← Chapters

တာအိုပွဲအခမ်းအနား - အဆင့်တက်လှမ်းခြင်း

Vol. 85 Ch. 1186

တာအိုပွဲအခမ်းအနား - အဆင့်တက်လှမ်းခြင်း

Vol. 85 Ch. 1186

ထာဝရလမ်းစဉ်ကဲ့သို့ ဓားသမားများကလည်း မျက်နှာပူနေကြသည်။ ထိုအကြောင်းအရာ၏ ဇစ်မြစ်ကမူ သူတို့သည် ဓားသမားတစ်ယောက်၏ အဓိကကဏ္ဍဖြစ်သည့် တာအိုကဏ္ဍကို ရှုံးနိမ့်သွား၍ ဖြစ်၏။ သူတို့က ယခင်စွမ်းဆောင်ရည်များနှင့် ဓားရေးနယ်ပယ်ကို အစားထိုးဖို့ အင်မော်တယ်ချီကို မှီခိုခဲ့ကြသည်။

ထိုဟာကွက် ရှိနေသော်လည်း ဓားသမားများသည် သူတို့ကိုယ်သူတို့ ဓားသမားအဖြစ် မှတ်ယူကာ ထိုစိတ်အနေအထားကို ထိန်းသိမ်းထားကြဆဲ ဖြစ်၏။ သူတို့၏ ထိုသို့သော စိတ်အနေအထားမျိုးဖြင့် ချီနှင့် စိတ်ကို လေ့ကျင့်ခဲ့ကြပြီး ပုံမှန် ထာဝရလမ်းစဉ် ကျင့်ကြံသူများထက် သာလွန်သည်ဟု ထင်နေကြသည်။ သို့သော်လည်း ဤပွဲအခမ်းအနားတွင် အမှန်တကယ် တောက်ပသူများက ထူးကဲသည့် ဓားချီ ရှိထားသည့် ဓားသမားများသာ ဖြစ်၏။

ဝမ်ဝေ့က ဟောပြောပို့ချမည့် အစီအစဉ်ကို ကြုံရာကျပန်းရွေးမည်ဟု ပြောခဲ့သော်လည်း အမှန်တကယ် ဤသို့ ဖြစ်နေခဲ့၏။ ဤသည်က ပွဲအခမ်းအနားကို ကျင်းပပြီး အောင်မြင်ဖို့ရာအတွက် ရည်ရွယ်ချက် ရေးဆွဲထားသည့် “လုပ်ဆောင်ချက်” တစ်ခုလိုမျိုး ဖြစ်၏။ ထို့ကြောင့် ထူးကဲသည့် ဓားသမားတချို့ကသာ အစောပိုင်းအနေအထားတွင် ဟောပြောပို့ချပြီး စံနှုန်းတချို့ကို ထားရှိခဲ့ကြသည်။ ထို့နောက် “လုပ်ဆောင်ချက်”က သက်ဝင်မှုကင်းမဲ့နေသည့် လုပ်ဆောင်ချက်ရှိသည့်သူများကို ကောက်ချက်ချကာ အရင်ရွေးထုတ်ခဲ့သည်။ ပထမတစ်သုတ်တွင် ထာဝရဦးသျှောင် မပါပေ။

ဓားသမားများ၏ ဟောပြောပို့ချသည့် ကဏ္ဍက ပထမဟောပြောရေးအသုတ်တွင် ရှိပြီး တချို့က သုံးနှစ်တာ ကြာမြင့်ကြသည်။

မျက်နှာပူဖွယ် နည်းဗျူဟာက အလုပ်ဖြစ်ခဲ့သည့်အတွက် ဤဖြစ်ရပ်အဆုံးတွင် အားနည်းသည့် ဟောပြောပို့ချချက် အချိန်များက ဂဏန်းတစ်လုံးအဖြစ် လျှော့ချခံလိုက်ရ၏။

