← Chapters

တာအိုပွဲအခမ်းအနား - အဓိကဟောပြောသူများ

Vol. 85 Ch. 1187

တာအိုပွဲအခမ်းအနား - အဓိကဟောပြောသူများ

Vol. 85 Ch. 1187

ဝမ်ဝေ့က ဝိညာဉ်လမ်းစဉ်အတွက် နောက်ဆုံးသော ဟောပြောသူကို ဘယ်သူ့ ရွေးချယ်သင့်လဲ သိထားသည်။ ထိုအရာက တည်ထောင်သူက လျန့်ရှစ်ရှန်း ဖြစ်၏။ သို့သော်လည်း သူ့အနေဖြင့် ပထမဦးဆုံးလူကို ရွေးချယ်ဖို့ အတော်အတန် စဉ်းစားလိုက်ရသည်။ ပထမဦးဆုံး နတ်ဘုရားဘုရင်တချို့လည်း ရှိနေသည်။ အကောင်းဆုံးက အံ့ဖွယ်မျိုးနွယ်မှ ဖြစ်၏။ ထို့ကြောင့် သူက ထိုကဏ္ဍတွင် ထူးချွန်ပြောင်မြောက်သည့် စံနှုန်းရှိသော လူတစ်ယောက်ကို ရွေးချယ်လိုက်သည်။

ထိုဟောပြောပို့ချသူက ကောင်းမွန်စွာ လုပ်ဆောင်ခဲ့၏။ သူ့ဟောပြောပို့ချချက်က သူတို့၏ ကျွမ်းကျင်ရာဖြစ်သည့် ဝိညာဉ်အကြောင်း အဓိက ဖြစ်ပေသည်။ အနီရောင်သမုဒ္ဒရာအမည်ရှိ ငယ်ရွယ်သည့် အံ့ဖွယ်မျိုးနွယ်ဝင်က ကျင်းယဲ့၏ ပုံစံအတိုင်း လိုက်ပြောခဲ့သော်လည်း သူ့အဓိကဦးစားပေးက စိတ်ဝိညာဉ် ဖြစ်၏။ ထိုဟောပြောပို့ချချက်က နှစ်၂၁၀၀ ကြာမြင့်ခဲ့သည်။

ကျန်ရှိသည့် ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူများ ဟောပြောပို့ချချက်တွင် ဝိညာဉ်၊ ယုံကြည်ချက်၊ အံ့ဖွယ်စည်းမျဉ်းနှင့် အံ့ဖွယ်ဆန္ဒတို့ ပါဝင်၏။ လျန့်ရှစ်ရှန်းက သူတို့နတ်ဘုရားလမ်းစဉ်၏ စွမ်းအားကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ချက်ဖြင့် အံ့ဖွယ်စည်းမျဉ်းနှင့် အံ့ဖွယ်ဆန္ဒတို့ကို ဖွဲ့စည်းနိုင်သည့် ဆန့်ကျင်နည်းစနစ်တစ်ခုအကြောင်းကို ပြောခိုင်းခဲ့သည်။ ဝမ်ဝေ့၏ ဝိညာဉ်တာအိုကလည်း ထိုဟောပြောပို့ချချက်များမှ အကျိုးကျေးဇူးမြောက်များစွာ ရရှိလိုက်၏။

ဝိညာဉ်ကဏ္ဍက ပြီးဆုံးသွားဖို့ သိပ်မကြာလိုက်ပေ။ သူတို့က အတက်အကျရှိပြီး ထိုဖြစ်စဉ်ထဲတွင် ယုံကြည်မှုကို အသုံးပြုသည့် ဆေးဝါးပညာရှင်ပင် ပါဝင်သည်။ နောက်ဆုံးတွင် လျန့်ရှစ်ရှန်း၏ အလှည့်သို့ ကျရောက်လာ၏။

