← Chapters

တာအိုပွဲအခမ်းအနား - စံပြတစ်ယောက်၏ ဟောပြောပို့ချချက်

Vol. 85 Ch. 1190

တာအိုပွဲအခမ်းအနား - စံပြတစ်ယောက်၏ ဟောပြောပို့ချချက်

Vol. 85 Ch. 1190

“အရှင် တကယ်လို့ စိတ်ထဲမထားရင် အဲဒီမြင့်မြတ်တဲ့ ဧည့်သည်တော်က ဘယ်သူလဲဆိုတာကို မေးလို့ရမလား” သူသာ နောက်ကျနေပါက ဝိဇ္ဇာသွမ့်ယုသည် ထိုမေးခွန်းကို မေးလိမ့်မည်ဟု ခံစားမိနေသည့် ကောင်းကင်ဘုရင်တစ်ဦးက ထမေးလိုက်သည်။

“ဂုဏ်သရေရှိ စံပြတစ်ယောက်ပါ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သို့သော်လည်း လူများစွာက သူ့ကို ကြောင်အမ်းအမ်းဖြင့်သာ ကြည့်နေကြသည်။

“အား မင်းတို့ကို ဒီသတင်းအချက်အလက် အလကား ပြောပြရဦးမယ်။ မဟာဧကရာဇ်အဆင့်ပြီးတဲ့နောက်မှာ ဘာလဲဆိုတာ သိလား”

လူများစွာက ထပ်မံ ကြောင်အမ်းသွားကြသည်။ သို့သော် တစ်စုံတစ်ယောက်က ပြောလိုက်၏။

“ကောင်းကင်ဘုံအဆင့်ဆိုတာကိုတော့ ကြားဖူးပါတယ်။ ဒါပေမဲ့ အဲဒါကိုပဲ သိတာပါ”

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“မင်းတို့သာ ကံကောင်းပြီးတော့ ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၇၀ရာခိုင်နှုန်း ရောက်သွားပြီး ရှေးဦးစမ်းသပ်ချက်ကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်ပြီး မဟာမြူစက်ဝန်းကို ဖွဲ့စည်းနိုင်မယ်ဆိုရင် ဖန်ဆင်းမှုစွမ်းအားကို ရလိမ့်မယ်။ အဲဒီအခါ မင်းတို့က ကောင်းကင်ဘုံအဆင့် ဖြစ်လာမှာပဲ” ဝမ်ဝေ့က သူတို့အား ထိုသတင်းအချက်အလက်ကို နားလည်အောင် လုပ်ဖို့ အချိန်ပေးလိုက်သည်။

“မဟာတာအိုအရင်းအမြစ် ၉၀ ရာခိုင်နှုန်းနဲ့ တခြားအချက်တွေကတော့ စကြဝဠာကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်တဲ့ စံပြ ဖြစ်လာတယ်”

အားလုံးက ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် သူတို့၏ ပွဲအခမ်းအနားအသေးလေးကို ရောက်ရှိလာမည့်အကြောင်းကို တွေးကာ အံ့အားသင့်သွားကြသည်။ စကြဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့်သူအတွက် သူတို့က ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။ ထိုသူများက ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ခံထားရသော်လည်း ဝမ်ဝေ့သည် ဒိုင်မေးရှင်းအမြင့်က သူ့ဘိုးဘေးများကို ဆက်သွယ်ပြီး ဖိတ်ကြားခဲ့သည်ဟု ကောက်ချက်ချလိုက်ကြသည်။

ဝမ်ဝေ့က သူတို့၏ မှန်းဆချက်ကို ခန့်မှန်းမိသော်လည်း ဘာမှရှင်းပြမနေတော့ပေ။

“ဒီလိုမျိုးကျင့်ကြံသူမျိုးက မင်းတို့ကို ဟောပြောပို့ချဖို့ ဖြစ်နေတာ တကယ်ကို ကံကောင်းတယ်။ တကယ်တော့ အချိန်ကိုမဖြုန်းဘဲ ကောင်းကောင်းအသုံးချကြ”

