← Chapters

ပျော်ပွဲရွှင်ပွဲ

Vol. 85 Ch. 1183

ပျော်ပွဲရွှင်ပွဲ

Vol. 85 Ch. 1183

ဝမ်ဝေ့က သူ့ကံကြမ္မာသာလွန်တောင်ထိပ်တွင် ဝမ်ချီကို စောင့်ဆိုင်းနေစဉ် ထိုသူကလည်း သူ့ကို ကြာကြာစောင့်ရအောင် မလုပ်ပေ။ သူတို့တွင် လုပ်ရမည့်ကိစ္စများစွာ ရှိနေသည့်အတွက် ဝမ်ဝေ့က ကွေ့ပတ်ပြောမနေဘဲ တည့်တိုးသာ ပြောလိုက်သည်။

“ ဒီတစ်ကြိမ် ဘယ်လိုရှိလဲ”

“ကောင်းပါတယ်။ ဒါပေမဲ့ အရေအတွက်များပြားမှုကြောင့်ပါပဲ ”

“ထာဝရဧကရာဇ် မပါဘူးလား”

“သုံးယောက်တည်းပါ” ဝမ်ချီက ပြန်ဖြေလိုက်သည်။ ဤတစ်ခေါက် သူက ရွှေရောင်နတ်ဘုရား အပိုင် ဖြစ်ခဲ့ဖူးသည့်  လက်ကျန်ကမ္ဘာ့အသိုက်အဝန်း တစ်ထောင်မှ ကောင်းကင်ရွေးချယ်ခံများကို ခေါ်ဆောင်သွားခြင်း ဖြစ်ရာ အချိုးအစားက နည်းပါးနေ၏။

“ထာဝရဧကရာဇ်တစ်ပိုင်းအဆင့်ရော …”

“၁၅ ယောက်ပါ။ အဲဒါကြောင့် ရလဒ်ကောင်းနေတာပါ”  ဝမ်ချီက သိုလှောင်လက်စွပ်ကို ပေးရင်း ရှင်းပြလိုက်သည်။ ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည့်နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ ပြီးတော့ ဘာသတင်းထူးသေးလဲ”

“နည်းနည်းလောက်ပါပဲ ”

“အိုး”

“ပထမဆုံး စစ်ပွဲက ပိုပြင်းထန်လာတယ်။ တော်လှန်ရေးဘက်က ကပ်ပါးတွေရဲ့ အဓိကအင်အားစုတွေကို စတိုက်ခိုက်လာပြီ။ ဂိုဏ်းချုပ် တက်လှမ်းသွားတဲ့အချိန်ကျ အေးချမ်းနေမဲ့ နေရာ မရှိလောက်တော့ဘူး ”

“ ကပ်ပါးတွေ အချိန်အတော်ကြာ ထွက်သွားလိုက်တာက လူတွေကို ပိုရဲတင်းလာစေတာပဲ။ ဒါပေမဲ့ သူတို့တွေ အားပြီး ပြန်တိုက်ခိုက်လာတဲ့အခါကျ ဘယ်သူက တိုက်ခိုက်လိုစိတ် ရှိသေးလဲ ကြည့်ရသေးတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“နောက်ကိစ္စ ရှိသေးလား”

“နှစ်ခုပါ … ပထမတစ်ခုက နတ်ဘုရားမျိုးနွယ်က ဝင်ရောက်စွက်ဖက်လာပါတယ်”

“သူတို့လား”

“ဟုတ်ပါတယ်။ ဈေးကွက်မှာ ရောင်းချဖို့ အားကောင်းတဲ့ ဆန့်ကျင်ချီ အရေအတွက် ရုတ်တရက် တိုးပွားလာတယ်။ အဆင့် (၁၀) ဆိုပေမဲ့လည်း တော်လှန်ရေးဘက်က အများစုကို ဝယ်သွားပြီး သူတို့တပ်အင်အားကို မြင့်တင်နေကြတယ် ”

“နတ်ဘုရားမျိုးနွယ်က သူတို့ကို ရောင်းချနေတာလို့ ထင်နေတာလား”

“အဲဒါတွေက ကောလဟာလတွေပါ ”

“ ငါ ရှီရှန်းယန်နဲ့ စကားပြောကြည့်ရတော့မယ်။ ဒုတိယကိစ္စကရော ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒီသတင်းက အရေးကြီးရဲ့လားတော့ မသိပါဘူး။ ဒါပေမဲ့ လတ်တလော ကမ္ဘာရဲ့ အလှဆုံး မိန်းကလေးက ကောင်းကင်ဘုံအဆင့် တက်လှမ်းနိုင်မှုအတွက် ပွဲကျင်းပမယ်တဲ့။ လူတော်တော်များများက  အဲဒီပွဲကို တက်ချင်တယ်ဆိုပြီး အဲဒီအကြောင်း ပြောပြောနေကြတာ ”

