← Chapters

တာအိုပွဲအခမ်းအနား - ဟောပြောပို့ချခြင်း

Vol. 85 Ch. 1185

တာအိုပွဲအခမ်းအနား - ဟောပြောပို့ချခြင်း

Vol. 85 Ch. 1185

“ဒါက နှမြောစရာပဲ” ယန်းလီလင်းက လီကျွင်းဘေးတွင်  ထိုင်ရင်း ညည်းတွားလိုက်သည်။

“ဒီပစ္စည်းတွေကို ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်း ဒါမှမဟုတ် အထောက်အပံ့အနေနဲ့သာ သုံးမယ်ဆိုရင် ပိုပြီးတော့ကောင်းမှာ”

“ဒါပေမဲ့ ပွဲအခမ်းအနားမှာ လူတွေကို ဆေးလုံးကျွေးလို့ မဖြစ်ဘူးလေ” လီကျွင်းက စုအိုက်၏ ဗိုက်ပေါ် ဘယ်ဖက်လက် တင်ရင်း သန္ဓေသားလေးအား ရှားပါးကာ အဖိုးတန်သည့် အရင်းအမြစ်အားလုံးကို စုပ်ယူနိုင်ဖို့ ကူညီပေးလိုက်သည်။

“ဘာလို့ မလုပ်နိုင်ရမှာလဲ။ ကျွန်မအလှည့်ကျတာနဲ့ အကောင်းဆုံး ဆေးတွေကို တိုက်မယ်” ယန်းလီလင်းက ပြန်ပြောလိုက်သည်။

“အင်း အဲ့လိုလည်း အလုပ်ဖြစ်လောက်ပါတယ်။ ကိုယ်လည်း မြေအောက်လောကက အရသာရှိတာတွေကို ပြင်ဆင်ထားသင့်တယ်လို့ ထင်လား”

“အင်း အဲ့လိုလုပ်သင့်တယ်”

“မင်း ပြောတာ ဟုတ်တယ်”

ယန်းလီလင်း၊ လီကျွင်းနှင့် ဝမ်ဝေ့တို့၏ မိဘများကသာ ပွဲအခမ်းအနားကို မည်သို့ထူးကဲအောင် လုပ်ရမလဲ တွေးနေကြခြင်း မဟုတ်ပေ။ ဧည့်သည့်နေရာတွင် ထိုင်နေသည့် စုယာကလည်း တူညီသည့် အတွေးမျိုး ရှိ၏။ သူမ၏ ချီယွီလျှို့ချင်တာအိုအပေါ် အခြေခံထားပြီး တာအိုနှလုံးသားကို ကုစားနိုင်သည့် သီးသန့်အရာတစ်ခုကို ပြင်ဆင်ဖို့ တွေးလိုက်မိသည်။

တိကျားယင်၏ အတွေးကမူ ပိုမိုပြင်းထန်၏။ သူမက သူမ၏ ပွဲအခမ်းအနားကို တက်ရောက်သည့်သူများအတွက် တန်ကြေးတစ်ခု ပေးခိုင်းဖို့ရာ တွေးနေသည်။ သူမက ထိုအရာသည် ဖြစ်နိုင်သည်မှန်း သဘောပေါက်သွားလေ၏။ သို့သော် ဆွဲဆောင်အားတော့ ကောင်းရပေမည်။

ချိုက်စုန့်ကလည်း သူမ၏ ခေတ်ကာလတွင် ပွဲအခမ်းအနားကို မည်သို့ကျင်းပရမလဲ စဉ်းစားနေလေ၏။ အကယ်၍ သူမသာ လုပ်ပါက ထိုသူများကို သီးသန့်ရုပ်သေးရုပ်များကို လက်ဆောင်အဖြစ် ပေးရမည်လား။

သို့သော် ထိုသို့သော သီးသန့်ရုပ်သေးရုပ်က ဘယ်လိုအမျိုးအစားလဲ…

သူမက စိတ်တိုလာကာ အခြေအနေတစ်ခုလုံးသည် မည်မျှပင် ရှုပ်ထွေးမည်ဖြစ်ကြောင်း တွေးလိုက်မိသည်။ သို့သော်လည်း သူမက သူမခေတ်ကာလမှ ဧကရာဇ်များအတွက် သီးသန့်ရုပ်သေးရုပ်များကို ဖန်တီးပေးဖို့ အတွေးဖြင့် ပျော်ရွှင်လာမိသည်။