ဝမ်ဝေ့၏ ထိုင်ခင်းက စင်မြင့်ထက်မှ ပျံသန်းထွက်လာကာ စင်မြင့်နှင့် မျက်နှာချင်းဆိုင်တွင် အားလုံးရှေ့ ဝင်ထိုင်လိုက်သည်။ သူက မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေ၏။ အားလုံးကလည်း သူနှင့်အတူ လိုက်လုပ်လိုက်ကြသည်။ စက္ကန့်သုံးဆယ်ကြာမြင့်ပြီးသည့်နောက်တွင် ချန်းထုံ၏ ခန့်ငြားသည့် ပုံရိပ်က စင်မြင့်အထက် ပေါ်ထွက်လာ၏။ သူက သာမန်ပုံစံပေါက်နေသော်လည်း မည်သူကမှ သူ့ကို အထင်မသေးရဲကြပေ။

အထွတ်အထိပ်ဧကရာဇ်လိုမျိုးအတွက် လူများစွာက သူ့တည်ရှိမှုကို ခံစားမိကြသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်မှ ပြီးပြည့်စုံစွာ ထွက်ပေါ်နေသည့် အရှိန်အဝါက စွဲမက်ဖို့ကောင်းလေသည်။ သို့သော်လည်း ထိုအမျိုးသားက ဘာမှ မရှိပေ။ သူတို့က သူ့ကို မြင်နေသော်လည်း အာရုံခံကြည့်၍ မရပေ။ သူက သူတို့၏ အမြင်၊ အတွေး၊ ဝိညာဉ်နှင့် တည်ရှိမှုကို ကျော်လွန်နေသည့် နေရာတွင် တည်ရှိနေသကဲ့သို့ ဖြစ်၏။

“အရှင်ချန်းထုံကို ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။” ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။

“အရှင်ချန်းထုံကို ကျေးဇူးတင်ပါတယ်” လူအုပ်ကြီးကလည်း လိုက်လုပ်လိုက်ကြ၏။ သို့သော်လည်း သူတို့က ဝမ်ဝေ့လောက် မရဲတင်းရဲပဲ ၉၀ဒီဂရီ ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။ တချို့ကမူ ဝပ်တွားကြ၏။

“ကိစ္စမရှိဘူး။ ငါက ဒိုင်မေးရှင်းအနိမ့်ကို စောင့်ကြည့်နေတာ ကြာလှပြီ” ဒီနေရာက တကယ့်ကို အံ့ဩဖို့ အကောင်းဆုံး ဧကရာဇ်မျိုးဆက်လို့ ပြောရမှာပဲ”

ဤပွဲအခမ်းအနားက ထူးဆန်းသည့် မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။ နှစ်သန်းထောင်ချီကြာ နေထိုင်လာကြသည့် ထိုမသေမျိုးအိုကြီးများက ရှက်ရွံ့စွာ မျက်နှာပူသွားကြပြီး တချို့ကမူ ဂုဏ်ယူလာကြသည်။ သို့သော်လည်း ဉာဏ်ကောင်းသည့်သူများကမူ ဤမျိုးဆက်သည် အဘယ်ကြောင့် ထူးကဲနေမှန်း သိထား၏။ ထို့ကြောင့် သူတို့က အထွတ်အထိပ်ဧကရာဇ်ကို ကြည့်လိုက်ကြသည်။

“ကောင်းပြီ စလိုက်ကြရအောင်” ချန်းထုံက ကြေညာလိုက်သည်။ သူ့ပုံရိပ်ယောင်က စင်မြင့်ပေါ်ထိုင်ကာ စတင်ဟောပြောလိုက်၏။