“ရှုကျင်းယောင်လား”

“ဟမ် ဂိုဏ်းချုပ်က ဘယ်လိုလုပ် သူမရဲ့ နာမည်ကို သိသွားတာလဲ” ဝမ်ချီက မေးလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားဟန်ဖြင့် တုန်ယင်သွားသည်။

“ ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ကတော်အပေါ် သစ္စာဖောက်မိတာလား… အဲလိုဆို အသက်မရှည်လောက်ဘူး ”

“ပါးစပ်သာ ပိတ်ထားလိုက်တော့။ ငါက အကြောင်းအရင်းတချို့ကြောင့် သူမနာမည်ပဲ သိတာ ”

ဝမ်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ဂိုဏ်းချုပ်က ဉာဏ်ပညာကြီးမားတာကို သိပါတယ်”

ဝမ်ဝေ့က လက်ဝေ့လိုက်ပြီး စကားအများကြီး ပြောသည့်သူအား ပြန်လွတ်လိုက်တော့သည်။

“ ခဏလေး … နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်”

“ဘာလဲ”

“ဒါကို ဘယ်လိုပြောရမလဲ။ ကျုပ် အများကြီးပြောသလို ဖြစ်သွားမယ်တူတယ်”

“မင်း သူမနဲ့ ထပ်တွေ့လို့လား”

“အဲလိုမဟုတ်ပါဘူး။ အထက်က ဂိုဏ်းအကြောင်းပါ”

“အိုး ”

“ အရင်တစ်ခါ လူသားမကောင်းဆိုးဝါး သွေးမျိုးဆက်ရှိထားတဲ့ အဖွဲ့ကို ခေါ်သွားခဲ့တယ်လေ။ အဲဒါနဲ့ ဂိုဏ်းက ကျေးဇူးတင်ပြီး ပွဲကျင်းပပေးခဲ့တယ်။ အဲဒီမှာ သူတို့က ဂိုဏ်းချုပ်အကြောင်း မေးတာနဲ့ လက်ရှိခေတ်ကာလကို အဆုံးသတ်ဖို့ ကြမ္မာကိုင်ဆောင်ထားတယ်ဆိုတဲ့ အချက်ကို ထုတ်ဖော်မိသွားတယ်”

“ မင်း မမှားသင့်တဲ့ အမှား လုပ်ခဲ့မိတာ နားလည်လား”

ဝမ်ဝေ့က မေးလိုက်သည်။ သူ့အနေအထားကို သိမြင်ပြီး အမှန်တရားကို ကောက်ချက်ချဖို့ရာ လွယ်ကူသော်လည်း ထုတ်ပြောလိုက်ခြင်းက တခြားတစ်ခု ဖြစ်ပေသည်။ အထူးသဖြင့် ဂိုဏ်းထဲတွင် သူလျိုများ ရှိနေလောက်သည့် အချိန်အခါတွင် ဖြစ်၏။

“ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒါက မတော်တဆ မဟုတ်ဘဲ သေချာတွက်ချက်ပြီး ထုတ်ပြောလိုက်တာပါ” ဝမ်ချီက အလျှင်အမြန် ပြောလိုက်သည်။

“ပြော”

“ ဒီသတင်းကို လူသုံးယောက်ကိုပဲ ပြောပြခဲ့တာပါ။ သူတို့က မဟာတာအိုကို ကျိန်ဆိုခဲ့တယ်။ ကျုပ်ဘက်ကလည်း ကျမ်းသစ္စာကို ရှုပ်ထွေးမှုမရှိအောင် ရိုးရိုးရှင်းရှင်း စကားနဲ့ပဲ လုပ်ခဲ့တယ်။ အဲဒီလူသုံးယောက်လုံးက ကောင်းကင်ဘုံအဆင့်ဆိုတော့ ကျမ်းသစ္စာချိုးဖောက်နိုင်မဲ့ အခွင့်အရေးက နည်းပါးတယ်လေ”

