← Chapters

တာအိုပွဲအခမ်းအနား - ဧကရာဇ်များ၏ ဟောပြောပို့ချမှုများ

Vol. 85 Ch. 1188

တာအိုပွဲအခမ်းအနား - ဧကရာဇ်များ၏ ဟောပြောပို့ချမှုများ

Vol. 85 Ch. 1188

ဖုန်းဟွမ်အပြီးတွင် ဒုတိယမြောက်လူက ဖိအားကြီးကြီးမားမားကို ခံစားမိနေသည်။ ထိုသို့သော ပြီးပြည့်စုံသည့် ဟောပြောပို့ချချက်ပြီးသည့်နောက်တွင် ထိုအရာကို မရှောင်လွှဲနိုင်ပေ။ သူတို့က ဤအနေအထားအထိ ရဖို့ မမျှော်လင့်ထားသော်ငြား သူတို့ကိုယ်သူတို့ မျက်နှာမပျက်မိစေဖို့သာ ဆုတောင်းနေကြသည်။ ကံကောင်းစွာဖြင့် ကံကြမ္မာနှင့် အချိန်က သူတို့ဘက်တွင် ရှိ၏။ ဒုတိယဟောပြာပို့ချသူက နှစ် ၁၈၀၀ကြာမြင့်ခဲ့ပြီး ကျေနပ်ဖို့ ကောင်းလေသည်။

 ဧကရာဇ်ကဏ္ဍက ထူးကဲကြောင်း မကြာမီ သက်သေပြသွားခဲ့၏။ အကြောင်းအရင်းမှာ နှစ်တစ်ထောင်ထက် နည်းပါးသည့်သူ တစ်ယောက်မှ မရှိပေ။ တာအိုစည်းချက်များက အသင်ချေအင်ပါယာကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး တစ်ကမ္ဘာလုံးကို ထူးကဲအောင် ပြုလုပ်ထား၏။

မျိုးဆက်တစ်ခုစီတွင် မဟာဧကရာဇ် အယောက် ၃၈၀၀ ရှိတတ်ကြသည်။ ဤမျိုးဆက်က ထူးကဲလွန်း၍ စုစုပေါင်းအရေအတွက်က ၄၅၀၀ ရှိပြီး အပို၇၀၀ပင် ရှိ၏။ သူတို့ကိုယ်သူတို့ ပုန်းအောင်းနေကြသူများ သို့မဟုတ် စစ်ပွဲကို သေဆုံးသွားကြသူများကို ထည့်သွင်းစဉ်းစားလိုက်လျှင် ပါဝင်ဆင်နွှဲသူ အရေအတွက်က ၄၂၅၀ ဖြစ်၏။ ဧကရာဇ်ကဏ္ဍက အယောက်တစ်ထောင်အတွက် လူ မလုံလောက်ပေ။ ထို့ကြောင့် ကိစ္စများကို အယောက်နှစ်ရာ တစ်သုတ် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

လူဦးရေ နည်းပါးမှုကြောင့် ပထမဦးဆုံး ဓားဧကရာဇ် ဟောပြောပို့ချချက်အချိန်သို့ ရောက်ရှိလာသည်။ ဝမ်ဝေ့က အနည်းငယ် အငြင်းပွားနိုင်ဖွယ်ရှိသည့် တုကူကျင်းကို ရွေးချယ်လိုက်သည်။ ရွှေရောင်ဓားဧကရာဇ်က ဓားရေးလောကတွင် အငြင်းပွားနိုင်ဖွယ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ တုကူကျင်းက မျိုးဆက်အတွင်း ဒုတိယမြောက် အားအကောင်းဆုံး ဓားဧကရာဇ်တစ်ယောက် ဖြစ်သလို ဝမ်ထျန်းနှင့် ကျိလန်ဖန်းနောက်တွင် အောင်မြင်မှု အများဆုံး ရရှိထားသည့်သူဟု ဆိုရပေမည်။ သို့သော်လည်း သူက သန့်စင်သည့် ဓားသမားတစ်ယောက် မဟုတ်ပေ။ ဆိုလိုသည်မှာ သူက အစွန်းရောက် ဓားရေးလမ်းစဉ်မှ စွန့်ပယ်ခံထားရ၏။