သူက သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူ့အဓိကရည်ရွယ်ချက်က နတ်ဘုရားလမ်းစဉ်ကို ဧကရာဇ်လမ်းစဉ်လိုမျိုး ကောင်းမွန်အောင် ချဲ့ထွင်ဖို့ ဖြစ်၏။ သို့သော်လည်း သူ ပထမဦးဆုံး နတ်ဘုရားဘုရင် ဖြစ်လာသည်နှင့် လက်တွေ့ကို သိလာခဲ့ကာ ထိုရည်မှန်းချက်က မဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သူက သူ့လမ်းစဉ်ကို ဖြန့်ဝေဖို့သာ အာရုံစိုက်ထားခဲ့သည်။ အနည်းဆုံးတော့ တာအိုလမ်းစဉ်လောက် ကောင်းရမည် ဖြစ်၏။

နှမြောဖို့ကောင်းလှစွာဖြင့် လူများစွာက နတ်ဘုရားဘုရင်ထက် တာအိုဘိုးဘေးဖြစ်ဖို့ရာသာ ရွေးချယ်ကြသည်။ လူတော်တော်များများက သူ့လမ်းစဉ်သည် နုနယ်သေးပြီး ယုံကြည်မှု စွမ်းအားအကန့်အသတ်ကြောင့် ရွေးချယ်မှု နည်းပါးကြ၏။ အကယ်၍ အဆုံးမဲ့လေဟာနယ်ထဲ ဝိညာဉ်မျိုးနွယ်ဖြင့်သာ ပူးပေါင်းဖို့သာ မဆုံးဖြတ်ခဲ့ပါက အခြေအနေသည် ပို၍ပင် ဆိုးရွားသွားနိုင်သည်။

လက်ရှိအခြေအနေကြောင့် လျန့်ရှစ်ရှန်းက အထက်ဘုံကို တက်လှမ်းရမည်လား သို့မဟုတ် ဒိုင်မေးရှင်းအနိမ့်တွင် ဆက်လက်နေ၍ သူ့လမ်းစဉ်ကို ဆက်လက်ချဲ့ထွင်ရမည်လား စဉ်းစားနေသည်။ သူက ဤနေရာတွင် နေဖို့ရာ ပို၍ အလေးသာနေမိ၏။

ဒီလောက်ထိ ဒီပွဲအခမ်းအနားက အဆင်ပြေနေခဲ့တာ။ ထာဝရလမ်းစဉ်လိုမျိုး အဆုံးသတ်ကို ကောင်းကောင်းအဆုံးသတ်ရတာပေါ့…

လျန့်ရှစ်ရှန်းက ဟောပြောပို့ချလိုက်သည်။ ဤလမ်းစဉ်၏ တည်ထောင်သူအနေဖြင့် သူက အနက်ရှိုင်းဆုံး ဟောပြောပို့ချချက်တို့ ပါရှိကာ နှစ်၂၈၀၀ ကြာမြင့်ခဲ့သည်။ သို့သော်လည်း သူတို့က လိပ်ဘုရင်လောက် သက်ရောက်မှုမရှိပေ။ လျန့်ရှစ်ရှန်းက နှမြောတသစွာ သက်ပြင်းချလိုက်၏။ သူက အကောင်းဆုံးလုပ်ခဲ့သော်လည်း မလုံလောက်ခဲ့ပေ။

နောက်ကဏ္ဍကမူ ကောင်းကင်ဘုရင်များအတွက် ကံကောင်းမှုကဏ္ဍအလှည့် ဖြစ်၏။ သူတို့၏ အရေအတွက် နည်းပါးမှုကြောင့် ရွေးချယ်ခံရခြင်း ဖြစ်သည်။ ဝမ်ဝေ့က သုံ့လီဖန်းကို ပထမဦးဆုံး ဟောပြောဖို့အနေဖြင့် ရွေးချယ်ထားသည်။ သူမက သေမျိုးတစ်ယောက်ဖြစ်နေသော်လည်း နှစ်၂၅၀၀ကြာ ဟောပြောခဲ့ပြီး သူမ၏ တာအိုသစ်ပင်က ခရမ်းရွှေရောင်ဖြစ်လုနီးပါးဖြစ်နေသည့် အကြောင်းအရင်းအား ကမ္ဘာကြီးကို ပြသခဲ့သည်။