“မင်းက တကယ်ကို သတိထားတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ဤအစီအစဉ်တွင် ဟာကွက်ကို မြင်လေသည်။ နမူနာအနေနှင့် ဒိုင်မေးရှင်းအမြင့်တွင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများအတွက် သူတို့ကျင့်ကြံဆင့်အထက် စွမ်းရည်ကို အသုံးပြုနိုင်ဖို့ ဆေးလုံး၊ အဆောင်နှင့် အစီအရင်ကဲ့သို့ အရာမျိုးကို အသုံးပြုဖို့ နည်းလမ်းများ ရှိနေနိင်သည်။ ထို့အပြင် နက်နဲသည့် အုတ်မြစ်ရှိထားသည့် ဂိုဏ်းတစ်ခုတွင် မဟာတာအို၏ ကျမ်းသစ္စာကို ချေဖျက်နိုင်သည့် ရှားပါးရတနာတစ်ခုထက်ပို၍ ရှိနေနိုင်သည်။

“သူတို့ရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလဲ ” ဝမ်ဝေ့က မေးလိုက်သည်။

“သူတို့က ဂိုဏ်းချုပ် ဘာပဲလုပ်လုပ် ထောက်ပံ့ပေးမယ်တဲ့” ဝမ်ချီက ပြန်ဖြေလိုက်သည်။

“ သူတို့ကို ဂိုဏ်းချုပ်ရဲ့ အကျင့်စရိုက်နဲ့ ဘိုးဘေးတွေ မရှိတဲ့အချိန်မျိုးမှာ ဂိုဏ်းဆီ ပြဿနာမတက်စေဖို့ သေချာတဲ့ အနေအထားတစ်ခု မရောက်မချင်း သိပ်ဆက်သွယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ် ”

“မင်းက ငါ့ကို ကောင်းကောင်းသိနေသားပဲ”

“ဂိုဏ်းချုပ် ဒါက ကျုပ်အလုပ်ပဲလေ။ ဂိုဏ်းချုပ်ကို ကောင်းကောင်းသိထားမှ ပိုပြီး ကောင်းကောင်းခစားနိုင်မှာပေါ့ ”

ဝမ်ဝေ့က မျက်လုံးများ ဝေ့ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်ချီက လိမ်ညာနေခြင်း မဟုတ်ပေ။ ဝမ်ဝေ့က သူ့အား သူ့လေ့လာနိုင်စွမ်းနှင့် အန္တရာယ်များသည့် အချိန်မျိုးတွင် မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းကြောင့် ဤတာဝန်အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

ဝမ်ချီက ဝမ်ဝေ့ နဂိုထင်ထားသည်ထက် ပို၍ပင် လုပ်ရည်ကိုင်ရည်ရှိကြောင်း သက်သေပြလာခဲ့၏။

“နောက်ထပ်ရော ဘာဖြစ်သွားလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“သူတို့က ဂိုဏ်းချုပ်ဘက်က အဆက်အသွယ်ကန့်သတ်ထားရင်တောင် အဆင်ပြေပါတယ်တဲ့။ ဂိုဏ်းချုပ် အသုံးပြုရအောင်လို့ ကမ္ဘာတစ်ဝှမ်း ပြန့်ကျဲနေတဲ့ အရင်းအမြစ်တွေကို ချန်ထားပေးမယ်တဲ့။ ကံကောင်းမှုကို အသက်သွင်းလိုက်တာနဲ့ အဲဒါတွေဆီ ဦးဆောင်ခေါ်သွားပါလိမ့်မယ်တဲ့ ”

“အရင်းအမြစ်တဲ့လား။ သူတို့က ဘယ်လောက်လို့ ပြောလိုက်လဲ”

“အဲဒါက ဂိုဏ်းချုပ်အပေါ် မူတည်ပါတယ်တဲ့။ တကယ်လို့ သူတို့ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို လိုချင်လည်း အဆင်ပြေပေမဲ့ တစိတ်တပိုင်းပဲ လက်ခံပြီး ကျန်တာ ကိုယ့်ဘာသာ လုပ်ချင်လည်း အဆင်ပြေပါတယ်တဲ့”

“ဒါက သတင်းကောင်းပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဤသို့ ကြွယ်ဝမှုနှင့် လူအင်အား ထောက်ပံ့မှုတို့ဖြင့် ကိစ္စများက ပိုလွယ်ကူသွားသည်။

“ ဒီတစ်ခါလည်း မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ ဝမ်ချီ ငါ ကတိပေးထားတဲ့ ဆုလာဘ်ကို ဂိုဏ်းဆီကနေ ရပြီးပြီမလား”

“ဟုတ်ကဲ့” ဝမ်ချီက အကောင်းဆုံး ဆန့်ကျင် ကျင့်ကြံသူများလောက် ကောင်းမွန်သည့် အားပြင်းပြင်း အရှိန်အဝါကို ထုတ်ပြလာသည်။

“ကောင်းပြီ။ မင်းကို ပွဲအခမ်းအနားကျမှ တွေ့မယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ဟမ်”

