← Chapters

တာအိုပွဲအခမ်းအနား - အစားအစာ အလျှံအပယ်

Vol. 85 Ch. 1184

တာအိုပွဲအခမ်းအနား - အစားအစာ အလျှံအပယ်

Vol. 85 Ch. 1184

ပွဲအခမ်းအနား ကျရောက်လာသည်နှင့် ပထမဦးဆုံး ရောက်လာသူများက အသင်္ချေအင်ပါယာကမ္ဘာမှ မသေမျိုးများသာ ဖြစ်သည်။ ကြီးကြပ်ရေးမှူးက ထိုပွဲအခမ်းအနားအတွက် သီးသန့်မြောလွင့်နေသည့်တောင်ကို ပြင်ဆင်ပေးထားပြီး သက်ဆိုင်သူများက ဧည့်သည်များကို ထိုနေရာဆီ ခေါ်ဆောင်လာပေးရမည်။

တောင်တန်းနှင့် ပွဲအခမ်းအနားက ကွဲပြားသည့်နေရာများတွင် ထမင်းစားပွဲငယ်များ ရှိထားသည့် သာမန်နေရာနှင့် တူလေသည်။ သို့သော်လည်း ဤဖြစ်ရပ်၏ အလှတရားက ရိုးရှင်းမှုတွင် ရှိနေ၏။ ထမင်းစားပွဲငယ်များကို ခရမ်းရောင်အုပ်စိုးသူ သစ်သားဖြင့် ပြုလုပ်ထားပြီး ထိုအရာသည် ဆေးလုံးနှင့် လက်နက်များ သန့်စင်ဖို့အတွက် အသုံးပြုသည့် ဧကရာဇ်အဆင့် ပစ္စည်း ဖြစ်ပေသည်။

ပန်းကန်၊ လက်ဖက်ရည်ခွက်နှင့် သေရည်ခွက်များကလည်း အမည်မသိ တောက်ပမှုမျိုးဖြင့် တောက်ပနေလျက်ရှိသည်။ သူတို့က အိပ်မက်တောက်ပမှု ပစ္စည်းဖြင့် ပြုလုပ်ထား၏။ ထိုအရာက ကျင့်ကြံသူများ၏ စိတ်ကို တည်ငြိမ်စေပြီး အကောင်းဆုံး ကျင့်ကြံရေးအနေအထားတွင် ထိန်းသိမ်းပေးနိုင်သည့် ဧကရာဇ်အဆင့် ပစ္စည်းတစ်မျိုး ဖြစ်ပေသည်။ ကြောက်စရာအကောင်းဆုံး အပိုင်းက ထိုပစ္စည်းများ အရေအတွက်က သန်းတစ်ရာ ရှိလေ၏။ ထိုအရာ၏ ပမာဏအနည်းငယ်ဖြင့်ပင် စားပွဲနှင့် အသုံးအဆောင်ပစ္စည်းများကို ဖန်တီးဖို့ လိုအပ်သော်လည်း  အရေအတွက်အားဖြင့် လွန်ကဲရာ ကျပေသည်။

ထို့အပြင် ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ဆာကူရာသစ်ပင်နှင့် တူသည့် ပန်းရောင်သစ်ပင်ကြီးက ပွဲအခမ်းအနား ထောင့်တစ်နေရာတွင် ဝင့်စွားစွာ ရှိနေပြီး ပွင့်ချပ်များက ပွဲအခမ်းအနားကို လွှမ်းခြုံထားလျက် ရှိသည်။ သစ်ပင်၏ ပွင့်ချပ်များက ဝိညာဉ်ကို ယာယီသန့်စင်ပေးပြီး နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်၏။

လူများစွာက တောင်တန်းဆီ ချက်ချင်း ပျံသန်းမသွားသေးဘဲ ပွဲအခမ်းအနားဆီ လှပသည့် ခရမ်းရောင်လှေကားများကို လျှောက်လှမ်းလာသည်။ ထိုလှေကားများက လူတစ်ယောက်၏ ကံကောင်းမှုကို ကောင်းချီးပေးနိုင်ပြီး နားလည်နိုင်စွမ်းကို ယာယီ တိုးမြှင့်နိုင်စွမ်းရှိ၏။