အကြွင်းမဲ့လမ်းစဉ်က သူသည် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ထားသည့်အတွက် လက်ခံခဲ့သော်လည်း သူ့အဓိကတာအိုက ဓားရေးဖြင့် သက်ဆိုင်မှု မရှိသည့် သတ္တု သို့မဟုတ် ရွှေဓာတ်တာအို ဖြစ်နေသည်။ လူများစွာက သူ့တွင် အရည်အချင်းနှင့် အောင်မြင်မှုများစွာ ရှိသော်လည်း လူများစွာက သူ့အား ဓားအသုံးပြုသူဟုသာ မှတ်ယူကြသည်။ ထို့ကြောင့် သူက ပထမဦးဆုံး ဟောပြောသူဖြစ်လာသည့်အခါ အနည်းငယ် အငြင်းပွားဖွယ်ဖြစ်လာ၏။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာများကို ဂရုမစိုက်ဘဲ သူ့ကို တိုက်ရိုက်ရွေးချယ်လိုက်သည်။

တုကူကျင်းက သူ့ထိုက်တန်မှုကို သက်သေပြခဲ့ပြီး သူ့သတ္တုတာအိုနှင့် ဓားရေးအကြောင်း ဟောပြောပို့ချကာ ၂၉၃၃ နှစ် ကြာမြင့်ခဲ့သည်။ ဓားသမားများက သူတို့၏ ဟောပြောပို့ချချက်များနှင့် ပတ်သက်ပြီး ကျေနပ်နေကြစဉ် သတ္တုတာအိုလူများက ပျော်ရွှင်မှုများဖြင့် ငိုကြွေးလုမတတ် ဖြစ်နေသည်။ ဓာတ်ငါးပါးက အကျယ်ပြန့်ဆုံးဟု ဆိုရပေမည်။ ထို့ကြောင့် သတ္တုတာအို သို့မဟုတ် ဓာတ်ငါးပါးကို ကျင့်ကြံသည့် ဧကရာဇ်မြောက်များစွာ ရှိလေ၏။

ပွဲအခမ်းအနားက ဆက်လက် ကျင်းပနေသည်။ ပထမဓားသမားအသုတ်က အတော်လေး ထူးကဲခဲ့သည်။ အကြောင်းအရင်းမှာ လူများစွာက ဤပွဲအခမ်းအနားကို အသုံးပြု၍ အစွန်းရောက်နှင့် အကြွင်းမဲ့ လမ်းစဉ်ကြားမှ ပြိုင်ပွဲတစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။

သိပ်မကြာခင် ပထမဦးဆုံး ဟောပြောပို့ချရမည့် ဆေးဝါးပညာရှင် အလှည့်ကျရောက်လာသည်။ ဝမ်ဝေ့က အသင်္ချေဆေးလုံးကမ္ဘာမှ ကောင်းကင်ဧကရာဇ်ကို ရွေးချယ်လိုက်၏။ ထိုလူအိုကြီးက တုကူကျင်းထက် အနည်းငယ် လျော့နည်းသည့် ၂၉၁၅ နှစ် ဟောပြောခဲ့သည်။ သူ့မှတ်တမ်းက ဤကဏ္ဍအတွင်း ဒုတိယမြောက် အကောင်းဆုံး ဖြစ်ပေသည်။

ဧကရာဇ်ကဏ္ဍက ထူးချွန်ပြောင်မြောက်စွာ ဆက်လက်ဖြစ်တည်နေစဉ် အထွတ်အထိပ်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာသည်။ ဆေးဝါးဧကရာဇ် များများစားစား မရှိသည့်အတွက် သူတို့က တစ်သုတ်သာ ရှိလေသည်။ ထို့ကြောင့် နောက်ဆုံးဟောပြောပို့ချမည့်သူက ဝမ်ဝေ့က အကောင်းဆုံးဖြစ်သည့် ယန်းလီလင်းကို ရွေးချယ်လိုက်သည်။

သူမက ဤအခွင့်အရေးကို အသုံးချကာ သူမ၏ ဆေးလုံးဝိဇ္ဇာကျမ်းကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ သူမ၏ နောက်ပစ်မှတ်က ကံကြမ္မာတာအို ပါဝင်နေသည့် အစိတ်အပိုင်း ဖြစ်သည်။ သူမက သူမ အစ်ကိုကြီး၏ ဟောပြောပို့ချမှုကို နားထောင်ပြီးသည့်နောက်တွင် ရှေ့ပြေးပုံစံကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလေသည်။

