နောက်ဆုံးသော တန်ဖိုး
Vol. 85 Ch. 1182
ဝမ်ဝေ့၏ နောက်ဦးတည်ရာက နွေတိမ်တိုက်ကမ္ဘာဟု ခေါ်ဆိုသည့် နေရာတစ်ခု ဖြစ်၏။ သူ့ရည်ရွယ်ချက်က တားမြစ်နယ်မြေတစ်ခုဆီ ဖြစ်သည်။ အသင်္ချေအင်ပါယာကမ္ဘာက တားမြစ်နယ်မြေရှိသည့် တစ်ခုတည်းသော နေရာ မဟုတ်ပေ။ ဝမ်ဝေ့က သူတို့အားလုံးကို ဖယ်ရှားဖို့ တစ်ခါက စီစဉ်ခဲ့ဖူးသည်။ သို့သော် ထိုသို့ မလုပ်ဆောင်ဖြစ်ခဲ့ပေ။
သူ့အပြုအမူက ဒိုင်မေးရှင်းအနိမ့်ကို စွမ်းအား မြင့်တက်လာစေသည့်အတွက် ထိုတားမြစ်နယ်မြေများကို အေးအေးသက်သက်သာသာ ဖယ်ရှားပစ်နိုင်ခဲ့သည်။ အသက်ရှင်နေသူများက ပုန်းအောင်းရာ၌ ထူးချွန်ကြသည့် သူများဖြစ်ကာ ထိုနေရာက သူ သွားရောက်ရမည့်နေရာဖြစ်ပေသည်။
သူက မဲမှောင်နေသည့် တောအုပ်အတွင်း ရောက်ရှိလာ၏။ သူ လေဟာနယ်ထဲ စကားတစ်ခွန်းက ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။
“မင်းက ထိုက်တန်လား”
ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်စဉ် သစ်ပင်များက ဝိညာဉ်ကို လွှမ်းမိုးနိုင်စွမ်းရှိသည့် စိတ်ခြောက်ခြားနိုင်စွမ်း ပါဝင်နေမှန်း သိလိုက်ရသည်။
သူက တောအုပ်၏ စွမ်းအားကို လျစ်လျူရှုထားပြီး အတားအဆီးအားလုံးကို ထိုးဖောက်ကာ ဗဟိုချက်ဆီ သွားလိုက်သည်။ သူက ဗဟိုချက်ဆီ ခြေတစ်လှမ်းဖြင့် ရောက်ရှိလာ၏။
“မင်းက ထိုက်တန်လား”
ဝမ်ဝေ့က သူ့ရှေ့တွင်ရှိသည့် လူကို ကြည့်လိုက်သည်။ ထိုသူက သာမန်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှာခေါင်းကြီးကြီးနှင့် တောက်ပသည့် မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားလေ၏။
“စွဲလမ်းမှုလား။ အဲဒါဆိုတော့ ဒီနေရာကို ဘယ်သူကမှ မရှင်းနိုင်တော့တာ မထူးဆန်းတော့ဘူး”
သူ့ရှေ့တွင် ရှိသည့်သူမှာ သေဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း စွဲလမ်းမှုကြောင့် ဤကမ္ဘာတွင် တည်ရှိနေခြင်း ဖြစ်သည်။ လူတစ်ယောက်က သူ့ကို မည်မျှပင် သတ်စေကာမူ စွဲလမ်းမှုကြောင့် ပြန်လည်အသက်ဝင်လာမည်သာ ဖြစ်၏။
“ငါ့ကို ထိုက်တန်လားလို့ ဘာလို့မေးနေတာလဲ”
“မင်းက ငါ့ကို ကူညီနိုင်မလားဆိုတာ သိချင်လို့”
“ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ကူညီပေးရမှာလဲ”
“ငါ့နာမည်က လုတာ့။ အဲဒါကလွဲရင် ဘာမှမမှတ်မိဘူး။ ငါ့မိသားစုကို ကူညီပေးဖို့ ထိုက်တန်သူ ဘယ်သူဖြစ်ဖြစ် ငါတစ်ခါက ကိုင်ဆောင်ခဲ့တဲ့ ရတနာဂူရဲ့ သော့ကို ရမယ်”