ကျင်းမုန်ယောင်ကလည်း ဂိုဏ်းက သူ့ပွဲအခမ်းအနားအတွက် ထောက်ပံ့ပေးမည်လား သို့မဟုတ် သူ့ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုကို အသုံးပြုရမည်လား စဉ်းစားနေသည်။ ယခုမှစ၍ လိုလိုမယ်မယ် ချမ်းသာကြွယ်ဝမှုကို စုဆောင်းဖို့ ဆုံးဖြတ်လိုက်၏။

အားလုံးက အစားအစာ ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က အဖန်ရည်ဖြင့် ဧည့်ခံခဲ့သည်။ အားလုံးကို စားသုံးပြီးသွားသည်နှင့် သူက ကောင်းကင်ကို လက်ညှိုးထိုးလိုက်ပြီး အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ကာ အစီအရင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

တကယ်ကို အချိန်တာအိုကို ပြောင်မြောက်တဲ့ နည်းလမ်းနဲ့ သုံးသွားတာပဲ…

ရှုရှစ်က တွေးလိုက်မိသည်။ သူမက ဤရွယ်တူများကဲ့သို့ ဤသို့သော ပွဲအခမ်းအနားမျိုးကို ကျင်းပဖို့ရာ အခွင့်အရေး မရှိသည့်အတွက် အနည်းငယ် အားကျနေမိ၏။ အနည်းဆုံးတော့ ကောင်းကင်ဧကရာဇ်အနေဖြင့် မဟုတ်ပေ။ သို့သော်လည်း သူမက ထိုစိတ်ခံစားချက်များမှ အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

သူမသာ အလိုရှိပါက သူမသည် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်သည်။ သို့သော်လည်း သူမက အကြောင်းအရင်းများစွာကြောင့် မလုပ်ဆောင်ခဲ့ပေ။ ပထမဦးစွာ သူမသည် အသင်္ချေအင်ပါယာကမ္ဘာ၏ နယ်မြေခံ အဆင့်အတန်းကို မစွန့်ပယ်လိုပေ။

ဒုတိယအနေဖြင့် သူမက တခြားသော ကမ္ဘာများ၏ ရာထူးက အသင်္ချေအင်ပါယာကမ္ဘာထက် အသုံးမဝင်သလို အရေးပါမှု နည်းပါးသည်ဟု မြင်သည်။ သူမ၏ အမြင်တွင် သူတို့၏ မွေးရပ်မြေမှ ကောင်းကင်ဧကရာဇ်ကသာ အစစ်အမှန် ဧကရာဇ်ဖြစ်ပြီး တခြားသူများက လိုက်လံအတုခိုးထားခြင်းသာ ဖြစ်သည်။ အကယ်၍ သူမက မူလအရာကို မရနိုင်ပါက တခြားအရာများကို မလိုချင်ပေ။

ထို့အပြင် ဝမ်ဝေ့၏ ခုံရုံးထဲတွင် အလုပ်လုပ်သည့်အတွက် ရရှိသည့် အကျိုးအမြတ်က တခြားနေရာတွင် ကောင်းကင်ဧကရာဇ်ဖြစ်ခြင်းထက် ပိုမိုများပြား၏။ ထုံရို့ပင်းက ဤအရာအတွက် အကောင်းဆုံး သက်သေ ဖြစ်ပေသည်။ အကယ်၍ ဝမ်ဝေ့နှင့် မဟာမိတ်ကြောင့်သာ မဟုတ်လျှင် သူမက သူမကိုယ်ပိုင်ခုံရုံး စတင်ခဲ့သည့်အတွက် နောင်တရသွားလောက်၏။

ရှုရှစ်က ခေါင်းအသာယမ်းပြီး မလိုလားအပ်သည့် အတွေးများကို ဖယ်ရှားကာ ပွဲအခမ်းအနားကို အာရုံစိုက်ထားလိုက်သည်။

“ဒီပွဲအခမ်းအနားကို မျှော်လင့်နေတာ ကြာလှပြီ။ အပြင်ဘက်မှာ အရမ်းကြီး မကြာအောင် ဒီနေရာက အချိန်ကို မြှင့်တင်လိုက်တယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ သူက လူတချို့သည် သူ့အနေဖြင့် ဤပွဲအခမ်းအနားကို စုစည်းပြီး သူတို့အားလုံးကို သတ်ဖို့ ကြံစည်နေတာလားဟု အတွေးများကိုပင် ခံစားမိလိုက်၏။

ငါသာ ဒိုင်မေးရှင်းအနိမ့်က မသေမျိုးအားလုံးကို သတ်ချင်တယ်ဆိုရင် ဘယ်လောက်ထိ လုပ်ဖို့လိုပါ့မလား…

ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်၏။ သူက ပြဿနာမရှိအောင် နောက်ဆုံးအနေနှင့် သေချာစစ်ဆေးလိုက်သည်။ သူက မသမာသည့် အတွေးများရှိထားသည့်သူကိုလည်း ကာကွယ်တားဆီးဖို့ စစ်ဆေးကြည့်လိုက်သည်။ သူက ဂိုဏ်း၏ သေမျိုးတပည့်များနှင့် အကြီးအကဲများကိုပင် စစ်ဆေးကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက အိပ်မက်လောက၏ တိုက်ရိုက်ထုတ်လွှတ်နေမှုကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် ဝမ်ဝေ့က သူ့စွမ်းအားများ ပါဝင်နေသည့် ကာကွယ်ရေးအလွှာကို ချကာ အဆုံးမဲ့လေဟာနယ်ထောင့်တိုင်းတွင် ထားရှိပြီး မည်သူကမှ ဤအခမ်းအနားကို ဝင်ရောက်မစွက်ဖက်နိုင်အောင် တားဆီးလိုက်သည်။

“ဒီမှာ စည်းမျဉ်းတွေ ရှိတယ်” သူက ကြေညာလိုက်သည်။

“ဟောပြောပို့ချချက်က သုံးနှစ်ကနေ နှစ်သုံးထောင်ကြားမှာ ရှိလိမ့်မယ်။ ပြီးတော့ အနားယူချိန်က သုံးနှစ်ကနေ နှစ်သုံးရာအတွင်း ဘယ်လောက်ကြာမလဲဆိုတာကိုတော့ မင်းတို့ဖွဲ့စည်းထားတဲ့ တာအိုစည်းချက်အလိုက် မိုးမြေက ဆုံးဖြတ်ပေးလိမ့်မယ်။”

အားလုံးက သတိကြီးကြီး ထားလာကြသည်။ ဤသို့သော အခမ်းအနားမျိုးတွင် ဒိုင်မေးရှင်းအနိမ့်၏ အားအကောင်းဆုံးနှင့် လွှမ်းမိုးမှုရှိသည့်သူများဖြင့် အချိန်တို ဟောပြောပို့ချချက်ရှိခြင်းထက် မျက်နှာပျက်ဖို့ ကောင်းသည့်အရာ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင်ရှိနေသည့်သူများက ထိပ်တန်းထဲမှ ထိပ်တန်းများသာ ဖြစ်သည့်အတွက် သူတို့က ကိုယ်ပိုင်မာနနှင့် ဂုဏ်သိက္ခာတို့ကို ကိုင်ဆောင်ထားကြသည်။ သို့သော်လည်း သူတို့က စည်းမျဉ်းများနှင့် ပတ်သက်ပြီး လုပ်နိုင်သည့်အရာ မရှိကြပေ။ သူတို့က သူတို့၏ ဟောပြောပို့ချချက်သည် မနိမ့်ကျဖို့ရာသာ ဆုတောင်းနေကြ၏။

“အခု ထာဝရ (အင်မော်တယ်)လမ်းစဉ်နဲ့ စတင်မယ်။ ပထမဦးဆုံး ဟောပြောပို့ချသူတစ်ထောင်က သာမန်ပဲ။ အဲဒီနောက်မှာ ဓားသမားတစ်ထောင်။ အဲဒီရဲ့နောက်မှာ ကျွမ်းကျင်အတတ်ပညာ တစ်ထောင်။ ဒီပုံစံအတိုင်း သွားမယ်။ ပထမကျွမ်းကျင်အတတ်ပညာက ဆေးဝါးပညာရှင်တွေ ဖြစ်လိမ့်မယ်။ တကယ်လို့  ထာဝရလမ်းစဉ်ဘက်က ဆေးဝါးပညာရှင်တွေ မရှိတော့ဘူးဆိုရင် အစီအရင်ဆရာ၊ လက်နက်ပြုလုပ်သူ၊ အဆောင်သန့်စင်သူနဲ့ ရုပ်သေးဆရာတို့ ဖြစ်လိမ့်မယ်”

လူများစွာက ဓားသမားများသည် သူတို့၏ ကိုယ်ပိုင်ကဏ္ဍ ရှိသည့်အတွက် မပျော်ရွှင်ကြတော့ပေ။ သို့သော်လည်း ဝမ်ဝေ့က ဂရုမစိုက်ပေ။ ဓားရေးက နာမည်အကျော်ကြားဆုံး လက်နက်တာအိုတစ်ခုဖြစ်ကာ သူတို့၏ လူဦးရေက တခြားသူများနှင့် ယှဉ်လိုက်လျှင် များပြားလွန်း၏။ လက်နက်ကြောင့် အားအကောင်းဆုံးဖြစ်နေရုံသာမက သမိုင်းကြောင်းတစ်လျှောက်၌ တာအိုကို မြင့်မားသည့်အဆင့်အဖြစ် ပြောင်းလဲကာ ပေါ်ထွက်လာဖူးသည့် ဓားသမားများစွာ ရှိနေ၍ဖြစ်သည်။