“ ဘာပြောစရာရှိသေးလဲ ”

“ ကျုပ် ဂိုဏ်းချုပ်နဲ့ အတူတူ တက်လှမ်းဖို့ အခွင့်အရေးရတာလား”

“အဲဒါကလည်း သိပ်တော့ မဆိုးဘူးပဲ။ ဘာဖြစ်ဖြစ် ငါနဲ့ တော်လှန်ရေးကြားမှာ အဆက်အသွယ်လုပ်ပေးဖို့ လူတော့ လိုတယ်။ သူတို့က မင်းကို သိသလို အနေအထားတစ်ခုအထိ ယုံတော့ ပြီးပြည့်စုံတဲ့ ရွေးချယ်ခံတစ်ယောက်ပဲ” ဝမ်ဝေ့က သုံးသပ်လိုက်သည်။

“ဒါပေမဲ့ မင်း သေချာရဲ့လား။ ငါတို့ ရင်ဆိုင်ရမဲ့ အန္တရာယ်ကို နားလည်ထားသင့်တယ်။ ငါက ငါ့ဘာသာပဲ ဂရုစိုက်နိုင်မှာ … မင်းရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံမပေးနိုင်ဘူး ”

“ ကျုပ် သေချာပါတယ်” ဝမ်ချီက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“ကောင်းပြီလေ။ အဲဆို အသင့်ပြင်ထားလိုက် ”

“ဟုတ်ကဲ့ပါ” ဝမ်ချီက ပျော်ရွင်စွာ ပြောလိုက်သည်။ သူက ပျံသန်းကာ ထွက်သွားလေသည်။

ရှုကျင်းယောင်က ပွဲကျင်းပမှာတဲ့လား။ ဒါက အဲလိုကိစ္စအတွက် ဆိုးရွားတဲ့အချိန်တစ်ခုပဲ … အဲဆိုတော့ သူမက တုံးအနေတာလား ဒါမှမဟုတ် တစ်ခုခု ကြံစည်နေတာလား

စိတ်ဝင်စားစရာပဲ … ဒီပွဲက ဒီကံကြမ္မာပါတဲ့ ဖြစ်ရပ်ကို ဆုံတွေ့ဖို့ အခွင့်ကောင်းပဲ

သူက အလုပ်စမလုပ်ခင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူက အစားအစာနှင့် သေရည်ထောက်ပံ့ပေးဖို့ တာဝန်ကို ယူထားလေ၏။ ဝမ်ဝေ့က  သူ့နာမည်နှင့် ထိုက်တန်သည့် ပွဲအခမ်းအနားမျိုး ဖြစ်အောင် လုပ်ရင်း မသေမျိုး လူသန်းတစ်ရာကျော်အတွက် အကောင်းဆုံးသော အစားအစာနှင့် သေရည် ပြင်ဆင်ပေးရမည်။ ထိုအရာပြီးဆုံးသွားသည်နှင့် သူက လီကျွင်းကို သွားရောက်စစ်ဆေးကြည့်ဖို့ ဦးတည်လိုက်သည်။

“အစ်ကိုကြီး ရောက်လာပြီပဲ ”

“ ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ လောကသုံးပါး ဧကရာဇ်အနေနှင့် သူက သံသရာခုံရုံးဆီ စိတ်တိုင်းကျ လာဖို့ ပြဿနာ မရှိပေ။ ပြောရလျှင် သူတို့က သူ့လက်အောက်တွင် ရှိနေခြင်း ဖြစ်၏။

“ ပွဲအခမ်းအနားမှာ ပါဝင်ဆင်နွဲနိုင်လား ဒါမှမဟုတ် ငါ တစ်ခုခု လုပ်ပေးရမလား”

“ ကျွန်တော် ခွင့်ပြုချက် ရထားပြီးပြီ”

“အကျိုးဆက် မရှိဘဲနဲ့လား”

“သူတို့က ကျွန်တော့ အချိန်ကို နှစ်တစ်သိန်း တိုးလိုက်တယ်လေ” လီကျွင်းက ပြန်ဖြေလိုက်သည်။

“ကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက လီကျွင်း၏ ခေါင်းဆောင်အပေါ် သံသယရှိမိသော်လည်း ယုတ်မာသည့်အရာမျိုး အရိပ်အယောင်မမြင်မိသည့်အတွက် လွတ်ထားပေးလိုက်ရသည်။

“ ဟောပြောပို့ချချက်အတွက် ပြင်ဆင်ပြီးပြီလား”

“ဒါပေါ့”

“ကောင်းပြီ။ အဲလိုဆို ငါ သွားလိုက်ဦးမယ်”