ထာဝရလမ်းစဉ်မှ ဆေးဝါးပညာရှင်များ၏ အဓိကရည်ရွယ်ချက်က ယန်းလီလင်း၏ အင်မော်တယ်သင်္ကေတအပေါ် ဖြစ်သည်။ လူအားလုံးက သူတို့၏ နားလည်နိုင်စွမ်းနှင့် လှည့်ကွက်များကို ဖော်ထုတ်ခဲ့ကြ၏။ အသင်္ချေအင်ပါယာကမ္ဘာမှ လူများက ထိုအခွင့်အရေးကို သုံးကာ ကမ္ဘာကြီးအား ဤသည်မှာ ဒိုင်မေးရှင်းအနိမ့်ရှိ ဆေးဝါးပညာ၏ ဗဟိုချက်ဖြစ်နေကြောင်း ပြသခဲ့သည်။ ထိုခေတ်ကာလက သူတို့၏ အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်များကို ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့သော်လည်း ကံကောင်းစွာဖြင့် သူတို့က အချိန်မီပြုပြင်ကာ အပြောင်းအလဲ၏  စီးကြောင်းဖြင့် မြောပါမသွားခဲ့ပေ။

အကြိမ်ရေအနည်းငယ်ပြောဆိုပြီးသည့်နောက်တွင် နောက်ဆုံးသော ဆေးဝါးပညာရှင် အလှည့်ကျရောက်လာလေ၏။ မည်သူကမှ အာရုံစိုက်မနေစဉ် ယန်းလီလင်းကမူ ထူးဆန်းသည့် အရှိန်အဝါတချို့ ရှိလာသည်။ သူမရှေ့တွင် စာအုပ်တစ်အုပ် မြောလွင့်နေပြီး အချိန်ကြာလာသည်နှင့်အမျှ တာအိုစည်းချက်များက သူမ၏ ခန္ဓာကိုယ်နှင့် စာအုပ်အတွင်း ဝင်ရောက်လာသည်။

ရှေ့ပြေးပုံစံတော့ ပြီးသွားပြီ…

သူမက ဆေးလုံးဝိဇ္ဇာကျမ်း အသစ်ကို ကြည့်ရင်း တွေးလိုက်သည်။ သူမ၏ ဆေးလုံးသန့်စင်ခြင်း လမ်းစဉ်အသစ်က သူမ၏ ပါရမီကို ဗဟိုထားပြီး စိတ်ကို ဖတ်နိုင်စွမ်း ပေးထားသည်။ ထိုမှတဆင့် သူမက ပါဝင်ပစ္စည်းများအတွက် ဆေးလုံးအသိစိတ်ကို နိုးထနိုင်မည့် နည်းလမ်းကို ဖန်တီးခဲ့သည်။ အထူးသဖြင့် သူတို့စိတ်ဝိညာဉ် သို့မဟုတ် ဉာဏ်ပညာ ဖြစ်၏။ သို့သော်လည်း ထိုသို့သော အသိဉာဏ်မျိုးက ရည်ရွယ်ချက်တစ်ခုသာ ရှိပြီး ပိုမိုကောင်းမွန်သည့် ဆေးလုံး သန့်စင်နိုင်ဖို့အတွက်သာ ဖြစ်သည်။

နမူနာအနေဖြင့် သူမက ပါဝင်ပစ္စည်းသုံးခုရှိသည့် သွေးအားဖြည့်ရေးဆေးလုံးကို သန့်စင်မည်ဆိုလျှင် ထိုပါဝင်ပစ္စည်းအားလုံးက သူတို့၏ ဆေးလုံးအသိစိတ် နိုးထလာမည်ဖြစ်ကာ အသိစိတ် ဝင်လာလိမ့်မည်။ သို့သော်လည်း သူတို့၏ ရည်ရွယ်ချက်က တစ်ယောက်နှင့်တစ်ယောက် အလုပ်တွဲလုပ်ပြီး ယန်းလီလင်း သို့မဟုတ် ဆေးဝါးပညာရှင်ကို အကောင်းဆုံးဖော်စပ်နိုင်ဖို့ရာ ကူညီပေးဖို့ရာ ဖြစ်၏။

တစ်စုံတစ်ယောက်က ထိုနည်းစနစ်ကို ကျွမ်းကျင်သွားသည်နှင့် ပြီးပြည့်စုံသည့်အဆင့်အောက် ဆေးလုံးကို ဖော်စပ်ဖို့ရာ မဖြစ်နိုင်တော့ပေ။ အရည်အချင်းရှိသည့် ဆေးဝါးပညာရှင်၏ လက်ထဲတွင် ပြီးပြည့်စုံသည့် ဆေးလုံးများကို ဖော်စပ်ဖို့ အင်မတန် လွယ်ကူလှမည်။

