← Chapters

အခန်း (၁၈၁)

Vol. 13 Ch. 181

အခန်း (၁၈၁)

Vol. 13 Ch. 181

ခေါင်းဆောင်နှင့် အရည်ခြင်းလေ့ကျင့်သင်ကြားပေးခြင်းများအပြင် စစ်ဘက်ဆိုင်ရာ အဆောက်ဦးများသည်လည်း ဖှေးအလွန်အာရုံစိုက်ခဲ့သည့် အရာများဖြစ်ကြ၏။

သူ၏ အရင်ဘဝမှ ဖတ်ဖူး၊ TVတွင် မြင်တွေ့ဖူးသည့် အရာများအရ နံရံအမြင့်ကြီးများနှင့် သံဆူးကြိုးအတားဆီးများကို စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးကွင်းတွင် သပ်ရပ်စွာတပ်ဆင်ထားသည်။ သာမန်လေ့ကျင့်ရေးကွင်းအပြင် ဖှေးမည်သူမှ မျှော်လင့်မထားသည့်အန္တရာယ်များလှသည့် လေ့ကျင့်ရေးကွင်းတစ်ခုကိုလည်း ဖန်တီးထား၏။

ဤသည်မှာ မြေအောက်၁၀ကိုက်ခန့်အနက်ရှိသည့် တွင်းတစ်ခုဖြစ်သည်။ နံရံတစ်ဖက်တွင် သေးငယ်သည့် သံမဏိဓာတ်လှေကားတစ်ခုကို တပ်ဆင်ထား၏။ ကြယ်သုံးလုံးအဆင့်မရှိသည့်သူ မည်သူမဆို ထိုဓာတ်လှေကားကိုသုံးကာ အတတ်အဆင်းပြုလုပ်နိုင်သည်။ ထိုမြေအောက်ခန်းထဲတွင် ဖှေး မကောင်းဆိုးဝါးမျိုးစုံကို မွေးမြူထားသည်။

“ဒီမကောင်းဆိုးဝါးတစ်ကောင်ခြင်းစီက ကြယ်တစ်လုံးအဆင့်စွမ်းရည်ရှိတဲ့ စစ်သည်နဲ့ညီမျှတယ်။ နည်းနည်းပိုကြီးပြီးတော့ လက်ထဲမှာ မှော်တောင်ဝှေးကိုင်ထားတဲ့ အကောင်က ကြယ်တစ်လုံးအဆင့်မှော်ဆရာလောက်ပေါ့..ငါတို့တွေ ငါတို့ရဲ့စစ်သည်တွေကို ဒီမကောင်းဆိုးဝါးတွေနဲ့ လုံလုံခြုံခြုံ တိုက်ခိုက်လေ့ကျင့်ပြီး တိုက်ပွဲအတွေ့ကြုံယူနိုင်အောင် စီစဥ်ရလိမ့်မယ်...အဲ့အကောင်အကြီးဆုံးကောင်မသေမခြင်း အဲ့ကောင်က သေသွားတဲ့ ကျန်တဲ့ အကောင်တွေကို သူ့ရဲ့မှော်ပညာနဲ့ ပြန်ပြီးအသက်သွင်းလိမ့်မယ်...အဲ့ကျ မင်းတို့လဲ လုံလုံလောက်လောက်လေ့ကျင့်လို့ရတာပေါ့...” ဖှေး အဓိကခေါင်းဆောင်များဖြစ်ကြသည့် ထောင်မှူးအိုလတ်ဂ်၊ တားရက်စ်ရွှေရောင်သူတော်စဥ် ဒရော့ဂ်ဘာ၊ ကပ်ပရီကွန်းရွှေရောင်သူတော်စဥ် ပီးရာ့စ်တို့ကို ဤနေရာသို့ ခေါ်လာကာရှင်းပြ၏။ လေ့ကျင့်ရေးကွင်းအား အသုံးပြုရမည့်ပုံစံများကို ဂရုတစိုက်ရှင်းပြပေးပြီးနောက်တွင် ဖှေးသူတို့နှင့်အတူ အောက်ဆင်းကာ သူတို့အားလုံးအား ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်လေ့ကျင့်စေသည်။ ဤမကောင်းဆိုးဝါးများအား တစ်ချက်ထဲနဲ့ပင် သတ်ဖြတ်နိုင်သည့်ဖှေးမှာ အနားတွင်ရှိနေသဖြင့် သူတို့အားလုံး အန္တရာယ်ကိုမခံစားရချေ။ ခေါင်းဆောင်များထဲတွင် အသန်မာဆုံးဖြစ်သည့် ပီတာကိုဦးဆောင်တိုက်ခိုက်ပြီးချိန်မှ သူတို့အားလုံးထိုမကောင်းဆိုးဝါးများ၏ သဘောကို ကောင်းစွာနားလည်လာ၏။