နောက်ဆုံးအနေဖြင့် လှပသည့် တာအိုတေးသံများကလည်း နောက်ခံမှ ပဲ့တင်ထွက်နေသည်။ ထိုအရာ၏ အာနိသင်ကလည်း တခြားအရာများနှင့် အတူတူသာ ဖြစ်၏။ ပြောရမည်ဆိုလျှင် အာရုံစူးစိုက်မှုနှင့် နားလည်နိုင်စွမ်းကို အားဖြည့်ပေးခြင်း ဖြစ်သည်။

ဖုန်းဟွမ်က လူသုံးယောက်နှင့်အတူ ပထမဦးဆုံး ရောက်ရှိလာသူ ဖြစ်၏။ တပည့်တစ်ဦးက သူ့အား ဧကရာဇ်နေရာဆီ ဦးဆောင်ခေါ်သွားပြီး ကျန်သုံးယောက်ကမူ တခြားနေရာတွင် ထိုင်ခဲ့ကြသည်။

သိပ်မကြာခင် လူများစွာက ရောက်ရှိလာပြီး သူတို့၏ သက်ဆိုင်ရာနေရာများတွင် နေကာ လမ်းခွဲလိုက်ကြသည်။ တာအိုနေရာ၊ ထာဝရနေရာ၊ ယွမ်ထီနေရာ၊ ဝိညာဉ်နေရာ၊ ကံကောင်းမှုနေရာနှင့် ဧည့်သည်နေရာဟူ၍ ရှိ၏။ ဝမ်ဝေ့က ထိုသူများအား သူတို့ဂိုဏ်းမှ တပည့်သုံးယောက်ကို ခေါ်ဆောင်လာခွင့်ပြုကြောင်း ကြေညာထားသည့်အတွက် ဧည့်သည်နေရာက သူတို့အတွက် ဖြစ်ပေသည်။

အဝေးတစ်နေရာရှိ ကောင်းကင်ယံက ရုတ်ချည်းဆိုသလို ပွင့်လာကာ ရွှေရောင်ရထားလုံးက ကောင်းကင်မှ ဆင်းသက်လာသည်။ ကြီးကြပ်ရေးမှူးက ကိစ္စကြီးကြီးမားမား ဖြစ်ပျက်တော့မည်လားဟု စဉ်းစားနေစဉ် တခြားကမ္ဘာ့အသိုက်အဝန်းမှ ရောက်ရှိလာကြောင်း သဘောပေါက်သွားခဲ့၏။ ထိုနယ်ခြားများက နောက်နာရီပိုင်းအတွင်း ရောက်ရှိလာကြသည်။ သူတို့အားလုံးက ဝင်ရောက်မှုကို တတ်နိုင်သမျှ ကြီးကြီးကျယ်ကျယ်လုပ်ဖို့ ဆုံးဖြတ်ထားကြဟန်ပေါ်သည်။ ထိုအပြုအမူများက အသင်္ချေအင်ပါယာကမ္ဘာ၏ မသေမျိုးများအား သူတို့သည်လည်း ကြီးကျယ်ခမ်းနားစွာ ဝင်ရောက်သင့်လားဟု စဉ်းစားနေကြသည်။

အားလုံး ရောက်ရှိလာသည်နှင့် အိပ်မက်လောကက ထိုအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်လိုက်သည်။ ဝမ်ဝေ့က နောက်ဆုံးတွင် ကြော့ရှင်းသည့် ခရမ်းရောင်နှင့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် ပေါ်ထွက်လာသည်။ သူက ရိုးရှင်းကာ တိုက်ရိုက်ဆန်သည့် ဝင်ရောက်မှုမျိုးကို ရွေးချယ်ခဲ့သည်။ သူက ထိုနေရာတွင် အမြဲတမ်းရှိနေသကဲ့သို့ ချက်ချင်း ပေါ်ထွက်လာလေ၏။ အားလုံးက သူ့ကို ကြည့်နေစဉ် အခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ရှေ့တွင် ထမင်းစားပွဲရှိနေပြီး ထိုသူအားလုံးနှင့် မျက်နှာချင်းဆိုင်လျက် ရှိ၏။ သူက လူအုပ်ကြီးကို ကြည့်ကာ သူ သိပြီးသားသူများကို စစ်ဆေးကြည့်လိုက်သည်။