ကံကောင်းမှုကဏ္ဍ၏ ဟောပြောချက်က ဤပွဲအခမ်းအနားအတွင်း မီးမောင်းထိုးပြမှုတစ်ခုဟု ယူဆနိုင်သည်။ သူတို့က မဟာတာအိုအရင်းအမြစ်နှင့် ကံကောင်းမှုအပေါ် နားလည်နိုင်စွမ်းအကြောင်း ဆွေးနွေးသွားခဲ့ကြ၏။ နောက်ဆုံးသော ပို့ချသူက နှစ်၂၇၀၀ ကြာမြင့်ခဲ့ကာ နောက်ထပ်ကဏ္ဍဖြစ်သည့် ယွမ်ထီဆီ အလှည့်ရောက်လာသည်။

ဝမ်ဝေ့က သူ့အနေဖြင့် ကောင်းကင်၊ ကမ္ဘာဦးနှင့် တာအိုစည်းမျဉ်းများကြားမှ ကွဲပြားခြားနားချက်ကို နားလည်ဖို့ လိုအပ်နေသေးသည့်အတွက် ဤကဏ္ဍကို အာရုံစိုက်ထားလေ၏။ သူက ဒိုင်မေးရှင်းအနိမ့်ရှိ ကမ္ဘာအားလုံးနှင့် အသိုက်အဝန်းများအားလုံးမှ စည်းမျဉ်းများကြားမှ ကွာဟချက်ကို မှတ်တမ်းတင်ကာ ထိုဖြစ်စဉ်အတွက် ရှေးဦးအုတ်မြစ်ကို တည်ဆောက်ထားခဲ့သည်။

ကောင်းကင်စည်းမျဉ်းက လက်ရှိလူများအတွက် ထူးကဲကာ အသစ်အဆန်း ဖြစ်၏။ သို့သော်လည်း ဤဟောပြောပို့ချချက်၏ မီးမောင်းထိုးပြမှုက မိုးမြေနှင့် သူတို့ကြားမှ နက်နက်နဲနဲ ဆက်နွယ်နေမှု ဖြစ်သည်။ ယွမ်ထီလမ်းစဉ်က ပင်ကိုသက်ရှိများ ဖန်တီးခဲ့သည့်အရာ ဖြစ်၏။ ထို့ကြောင့် သွေးမျိုးဆက် မသေနိုင်စွမ်း လမ်းစဉ်အဖြစ် ဖော်ညွှန်းနိုင်သည်။ ပင်ကိုနတ်ဆိုးနတ်ဘုရားများက သဘာဝကို ချစ်မြတ်နိုးပြီး  ရင်းနှီးမှုကြောင့် မိုးမြေကို မိခင်အဖြစ် မှတ်ယူထားကြသည်။

ဗလာခေတ်ကာလကို ကျော်ဖြတ်၍ ရှင်သန်လာသည့် မိသားစုဟောင်းများက ထိုကဏ္ဍကို လွှမ်းမိုးထားပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ ရှေးဟောင်းမျိုးနွယ်ကလည်း ဦးဆောင်သူ ရှိလေသည်။ နတ်ဆိုးမျိုးနွယ်ကလည်း ဤကဏ္ဍတွင် တည်ရှိမှုတစ်ခု ပြသလာသည်။ သို့သော် သူတို့က ထိုမျိုးနွယ်များမှ လွှမ်းမိုးခံလိုက်ရသည်။ ပွဲအခမ်းအနားက တာအိုကဏ္ဍတွင် အထွတ်အထိပ်သို့ စတင်ရောက်ရှိလာသည်။