ဝမ်ဝေ့က ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ထိုအမျိုးသား၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုကြည့်လိုက်သည်။
“သိပြီ”
ထိုလူက လုတာ့ဟုခေါ်ဆိုပြီး ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံရေးလှိုဏ်ဂူကို တွေ့ခဲ့ကာ ကောင်းကင်ဘုံအဆင့် မျိုးနွယ်မှ အမဲလိုက်ခြင်း ခံခဲ့ရသည်။ နောက်ဆုံးသောအနေဖြင့် သူက သူ့မိသားစုဖြင့် ခွဲခွာရင်း လူအိုကြီးငရဲအား ဒိုင်မေးရှင်းအနိမ့်ဆီ ခေါ်ဆောင်လာသည့် အစီအစဉ်တွင် လက်မှတ်ထိုးကာ ဝင်ရောက်ခဲ့သည်။
ရလဒ်က ထင်ထားသည့်အတိုင်း ဖြစ်၏။ သူက သေဆုံးသွားသော်လည်း သူ့မိသားစုအပေါ်ရှိ စွဲလမ်းမှုက သူ့အား ဒိုင်မေးရှင်းအနိမ့်တွင် ထွက်ပေါ်လာစေကာ ထိုက်တန်မည့်သူ စောင့်ဆိုင်းနေလေ၏။
“လှိုဏ်ဂူရဲ့ သော့အတွက် မိသားစုရဲ့ အခြေအနေကို စစ်ဆေးကြည့်စေချင်တာလား။ ဝမ်ဝေ့က မေးလိုက်သည်။
“သူတို့ကို စစ်ဆေးကြည့်ရုံတင်မကဘဲ သူတို့ကို အရင်းအမြစ်တချို့ မျှဝေပေး”
“ခင်ဗျားရဲ့ မိသားစုက အသက်ရှင်နိုင်ချေက နည်းတယ်ဆိုတာကိုလည်း သိတယ်မလား”
“သိတယ်။ ဒါပေမဲ့ နောက်ဆုံးသောအချိန်အထိ လက်မလျှော့နိုင်ဘူး”
“ကောင်းပြီလေ။ ခင်ဗျာရဲ့ အကြံပြုချက်ကို လက်ခံလိုက်မယ်။ ခင်ဗျားရဲ့ ဂူက ဒိုင်မေးရှင်းအမြင့်မှာ ကျုပ် ရမဲ့ ပထမဦးဆုံးရွှေအိုးပေါ့” ဝမ်ဝေ့က ကြေညာလိုက်သည်။
“ကောင်းပြီလေ။ ခဏစောင့်ဦး။ မင်းက ထိုက်တန်ရဲ့လားဆိုတာကို သက်သေမပြရသေးဘူး”
ဝမ်ဝေ့က ဆယ်ဆတိုက်ခိုက်ရေးအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး လုတာ့အား တုန်လှုပ်သွားစေသည်။ သူ မသေခင်က မဟာတာအိုအရင်းအမြစ် ၁၈ ရာခိုင်နှုန်းရှိထားသည့် တတိယအဆင့် ဧကရာဇ်တစ်ယောက်မျှသာ ဖြစ်၏။ သူ့စွဲလမ်းမှုက သူ့စွမ်းအားကို မြှင့်တင်ပေးသော်လည်း ထိုအမျိုးသား၏ စွမ်းအားဖြင့် မယှဉ်နိုင်သေးပေ။
“မင်းရဲ့ စွမ်းအားက ထိုက်တန်တယ်” လုတာ့က သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ မင်းက အကျင့်စရိုက်ကရော…”
“ငါ…”