ယန်းလီလင်းက သူမသည် ဆေးလုံးဝိဇ္ဇာဧကရီဂုဏ်ဖြင့် အဘယ်ကြောင့် ထိုက်တန်မှန်း ကမ္ဘာကြီးထံ သက်သေပြခဲ့၏။ သူမ၏ ဟောပြောပို့ချချက်က ဆေးဝါးပညာရှင်များအတွက် အခြေခံအရည်အချင်းများကို အဓိကထား ဟောပြောခဲ့သည်။

ထိုဆေးဝါးပညာရှင်များက သူတို့သည် ငယ်စဉ်အခါက သူတို့ဆရာများက အခြေခံများ သင်ပေးခဲ့စဉ်အချိန်ကို ပြန်လည်အမှတ်ရသွား၏။ ပထမဦးစွာ သူတို့က မကျေမနပ်ဖြစ်ခဲ့ကြသည်။ သူတို့က မဟာဧကရာဇ်များဖြစ်သည့်အတွက် အခြေခံကို ကျွမ်းကျင်သည် မဟုတ်ပါလော။

သို့သော်လည်း ဓားသမားများက အခြေခံအဆင့်ကို ကျွမ်းကျင်မှ တာအိုအဆင့်အထိ တက်လှမ်းနိုင်မည်ဖြစ်သည်။ ယန်းလီလင်းကလည်း သူတို့အား ထိုအချက်ကို ပြသခဲ့လေ၏။ လူများစွာက မျက်နှာပူမိသွားပြီး ယခုမှစ၍ အခြေခံကို အားကောင်းအောင်လုပ်ဖို့ အာရုံစိုက်လိုက်ကြသည်။

သူမ၏ ဟောပြောပို့ချချက်က နှစ်သုံးထောင် ကြာမြင့်ခဲ့သည်။ သူမက ဤပွဲအခမ်းအနားအတွင်း ဒုတိယမြောက် ပြီးပြည့်စုံသည့် စံနှုန်းရှိလာသူ ဖြစ်၏။ ဆေးဝါးပညာရှင်များက ယန်းလီလင်းထံ ဦးညွှတ်လိုက်ကြပြီး သူမက တည်ငြိမ်စွာ လက်ခံလိုက်သည်။

နောက်ထပ် သာမန်ဟောပြောပို့ချသူ နှစ်ရာက ဘာမှမထူးကဲပေ။ ဝမ်ဝေ့က နောက်ဆုံးအနေဖြင့် အကောင်းဆုံးကို စုဆောင်းထား၏။ သို့သော်လည်း သူတို့က ဂဏန်းသုံးလုံးအထိ ဟောပြောပို့ချနိုင်သည့်အတွက် မျက်နှာပူမှု မရှိပေ။ နောက်တစ်သုတ်က အစီအရင်ဆရာအလှည့် ဖြစ်သော်လည်း သူတို့၏ အရေအတွက်က နည်းပါးလွန်းလှ၏။ တကယ်တော့ အစီအရင်ဆရာများ၊ လက်နက်သန့်စင်သူများ၊ အဆောင်ပြုလုပ်သူများနှင့် ရုပ်သေးဆရာများက အယောက်နှစ်ရာနီးပါးမျှသာ ရှိ၏။ ရုပ်သေးရုပ်တာအိုဖြင့် တာအိုသက်သေပြထားသည့် လူ၅ယောက်က ရှိလေသည်။ ထို့ကြောင့် ဝမ်ဝေ့က သူတို့အားလုံးကို အဖွဲ့တစ်ဖွဲ့အနေဖြင့် ပေါင်းစည်းထားခဲ့၏။