နောက်အဆင့်က အရာအားလုံးကို သန့်စင်နိုင်တဲ့ မူလမီးတောက်ဆီကနေ လှုံ့ဆော်မှုတချို့ ရယူဖို့ပဲ…

ယန်းလီလင်းက တွေးလိုက်သည်။ သူမ၏ အတွေးက သူမသည် ဆေးဝါးပစ္စည်း မဟုတ်သည့်အရာများအပေါ် ဆေးလုံးအသိစိတ် နိုးထစေလျှင်ပင် ထိုအရာသည် သဘာဝကို ပြောင်းလဲကာ ဖြည်းဖြည်းချင်း ဆေးဝါးပစ္စည်း ဖြစ်လာလိမ့်မည်။

ဒါကို အောင်မြင်ဖို့ ငါ့အနေနဲ့ ကံကြမ္မာကောင်းတာအိုကို ထည့်ပေါင်းဖို့ လိုတယ်။ ဖန်ဆင်းခြင်းကတော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ ငါက ကောင်းကင်ဘုံအဆင့်ဖြစ်တာနဲ့ မဟာမြူစက်ဝန်းကို သုံးပြီးတော့ ထည့်လို့ရတယ်…

သူမက တခြားသော နည်းလမ်းများရှိနေသည့်အတွက် တားမြစ်ခံအဖြစ်ခံပြီး ကောင်းကင်ဘုံ၏ အမျက်ဒေါသကို နှိုးဆွနေစရာ မလိုအပ်ပေ။

အား ငါက ကိုယ့်ကိုယ်ကို အထင်ကြီးတာကိုး။ နောက်ထပ်ပြဿနာတချို့ရှိနေတယ်…

ယန်းလီလင်းက သူမဘာသာသူမ စိတ်ထိန်းချုပ်လိုက်ရသည်။ အင်မော်တယ်အဆင့် ပစ္စည်းများအတွက် ဆေးလုံးအသိစိတ်နိုးထဖို့ရာ ပြဿနာတချို့ရှိနေဆဲ ဖြစ်၏။ သူတို့က သူတို့ဆီ ချီးမြှင့်သည့် ကြမ္မာအပေါ် ခုခံနိုင်စွမ်းရှိကြသည်။ လက်ရှိအနေဖြင့် သူမက အင်မော်တယ်နှင့် တာအိုအဆင့်ပစ္စည်းများကို ထိန်းချုပ်ဖို့ရာအတွက် ပြဿနာမရှိပေ။ သို့သော် သူမ၏ အသိစိတ်ပင်လယ်၏ လှုံ့ဆော်မှုအပေါ် မူတည်၍ အားအနည်းဆုံး ဧကရာဇ်အဆင့် ဆေးပင်ကပင် သူမ၏ ထိန်းချုပ်မှုကို ဆန့်ကျင်လာနိုင်သည်။

ထိုအကြောင်းအရင်းကြောင့် သူမသည် ဤနည်းစနစ်၏ အပြောင်မြောက်ဆုံး ကဏ္ဍကို မကိုင်တွယ်နိုင်သေးပေ။ ယန်းလီလင်းက သူမ၏ ပါဝင်ပစ္စည်းများ အသိစိတ်ရလာသည်ကို ရိုးရိုးရှင်းရှင်း မလိုချင်ဘဲ သူတို့၏ ဆေးဝါးပညာအတွက် ပါရမီရှိမှုဖြင့် မွေးဖွားလာမှုမျိုး ဖြစ်စေလိုသည်။ ထို့အပြင် အသိဉာဏ်ဗဟုသုတများလည်း ရှိစေချင်၏။