သူ ကတိပေးထားသည့်အတိုင်း ဝိဇ္ဇာသွမ့်ယုက ပထမဦးဆုံး စတင်ခဲ့၏။ ယခုသူက သူ့ခန္ဓာကိုယ် ပျက်သုဉ်းသွားပြီဖြစ်ကာ ဝိညာဉ်သာ ကျန်ရှိတော့သည်။ သို့သော် သူ့ခန္ဓာကိုယ်မှ တော်ဝင်ဆန်မှုတို့ ထုတ်လွှတ်နေပြီး လူများကို အထင်သေးခြင်းမှ ကာကွယ်ထားသည်။

ဝိဇ္ဇာသွမ့်ယုက သူ့လက်ရေးလှ အတတ်ပညာအတွက် နာမည်ကျော်ကြားသော်လည်း သူ့ဟောပြောပို့ချချက်ထဲတွင် အတွေးအခေါ်မြောက်များစွာ ပါဝင်နေသည်။ ပထမဦးစွာ သူက အုပ်ချုပ်မှု နည်းလမ်းအကြောင်း ပြောခဲ့ကာ အင်အားစုတစ်ခုကို ကောင်းမွန်စွာ အုပ်ချုပ်ဖို့ရာ သင်ကြားပေးသည်။ ထို့နောက် သူက ဝိညာဉ်ဆိုင်ရာ လေ့ကျင့်မှုပုံစံနှင့်တူသည့် စိတ်ပိုင်းဆိုင်ရာအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ပန်းချီ၊ တေးဂီတနှင့် နောက်ဆုံး လက်ရေးလှအထိ ပြောခဲ့သည်။ သူ့ ဟောပြောပို့ချချက်က များစွာသော အကြောင်းအရာများ ပါဝင်နေသော်လည်း ဖရိုဖရဲ ဖြစ်မနေပေ။ ထိုအစား သူတို့က ခေါင်းစဉ်တစ်ခုတည်းအောက်မှာကဲ့သို့ ပြီးပြည့်စုံစွာ သင့်တော်နေ၏။

သွမ့်ယု၏ ဟောပြောပို့ချချက်က နှစ်နှစ်ထောင်ကြာမြင့်ခဲ့ပြီး သူက ဤနေရာတွင် ရှိဖို့ ထိုက်တန်ကြောင်း ပြသခဲ့သည်။

စိတ်ဝင်စားစရာပဲ…

ဝမ်ဝေ့က သွမ့်ယု ဖန်တီးထားသည့် တာအိုစည်းချက်များကို ကြည့်ရင်း တွေးလိုက်သည်။

 သူက တခြားသူတွေထက် ပိုပြီးတော့တောင် သက်ဝင်လှုပ်ရှားနေသေးတယ်။ ပြီးတော့ လူတွေရဲ့ နားလည်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးတယ်။ မိုးမြေက သူ့ရဲ့ သေမျိုးဝိဇ္ဇာဆိုတဲ့ အဆင့်အတန်းကို အသိအမှတ်ပြုတဲ့ပုံပဲ…

ထိုဟောပြောပို့ချချက်က ဆက်လက် ဖြစ်တည်နေသည်။ တာအိုကဏ္ဍက အကြောင်းအရင်းများစွာ ယူခဲ့၏။ အတိုအတောင်းဆုံး ဟောပြောပို့ချချက်က နှစ် ၃၃၃နှစ် ဖြစ်ကာ နှစ်တစ်ထောင်ကြားမှ နှစ်နှစ်ထောင်ကြား လူများစွာ ရှိလေသည်။ ပထမဦးဆုံး တာအိုဘိုးဘေး အယောက်တစ်ထောင်ပြီးသည့်နောက်တွင် ဓားသမားများအလှည့် ကျရောက်လာ၏။