“ကျင့်ကြံရေးဆိုတာဘာလဲ။ ဒီနေ့ ငါတို့က အဲ့ခေါင်းစဉ်အကြောင်း ဆွေးနွေးကြမယ်။ ငါ့ရဲ့ နားလည်မှုကိုပါ ထည့်ပြီး အဆင့်(၁၁)ကနေ အဆင့်(၁၂)အထိ ကျင့်ကြံရေးလမ်းစဉ်တွေအကြောင်းကိုပါ အသေးစိတ် ရှင်းပြရမယ်။”

ချန်းထုံက ပြောလိုက်သည်နှင့် တာအိုစည်းချက်များက ‌ရွှေကြာပွင့်အသွင် ပြောင်းလဲကာ အားလုံးကို ကောင်းချီးပေးလာသည်။ ထို့နောက် မိုးမြေဆီမှ ပျော်ရွှင်စွာ အော်သံများလည်း ထွက်ပေါ်လာ၏။ သို့သော် ဝမ်ဝေ့၊ ယန်းလီလင်းနှင့် ချန်းထုံလိုလူမျိုးကသာ သတိထားမိကြသည်။

ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်နေသည့် ကျင့်ကြံသူများက ဤဟောပြောပို့ချချက်သည် ဝမ်ဝေ့နှင့် ဆင်တူကြောင်း ခံစားမိခဲ့ကြ၏။ ချန်းထုံက အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်အကြောင်း ဟောပြောခဲ့သော်လည်း ထိုအရာများကို အဆင့်(၁)မှ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံသူများက မည်သို့အသုံးချနိုင်ကြောင်း အလေးထားဟောပြောခဲ့သည်။ ထိုအရာများက ဒိုင်မေးရှင်းအနိမ့်တွင် ရစ်ကျန်သည့် စနစ်များစွာရှိပြီး သူ့ဟောပြောပို့ချချက်က အားလုံးအတွက် သင့်တော်နေသည်။

ထိုဟောပြောပို့ချချက်က အဆင့်(၁၀)(ဧကရာဇ်အဆင့်)သို့ ရောက်ရှိလာသည်နှင့် ချန်းထုံက တာအိုအကြောင်း များများစားစား မပြောတော့ဘဲ ဧကရာဇ်အဆင့်၏ ကဏ္ဍများဖြစ်သည့် တာအိုကဏ္ဍ၊ နိုးထအသက်ဝင်ခြင်း၊ တာအိုဆန္ဒ၊ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်း၊ အစစ်အမှန်စိတ်ဆန္ဒ၊ တိုက်ခိုက်ရေးနယ်ပယ်အဆင့်နှင့် တာအိုအမှတ်အသားအကြောင်း ပြောလာခဲ့သည်။ သူက အသေးစိတ်ပြောသည့်အတွက် ဝမ်ဝေ့ပင် များစွာ သင်ယူခဲ့ရသည်။

အားလုံးက ချန်းထုံသည် တာအိုအမှတ်အသားအကြောင်း ပြောသည့်အခါ ပိုမိုပင် စိတ်လှုပ်ရှားလာကြသည်။ သူတို့က နောက်အဆင့်ကို ကြည့်နိုင်မည့်အခွင့်အရေး ရလာနိုင်သလိုမျိုး ခံစားနေကြသည်။ သို့သော် ချန်းထုံက ဝိညာဉ်တာအိုဖြစ်သည့် တာအိုအကြောင်း စတင်ဟောပြောလာသည်။

အခြေခံစည်းမျဉ်းများမှ မဟာတာအိုအရင်းအမြစ်အဆင့် ရောက်သည်အထိ စတင်ဟောပြောခဲ့သည်။ ဝိညာဉ်က လူအားလုံးအတွက် သက်ဆိုင်သည့် တာအိုတစ်ခုအား ချန်းထုံက ဝိညာဉ်ကို အသုံးပြုခြင်းနှင့် ကြီးထွားအောင် လုပ်ခြင်းအပေါ် အာရုံစိုက်ကာ အလေးပေးဟောပြောခဲ့သည်။ ထိုအရာက ဤပွဲအခမ်းအနားများစွာအတွက် အထောက်အကူ ဖြစ်၏။