သူက အသင်္ချေအင်ပါယာကမ္ဘာ၏ ဖုန်းဟွမ်နှင့် အောင်းရှန်ကဲ့သို့ အစစ်အမှန်ဧကရာဇ်များနားတွင် ထိုင်နေသည့် သူ့အဖေနှင့် အမေကို ကြည့်လိုက်သည်။ သူ့အဖေက ထိုနေရာတွင် ထာဝရဧကရာဇ် မဟုတ်သည့် တစ်ဦးတည်းသောသူဖြစ်သော်လည်း မည်သူကမှ ဘာမှမပြောကြပေ။ ထိုအရာက သုံ့လီဖန်းသည် ကံကောင်းမှုနေရာ၏ ရှေ့တန်းတွင် ထိုင်နေသကဲ့သို့ ဖြစ်၏။ သို့သော်လည်း ထာဝရနေရာတွင် ညည်းတွားမှုတစ်ခုရှိကြောင်း သိခဲ့၍ ထိုအရာကို ပြောဖို့ ဆုံးဖြတ်လိုက်သည်။

“ကြိုဆိုပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့အသံက တောင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

“ကျုပ်တို့တွေ မစခင် စကားနည်းနည်းပြောပါရစေ။ ပထမဦးဆုံးအနေနဲ့ သေမျိုးပညာရပ်ကနေတဆင့် မသေမျိုးတွေနဲ့ ယှဉ်နိုင်တဲ့ ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့တဲ့ ပထမဦးဆုံး သေမျိုးဖြစ်လာတဲ့ ဝိဇ္ဇာသွမ့်ယုကို ဂုဏ်ပြုချင်တယ်”

အားလုံးက ထာဝရနေရာကို လှမ်းကြည့်လိုက်စဉ် ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ဆံပင်ဖြူများရှိသည့် လူအိုကြီးကို မြင်လိုက်ရသည်။ သူ့မုတ်ဆိတ်မွေးများက ဒူးအထိပင် ရောက်ရှိနေ၏။ သွမ့်ယုက ဖြည်းဖြည်းချင်းစီ ထရပ်ကာ ဝမ်ဝေ့ကို ဦးညွှတ်လိုက်သည်။

“ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်မျိုးမှာ ကျွန်တော်ကို ပါဝင်ဆင်နွှဲခွင့်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်”

သွမ့်ယုက ဤနေရာကို လာဖို့အတွက် အားစိုက်ထုတ်မှုများစွာ စိုက်ထုတ်ထားရသည်။ သူက ဤဖြစ်ရပ်ကို လွန်ခဲ့သည့်နှစ်တစ်သောင်းခန့်က ကြားခဲ့ပြီး သူ့သက်တမ်းက ကုန်ဆုံးတော့မည် ဖြစ်၏။ သူက ထိုနေရာဆီ တက်ရောက်နိုင်မည်လား မသိဘဲ သူ့ကိုယ်သူ စည်းပိတ်ကာ သူ့မျိုးဆက်များအား ခုံရုံးဆီ သူ့ကို တက်ရောက်ခွင့်ပေးဖို့ တောင်းဆိုခိုင်းခဲ့သည်။

သူ့အတွက် ကံကောင်းသွားသည်က မျိုးဆက်မှ ပါရမီထူးကဲသည့် ကျင့်ကြံသူကို မွေးထုတ်ပေးနိုင်ပြီး သူ့ကို ကူညီပေးနိုင်ခဲ့သည်။

“ဒါက ခင်ဗျားကိုယ်တိုင် ရယူထားတာပါ။ ခင်ဗျားက တာအိုနေရာမှာ ဟောပြောရမဲ့ ပထမဦးဆုံးလူ ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