ဖှေး ဤမကောင်းဆိုးဝါးများကို နတ်ဘုရားပေးသောအစွမ်းဆင့်ခေါ်ခြင်းဖြင့် အပြင်ကမ္ဘာသို့ဆင့်ခေါ်ထားခြင်းဖြစ်သည်။ ဖှေးဒိုင်ယာဘလိုကမ္ဘာမှ [သူပုန်စခန်း]မြေပုံအား ဇာတ်ကောင်အားလုံးဖြင့် အောင်မြင်ပြီးသည့်နောက်တွင် သူ၏နတ်ဘုရားပေးသောအစွမ်းသုံးခုမှာလည်း အဆင့်မြင့်သွားပြီဖြစ်သည်။ သူ သူပုန်စခန်းမြေပုံတွင်ရှိသော မကောင်းဆိုးဝါးများကိုလဲ ကြိုက်သည့်အချိန်တွင် ဆင့်ခေါ်နိုင်ပြီဖြစ်သည်။ သို့သော် သူဆင့်ခေါ်ထားသော မကောင်းဆိုးဝါးများကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် ဖှေးသူ၏ လူများလေ့ကျင့်ရန်အတွက် အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။

အရာအားလုံး စီစဥ်ပြီးသည့်အချိန်တွင် ချမ်းဘော့ဒ်သည် ဘုရင့်ထံမှအမိန့်မပါပဲ သူဟာနှင့်သူ ချောမွေ့စွာလည်ပတ်နိုင်ပြီဖြစ်သည်။

ဖှေး သူ၏ ဇနီးလောင်းအန်ဂျယ်လာနှင့် အချိန်အနည်းကြာ သုံးခဲ့သည်။ စစ်မြင်းများနှင့် မီးမှုတ်သားရဲများကို နေ့စဥ်တိုက်ကျွေးရမည့် ဟော့ခ်ဆေးပုလင်း ပမာဏကို အန်ဂျယ်လာအား ဂရုတစိုက်ရှင်းပြ၏။ ထို့နောက်တွင် အလွန်အစွမ်းထက်သည့် သိုင်းပညာရပ်တစ်ခုကို တံခါးပိတ်ကာ တစ်လတိတိလေ့ကျင့်မည်ဖြစ်ကြောင်း ကြေငြာရန်ဆုံးဖြတ်လိုက်သည်။

တကယ်တန်းမှာ ဖှေး အိုလတ်ဂ်နှင့်အတူ ပြင်ဆင်ထားသည့်ပစ္စည်းများကိုယူပြီး မြေအောက်လိုဏ်ဂူ၏ အနက်ဆုံးနေရာသို့သွားခဲ့သည်။ နှစ်ပေါင်းတစ်ရာကျော်ခန့် တင်းကြပ်စွာပိတ်ထားသည့် သံမဏိတံခါးကြီးကို တိတ်ဆိတ်စွာဖွင့်ပြီးနောက်တွင် ဖှေးအိုလတ်ဂ်ကိုနောက်ဆုံးအနေဖြင့် အသေချာမှာကြားလိုက်သည်။ “ငါဒီထဲကို ဝင်ပြီးပြီးခြင်း ဒီဂိတ်တံခါးကို အမြန်ပြန်ပိတ်လိုက်။ ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့။ တစ်လကြာပြီးလို့ ငါဒီတံခါးအနောက်ကနေ တံခါးခေါက်သံကြားရင် စစ်သည်တွေကို ဖွင့်ဖို့အမိန့်ပေးလိုက်။ ဟုတ်ပြီလား....”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး...” အိုလတ်ဂ် ဖှေးအား တားရန်မဖြစ်နိုင်သည်ကိုသိသဖြင့် သူ၏အမိန့်ကို တိကျစွာလိုက်နာရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ချေ။

ဖှေးတစ်ဖက်သို့လှည့်ကာ ကျဥ်းမြောင်းမှောင်မဲနေသည့် လိုဏ်ဂူလျှောက်လမ်းအတွင်းသို့ ဝင်သွားတော့၏။

ထို့နောက်တွင် အိုလတ်ဂ်လဲ သူ၏စွမ်းအင်များကိုအသုံးပြု၍ တံခါးကို ဖြေးညှင်းစွာပိတ်ပြီး ခြေရာလက်ရာများကို ဖျောက်ဖြတ်လိုက်၏။ နှစ်ရာပေါင်းများစွာခန့်ပိတ်ထားသော တံခါးကိုတစ်စုံတစ်ယောက်မှ ဖွင့်ခဲ့ကြောင်းကို မည်သူမှ မရိပ်မိနိုင်တော့ချေ။

ဖှေးထွက်ခွာသွားပြီးနောက်တွင် ချမ်းဘော့ဒ်သည် အလွန်လျှင်မြန်သောနှုန်းဖြင့် တိုးတတ်လာခဲ့၏။

ကြယ်ငါးလုံစွမ်းအင်ဖြင့် ညီမျှသည့် စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခတ်ရှာ၊အာကာရာနှင့် အမျိုးသမီးသူပုန်များမှာလည်း ချမ်းဘော့ဒ်ကို စောင့်ရှောက်နေသည်။ ဘတ်စ်နှင့် ဘရွတ်တ်ို့မှာလည်း စီမံအုပ်ချုပ်ရေးများကို ကြိုးစားလုပ်ကိုင်လျှက်ရှိသည်။ ထို့ကြောင့် ဖှေးမရှိသော်လည်း ချမ်းဘော့ဒ်အနားသို့ မည်သည့်ရန်သူမှ ချည်းကပ်ရဲလိမ့်မည်မဟုတ်ပေ။

........