ဤဟောပြောပို့ချသည့် အသုတ်က သိပ်ကြီးအားရဖွယ် မရှိပေ။ အကြောင်းအရင်းကမူ အဆောင်ပြုလုပ်သူ တစ်ယောက်တည်းကသာ ထူးချွန်နေ၍ ဖြစ်၏။ အကောင်းဆုံးက လက်နက်သန့်စင်သူ တစ်ယောက်သည် နှစ် ၂၇၀၀ ကြာမြင့်ခဲ့သည်။ ရုပ်သေးရုပ်တာအိုက ကျွမ်းကျင်အတတ်ပညာများထဲ အားအနည်းဆုံး ဖြစ်သွား၏။ ဝမ်ဝေ့၏ ရုပ်သေးရုပ်အဆင့်အတန်းကို တိုးမြှင့်ပေးထားသည့် နည်းလမ်းအသစ်များ ရှိသော်လည်း သူတို့က နောက်ဆုံးတွင် ရှိသည့်အချက်ကိုမူ မပြောင်းလဲနိုင်ပေ။ ထိုအချက်က ချိုက်စုန့်က တာအိုကို သက်သေမပြသရွေ့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သူမ၏ ရှက်ကြောက်တတ်သည့် အကျင့်စရိုက်ဖြင့် သူမသာ တစ်စုံတစ်ခုကို သက်ဝင်လှုပ်ရှားမှု မရှိပါက ထိုအချက်သည်ပင် ပြောင်းလဲသွားမည် မဟုတ်ပေ။

ထုံရို့ပင်းက နောက်ဆုံးသော ဟောပြောပို့ချသူ ဖြစ်၏။ ထင်ထားသည့်အတိုင်း သူမက ထူးကဲလှသည်။ သူမ၏ ဟောပြောပို့ချချက်က အားလုံးအတွက် အသုံးဝင်နိုင်သည့် သင်္ကေတများကို အလေးထားကာ ဟောပြောခဲ့သည်။ ထို့နောက် တခြားတာအိုများဖြင့် သဟဇာတဖြစ်အောင် ဟောပြောခဲ့သည်။ သူမက နှစ်၃၀၀၀ ဟောပြောခဲ့သည့်အတွက် ဤပွဲအခမ်းအနား၏ တတိယမြောက် ပြီးပြည့်စုံသူ ဖြစ်လာခဲ့သည်။ သူမက မျက်လုံးဖွင့်လိုက်သည့်အခါ ကြီးမားကျယ်ပြန့်သည့် တာအိုစည်းချက်များကို မြင်လိုက်ရသည့်အခါ တချို့တစ်ဝက်ကို အိမ်သို့ ခိုးယူချင်စိတ်ပင် ပေါက်လာသည်။

အားလုံးက ထိုအကြောင်းအရာများကို ပြန်လည်နားလည်အောင် လုပ်နေစဉ် သာမန်ဟောပြောပို့ချသူ နှစ်ရာက မတော်တဆ ဖြစ်ရပ်မရှိဘဲ ပြီးမြောက်သွားလေ၏။ ယေဘုယျရလဒ်က သူတို့သည် နှစ် ၁၅၀၀ အောက် နည်းပါးသည့်သူဟူ၍ မရှိပေ။ ယခုအခါ ဓားသမားအလှည့် ကျရောက်လာလေ၏။ သို့သော် သူတို့က သူတို့ထဲတွင် ၂၃ ယောက်သာ ကျန်ရှိတော့၏။ ဟောပြောပို့ချမှုတစ်ခုချင်းစီက ယခင်ကထက် ပိုမိုကောင်းမွန်လာကာ ကျိလန်ဖန်းအလှည့်သို့ ကျရောက်လာသည်။

အစွန်းရောက်လမ်းစဉ် ဓားသမားများက ကျိလန်ဖန်းအပေါ် မည်သို့ခံစားစေကာမူ ထိုအမျိုးသားက အားအကောင်းဆုံးနှင့် ပါရမီအထူးကဲဆုံးကြောင်း ဝန်ခံရပေမည်။ သူ့ ဟောပြောပို့ချချက်က ဒိဌိဓားနှင့် ဓားရေးလမ်းစဉ်အကြောင်း ဟောပြောပို့ချခဲ့သည်။ ထိုသူများက မည်သို့ပင်ခံစားစေကာမူ ကျိလန်ဖန်းက ထူးချွန်ပြောင်မြောက်သည့် ပို့ချချက်မျိုး ရှိခဲ့၏။ နှမြောဖို့ကောင်းလှသည်က ၂၉၉၉ နှစ်သာ ကြာမြင့်ခဲ့ပြီး ပြီးပြည့်စုံသည့် အနေအထားသို့ မဝင်ရောက်ခဲ့ပေ။ လူများစွာက နှမြောစရာကောင်းသည်ဟု ထင်မိသော်လည်း ကျိလန်ဖန်းကမူ ဤလက်နက်နှင့်ပတ်သက်ပြီး သိပ်ဂရုမစိုက်ပေ။