ငါ့အလှည့်ကျရင် လှံကိုလည်း သူ့ကိုယ်ပိုင်ကဏ္ဍနဲ့သူ လုပ်ပေးမယ်။ အဲ့လိုဖြစ်ဖို့ သေချာအောင်လုပ်ရမယ်…

 ကျင်းမုန်ယောင်က သေချာတွေးတောလိုက်သည်။

ဝမ်ဝေ့က လက်ကိုဝှေ့ပြီးသည့်နောက်တွင် ထာဝရ ကျင့်ကြံသူအရေအတွက်ကို နေရာချထားလိုက်၏။

“ပထမဆုံးနှင့် နောက်ဆုံးဟောပြောပို့ချမဲ့သူကိုပဲ ငါက ရွေးပေးမှာ။ ဒါပေမဲ့ ကျန်တဲ့သူတွေကို ကြုံရာကျပန်း ရွေးပေးလိမ့်မယ်။ မင်းတို့ရဲ့ အလှည့်ကျတယ်ဆိုရင် စိတ်ထဲမှာ သတင်းစကားကို လက်ခံရရှိလိမ့်မယ်။ အခု အနီရောင်ပင်လယ်ကမ္ဘာက အင်မော်တယ် ကျင်းယဲ့နဲ့ စလိုက်ရအောင်”

ထိုပညာရှင်ပုံစံနှင့်တူသည့် လူလတ်အရွယ် အမျိုးသားဝန်းကျင်တွင် တိမ်တိုက်များ စုဝေးလာကာ သူ့အား ကောင်းကင်အထက် ငါးမီတာအထိ မြင့်တက်လာစေသည်။ သူက ဝမ်ဝေ့ကို ဦးညွှတ်ပြီးသည့်နောက်တွင် စတင်ဟောပြောပို့ချ၏။

“အဆီအနှစ်၊ စိတ်ဝိညာဉ်၊ ချီ ဒါတွေအားလုံးက ရှင်သန်မှုနဲ့ ကျင့်ကြံရေးအတွက် အနှစ်သာရပဲ။ အင်မော်တယ်လမ်းစဉ်ကို ချီလမ်းစဉ်လို့လည်း ခေါ်တယ်။ ချီက တခြားအရာတွေကို လွှမ်းမိုးတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မှားယွင်းနေတယ်။ မိုးမြေဆိုတာက မျှခြေသဘောတရားကို ကိုင်စွဲထားတယ်။ အဲဒါက ချီလမ်းစဉ်အတွက်လည်း အတူတူပဲ။ တစ်ခုတည်းသော ကွဲပြားချက်က ကျုပ်တို့တွေက ချီကို ပင်မအရင်းအမြစ်အနေနဲ့ သုံးပြီးတော့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်(အဆီအနှစ်)နဲ့ စိတ်ဝိညာဉ် (စိတ် ဒါမှမဟုတ် ဝိညာဉ်)ကို အားဖြည့်ကြရတယ်။ ဒါက…”

ကျင်းယဲ့၏ စကားများက တောင်တစ်လျှောက် ပျံ့နှံ့သွားလေသည်။ ကောင်းကင်အထက် တာအိုစည်းချက်များ ထွက်ပေါ်လာ၏။ ဉာဏ်အလင်းပွင့်အဖန်ရည်၏ စွမ်းအားနှင့် ပွဲအခမ်းအနား၏ ကောင်းချီးနည်းလမ်းများစွာက တာအိုစည်းချက်များဖြင့် အတူတကွ ပေါင်းစည်းသွားကာ လူများ၏ စိတ်ထဲ ဝင်ရောက်ပြီး ဉာဏ်အလင်းပွင့်အခြေအနေကို ဝင်ရောက်သွားစေသည်။ ယခင်က သူတို့၏ သာမန်ကျင့်ကြံရေးက နှေးကွေးကာ တုံ့ဆိုင်းနေခဲ့သော်လည်း ယခုအခါ ကျင့်ကြံရခြင်းက ပျော်ရွှင်ဖို့ကောင်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။