ဆေးလုံးဝိဇ္ဇာကျမ်း၏ အဆင့်ကို ပြီးမြောက်ပြီးသည့်နောက် ဆေးလုံးများကို သန့်စင်ခြင်းက ပါဝင်ပစ္စည်းများက သူမလိုမျိုး ပါရမီထူးကဲလာမည်ဖြစ်ကာ သူမအား အကောင်းဆုံးဆေးလုံးကို ဖော်စပ်နိုင်ဖို့ ကူညီပေးလိမ့်မည်။ ထိုသို့သော အတွေးအခေါ်က ယုတ္တိ မတန်သော်လည်း ယန်းလီလင်းကမူ ဦးတည်ချက်တစ်ခု ရှိနေပြီဖြစ်၏။ ကံကြမ္မာတာအို ဖြစ်ပေသည်။ ပါဝင်ပစ္စည်းများ သူတို့၏ ဆေးဝါးအသိဉာဏ် နိုးထလာခြင်းဖြစ်စဉ်က သူမနှင့် မျှဝေထားမည့် ကံကြမ္မာ ရှိရမည်။ ထို့ကြောင့် သူတို့၏ ပါရမီနှင့် ဗဟုသုတများ ရရှိလာမည် ဖြစ်သည်။

တကယ်တော့ ဤသည်က ထိုကျမ်း၏ နောက်ဆုံးပုံစံ မရောက်သေးပေ။ ယန်းလီလင်း၏ စိတ်ကူးအရ ပါဝင်ပစ္စည်းများသည် သူမ၏ ဆေးဝါးပညာကို သာမက  တခြားလူများ၏ ဆေးဝါးပညာကိုပါ နိုးထလာစေလိမ့်မည်။ အကယ်၍ ဖြစ်နိုင်ပါက အစစ်အမှန်ကောင်းကင်တာအို၏ ဗဟုသုတများပင် အပါအဝင် ဖြစ်၏။ သို့သော်လည်း ထိုကဏ္ဍအတွက် သူမ၏ အစီအစဉ်က ဝေဝါးနေဆဲဖြစ်ကာ တခြားသော ဆေးဝါးပညာရှင်များကို အနိုင်ယူပြီး အချက်အလက်များကို စုစည်းကာ ကောင်းကင်တာအိုကိုပင် ထည့်ပေါင်းဖို့ လိုအပ်သည်။

သို့သော်လည်း ကံကြမ္မာတာအို အနည်းငယ်က ဤနည်းစနစ်ကို အိပ်မက်ဆိုး ဖြစ်သွားစေနိုင်သည်။

သူမက ထိုအရာပြီးမြောက်သွားသည်နှင့် လူဘယ်လောက် ကျင့်ကြံမည်ကို မတွေးနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူမက ထူးကဲသာလွန်မှုကို ရရှိဖို့ အရည်အချင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည့်အတွက် ပိုမိုယုံကြည်ချက် ရှိနေသည်။

ယန်းလီလင်းက သူမ၏ စိတ်အခြေအနေကို ထိန်းညှိပြီး အာရုံစိုက်လိုက်၏။ တခြားသော ကျွမ်းကျင်အတတ်ပညာရှင်များနှင့် ယှဉ်လိုက်လျှင် နောက်ထပ်ဟောပြောမည့် ဆေးဝါးပညာရှင် မရှိတော့သည့်အတွက် ဝမ်းနည်းမိသွားသည်။ သူမက တခြားသော လမ်းစဉ်များမှ ဆေးဝါးပညာရှင်များကို မျှော်လင့်စောင့်ဆိုင်းနေ၏။

ဟောပြောပို့ချချက်က ဆက်လက် ဟောပြောနေကြသည်။ သိပ်မကြာခင် နှစ်နှစ်ထောင်ရောက်ရှိနေသည့် ပထမဦးဆုံး ပေါ်ထွက်လာသည်။ ထိုသူက ထာဝရဦးသျှောင်တစ်ယောက် ဖြစ်နေခဲ့သည်။ ထိုသူက နှစ်နှစ်ထောင်ထိ ရောက်ရှိသွားသည်နှင့် တာအိုစည်းချက်များက တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်သွားကာ ဉာဏ်အလင်းပွင့်ဖြစ်စဉ်ကို ပိုမိုနက်ရှိုင်းသွားစေသည်။ တခြားနည်းဖြင့်ပြောရလျှင် ထိုအရာက လူများအား နားလည်ဖို့ ပိုမိုလွယ်ကူလာစေ၏။