ပွဲအခမ်းအနားကို ဆက်လက်ကျင်းပနေစဉ် ထူးချွန်ပြောင်မြောက်သည့် လူနှစ်ဦးကသာ ထူးချွန်ပြောင်မြောက်သည့် စွမ်းရည်ကို ပြသခဲ့သည်။ ထိုသူက လူရိုင်းမောင်နှမနှစ်ယောက်ဖြစ်၏။ ဖုန်းဟွမ်က သူတို့ကို မသတ်ခဲ့ပေ။ သူတို့က ဤအခမ်းအနားကို ကျရောက်လာသည့်အခါ နှစ်ယောက်က ၂၈၇၅ နှစ် ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် ပွဲအခမ်းအနားက ပိတ်သိမ်းတော့မည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်၏။ အကောင်းဆုံးထဲမှ အကောင်းဆုံးသာ ကျန်ရှိတော့သည်။ ထိုအုပ်စုထဲတွင် ပထမဆုံး ဟောပြောပို့ချသူက ယဲ့တာ့ဖူ၏  ဇနီးဖြစ်သူ မြွေနဂါး၉ကောင် ဧကရီဖြစ်၏။ သူမက ၂၉၇၆ နှစ် ကြာမြင့်ခဲ့ကာ သွေးမျိုးဆက်အကြောင်း ဟောပြောပို့ချလိုက်ပြီး နတ်ဆိုးမျိုးနွယ် သို့မဟုတ် သွေးမျိုးဆက်ကောင်းမွန်သည့် တခြားသော ကျင့်ကြံသူများ အကျိုးကျေးဇူး ဖြစ်စေခဲ့သည်။

မြွေနဂါး၉ကောင်ဧကရီ အပြီးတွင် အလင်းမျိုးနွယ်၏ တစ်ဦးတည်းသော ဧကရီဖြစ်သည့် ရှစ်ချီအန်းအလှည့် ဖြစ်၏။ သူမ၏ ပို့ချချက်က အာရုံတချို့ကို ဖမ်းစားနိုင်ခဲ့သည်။ သူမက ကံအကြောင်းတရားကို အသုံးပြု၍ ရန်သူ၏ တာအိုအမှတ်အသားကို သူတို့ကို တတ်နိုင်သမျှ မြန်မြန်သတ်ဖို့ နည်းလမ်းကို ဟောပြောပို့ချခဲ့သည်။ သူမကလည်း နှစ် ၂၉၈၀ ကြာမြင့်ခဲ့၏။

သူမက နောက်ဆုံးသောကဏ္ဍ၌ အမျိုးသမီးကို ဦးဆုံးထားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် တတိယမြောက်လူက နတ်ဆိုးဖိနှိပ်ရေးဧကရာဇ် ဖြစ်၏။ သူမက လူသားဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်၏ အဆင့်အတန်းအကြောင်း ဟောပြောပို့ချခဲ့သလို စိတ်ဝိညာဉ်အကြောင်း တစ်စိတ်တစ်ပိုင်းလည်း ပါဝင်ပြီး သူမ၏ ဘဝနှင့် ရုန်းကန်မှုများကြားမှ လှုံ့ဆော်မှုများအကြောင်းကို ပြောပြခဲ့သည်။ သူမက ၂၉၈၅ နှစ် ကြာမြင့်ခဲ့၏။

နောက်တစ်ယောက်က ရှုရှစ်ဖြစ်ကာ သူမက ဟွင်သွမ်းအကြောင်း ဟောပြောပို့ချခဲ့သည်။ သူမ၏ ပို့ချချက်က အများသူငါ လက်ခံနိုင်အောင် ဟောပြောခဲ့ပြီး တာအိုနှလုံးသားနှင့် တေးဂီတအကြောင်းပင် ဟောပြောခဲ့သည်။ သူမ၏ ရလဒ်ကလည်း ကျိလန်ဖန်းနှင့် တူညီစွာ ၂၉၉၉ နှစ် ဖြစ်၏။

