← Chapters

အခန်း (၁၈၂)

Vol. 13 Ch. 182

အခန်း (၁၈၂)

Vol. 13 Ch. 182

ဖှေးမှာ အလွန်သတိထားနေသည်။ ဒရူးဇာတ်ကောင်နှင့် သူ၏ အိမ်မွေးတိရစ္ဆာန်များကြားတွင်ရှိသော ထူးခြားဆက်နွယ်ချက်က်ို အသုံးပြု၍ ဖှေးသည် မြေခွေးသုံးကောင်မြင်တွေ့နေရသည့်အရာများကို သူပါမြင်တွေ့နိုင်စွမ်းရှိသည်။ ၁၀ကိုက်ဝန်းကျင်တွင်ဖှေးသည် အရာအားလုံးကို မြင်နိုင်ကြားနိုင်စွမ်းရှိသည်ဟုပင် ဆိုနိုင်၏။

၁၀မိနစ်ကြာလမ်းလျှောက်ပြီးနောက်တွင် လိုဏ်ဂူထဲရှိ အမှောင်ထုမှာ အလွန်ထူထပ်ကြောင်းဖှေးသတိထားမိလာ၏။ မှော်ပစ္စည်းများမှတောက်ပနေသောအလင်းရောင်နှင့် မြေခွေးများ၏ ညကြည့်မျက်လုံးများကြောင့်သာမဟုတ်ပါက ဖှေးဘာကိုမှပင် မြင်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ဖှေး ဖြေးညင်းစွာလမ်းလျှောက်နေ၏။ သူလမ်းလျှောက်လာသည်မှာ ၃ကီလိုမီတာခန့်ရှိပြီဖြစ်ကြောင်းကို ခန့်မှန်းမိသည်။ လိုဏ်ဂူမှာ ဖြောင့်တန်းခြင်းမရှိပေ။ လွန်ခဲ့သည့် ၁၀မိနစ်တွင် သူအကွေ့ပေါင်း၄ခု နှင့် အတက်ဆင်း ၆ခုခန့်ကို ကျော်ဖြတ်ခဲ့ရ၏။

လိုဏ်ဂူထဲတွင် ကျောက်ဆူးကျောက်ချွန်များ မရှိနေသည်မှာ ကံကောင်းလှ၏။ ဖှေး ရပ်တံ့ပြီးလိုဏ်ဂူနံရံများကို ဂရုတစိုက်လေ့လာကြည့်လိုက်သည်။ ထိုနံရံများသည် သူရဲကောင်းမြို့တော် မပြင်ဆင်ရသေးသည့် နံရံများနှင့် မထူးခြားလှချေ။ ရိုးရှင်းပြီး ကြမ်းတမ်းနေ၏။ ပုံများ အရုပ်များ ရေးဆွဲထားခြင်းမရှိပေ။ ဤလိုဏ်ဂူအား ဖောက်လုပ်ခဲ့သည့် လူများ၏ အမှတ်သားများကိုမတွေ့ရသဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော လိုဏ်ဂူလားဟုပင် ဖှေးထင်မိ၏။

သို့သော် ထူးဆန်းသည့်အရာမှာ ဖှေးမည်မျှပင် လိုဏ်ဂူ၏ နက်ရှိုင်းသောနေရာသို့ ရောက်လာစေကာမူ လေထုသည် ဝင်ခါစတုန်းကအတိုင်းလက်ဆက်နေဆဲပင်။ မြေအောက်လိုဏ်ဂူများထဲတွင် ရနေကျဖြစ်သည့် စိတ်ပျက်ဖွယ်အောက်သိုးသိုး အနံ့သက်များကို ရရှိခြင်းမရှိပေ။ ဖှေးနံရံပေါ်တွင် ဖုန်မှုန့်များအနည်းငယ်ကပ်နေသည်ကိုပင် တွေ့နေရသည်။ ဤနေရာတွင် လေစီးကြောင်းတစ်ခု ဖြတ်သန်းတိုက်ခတ်လေ့ရှိသည်ဟူသော အဓိပ္ပါယ်ပင်။

ဤအခိုက်တန့်တွင် ရုတ်တရက်.....