“နည်းနည်း ခပ်ကြာကြာ မနေနိုင်တော့ဘူးလား ”

“ မင်းဇနီးလေးကို ငါ့ဆေးလုံး ပြီးအောင် ကူညီပေးရဦးမယ်။ ဒါနဲ့ စုအိုက်ကိုပါ ခေါ်ခဲ့ … ပွဲအခမ်းအနားက သူမနဲ့ သူမ ဗိုက်ထဲက ကလေးအတွက် အထောက်အကူဖြစ်လိမ့်မယ် ”

“အာ သိပြီ” လီကျွင်းက ဤသည်က သူ့အား ပြဿနာဖြစ်စေမည်လားဟု စဉ်းစားရင်း တိတ်ဆိတ်သွားတော့သည်။ ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားပြီး အစောင့်အရှောက်ကမ္ဘာဆီ ကူးသန်းသွားလိုက်၏။  ထိုနေရာတွင် ယန်းလီလင်းက အကြီးအကဲတန့်နှင့် အထွေထွေသောင်းပြောင်း(၁) အပါအဝင် လူများစွာအား အမိန့်များ ပေးနေသည်ကို မြင်လိုက်ရသည်။

“သူတို့က မင်းကို ကူညီဖို့ ရောက်လာတာလား”

“ဟုတ်တယ်။ တတ်နိုင်သမျှ မြန်မြန် ပြီးစေချင်လို့လေ”

“အလျှင်လိုနေဖို့ မလိုပါဘူး။ မင်း အချိန်လိုအပ်တယ်ဆိုရင် ပွဲအခမ်းအနားကို နောက်ဆုတ်လိုက်လို့ ရတယ်”

“ နောက်ဆုတ်လိုက်ရင် ကြည့်ရဆိုးသွားလိမ့်မယ်”

“အဲဒါကို ဂရုမစိုက်ဘူး” ဝမ်ဝေ့အတွက် လူများကသာ သူ့အချိန်ဇယားကို လိုက်နာသင့်သည်။

“အစ်ကိုကြီး ဂရုမစိုက်တာကို သိပါတယ်။ ဒါပေမဲ့ အပေါ်ယံ ဂုဏ်သတင်းကောင်းကို ထိန်းထားတာ ပိုကောင်းတယ်လေ။ ပြီးတော့ ကျွန်မက အလျှင်မလိုပါဘူး။ ဆေးလုံးဝိဇ္ဇာကျမ်းကို အဆင့်မြင့်တင်မဲ့ ခံစားချက် ရလာလို့ပါ။ ဒါပေမဲ့ ဉာဏ်အလင်းပွင့်မှုတချို့ လိုနေတာ။ ဒီပွဲအခမ်းအနားက ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ ”

“အဲဆိုလည်း ကောင်းပြီလေ။ ငါ ဒီမှာဆိုတော့ ကူညီပေးဖို့ အသင့်ပဲ။ ဘာလုပ်ပေးရမလဲ “

“ အစ်ကိုကြီးရဲ့ အံ့မခန်း ဝိညာဉ်စွမ်းအားနဲ့ ဖြစ်စဉ်ကို အရှိန်တင်ရမယ်” ယန်းလီလင်းက ချက်ချင်း ပြန်ဖြေလိုက်၏။ ဝမ်ဝေ့က သူမ၏ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ပေးရင်း သူမဆီမှ သင်ယူကာ သူ လျစ်လျူရှုထားခဲ့သည့် ကျွမ်းကျင်အတတ်ပညာ တာအိုအခွဲများကို မြင့်တင်ဖို့ လုပ်ဆောင်လိုက်သည်။

ထိုဖြစ်စဉ်က သူ့အား မူလဆေးလုံးတာအိုဂိုဏ်းကို ခိုးဝင်စဉ်အချိန်ကို ပြန်လည်အမှတ်ရသွားစေသည့်အတွက် ပျော်ဖို့ကောင်းလာသည်။ ထိုအခါက သူ့အနေနှင့် ဆေးလုံးသန့်စင်ဖို့ ကိစ္စကိုသာ အာရုံစိုက်ထားဖို့ လိုအပ်ခဲ့၏။

ဝမ်ဝေ့၏ အကူအညီဖြင့် ဆေးလုံးက အပြင်ဘက်တွင် နှစ် ၇၀၀ ကြာမြင့်ပြီးသည့်နောက် ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် သူက ပွဲအခမ်းအနားအား နောက်နှစ်သုံးရာနေရင် စည်းမျဉ်းစည်းကမ်းအတိုင်း ကျင်းပမည် ဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ခဲ့သည်။

All Chapters