ဒိုင်မေးရှင်းအနိမ့်၏ တစ်ဦးတည်းသော နတ်ဘုရားမျိုးနွယ်ဖြစ်သည့် ရှီရှန်းရန်ကလည်း လေဟာနယ်အချိန်ဧကရီနောက်တွင် ဟောပြောခဲ့သည်။ သူမ၏ ဟောပြောပို့ချချက်က ၂၉၉၅ နှစ် ကြာမြင့်ခဲ့၏။ သို့သော် သူမက လိပ်ဘုရင်၏ နည်းစနစ်ကို ဆင့်ကဲပြောင်းလဲပြီး ၃၅ ရာခိုင်နှုန်း အပိုအားဖြည့်မှု ရရှိအောင်အထိ ပြောပြခဲ့သည့်အတွက် ထူးကဲလှသည်။

နောက်တစ်လှည့်က ယုယန် ဖြစ်၏။ သူမက သူ့သားကို မျက်နှာမပျက်စေဘဲ ၂၉၉၇ နှစ် ကြာမြင့်ခဲ့သည်။ ထို့နောက် သူမ၏ ဇစ်မြစ်ကြောင့် အငြင်းပွားဖွယ် မရှိတော့သည့် ဒေါသအလှည့် ဖြစ်၏။ ဒေါသကလည်း တူညီသည့် ရလဒ်ရှိကာ မိစ္ဆာလက်သစ်မျိုးနွယ်ကို ဂုဏ်ယူအောင် လုပ်ဆောင်နိုင်ခဲ့သည်။ နောက်ဆုံးသော ဟောပြောပို့ချမည့်သူက ဟို့ဖုန်းဟွမ်ဖြစ်ပြီး သူမ၏ ရလဒ်က ၂၉၉၈ နှစ် ဖြစ်သည်။

နောက်ဆုံးတွင် အမျိုးသားအလှည့် ကျရောက်လာပြီး ဝမ်ဝေ့မပါဘဲ လူသုံးဦးသာ ကျန်ရှိတော့သည်။ မူလိန်က ပထမဦးဆုံး ပြောလိုက်၏။ သူက ၂၉၉၄ နှစ် ကြာမြင့်ခဲ့သည်။ ယဲ့တာဖူကမူ ထိုသို့သော အမျိုးအစားမျိုးဖြင့် မကိုက်ညီသော်လည်း ၂၉၉၇ နှစ် ဟောပြောခဲ့သည်။ သူက သူ့တိုက်ခိုက်ရေးအတွေ့အကြုံများကိုပင် ထည့်သွင်းဟောပြောခဲ့၏။ နောက်ဆုံးတွင် အောင်းရှန်အလှည့် ကျရောက်လာသည်။ သူ့ ဟောပြောပို့ချချက်က သွေးမျိုးဆက်များဖြင့် သက်ဆိုင်နေပြီး ၂၉၉၈ နှစ်အထိ ရောက်ရှိခဲ့သည်။ ထိုအရာက ထိုအမျိုးသမီးနှင့် တူညီနေသည့်အတွက် မကျေမနပ်ဖြစ်သွားစေ၏။ သို့သော်လည်း သူ့အနေဖြင့် တတ်နိုင်သည့်အရာဟူ၍ မရှိပေ။

အားလုံးက ပင်မပွဲကို အာရုံစိုက်ထားကြ၏။ အားလုံးက ဝမ်ဝေ့၏ စကားကိုသာ စောင့်ဆိုင်းနေကြသည်။ သူ ဘာမှမပြောနိုင်ခင် ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံခံမိ၍ ဝိဇ္ဇာသွမ့်ယုကို ကြည့်လိုက်၏။ ထိုအမျိုးသားက စမ်းသပ်ချက်သို့ ရောက်ရှိနေပြီဖြစ်ကာ သံသရာသို့ ဝင်ရောက်တော့မည် ဖြစ်၏။ ထို့ကြောင့် သူက လက်ညှိုးထိုးကာ အချိန်ဆွဲပေးထားလိုက်သည်။

ထို့နောက် ဝမ်ဝေ့က လက်ကိုဝှေ့ကာ ဉာဏ်အလင်းပွင့်အဖန်ရည်ကို ထုတ်ဖော်လိုက်သည်။ လူများစွာက ပျော်ရွှင်သွားပြီး အလျင်အမြန် သောက်သုံးလိုက်၏။ သူတို့က ဤနောက်ဆုံးသော … မဟုတ်သေးဘူး နောက်ဆုံးရှေ့က  ဟောပြောပို့ချမှုကို စောင့်မျှော်နေကြသည်။

All Chapters