိုက်သည်။

“လက်ထပ်ဖို့ရာအတွက် ဘာလို့များ အဲ့လောက်တောင် ကြာနေရတာလဲ” ဝမ်ဝေ့က ယခင်အခြေအနေကို စဉ်းစားမိကာ မေးလိုက်သည်။

“ဇနီးလေးက ငါတို့ လက်မထပ်ခင် သေချာတဲ့ အနေအထားတစ်ခုအထိ ရောက်အောင် စောင့်စေချင်တာလေ။ အဲဒါကြောင့် သူမ အဆင်သင့် မဖြစ်ခင်အထိ စောင့်နေရတာ”

“နတ်ဆိုးမျိုးနွယ်က တောအုပ်စည်းမျဉ်းဥပဒေကို အလေးထားကြတယ်။ သူမက လက်မထပ်ခင် မင်းနဲ့လက်ရည်တူ ဖြစ်ချင်တာ နားလည်လို့တော့ ရပါတယ်”

“အဓိပ္ပာယ်မရှိတာ‌တွေ ပြောမနေပါနဲ့တော့။ ဘယ်အချိန် ငါ့ကို တိုက်မှာလဲ။ ငါ့ကို ကတိပေးထားတယ်လေ”

“အိပ်မက်လောကထဲမှာ ငါ့ပုံရိပ်နဲ့ တိုက်ပြီးပြီ မဟုတ်ဘူးလား။ ကွာဟချက်ကို မမြင်သေးဘူးလား။ မလုံလောက်သေးဘူးလား” ဝမ်ဝေ့က ပြန်ပြောလိုက်၏။

“အဲဒါတွေက အရေးမကြီးသေးဘူး။ အထူးသဖြင့် ငါက မင်းမျက်နှာကို ထိုးနိုင်မဲ့ လက်သီးကို ဖန်တီးထားပြီ။ မင်းကို အနိုင်မကျင့်နိုင်ခင်အထိ အဲဒါကို လေ့ကျင့်နေမှာ”

“အဲဒါက သိပ်တော့ မကောင်းဘူးပဲ”

“ဘာလို့လဲ”

“ဒါက မင်းရဲ့ မင်္ဂလာပွဲလေ။ မင်းဇနီးဆီ မင်း အရိုက်ခံရတာကို မြင်ခိုင်းရမှာ မရှက်ဘူးလား”

ယဲ့တာ့ဖူက ရှုံ့မဲ့သွားသည်။

“ကိစ္စမရှိဘူး”

“ငါက မင်းကို အနိုင်ကျင့်တယ်လို့ လူတွေက ပြောရင်ရော”

“မင်းက ဂရုမစိုက်ဘူးဆိုတာကို သိတယ်။ ဒါကို လုပ်ကြရအောင်။ ဒါကို မင်္ဂလာလက်ဖွဲ့အနေနဲ့ သဘောထားလိုက်”

“ကောင်းပြီလေ”

နှစ်ဦးသားက မကြာခင် မြွေနဂါး၉ကောင်ဧကရီ စောင့်ဆိုင်းနေသည့် အခန်းအတွင်း ရောက်ရှိလာသည်။

သူတို့က အနည်းအကျဉ်း ဆွေးနွေးပြီးသည့်နောက်တွင် ဝမ်ဝေ့က နတ်ဆိုးလက်ထပ်ပွဲ၏ ဓလေ့ထုံးတမ်းများကို သင်ယူခဲ့ရ၏။

နမူနာအနေဖြင့် လူသားများ၏ မင်္ဂလာပွဲတွင် အသုံးပြုသည့် အနီရောင်အစား သူတို့ကမူ ရွှေရောင်ကို အသုံးပြုကြသည်။ သတို့သမီးနှင့် သတို့သားမျိုးနွယ် သို့မဟုတ် ကမ္ဘာတွင် အခမ်းအနားနှစ်ခု ရှိ၏။ သူတို့က သူတို့၏ မိဘများကို ဦးညွှတ်ခြင်းမရှိသလို အချင်းချင်းလည်း ဦးညွှတ်ကန်တော့ခြင်း မရှိကြပေ။ ထိုအစား သူတို့က သွေးမျိုးဆက်၊ မျိုးနွယ်နှင့် ဘိုးဘေးများကို ကျိန်ဆိုကြသည်။

ဆွေးနွေးမှုအပြီးတွင် ဝမ်ဝေ့က ကြာကြာမနေတော့ဘဲ ထွက်လာခဲ့၏။ သူက ယဲ့တာဖူနှင့် တိုက်ခိုက်ကာ လက်ဆောင်ပေးခဲ့သော်လည်း အဖိုးတန်သည့် ဧကရာဇ်ဆေးလုံးတချို့ကို လက်ဆောင်အနေနှင့် ချန်ထားခဲ့ပြီး ထိုစုံတွဲအား ကံကြမ္မာပါသည့် ချစ်သူကံကြမ္မာကြိုးမျှင်ဖြင့် ကောင်းချီးပေးခဲ့သည်။ ယဲ့တာ့ဖူက မကြာခင် တက်လှမ်းဖို့ရာ ပြင်ဆင်နေမှန်း သိနေသည်။ ကံကောင်းစွာဖြင့် မျောက်က ဒိုင်မေးရှင်းအမြင့်တွင် သူ့ဘိုးဘေးများက ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်း ပြောသည့်အတွက်  သူ့ကို ကာကွယ်ပေးဖို့ နောက်ခံ ရှိထားသည်။

All Chapters