အားလုံးက ထိုဟောပြောပို့ချချက်ထဲ နစ်မြောသွားကြ၏။ ထိုသူက သီးသန့်တာအိုကို ဆွေးနွေးသွားခြင်း မရှိသော်လည်း လက်ရှိတွင် ရှိနေသည့်သူအားလုံးအပေါ် သက်ရောက်မှု ရှိလေသည်။ အထူးသဖြင့် အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီကြားမှ မျှခြေ ထိန်းသိမ်းဖို့အကြောင်း ပြောသွားခြင်း ဖြစ်၏။ ထိုဖြစ်စဉ်က နှစ် ၁၆၀၀ ကြာမြင့်ခဲ့ပြီး အနားယူဖို့အချိန်က နှစ် ၁၆၀ ကြာမြင့်ခဲ့သည်။

အားလုံးက နိုးထလာသည့်အခါ တိုတောင်းလွန်းသည်ဟု ခံစားမိ၏။ ဒိုင်မေးရှင်းအနိမ့်ရှိ ကျင့်ကြံရေး နှေးကွေးနေရသည့် အကြောင်းအရင်းတစ်ချက်က အတွေးအခေါ် ဖလှယ်ခြင်းနည်းပါး၍ ဖြစ်သည်။ ထို့ကြောင့် အိပ်မက်လောကက အောင်မြင်နေခြင်း ဖြစ်၏။ ဤပွဲအခမ်းအနားက တိုက်ရိုက်ချဉ်းကပ်ပြီး  အားလုံးကို အတူတကွပေါင်းစည်းကာ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှု၊ အာဏာနှင့် အင်အားစုဟူ၍ ကွဲပြားချက်မရှိဘဲ တာအိုဆွေးနွေးခွင့်ပြုခဲ့သည်။

ကျင်းယဲ့က သူ့ထိုင်ခုံဆီ ဖြည်းဖြည်းချင်း ကျရောက်လာကာ တိမ်တိုက်က တခြားတစ်ယောက်ကို ရွေးချယ်သွားခဲ့၏။ ကျင်းယဲ့ကို နမူနာအနေဖြင့် ထားကာ ထိုကျင့်ကြံသူများက သက်တောင့်သက်သာ ဖြစ်နေကြသည်။ သူတို့ကလည်း သူ့လောက် မကောင်းလျှင်ပင် သူ့လောက်နီးပါးလုပ်နိုင်မည်ဟု ခံစားချက်ရနေကြ၏။ သို့သော်လည်း သူတို့ရရှိလိုက်သည်ကား နေရခက်မှုသာ ဖြစ်သည်။

ဒုတိယဟောပြောပို့ချသူက နှစ် ၅၃၆နှစ် ကြာမြင့်ခဲ့ပြီး တတိယတစ်ယောက်က ၃၄၅ နှစ်ကြာမြင့်ခဲ့သည်။ စတုတ္ထတစ်ယောက်က ၉၉ နှစ် ကြာမြင့်ခဲ့ကာ ပဉ္စမတစ်ယောက်ကမူ သုံးနှစ်အထိ ရောက်ရှိသွားခဲ့၏။ ထိုကျင့်ကြံသူက မျက်နှာပူလွန်း၍ မျက်လုံးကိုပင် မဖွင့်နိုင်ဘဲ ဘာမှမကြားရအောင် အာရုံအားလုံးကို ပိတ်ဆို့ခဲ့သည်။

ပဉ္စမမြောက်ကျင့်ကြံသူအပြီးတွင် ကိစ္စများက ပိုမိုသိသိသာသာ ဆိုးရွားလာကြောင်း တွေးနိုင်သည်။ လူတချို့၏ ဟောပြောပို့ချချက်ကသာ ဂဏန်းသုံးလုံးအထိ ကြာရှည်၏။ တကယ်တော့ ကျင့်ကြံသူတစ်ထောင်အနက် သုံးနှစ်ကြာမြင့်ခဲ့သည့် လူနှစ်ရာကျော် ရှိလေသည်။ နှစ်တစ်ရာကျော်ကြာမြင့်ခဲ့သည့် လူ ၂၇ ယောက်ရှိပြီး မည်သူကမှ ကျင်းယဲ့ကဲ့သို့ ထောင်ဂဏန်းအထိ မရောက်ရှိကြပေ။

ဓားသမားနှင့် ကျွမ်းကျင်အတတ်ပညာရှင်များက ဟောပြောပို့ချနေစဉ် ထာဝရကျင့်ကြံသူများက နားလည်အောင် လုပ်တာကို ရပ်တန့်လိုက်ပြီး သူတို့၏ ဟောပြောပို့ချချက်ကို တိုးတက်အောင် လုပ်ပြီး မျက်နှာပူမှုကို ရှောင်လွှဲနိုင်ဖို့သာ မျှော်လင့်နေကြသည်။

All Chapters