နောက်ဆုံးအနေဖြင့် ချန်းထုံက ကောင်းကင်ဘုံအဆင့်အကြောင်း ပြောခဲ့သည်။ ပထမဦးစွာ ရှေးဦးစမ်းသပ်ချက်ကို အောင်မြင်ဖို့ မှတ်သားဖွယ်ရာတချို့ကို ပြောပြခဲ့သည်။ လူတစ်ယောက်က အဆင့်မတက်လှမ်းခင် တာအိုနှလုံးသားအဆင့်တစ်ခု လိုအပ်လေ၏။ သူက ကောင်းကင်ဘုံတစ်ယောက်အဆင့် ဖြစ်လာပြီးသည့်နောက်တွင် နိုးထအသက်ဝင်ခြင်းကဲ့သို့သော ကိစ္စမျိုးသည် မည်သို့ပြောင်းလဲသွားကြောင်းကိုပင် ပြောခဲ့သည်။ သူက မဟာမြူစက်ဝန်း၏ ကဏ္ဍကိုပင် ယေဘုယျ ပြောခဲ့၏။ ထိုစက်ဝန်းသည် ဧကရာဇ်တစ်ယောက်၏ တခြားသောကဏ္ဍများကို မည်သို့သက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။ နမူနာအနေဖြင့် တိုက်ခိုက်စွမ်းရည်နှင့် အရင်းအမြစ်သုံးစွဲမှု ဖြစ်၏။ ချန်းထုံက သာမန်နှင့် ထာဝရကောင်းကင်ဘုံအဆင့်များကြားတွင် ကွာဟချက်များကိုပင် ပြောပြခဲ့သည်။

နောက်ဆုံးတွင် ချန်းထုံက စံပြတစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်များကို ပြောခဲ့သည်။ လူများစွာက ကောင်းကင်ဘုံအဆင့် ဟောပြောပို့ချချက်တွင် စိတ်ရှုပ်ထွေးနေကြပြီဖြစ်သောကြောင့် သတင်းအချက်အလက်များကို မှတ်သားဖို့ရာသာ အာရုံစိုက်ထားကြသည်။ ထို့ကြောင့် သူတို့က စံပြတစ်ယောက်၏ ဟောပြောပို့ချချက်သည် အခြေခံအချက်များကလွဲ၍ ကျန်ရာအားလုံးကို နားမလည်နိုင်ကြတော့ပေ။

ဝမ်ဝေ့ကိုယ်တိုင်ပင် စံပြအဆင့် ဟောပြောပို့ချချက်ကို လိုက်မမှီတော့ပေ။ သူ့အတွက် ကံကောင်းသွားသည်က ချန်းထုံသည် ဝိညာဉ်တာအိုအကြောင်း ပြောသည့်အတွက် ထိုတာအိုသည် သူ့တာအိုခွဲတစ်ခု ဖြစ်နေခဲ့သည်။ ထို့အပြင် စည်းပိတ်ထားသည့် သူ့ဝိညာဉ်ကလည်း  စံပြအဆင့် ဖြစ်၏။ ထို့ကြောင့် သူက ထိုဟောပြောပို့ချချက်ကို သူ့ဝိညာဉ်တာအိုအတွက် ပုံကြမ်းအနေဖြင့် အသုံးပြုကာ သူနားမလည်သေးသည့် အစိတ်အပိုင်းများကိုမူ ထိုပုံကြမ်း၏ သေချာသည့်ကဏ္ဍတစ်ခုအောက်တွင် ထားရှိခဲ့သည်။

“နှစ်သုံးသောင်း” ချန်းထုံက ကြေညာလိုက်သည်။

“ဒါက လုံလောက်တယ်လို့တော့ ထင်တယ်။ မင်းတို့တွေက ငါ ပြောတာကို နားလည်ချင်မှ နားလည်လိမ့်မယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ မင်းတို့တွေကို မှတ်မိအောင် ကူညီပေးမယ်” သူက ကောင်းကင်ကို လက်ညှိုးထိုးကာ စက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ မသေမျိုးများက ကိစ္စတစ်ခုလုံးကို သူတို့၏ ဝိညာဉ်ထဲ မှတ်သားထားဖို့ရာ လွယ်ကူသွားကြောင်း တွေ့လိုက်ရသည်။