သွမ့်ယုက အံ့အားသင့်သွားပြီး အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ ဤသို့သော ဂုဏ်သိက္ခာမျိုးက သူ့မျိုးနွယ်ထံ ကံကောင်းမှုနှင့် ကြမ္မာကို ဆောင်ကြဉ်းပေးလိမ့်မည်။ နဂိုက ဝမ်ဝေ့သည် သူ့အား အခမ်းအနားတွင် ပထမဦးဆုံးနေရာ ပေးလိုခဲ့သည်။ သို့သော်လည်း သွမ့်ယုအား သူ့ရှေ့တွင်ရှိနေသည့် သူများအပြီးတွင် ဉာဏ်အလင်းပွင့်စေမည်လား သိချင်၍ ဖြစ်သည်။

“ဒုတိယကြေညာစရာရှိတာက ဟောပြောပို့ချဖို့ သီးသန့်ဧည့်သည် တစ်ယောက်ကို ဖိတ်ကြားထားတယ်။ သူက နောက်ဆုံးအနေနဲ့ ဟောပြောပို့ချပေးလိမ့်မယ်”

ဧည့်သည်များက ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်ကြသည်။ သွမ့်ယု၏ ပေါ်ထွက်လာမှုက အံ့အားသင့်စရာ ဖြစ်သော်လည်း ဤသတင်းက ပိုမိုပင် အံ့အားသင့်စေသည်။ သူတို့က အထွတ်အထိပ်ဧကရာဇ်သည် နောက်ဆုံးသော ဟောပြောပို့ချသူဖြစ်ကာ ပွဲအခမ်းအနားကို အကောင်းဆုံးဖြင့် ပိတ်သိမ်းမည်ဟု မျှော်လင့်ထားကြ၏။ ယခုအခါ အရှင်က သူ့ထက် ဟောပြောပို့ချရာတွင် ပိုမိုကောင်းမွန်သည့် တစ်စုံတစ်ယောက်ရှိနေသည်ဟု ပြောလာသည်လား။

ချန်းထုံအကြောင်း သိထားသည့် လူတချို့ကလွဲ၍ မည်သူကမှ ထိုအရာမျိုး တည်ရှိသည်ကို မခန့်မှန်းနိုင်ကြပေ။

“အခု အစားအစာနဲ့ စလိုက်ကြရအောင်” ဝမ်ဝေ့က ကြေညာပြီးသည့်နောက်တွင် အစားအစာများကို တည်ခင်းဧည့်ခံလိုက်သည်။ အသားက ပမာဏအနည်းငယ်သာ ဖြစ်ပြီး ဟင်းသီးဟင်းရွက် တစ်ပန်းကန်နှင့် ထမင်းတစ်ပန်းကန်တို့ ဖြစ်သည်။ သို့သော်လည်း ဤသည်က သာမန်အသား မဟုတ်ပေ။ ထိုအရာက ဝူဟုန်၏ စည်းပိတ်ရေး - ချက်ပြုတ်ရေး မှော်စွမ်းအားဖြင့် ပြင်ဆင်ထားသည့် အဆင့်(၁၀) လေဟာနယ်သားရဲဖြစ်ကာ ဝမ်ဝေ့၏ အဆီအနှစ် ပန်းပွင့်စွမ်းရည်ဖြင့် ကောင်းချီးပေးထားခြင်း ဖြစ်၏။ တစ်နည်းဖြင့်ပြောရလျှင် ထိုအရာကို စားသုံးသည့်သူများက သူတို့၏ ခန္ဓာကိုယ်ကျင့်ကြံရေးကို တိုးမြှင့်နိုင်သည်။

ဟင်းသီးဟင်းရွက်များကလည်း ဝမ်ဝေ့ အမဲလိုက်ထားသည့် အဆင့်(၁၀) အရင်းအမြစ်သားရဲမှ ကြီးထွားလာခြင်းဖြစ်ရာ ထိုအရာ၏ ရည်ရွယ်ချက်က ဖုံးကွယ်နေသည့် ဒဏ်ရာများကို ကုစားပြီး အသား၏ စုပ်ယူမှုကို တိုးမြှင့်ကာ အားလုံးအား စားသုံးဖို့ရာအတွက် အကျိုးအမြတ်ရစေဖို့ရာ ဖြစ်သည်။