“အာဝူး......”

အရှေ့မှသွားနေသည့် မြေခွေးဖြူမှာနက်ရှိုင်းစွာဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ မြင်ကွင်းထဲတွင်မြင်တွေ့နေရသည့်အရာမှာ ဖှေး၏ခေါင်းထဲတွင် ချက်ချင်းပေါ်လာ၏။ ၅၀စင်တီမီတာခန့်အရှည်ရှိသည့် အမဲရောင်တုတ်ချောင်းတစ်ချောင်းပင်။ ဖှေး ဤအရာကိုစိတ်ဝင်စားသွားသည်။ အမြန်ပြေးသွားပြီး မြေခွေး၏ခေါင်းကိုပွတ်ကာ ချီးမွမ်းလိုက်၏။ ထို့နောက်တွင် ဆောင့်ကြောင့်ထိုင်ကာ ဤတုတ်ချောင်းကိုအသေးစိတ်လေ့လာကြည့်လိုက်သည်။

ဖှေး ဤတုတ်ချောင်းက်ို ချက်ချင်းပင် သိရှိလိုက်သည်။ အမဲရောင်သံမဏိဖြင့် ပြုလုပ်ထားသည့် မီးတုတ်တစ်ခုသာဖြစ်သည်။ အထဲတွင်ရှိသော လောင်စာဆီများမှာ ကုန်ခမ်းသွားပြီဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ပိုင်ရှင်၏စွန့်ပစ်ခြင်းကို ခံခဲ့ရသည့်ပုံရ၏။ ဤမီးတုတ်ပိုင်ရှင်မှာ လိုဏ်ဂူအားစူးစမ်းလေ့လာရန်အတွက် အရင်ဘုရင်စေလွတ်ခဲ့သည့် စစ်သည်တစ်ယောက်၏ မီးတုတ်ဖြစ်ပုံရ၏။ တော်ဝင်စာကြည့်တိုက်ထဲတွင်ရှိသော မှတ်တမ်းများအရ ဤဂူအားလေ့လာကန်အတွက် စစ်သည်များတစ်ရာကျော်ခန့်ပင် ပို့ဆောင်ခဲ့သော်လည်း တစ်စုံတစ်ယောက်မှ ပြန်လည်ရောက်ရှိလာခြင်းမရှိပဲ လိုဏ်ဂူအတွင်းတွင်သာ ပျောက်ဆုံးသွားခဲ့သည်ဟုသိရသည်။ ထိုလူများသည် မီးတုတ်ကဲ့သို့သော အရာများကိုအသုံးပြု၍ ပတ်ဝန်းကျင်အားမြင်နိုင်ရန်ကြိုးစားခဲ့ပုံရ၏။

ဖှေး နာရီဝက်ခန့်ကြာ လမ်းလျှောက်ပြီးနောက်တွင် ယခင်လေ့လာရေးအဖွဲ့များ၏ ပစ္စည်းများ ထက်မံ၍ တွေ့လာရ၏။ လေသည် ဤလိုဏ်ဂူထဲတွင် လွတ်လပ်စွာစီးဆင်းနေပြီး ဤပစ္စည်းများသည်လည်း အလွန်အိုဟောင်းနေပြီဖြစ်သည်။ ဖှေးနံရံကြားထဲတွင် ရှိနေသည့် မီးတုတ်ဟောင်းတစ်ခုအား ထိကြည့်လိုက်သည့်အချိန်တွင် ထိုမီးတုတ်မှာဆွေးမြေ့နေပြီဖြစ်သဖြင့်တစ်စစီဖြစ်ကာ ကြေမွသွား၏။