လီကျွင်းက သူ့ဇနီးကို ကြည့်ကာ တုံ့ဆိုင်းသွား၏။ ထို့နောက် သူက ဝမ်ဝေ့ကို ကြည့်လိုက်သည်။

အစ်ကိုကြီး ကျွန်တော်တို့ လုပ်သင့်လား…

သူက သူ့အံ့ဖွယ်အသိစိတ် အသုံးပြုမှုသည် စံပြတစ်ယောက်ရှေ့တွင် ဖုံးကွယ်ထားဖို့ အသုံးဝင်မည် မဟုတ်ကြောင်း သိလေသည်။ သို့သော်လည်း သူတို့အနေဖြင့် ရွေးချယ်စရာ မရှိပေ။ ထိုသူက သူ့အစ်ကိုကြီး မဟုတ်သည့်အတွက် ဤဟောပြောပို့ချချက်မှ အရာအားလုံးကို မှတ်သားမထားနိုင်ပေ။

ကိစ္စမရှိဘူး…

ဝမ်ဝေ့က ခေါင်းညိတ်ပြကာ သူ့အမေကိုပါ ပြောလိုက်သည်။

အမေက မှတ်ထားလို့ရတယ်။ ဒါပေမဲ့ အဖေ့ရဲ့ အားနည်းတဲ့ ဝိညာဉ်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်ဖို့တော့ မလိုဘူး။

ကောင်းပြီလေ…

ယုယန်က ခေါင်းညိတ်လိုက်သည်။

ကိုယ် ဒီမှာရှိနေသေးတယ်ဆိုတာ သိတယ်မလား

တိုးတိုးနေ

ယုယန်က ပြောလိုက်သည်။

အဲဒါဆိုတော့ ချန်းထုံရဲ့ အဓိကတာအိုက ဝိညာဉ်လား…

ဝမ်ဝေ့က တွေးလိုက်သည်။ ဤသည်က သူ့နားလည်နိုင်စွမ်းက ၉၀ရာခိုင်နှုန်းအထိ ရောက်ရှိနေသည်ကို ဖြစ်နိုင်သည်။ သို့မဟုတ် သူက ကြာရှည်စွာ နေထိုင်ခဲ့သည့်အတွက် သူ့တာအိုအပေါ် စံပြအဆင့်အထိ ရောက်ရှိနေနိုင်၏။

ဝမ်ဝေ့က ရှေ့တစ်ခုကို ပို၍အားသာနေမိသည်။ အထူးသဖြင့် ဝိညာဉ်အပေါ် နက်နက်နဲနဲနားလည်နိုင်မှုက ချန်းထုံသည် မပြီးမပြတ်အခြေအနေတွင် ရှိနေသေးသော်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့် လျှို့ဝှက်နည်းစနစ်ဖြင့် ပတ်သက်နေရမည် ဖြစ်ကြောင်း တွေးမိသွားသည်။

“အရှင်ချန်းထုံရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟောပြောပို့ချမှုအတွက် ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က အမှန်တကယ် လေးလေးနက်နက် ပြောလိုက်သည်။ သူက ဤကိစ္စမှ အကျိုးအမြတ်အများဆုံး ရရှိခဲ့၏။ သူ့အနေနှင့် ချန်းထုံသည် ဤသို့ဖြစ်လာဖို့ တမင်စီစဉ်ထားသည်ဟုပင် ယုံကြည်နေမိသည်။ ထိုအရာက ထိုသူ၏ ကံကြမ္မာကို ပြောင်းလဲမပစ်နိုင်ပေ။ အထူးသဖြင့် ချန်းထုံက သူ့မိတ်ဆွေနှင့် ချစ်မြတ်နိုးရသူများကို ထိုသူ့အပေါ် ကံကြွေးတင်ရှိအောင် လုပ်သွားသည့်အခါတွင် ဖြစ်သည်။