“အပေးအယူ လက်ခံရင် လက်ခံ … ခင်ဗျားရဲ့ ဆုလာဘ်က ကျုပ်လိုလူမျိုးအတွက် တန်ဖိုးမရှိဘူး” သူက ကံကောင်းမှုဆရာသခင် တစ်ယောက် ဖြစ်သည့်အတွက် ကံအပြောင်းအလဲ အခွင့်အရေးများကို ရှာဖွေဖို့က လွယ်ကူလှသည်။ လုတာ့က သူ့ဒုတိယမြောက် အဆင့်(၁၁)အခွင့်အရေးအဖြစ် မှတ်ယူနိုင်သော်လည်း သူက သူအလိုရှိပါက ထိုအရာကို လက်လျှော့နိုင်သည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ငါ ကိုယ်တိုင်မြင်ချင်တယ်” လုတာ့က အနက်ရောင်ကျောက်ပြားအသွင် ပြောင်းလဲသွား၏။ ဝမ်ဝေ့က ထိုအရာသည် သူ့စွဲလမ်းမှု ကပ်တွယ်နေသည်ကို ခံစားမိလိုက်သည်။ သူက လက်ဝှေ့ကာ ထိုသိမ်းဆည်းပြီး ကျန်ရှိနေသည့် တားမြစ်နယ်မြေအားလုံးကို ရှင်းထုတ်ခဲ့သည်။
သူက လေဟာနယ်ထဲ မြောလွင့်နေသည့် စိတ်ဝင်စားစရာ ကုန်းမြေအပြင်ဘက် ရောက်ရှိလာ၏။ သူက ထိုနေရာကို ထူးထူးဆန်ဆန်း ကြည့်လိုက်သည်။ သူက ထိုနေရာဆီ ရောက်လာခဲ့သည်။
“အရှင်ချန်းထုံ ကျုပ် လာတွေ့တာပါ”
“ဝင်ခဲ့” အသံတစ်သံ ထွက်ပေါ်လာ၍ ဝမ်ဝေ့က သတ်ဖြတ်ရေးစစ်ဆေးမှုအတွင်း ဝင်ရောက်သွားလိုက်သည်။ ချန်းထုံက အဖန်ရည် တည်ခင်းဖို့ စောင့်ဆိုင်းနေ၏။
“မင်း ရောက်လာမယ်လို့ ထင်မထားဘူး” ချန်းထုံက ရုတ်တရက် လာရောက်လည်ပတ်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဝမ်ဝေ့က သူ့ကို အဖန်ရည်တည်ခင်းပြီး သူ့အတွက်သူ လောင်းထည့်ကာ တစ်ငုံသောက်သုံးလိုက်သည်။
တကယ်ကို အဖန်ရည်ကောင်းပဲ…
သူ့ဘာသာသူ တွေးလိုက်၏။
“ကျုပ်ရဲ့ တာအိုအခမ်းအနားကို သီးသန့်ဧည့်သည်အနေနဲ့ လာရောက်ဖို့ ဖိတ်ကြားချင်လို့ပါ” သူက ပြောလိုက်သည်။
“မငြင်းဆန်ခင် ဒါက ခင်ဗျားအတွက် ကလေးကစားစရာလိုမျိုးဆိုတာ သိပါတယ်”
အကယ်၍ ဝမ်ဝေ့က ကမ္ဘာမြေပေါ်မှ ကိစ္စဖြစ်ရပ်များကို အခြေခံပါက တာအိုပွဲအခမ်းအနားသည် ထင်ဟွားတက္ကသိုလ်မှ ထိပ်သီးရူပဗေဒကျောင်းသားများအားလုံးက အပြင်းအထန် ဆွေးနွေးကြသလိုမျိုး ဖြစ်၏။ ချန်းထုံကမူ နိုဘယ်ဆုကိုပင် ရရှိထားသည့် ကမ္ဘာသိ ရူပဗေဒပညာရှင် ဖြစ်နေလိမ့်မည်။
“ဒါပေမဲ့ ဒီပွဲအခမ်းအနားက ခင်ဗျားအတွက် အကျိုးရှိမှာပါ”
“ဘယ်လိုလဲ” ချန်းထုံက တည်ငြိမ်စွာ မေးလိုက်သည်။
“ခင်ဗျားဘာသာခင်ဗျား ကြည့်လိုက်ပါ။ ဒီမျိုးဆက်က ဒိုင်မေးရှင်းအနိမ့် တည်ရှိကတည်းက အကြီးကျယ်ဆုံးလို့ ပြောရင် သံသယဖြစ်ဖို့ မလိုဘူး။ ဒီပွဲအခမ်းအနားမှာရှိတဲ့ လူအားလုံးက ကံကောင်းမှုနဲ့ ကြမ္မာအမြောက်အများ ရှိကြတယ်။ သူတို့က ရွှေမျိုးဆက် ဖြစ်နေနိုင်တယ်”
“ဒါက တကယ်ကို ရဲတင်းတဲ့ စကားတွေပဲ။ ဒါပေမဲ့ မင်းပြောတာ နားလည်တယ်” ချန်းထုံက ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူက ဟောပြောပို့ချခြင်းမှတဆင့် ထိုပါရမီရှင်များနှင့် ကံဆက်နွယ်နိုင်ပါက နောက်ပိုင်းတွင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရှိလာလိမ့်မည်။