ဝမ်ဝေ့ ချက်လုပ်ထားသည့် သေရည်ကမူ အကောင်းဆုံးပစ္စည်းမှ ဖြစ်ပြီး အချိန်အစီအရင်အောက်တွင် ယွမ်ခေတ်ကာလများစွာ ထားရှိခဲ့ရသည်။ ထို့နောက် အကောင်းဆုံးသေရည် ဖြစ်စေဖို့အတွက် ကောင်းချီး ပေးထားခဲ့သည်။ ထိုအရာကို သောက်သုံးပြီးလျှင် အရသာက ထူးကဲနေသည်ကို သတိထားမိလိမ့်မည်။

အရှိန်အဝါက ရုတ်ချည်းဆိုသလို မြင့်တက်လာပြီး လူများ၏ ချီအရည်အသွေးက ရုတ်ချည်းဆိုသလို များပြားလာသည်။ အချို့က အတားအဆီးကို ကျော်ဖြတ်ပြီး ထာဝရဦးသျှောင် ဖြစ်လာကြ၏။ ထိုလူများသာ အကျိုးကျေးဇူးရှိခြင်း မဟုတ်ပေ။ သေရည်က ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်စွမ်းရှိသည့်အတွက် ဧကရာဇ်နှင့် ထာဝရဧကရာဇ်များအပါအဝင် သူတို့၏ ဝိညာဉ်၊ စိတ်နှင့် စိတ်ဝိညာဉ်တို့ ကြီးထွားမှုမှ အကျိုးအမြတ် ရရှိလိုက်သည်။

ဝမ်ဝေ့က ဆန်စပါးကို ကမ္ဘာ့အရင်းအမြစ်ကို အသုံးပြု၍ စိုက်ပျိုးထားခြင်းဖြစ်ကာ ဤပွဲအခမ်းအနားက မည်မျှပင် ကြီးကျယ်ခမ်းနားကြောင်း ပြသနေသည်။ စားသုံးပြီးသည့်နောက်တွင် လူများစွာက အကောင်းဆုံးအခြေအနေတွင် ရောက်ရှိသွားလိမ့်မည်။ ဟောပြောပို့ချချက် သို့မဟုတ် တိုက်ပွဲများက စိတ်အခြေအနေ၊ စိတ်အနေအထားနှင့် အတိတ်အတွေ့အကြုံများကြောင့် သက်ရောက်ခံရလေ့ရှိသည်။ ထိုထမင်းက တစ်စုံတစ်ယောက်အား သူတို့၏ အကောင်းဆုံးအနေအထားသို့ ရောက်ရှိသွားစေနိုင်သည်။

အရင်ဆုံး ထမင်းကို အရင်စားပြီးတော့ ဟင်းသီးဟင်းရွက်ကို စား၊ ပြီးရင် သေရည်နှစ်ငုံ သောက်ပြီးတော့ အသားကိုတော့ ချန်ထားခဲ့။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က တောင့်မခံနိုင်လောက်ဘူး။

ဝမ်ဝေ့က သွမ့်ယုကို ဆက်သွယ်ကာ ပြောလိုက်သည်။ သူက ထိုလူအိုကြီး၏ အစားအစာကို ကိုယ်တိုင်ပြင်ဆင်ပေးထားပြီး ပွဲအခမ်းအနားတွင် သူ့ကန့်သတ်ချက်ရှိသည့် သက်တမ်းဖြင့် အသက်ရှင်သန်နိုင်အောင် လုပ်ဆောင်ပေးထားသည်။

ကျုပ် နားလည်ပါပြီ။ အရှင့်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်

သွမ့်ယုက ပြန်ဖြေလိုက်သည်။ အသားကိုမူ သူ့မျိုးဆက်များအတွက် ချန်ထားလိုက်၏။ သို့သော် သူ့တစ်စိတ်တစ်ပိုင်းကမူ ထိုအရာကို မလိုလားပေ။ သူ ပြန်လည်ဝင်စားပြီးမှ စားသုံးဖို့ရာအထိ စောင့်ဆိုင်းလို၏။ သို့သော် ထိုမသိတတ်သည့် ကောင်စုတ်များက သူ့အတွက် ထိန်းသိမ်းထားနိုင်မည်လား မသိရပေ။ ပို၍အရေးကြီးသည်က တခြားသော မျိုးနွယ်များက ဤသို့ အဖိုးတန်ပစ္စည်းမျိုး သိုလှောင်ထားသူကို သိပါက သူ့မျိုးနွယ်ကို တိုက်ခိုက်လာနိုင်သည်။