ဤတွေ့ရှိမှုများ၏ အဓိပ္ပါယ်မှာ ယခင်လေ့လာရန်လာရောက်ကြသည့်လူများသည် ဤနေရာထိလုံခြုံစွာရှိနေခဲ့သည်ဟူသော အဓိပ္ပါယ်ပင်။ ဖှေး တစ်ခါတစ်ရံတွင် ရပ်တံ့ပြီးအချိန်အနည်းငယ်ခန့်အနားယူကာ ပါလာသည့် အစားသောက်များရေများကိုသုံးဆောင်မည်ဖြစ်သည်။ ထို့နောက်တွင် ထက်မံခရီးဆက်၏။

တဖြည်းဖြည်းဖြင့် ဖှေး ထူးဆန်းသည့်ပြောင်းလဲမှုတစ်ခုကို ခံစားရလာသည်။

ဘယ်အချိန်ကလဲ ဆိုသည်အား သေချာမသိချေ။ သို့သော် လေစီးကြောင်းတစ်ခုသည် လိုဏ်ဂူထဲတွင် တိုက်ခတ်နေ၏။ ဤသည်မှာ အလွန်ပျော့ပျောင်းသည့် လေညင်းလေးတစ်ခုသာဖြစ်ပြီး သိပ်ပြီးမသိသာလှချေ။ သို့သော် ဖှေးကဲ့သို့ ဆရာများအတွက် ထင်ရှားစွာခံစားမိသည်။ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာလေလေ လေတိုက်နှုန်းမှာလည်း ပို၍ ကြီးမားလာလေလေဖြစ်၏။ တစ်နာရီခန့်လမ်းလျှောက်ပြီးချိန်တွင် အနောက်မှတိုက်ခတ်နေသည့်လေမှာ အလွန်ပြင်းထန်လာပြီး ဖှေးခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် ချပ်ဝတ်များပင် လှုပ်ခါနေ၏။

ဖှေး ထောင်မှူးအိုလတ်ဂ်ပြောခဲ့ဖူးသည့်အရာတစ်ခုအား ရုတ်တရက်သတိရလိုက်သည်။

“သမိုင်းမှတ်တမ်းတွေအရဆိုရင် တစ်ခါတစ်လေကျရင် ဒီလိုဏ်ဂူထဲကနေ ဟိန်းဟောက်သံအကျယ်ကြီးတစ်ခုပေါ်လားပြီး လေစုပ်အားတစ်ခုက အပြင်မှာရှိတဲ့လူတွေကို လိုဏ်ဂူထဲဆွဲခေါ်သွားတတ်တယ်...အဲ့တာကြောင့် အဲ့ခေတ်ကဘုရင်က ပန်းပဲဆရာတွေကို သံမဏိတံခါးအထူကြီးနှစ်ချုပ်လုပ်ခိုင်းပြီး ဂူဝကိုပိတ်လိုက်ရတာ...”

“လေနဲ့ စုပ်အား....”

“ဒါကိုပြောတာပဲ ဖြစ်ရမယ်...”

ထိုကဲ့သို့စဥ်းစားမိပြီးနောက်တွင် ဖှေးသူ၏ပတ်ဝန်းကျင်ကို သတိထားကြည့်မိသညိ။ ဂူဝကနေ ဒီထိရောက်အောင်ဆွဲနိုင်တဲ့ လေဆွဲအားဆိုတာက ဘယ်လောက်တောင်စွမ်းအားပြင်းလိမ့်မလဲ။ ဖှေးတွေးကြည့်ပြီး အနည်းငယ်ပင် ထိတ်လန့်လာမိသည်။ ပို၍ ပြင်းထန်လာနေသည့်လေစီးကြောင်းနှင့်အတူ သူလွင့်ပါသွားမည်ကို ဖှေးမလိုလားချေ။

နောက်ထပ်နာရီဝက်ခန့် ထက်မံလမ်းလျှောက်ပြီးချိန်တွင် လေစီးကြောင်းမှာ ကြယ်တစ်လုံးအဆင့်စစ်သည်ခန့်ခွန်အားရှိသည့် မြေခွေးသုံးကောင်ပင် မတောင့်ခံနိုင်တော့ချေ။ သူတို့အားလုံး မြေပေါ်မှမြှောက်တတ်ပြီး လေစီးကြောင်းနှင့်အတူ မှောင်မိုက်သောဂူအတွင်းသို့ လွင့်ပါသွားကြတော့သည်။