တခြားသောသူများက ထိုဟောပြောပို့ချချက်ကို နားထောင်နေကြစဉ် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးဖြစ်သည့် ထာဝရဦးသျှောင်ကမူ မပျော်ရွှင်ပေ။ သူမက နှစ်သုံးထောင်အပြည့်အဝ မရောက်သည့်အတွက် ဆုံးရှုံးမှုတစ်ခုဟုပင် ခံစားနေရ၏။ ပြောရလျှင် သူမက အဆင့်(၁၁)ဖြစ်သည် မဟုတ်ပါလော။ နှမြောဖို့ကောင်းလှသည်က သူမ၏ ဗဟုသုတများသည် ကန့်သတ်ခံထားရ၏။ ပြောရမည်ဆိုလျှင် သူမသည် တစ်ဘဝလုံး ဒိုင်မေးရှင်းအနိမ့်တွင်သာ ကုန်ဆုံးခဲ့ရသည်။ သူမနှင့် တခြားသော ထာဝရဦးသျှောင်များက သူတို့အဆင့်အနေအထားသည် မည်သည့်အရာကို တကယ် တတ်စွမ်းနိုင်ကြောင်း မသိကြပေ။

ဟောပြောပို့ချချက်က ဆက်လက် ဖြစ်တည်နေပြီး ထိုအမျိုးသမီးက သူမ လမ်းစဉ်ထဲမှ အကောင်းဆုံးဖြစ်ကြောင်း သက်သေပြသွားနိုင်ခဲ့သည်။ ထာဝရဦးသျှောင် အများစုက နှစ် ၁၅၀၀မှ နှစ်၂၀၀၀ထိ ရှိကြပြီး အကောင်းဆုံးက အဆောင်ပြုလုပ်သူတစ်ယောက် ၂၀၉၇ နှစ်အထိ ဟောပြောခဲ့သည်။ ထို့နောက် နောက်ဆုံးသော ဟောပြောပို့ချမည့်လူကို ဝမ်ဝေ့က သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ လိပ်ဘုရင်ကို ရွေးချယ်ခဲ့၏။

လိပ်ဘုရင်က ဒိုင်မေးရှင်းအနိမ့်တွင် အသက်အကြီးဆုံးဖြစ်ကာ သက်တမ်းအရင့်ဆုံး ထာဝရလမ်းစဉ် ကျင့်ကြံသူလည်း ဖြစ်ပေသည်။ ဝမ်ဝေ့အပါအဝင် လူများစွာက သူ၏ ဟောပြောပို့ချချက်ကို စောင့်မျှော်နေကြ၏။ သူကလည်း သူတို့ကို စိတ်မပျက်စေပေ။ လိပ်ဘုရင်က တကယ့်ခန္ဓာကိုယ်ဖြင့် ပေါ်ထွက်မလာနိုင်သည့်အတွက် လူသားအသွင်ယူဖို့လည်း ငြင်းဆန်ခဲ့သည်။ ထိုအစား သူက လူသားကိုယ်ပွားကို ဖန်တီးပြီး စိတ်လွှတ်လိုက်သည်။

သူ့ဟောပြောပို့ချချက်က ၂၉၀၇ နှစ် ကြာမြင့်ခဲ့သည်။ ပွဲအခမ်းအနားစတင်ကတည်းက အပြင်းထန်ဆုံး တာအိုစည်းချက်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ဤသည်က သူ့ဟောပြောပို့ချချက်၏ အံ့ဩဖို့အကောင်းဆုံး အစိတ်အပိုင်း မဟုတ်သေးပေ။ လိပ်ဘုရင်က ထူးကဲသည့် ချီကို ဖွဲ့စည်းနိုင်ခြင်းသည် တိုက်ခိုက်စွမ်းရည် ၃၀ရာခိုင်နှုန်းကို တိုးမြှင့်ပေးနိုင်သည့် သီးသန့်ကျင့်စဉ် တစ်ခုအကြောင်း ဆွေးနွေးသွားလေ၏။ ထိုအားဖြည့်မှုက မဟာတာအိုအားဖြည့်မှု မဟုတ်ဘဲ ထိုနည်းစနစ်မျိုးက လက်ရည်တူနေသည့် ပြိုင်ဘက်အပေါ်တွင် အနိုင်ရရှိမှု ပေးစွမ်းနိုင်သည့်အတွက် အင်မတန် အဖိုးတန်ပေသည်။