“ဇနီးလေး” ဝမ်ထျန်းက ရေရွတ်လိုက်သည်။

“ကျွန်မရဲ့ ဝေစုကို လာမတောင်းနဲ့”

“မတောင်းပါဘူးကွာ” ဝမ်ထျန်းက ဆွံ့အစွာ ပြောလိုက်သည်။

“အဲဒါဆို ဘာလဲ”

“ဒါနဲ့ နောက်ကျရင် ကိုယ်တို့တွေ ပွဲအခမ်းအနားကို ဘယ်လိုကျင်းပရတော့မှာလဲ”

ယုယန်က ထိုမေးခွန်းကို ကြားကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“ကျွန်မလည်း အဲ့ကိစ္စကို တွေးနေတာ။ အခုကစပြီး ပြင်ဆင်တာ ပိုကောင်းမယ်လို့ ထင်တယ်”

သူမ လုပ်နိုင်သည့်အရာက သူတို့နောက်မှ ဧကရာဇ်များ၏ ဆိုးရွားမှုကို ရယ်မောရုံသာ ဖြစ်သည်။ သူမအနေနှင့် ထိုသူတို့က ပွဲအခမ်းအနားကို ဤအနေအထားအထိ ကျင်းပဖို့ ကြိုးစားပြီး ဆိုးဆိုးရွားရွားကျရှုံးသွားသည်ကို မြင်တွေ့လို၏။

“အဲဒီကောင်စုတ်လေးက ဘယ်လို လွန်လွန်ကျူးကျူး လုပ်ရမယ်ဆိုတာကို သိတာပဲ” ဝမ်ထျန်းက ပြောလိုက်သည်။

“တော်သေးတယ်။ သူက ရိုးရှင်းတဲ့ တာအိုလက်တွဲဖော် အခမ်းအနားကိုပဲ လိုချင်ခဲ့လို့”

“ဟုတ်တယ်”

ဝမ်ဝေ့က အားလုံးစားသုံးပြီးသည်အထိ စောင့်ဆိုင်းနေသည်။ လူများစွာက သူတို့ကိုယ်တိုင် အဆင့်တက်လှမ်းမှုနှ ရှိကြသလို တပည့်များကို အစားအစာ ချေဖျက်နိုင်အောင် ကူညီပေးနေကြသည်။ ချိုက်စုန့်၊ ကျင်းမုန်ယောင်နှင့် လီဝမ်လင်းတို့ကလည်း သူတို့ကို ကူညီပေးမည့် တခြားသူများ ရှိလေသည်။ သူက လက်ကိုဝှေ့ကာ အဖန်ရည်ကို ဆင့်ခေါ်ကာ ထုတ်လိုက်၏။

“ဒါက လောကသစ်ပင်ရဲ့ ပွင့်ချပ်နဲ့အတူ ဗောဓိသစ်ပင်ကို  ကျိုချက်ထားတဲ့ ဉာဏ်အလင်းပွင့်အဖန်ရည်ပဲ”

လူများစွာက အံ့အားသင့်သွားကြ၏။ ဗောဓိသစ်ပင်က နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် သက်ရောက်မှုမျိုးအတွက် နာမည်ကျော်ကြားသလို ကျင့်ကြံသူတစ်ယောက်အား ဉာဏ်အလင်းပွင့်သည့် အနေအထားသို့ ဝင်ရောက်သွားစေနိုင်သည်။ ထိုစဉ် လောကသစ်ပင်၏ ပွင့်ချပ်ကမူ လောကတစ်ခုပါဝင်နေပြီး ယခုအခါ ထိုအဖန်ရည်အတွက် အကူပစ္စည်းတစ်ခုအနေဖြင့် အသုံးပြုခံထားရသည်။

ဤပွဲအခမ်းအနားက အလျှံအပယ်ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းနေသည်။

All Chapters