ဝမ်ဝေ့က သူ့အဖေအား ပထမဆုံးဟောပြောပို့ချမည့်သူအဖြစ် ရွေးချယ်လိုက်သည်။

သူ့မှတ်တမ်းက သုံ့လီဖန်းနှင့်အတူတူ ဖြစ်ပြီး နှစ် ၂၅၀၀ကျော်ဖြစ်ကာ သူမထက် ၁၂နှစ် ကျော်လွန်နေခဲ့သည်။ ဓားသမားများက အကြွင်းမဲ့ဓားရေးလမ်းစဉ်ကို ဖန်တီးထားသည့်သူဆီမှ တိုက်ရိုက်ဟောပြောပို့ချချက်ကို နားထောင်ရသည့်အတွက် ကျေနပ်နေကြ၏။ အစွန်းရောက် ဓားရေးလမ်းစဉ်မှ လူများကပင် လေးစားသမှုကို ပြသလာသည်။ သူတို့က ဓားရေးနယ်ပယ်အဆင့် ၁၂ခုအကြောင်း ညည်းတွားကြသော်လည်း သေချာနားထောင်ခဲ့ကြသည်။ သူတို့က ထိုလူများကို တန်ပြန်ရင်ဆိုင်ဖို့ နည်းလမ်းရှာနေ၍ ဖြစ်၏။

ပွဲအခမ်းအနားက ဆက်လက်ဖြစ်နေစဉ် ထိုနေရာရှိ လူများစွာက တောက်ပနေကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းရှိ ဆန့်ကျင်ကျင့်ကြံသူများကလည်း နှစ်၂၃၀၀အောက် နည်းပါးသည်ဟူ၍ မရှိပေ။ မူလအရှင်၊ ဓားအရှင်နှင့် ဖျက်ဆီးခြင်းအရှင်တို့ကဲ့သို့သော သူများက နှစ်၂၉၀၀ထိ ရောက်ရှိခဲ့သည်။

ဒါက အကောင်းဆုံးကဏ္ဍပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ဂိုဏ်းအတွင်း ဖွဲ့စည်းလာသည့် တာအိုစည်းချက်များကို ခံစားလိုက်၏။ ထိုအရာက သိပ်သည်းလွန်းသည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာဆီပင် စိမ့်ထွက်သွားလေသည်။

ဤသည်က အဓိကအချိန် မရောက်သေးပေ။

တကယ်လို့ ဒါက ပွဲအခမ်းအနားတစ်ခုရဲ့ ရလဒ်ဆိုရင် ဒိုင်မေးရှင်းအမြင့်က အဲဒီမျိုးနွယ်တွေက ဘယ်လောက်တောင် နက်နဲမလဲဆိုတာကို တွေးမကြည့်နိုင်တော့ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ ဤပွဲအခမ်းအနားက ဒိုင်မေးရှင်းအနိမ့်တွင် ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ဒိုင်မေးရှင်းအမြင့်တွင်မူ ထိုသို့မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် သူတို့က ထိုအင်အားစုများသည် ဟောပြောပို့ချပေးမည့် စံပြများစွာ ရှိနေလေ၏။

ဒါပေမဲ့လည်း ဒီလိုအရေးသာချက်တွေ ရှိနေမယ်ဆိုရင်တော့ ကျင့်ကြံရေးက အချိန်ကြာဦးမှာပဲ…

ဝမ်ဝေ့က သက်ပြင်းချကာ လုပ်လက်စကို အာရုံစိုက်ထားလိုက်သည်။

အခု ဧကရာဇ်ကဏ္ဍကို စလိုက်ရတော့မလား…

သူက ရှိနေသည့်သူများကို ကြည့်ပြီးသည့်နောက်တွင် ဖုန်းဟွမ်ကို ကြည့်လိုက်သည်။

ဝမ်ဝေ့က ထိုသူတွင် အင်မတန် ငြိမ်းအေးသည့် အငွေ့အသက်ရှိနေကြောင်း သိလိုက်သည်။

ကြည့်ရတာ ဗုဒ္ဓဘာသာ ပြန်လည်အသက်သွင်းပြီးတဲ့နောက်မှာ သူ့ရဲ့ တာအိုနှလုံးသားထဲက ပြစ်ချက်တွေအားလုံးက ပြန်လည်ကောင်းမွန်သွားပြီး စိတ်အခြေအနေကလည်း ပိုပြီးမြင့်မားသွားတဲ့ပုံပဲ…