ထိုနည်းစနစ်၏ အံ့ဩဖို့ အကောင်းဆုံးကဏ္ဍက စွယ်စုံသုံးနိုင်ခြင်း ဖြစ်၏။ ဝိညာဉ်လမ်းစဉ် လူများက ထူးကဲသည့် ဝိညာဉ်ချီ သို့မဟုတ် နတ်ဘုရားချီကို ဖွဲ့စည်းနိုင်ကြပြီး တာအိုဘိုးဘေးများက အတွင်းကမ္ဘာကြီးကို ဖွဲ့စည်းနိုင်ကြသည်။ ကောင်းကင်ဘုရင်များက ဘုရင်ချီကို ဖွဲ့စည်းနိုင်ပြီး ဧကရာဇ်များက သူတို့၏ကိုယ်ပိုင် ဧကရာဇ်ချီ ရှိကြသည်။

လိပ်ဘုရင်၏ ဟောပြောပို့ချချက်က ပထမဦးဆုံးပွဲ၏ အဓိကမီးမောင်းထိုးပြမှု ဖြစ်လာခဲ့သည့်အတွက် သိုင်းပညာအုပ်စိုးသူကမ္ဘာမှ သိုင်းပညာရှင်များက အလွန်အမင်းပျော်ရွှင်ကာ ဂုဏ်ယူနေကြ၏။ ထိုသိုင်းပညာရှင်များက ကြီးကျယ်ခမ်းနားသည့် အခမ်းအနားကြောင့်သာ မဟုတ်လျှင် ပျော်ပွဲရွှင်ပွဲ ကျင်းပပြီးလောက်လေပြီ။

အားလုံးက ထိုဟောပြောပို့ချချက်ကို နားလည်အောင် ကြိုးစားရင်း ဝိညာဉ်ကဏ္ဍ အလှည့်ကျရောက်လာသည်။ သူတို့၏ လမ်းစဉ်က တာအိုလမ်းစဉ်ဖြင့် ယှဉ်နိုင်လေ၏။ ပြောရမည်ဆိုလျှင် သူတို့က တာအိုတစ်ခုချင်းစီ မကျင့်ကြံသည့်အချက်ကို ပြောင်းလဲထားခြင်း မရှိပေ။ ကောင်းကင်ဘုရင်ရှိသည့် ကံကောင်းမှု ကဏ္ဍမှလူများကမူ လူအရေအတွက် အနည်းပါးဆုံးဖြစ်ပြီး နောက်အလှည့်ကျမည့် အုပ်စုလည်း ဖြစ်ပေသည်။ သို့သော်လည်း သူတို့က ကိုယ်ပိုင်တာအို ရှိကြ၏။ အနှစ်ချုပ်အားဖြင့် ကံကောင်းမှုလမ်းစဉ်က တာအိုလမ်းစဉ်၏ နောက်ပုံစံတစ်မျိုး ဖြစ်ပေသည်။ ကောင်းကင်ဘုရင်များက တိုင်းပြည်၏ ကံကောင်းမှုကို အသုံးပြုကာ မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ကိုင်စွဲကြသည်။ တာအိုဘိုးဘေးများကမူ အတွင်းကမ္ဘာကို အသုံးပြုကြ၏။

အကယ်၍ ကောင်းကင်ဘုရင်က သုံ့လီဖန်းလိုမျိုး သူတို့၏ တိုင်းပြည်နှင့် အသိစိတ်ပင်လယ်ကို ပေါင်းစည်းဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ပါက သို့မဟုတ် သူတို့က ခန္ဓာကိုယ်ကို ရွေးချယ်ခဲ့လျှင်ပင် သူတို့က အတွင်းကမ္ဘာ၏ နောက်ထပ် ပုံစံတစ်မျိုးကို ဖန်တီးနိုင်လိမ့်မည်။

All Chapters