ဖှေး၏ ခြေလမ်းများသည်လည်း ယိုင်နဲ့နေသည်။ ဤအချိန်ရှိလေစုပ်အားသည် ပေါင်ထောင်ချီအလေးချိန်ရှိသော ကျောက်တုံးကြီးများကိုပင် စုပ်ယူနိုင်စွမ်းရှိလောက်၏။

“ကျား...”

ဖှေး ကြုံးဝါးလိုက်ရာ အညိုရောင်စွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွား၏။

ဖှေ၏ ခန္ဓာကိုယ်သည်လည်း ရန်လိုစွာဖြင့် စတင်ပြောင်းလဲလာတော့သည်။ ဤအချိန်တွင် တစ်စုံတစ်ယောက် ဖှေးအားမြင်လိုက်မိပါက လန့်ဖြန့်ကာပင် အော်ဟစ်မိမည်ဖြစ်သည်။ ဖှေး၏ ခန္ဓာကိုယ်ပေါ်တွင် အမဲရောင်သံအပ်များကဲ့သို့ အမွှေးမျှင်များစတင်ထွက်ပေါ်လာသည်။ ဖှေး၏ ခန္ဓာကိုယ်သည်လည်း သာမန်ထက်နှစ်ဆခန့်စတင်ကြီးထွားလာသည်။ ပါးစပ်မှ ချွန်ထက်သောအစွယ်များထွက်ပေါ်လာပြီး လက်သည်းများလည်း ရှည်လာတော့သည်။

ဤပြောင်းလဲမှုများသည် ချက်ချင်းလိုလိုပင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။

စွမ်းအင်မီးတောက်များ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖှေးသည်လူသားပုံသဏ္ဍာန်မှ ကြောက်မက်ဖွယ်ဝက်ဝံကြီးတစ်ကောင်အသွင်သို့ပြောင်းလဲသွားတော့၏။

ဒရူးဇာတ်ကောင်၏အစွမ်း [သမန်းဝက်ဝံ]ပင်။ ဤအစွမ်းသည်ဒရူးများကို ကြီးမားသည့်ဝက်ဝံကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေပြီး ခွန်အားနှင့် ကြံ့ခိုင်မာကြောမှုတို့မှာ နှစ်ဆခန့်မြင့်မားသွားစေသည်။ သို့သော် သူသည်လူသားအသိဉာဏ်များ ကျန်ရှိနေဆဲဖြစ်သည်။ ဤအစွမ်းအား လယ်ဗယ်၄ထိရောက်အောင် မြှင့်တင်ထားသဖြင့် အားနည်းချက်ဖြစ်သည့် အသိစိတ်ကင်းမဲ့သွားခြင်းမျိုးမရှိတော့ပေ။

“ဝေါင်း....”

သမန်းဝက်ဝံအဖြစ်သို့ ပြောင်းလဲထားသည့် ဖှေးမှာ ဒေါသဖြင့်အော်ဟစ်လိုက်သည်။ သူ၏ခြေထောက်အား စောင့်ချလိုက်ပြီး ကြီးမားသည့် ခြေသည်းများသည် အောက်ရှိကျောက်သားပြင်အတွင်းသို့ စိုက်ဝင်သွား၏။ လက်နှစ်ဖက်အား ဝှေ့ရမ်းလိုက်ပြီး သူ၏လက်သည်းများကိုလည်း ကျောက်နံရံအတွင်းသို့စိုက်သွင်းလိုက်သည်။ ပြင်းထန်သည့်လေစီးကြောင်းမှာ သူ့အပေါ်တွင် ထိရောက်မှုမရှိတော့ချေ။ သူမြဲမြံစွာဖြင့်ဖြေးဖြေးခြင်း လမ်းလျှောက်သွား၏။

All Chapters