“အဲဒါဆိုတော့ သဘောတူတယ်လား”
“ဘာလို့ သဘောမတူဘဲ နေရမှာလဲ”
“တော်သေးတာပေါ့” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။ ဝမ်ဝေ့က မိနစ်ပိုင်းကြာ ပြောဆိုပြီးသည့်နောက်တွင် ဝမ်ဝေ့က ထွက်ခွာလာလိုက်သည်။
မှန်တယ်…
ဝမ်ဝေ့က အိမ်ပြန်လာကာ တွေးလိုက်သည်။ သူ လုပ်သည့်အရာများက မရိုးရှင်းပေ။ ဤသည်က သွားရောက်လည်ပတ်ရခြင်း၏ အဓိကအစစ်အမှန် အကြောင်းအရင်း ဖြစ်၏။ သူက ချန်းထုံနှင့် ပတ်သက်သည့် သူ့ခန့်မှန်းချက်သည် မှန်ကန်ရဲ့လား သိချင်နေမိသည်။ သတ်ဖြတ်ရေးစစ်ဆေးမှုက မပြီးမပြတ်အခြေအနေတွင် ရှိနေရင်းဖြင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ရသည့် အကြောင်းအရင်း ဖြစ်နိုင်သည်။
စံပြတစ်ယောက်၏ ရှေ့တွင် ထိုသို့သော အာရုံနည်းလမ်းကို ကြိုးစားခြင်းက ကိုယ့်ကိုယ်ကို သတ်သေမှုနှင့် တူပေသည်။ ထို့နောက် ဝမ်ဝေ့က အလိုလိုသိစိတ်အပေါ် မှီခိုရင်း သူ့ကောက်ချက်ချမှုက မှန်ကန်ရဲ့လား စစ်ဆေးကြည့်မိခြင်းဖြစ်၏။
အခု ငါက အမှန်တရားကို သိခဲ့ပြီဆိုလျှင် ပွဲအခမ်းအနားမှာ သူ့ရဲ့ နောက်ဆုံးတန်ဖိုးကို ညှစ်ထုတ်ပြီးတာနဲ့ ဖြေရှင်းဖို့ လွယ်သွားပြီ…
ဝမ်ဝေ့က အိမ်ကို ပြန်လာရင်း တွေးလိုက်သည်။ သိပ်မကြာခင် သူက တာအိုပွဲအခမ်းအနားပြင်ဆင်ရင်း အလုပ်ရှုပ်သွားခဲ့၏။ ပထမအတွေးကမူ ထိုပွဲအခမ်းအနားထဲ လေဟာနယ်ထဲ နေရာအသစ်တစ်ခု ဖန်တီးခြင်း ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ဤသည်က အသုံးမဝင်သည့်အတွက် လက်လျှော့လိုက်သည်။
နောက်ရွေးချယ်မှုကမူ သူ့ခုံရုံး ဖြစ်၏။ ဤသည်က နေရာလွတ်များစွာ ရှိလေသည်။ သို့သော်လည်း ဤဖြစ်ရပ်မှ ဖန်တီးသည့် တာအိုစည်းချက်များကို တွေးမိသည့်အခါ တာအိုအခွင့်အလမ်းဂိုဏ်းကိုသာ ရွေးချယ်လိုက်၏။
ပွဲအခမ်းအနားက ထုံးတမ်းစဉ်လာဖြစ်လာလိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
အဖေနဲ့ အမေသာ ဒါကို တောင့်ခံထားရင် တခြားသူတွေ ဒီလိုလိုက်လုပ်ကြမှာပဲ…
ဝမ်ဝေ့က အတွေးနက်နေရင်း ဂိုဏ်းအတွက် ပြင်ဆင်စရာ ကိစ္စများကို ချမှတ်ကာ အရာအားလုံးက အသက်ဝင်နေလေ၏။
ကြီးကြပ်ရေးမှူးက သူ့ခုံရုံးတာဝန်များကို ရပ်တန့်ကာ ဤပွဲအခမ်းအနားအတွက် တာဝန်ယူခဲ့ပြီး တာအိုအခွင့်အလမ်းဂိုဏ်းအား ပြင်ပကမ္ဘာထံ တတ်နိုင်သမျှ ကြီးကျယ်ကာ မြင့်မြတ်ဟန်ပေါ်အောင် လုပ်ဆောင်ခဲ့သည်။