“မင်း အရင်သွားလိုက်ပါ”

“ဒီလိုမျိုး နေရာကို ပေးတဲ့အတွက် ဒကာကို ကျေးဇူးတင်ပါတယ်” ဖုန်းဟွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စိတ်ရဲ့ ခံစားချက်ဆိုတာဘာလဲ။ ကန့်သတ်ချက်ဆိုတာရှိလား။ လူသားရဲ့ စိတ် ပြောရမယ်ဆိုရင် စိတ်ကူးယဉ်မှုဆိုတာက ကန့်သတ်ချက်တွေ အတားအဆီးတွေဆိုတာ မရှိဘူး။ စိတ်ရှိတိုင်း လုပ်နိုင်တယ်…”

ဖုန်းဟွမ်၏ ဟောပြောပို့ချချက်က သဘာဝဆန်ပြီး သူ့ပါးစပ်မှ ထွက်လာသည့် စကားတိုင်းက မိုးမြေ၏ အခြေခံအမှန်တရားများ ပါဝင်နေသကဲ့သို့ ဖြစ်သည်။ ထို့အပြင် အားလုံးက ဉာဏ်အလင်းပွင့် အဖန်ရည်သည် ဤဟောပြောပို့ချချက်အတွက် သက်ရောက်မှုရှိလာသလို ခံစားလိုက်ရသည်။

မည်သူကမှ သူတို့စိတ်အတိုင်း လိုက်ဖို့ ပြဿနာမရှိပေ။ အားလုံးက ဤအခွင့်အရေးကို မဖြုန်းတီးဘဲ သေချာအာရုံစိုက်ထားလိုက်ကြ၏။ ယခုအခါ သူတို့က အဆင်သင့်မဖြစ်လျှင် မျှော်လင့်ချက် မရှိပေ။ ဧကရာဇ်ကဏ္ဍက နောက်ဆုံးကဏ္ဍဖြစ်သည့်အတွက် အဓိက အရေးသာချက် တစ်ခု ရှိ၏။ ဆိုလိုသည်မှာ ဆိုးဆိုးရွားရွား ဟောပြောပို့ချချက်အတွက် အကြောင်းပြချက် မပေးနိုင်ပေ။

ဖုန်းဟွမ်က ဝိညာဉ်အစား စိတ်ကိုသာ အလေးထားဟောပြောသွားသည်။ ထို့နောက် ဓာတ်ငါးပါးနှင့် ယင်ယန်တာအိုအကြောင်း ဟောပြောခဲ့၏။ သူက သူ့ဟောပြောပို့ချချက်ကို အားလုံးအဆင်ပြေစေဖို့အတွက် ဗုဒ္ဓဘာသာအကြောင်း များများစားစား ပြောမသွားခဲ့ပေ။ သူ့နောက်ဆုံးစကား ရေရွတ်ပြီးသည့်အခါ နှစ်၃ထောင် ကြာမြင့်သွားခဲ့၏။ တာအိုစည်းချက်များက ပိုမိုပြင်းထန်လာပြီး နောက်နှစ်သုံးရာ နားလည်ဖို့အထိ အထောက်အပံ့ ပေးနေသည်။

“ဘာလို့ အဲ့လောက်တိုရတာလဲ” အားလုံးက မျက်လုံးဖွင့်လာသည်နှင့် ရေရွတ်လိုက်ကြသည်။ ဤသည်က အရှည်လျားဆုံး ဟောပြောပို့ချချက် ဖြစ်သော်လည်း သူတို့အတွက် တိုတောင်းလွန်းသလို ခံစားနေရ၏။ လူများစွာက ဖုန်းဟွမ်ကို တလေးတစား ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ဗုဒ္ဓဘာသာက လတ်တလောလေးမှ ပြန်လည်အသက်ဝင်လာသော်လည်း ကြီးကြီးမားမား အောင်မြင်နေသည့် အကြောင်းအရင်းကို နားလည်သွားကြသည်။

All Chapters