ပါဝင်ဆင်နွှဲသူများက ဝမ်ဝေ့၏ နမူနာအတိုင်း လိုက်ကာ ဦးညွှတ်လိုက်ကြသည်။

ချန်းထုံက ပြုံးလိုက်၏။

“မင်းတို့အားလုံးက ရှည်လျားတဲ့ လမ်းကြီး စောင့်ကြိုနေတယ်။ ဖြည်းဖြည်းချင်း လျှောက်လှမ်းကြ။ လက်မလျှော့ကြနဲ့”

ချန်းထုံက ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ကြာပွင့်မှ တာအိုစည်းချက်အများစုသည် ပျောက်ကွယ်သွားကြောင်း မြင်နိုင်ရ၏။ ပမာဏအနည်းငယ်ကသာ တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ကျန်ရှိလေသည်။

အစစ်အမှန်ကောင်းကင်တာအိုက ဒီလိုမျိုး တာအိုစည်းချက်အဆင့်မျိုးကို ဒိုင်မေးရှင်းအနိမ့်မှာ တည်ရှိခွင့်မပြုဘူးဆိုတာကိုတော့ သိတယ်။ ဒါပေမဲ့ နာကျင်ရတုန်းပဲ…

စံပြများက ပုံရိပ်ယောင်ကို စေလွှတ်ကာ ဒိုင်မေးရှင်းအနိမ့်ကို ပုံရိပ်ယောင် စေလွှတ်နိုင်သည်။ သူတို့က ဟောပြောမပို့ချဘဲ တာအိုစည်းချက်များ မချန်ထားခဲ့သည်မှာ အသုံးမဝင်၍သာ ဖြစ်၏။

ဝမ်ဝေ့က ခေါင်းယမ်းကာ သူ့နေရာဆီ ပြန်သွားလိုက်သည်။ သူက ပွဲအခမ်းအနားက ပြီးဆုံးသွားပြီဖြစ်သော်လည်း သူ့အနေဖြင့် အားလုံးကို ပြန်မလွှတ်ခင် လုပ်စရာတချို့ ကျန်ရှိနေသေးသည်။ သူက လက်ကိုဝှေ့ကာ သေရည်အိုးကို ဆင့်ခေါ်လိုက်၏။ ထိုအရာက ပွဲအခမ်းအနားတွင် တည်ခင်းသည့် အရာလောက် မကောင်းသော်လည်း ထိပ်တန်းဧကရာဇ်အဆင့် သေရည်ဖြစ်နေဆဲ ဖြစ်၏။

“ပထမဦးဆုံး ဒီလိုမျိုး ငါ့ကို မျက်နှာသာပေးပြီးတော့ ပွဲအခမ်းအနားကို လာရောက်ပါဝင်ဆင်နွှဲတဲ့အတွက် အားလုံးကို ကျေးဇူးတင်ချင်တယ်။ ပြီးတော့ ဒီခေတ်ကာလမှာ ငါတို့တွေ ပြီးမြောက်ခဲ့တဲ့ အရာအားလုံးအတွက်ကိုရောပေါ့။ မင်းတို့တွေသာ မရှိရင် ငါဒီလောက် လုပ်နိုင်မှာမဟုတ်ဘူး” ဝမ်ဝေ့က သေရည်ခွက်ကို မြှောက်ကာ သောက်သုံးလိုက်သည်။

“အရှင်မင်းကြီး ဒါက ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ” အားလုံးကလည်း သေရည်ကို သောက်သုံးလိုက်ကြ၏။

“အခု အဓိကကိစ္စကို ပြောရအောင်” ဝမ်ဝေ့က ကြေညာလိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးခင် ကောင်းကင်မှ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး နောက်ထပ် အမြင်ရုပ်လွှာတစ်ခု ထွက်ပေါ်လာသည်။

All Chapters