တာအိုအခွင့်အလမ်းဂိုဏ်း၏ အပြုအမူများက အသေးအဖွဲ မဟုတ်ပေ။ ထို့ကြောင့် လူများစွာက တာအိုပွဲအခမ်းအနား ကျင်းပမည့်နေရာကို ကောက်ချက်ချခဲ့ကြ၏။ ထို့ကြောင့် ဝမ်ဝေ့က မကြေညာခင် သတင်းအချက်အလက်များက ပျံ့နှံ့နေခဲ့သည်။
ကျင့်ကြံသူများစွာကလည်း ဤပွဲအခမ်းအနားအတွက် နှစ်များစွာ ပြင်ဆင်ထားကြ၏။
အားလုံးက အလုပ်လုပ်နေစဉ် အပျင်းထူနေသည့် ဝမ်ဝေ့က အိပ်မက်လောကအတွင်း ကြေညာချက်ကို ထုတ်ဖော်ခဲ့သည်။
အထွတ်အထိပ်ဧကရာဇ်ဝမ် : [သတင်းက ပေါက်ကြားသွားပြီ။ တာအိုပွဲအခမ်းအနားက တာအိုအခွင့်အလမ်းဂိုဏ်းမှာ ကျင်းပမယ်။ သတ်မှတ်ထားချိန် နှစ်၂ထောင်ကနေ ၅ထောင်အတွင်း။
ပြီးတော့ ထာဝရအရှင်နဲ့ ထာဝရဦးသျှောင်တွေက တက်ရောက်ရမလားဆိုတာကို ဆွေးနွေးမှုတွေကို သတိထားမိတယ်။ ငါ့ရဲ့ ဖိတ်ကြားချက်က မသေမျိုးတွေအားလုံးလို့ ပြောထားတော့ မင်းတို့တွေလည်း တစ်စိတ်တစ်ပိုင်းပဲ။ မင်းတို့တွေက ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းနဲ့ အတွေ့အကြုံအကြောင်း ဟောပြောပို့ချလို့ရတယ်။ တကယ်လို့ နတ်ဘုရားဘုရင်တွေက ပိုမိုကောင်းမွန်အောင် လုပ်နိုင်တယ်လို့ ခံစားမိတယ်ဆိုရင် အဆီအနှစ်၊ စိတ်ဝိညာဉ်နဲ့ ချီအကြောင်း ဆွေးနွေးလို့ရတယ်…]
သူ့စကား ပြီးဆုံးသွားသည်နှင့် ထိုအရာက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။ ဧကရာဇ်နှင့် တာအိုလမ်းစဉ်အပြင် တခြားသောလမ်းစဉ်များကလည်း ထိုကြေညာချက်ကို မြင်ပြီးသည့်နောက်တွင် စိတ်အေးသွားကြ၏။ သူတို့က အထွတ်အထိပ်ဧကရာဇ်သည် ဤပွဲအခမ်းအနားမှ သူတို့ကို ဘေးဖယ်မထားကြောင်း မြင်သည့်အခါ ပျော်ရွှင်ကာ စတင်ပြင်ဆင်ကြတော့သည်။ အများစုက သူတို့ဖြင့် ထိုက်တန်ရဲ့လား တွေးတောရင်း ယခင်နှစ်တစ်သောင်းကို မသုံးဘဲ ဖြုန်းတီးခဲ့သည့်အတွက် နောင်တရနေကြသည်။
“ဟမ် ဘာလို့ ဒီရောက်လာတာလဲ” ဝမ်ဝေ့က အိပ်မက်လောကမှ ထွက်ခွာပြီးသည့်နောက်တွင် မေးလိုက်သည်။
“တချို့လူတွေက မင်းကို ပျင်းမနေဘဲ ကူညီဖို့ ပြောကြတယ်လေ” ဝမ်ဝူချန်က ပြောလိုက်သည်။
“အဲဒါကြီးကြပ်ရေးမှူးမလား။ သူက ဘာလို့ ကျုပ်ဆီ တိုက်ရိုက် လာမပြောတာလဲ”
“ငါက သတင်းစကားပါးရုံလောက်ပါပဲ” ဝမ်ဝူချန်က ပုခုံးတွန့်ကာ ပြောလိုက်သည်။
ဝမ်ဝေ့က ဘာမှမလုပ်ခင် ဝမ်ချီနှင့် တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်၏။