.........

လိုဏ်ဂူမှာ ကျဥ်း​မြောင်းကာ မှောင်မိုက်နေသည်။ သံမဏိတံခါးကို ပိတ်လိုက်ပြီးနောက်တွင် အလင်းတစ်စုံတစ်ရာမှမရှိတော့ချေ။

ဖှေး ဖြေးညင်းစွာရွတ်ဆိုလိုက်ရာ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာ၏။

ရောင်စုံအလင်းရောင်များ စတင်တောက်ပလာသည်။ မြေခွေဦးခေါင်းခွံဦးထုတ်၊ မှော်တုတ်တို၊ အနီရောင်ခါးပတ်၊ သံမဏိဖိနပ်များနှင့် အဝါရောင်လက်အိပ်နှစ်ဖက်တို့ ဖြစ်ကြသည်။ ချက်ချင်းပင် ဖှေး ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး အဆင့်၂၁ဒရူးဇာတ်ကောင်၏ ပစ္စည်းများကို ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ မှော်စွမ်းအင်များထွက်ပေါ်လာပြီး ဖှေး သူ၏လက်ထဲတွင်ရှိသော အစိမ်းရောင်မှော်တုတ်တံအတိုကို ဝှေ့ရမ်းလိုက်သည်။ မှော်တုတ်တံမှ အဖြူရောင်စွမ်းအင်သုံးခုထွက်ပေါ်လာပြီး မြေခွေးသုံးကောင်အဖြစ်သို့ ​ပြောင်းလဲသွားကြပြီး မြေပေါ်တွင်ရပ်လျှက်ရှိနေကြ၏။ ဤမြေခွေးများသည် ဖှေး၏အနားတွင် ပတ်လည်ဝိုင်းကာ သူတို့၏ခေါင်းများဖြင့် ပွတ်သပ်လျှက်ရှိကြသည်။

ဒရူးဇာတ်ကောင်၏ ဆင့်ခေါ်ခြင်းစွမ်းရည် [မြေခွေးဝိဉာဥ်]ဖြစ်၏။

ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုးဝါးများကိုဆင့်ခေါ်ခြင်းနှင့်မတူညီသည်မှာ ဤမြေခွေးများအား ဒရူးဇာတ်ကောင်၏ အစွမ်းဖြင့်ဆင့်ခေါ်ထားခြင်းဖြစ်သည့်အတွက်ဖှေးသည် ဒရူးဇာတ်ကောင်အနေဖြင့် လိုသလိုထိန်းချုပ်နိုင်စွမ်းရှိသည်။ သူတို့သည် တကယ့်မြေခွေးအစစ်မှန်များဖြင့်တူညီပြီး ကိုယ်ပိုင်အသိဉာဏ်ရှိကြသည်။ ဒရူးဇာတ်ကောင်များအတွက် အထူးအကူညီများဖြစ်ကြ၏။

ဖှေး ဒရူးဇာတ်ကောင်အား ရွေးချယ်ရာတွင် အစီစဥ်များရှိသည်။

သူဆင့်ခေါ်ထားသည့် မြေခွေးများသည် သူ၏အရှေ့မှ လမ်းလျှောက်နိုင်သဖြင့် လိုဏ်ဂူ၏အရှေ့တွင်ရှိသောအရာများကို သူမရောက်ရှိခင် ထောက်လှမ်းနိုင်မည်ဖြစ်သည်။ အခြေအနေတစ်ခုခုထွက်ပေါ်လာပါက သူကြိုတင်သိရှိကာ ပြင်ဆင်နိုင်မည်လဲဖြစ်သည်။ ထို့ကြောင့် သူအလစ်ငိုက်မိကာ ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးခြင်းမျိုး ဖြစ်တော့မည်မဟုတ်ပေ။

မြေခွေးကြီးသုံးကောင်မှ ဖှေးထံမှ အမိန့်များရရှိလိုက်၏။ တစ်ကောင်မှာ ဖှေးအရှေ့ ၁၀ကိုက်ခန့်အကွာမှသွား၍ ကျန်တစ်ကောင်မှာ အနောက်၁၀ကိုက်ခန့်အကွာမှခွာလိုက်သည်။ ကျန်ရှိနေသည့်တစ်ကောင်မှာ အလည်တွင်ဖှေးနှင့်အတူသွား၏။ လူတစ်ယောက်နှင့် မြေခွေးသုံးကောင်မှာ အဆုံးစကင်းမဲ့သည်ဟု ထင်ရသော လိုဏ်ဂူထဲတွင် တဖြည်းဖြည်းခြင်းလမ်းလျှောက်လာပြီး တစ်စတစ်စပို၍ နက်ရှိုင်းသောနေရာသို့ရောက်ရှိလာကြတော့၏။

All Chapters