← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

လယ်ဗယ်၄ရှိသော သမန်းဝက်ဝံမှာ မိနစ်၃၀ခန့် ပြောင်းလဲထားန်ိုင်သည်။ ဖှေး လူပုံပြန်ပြောင်းမည့်အချိန်ရောက်ပါက လိုဏ်ဂူ၏ ဒေါင့်ကွယ်ဟန်သဘောရှိသည့်နေရာတစ်နေရာသို့ဝင်လိုက်ပြီး သမန်းဝက်ဝံအဖြစ်ပြန်ပြောင်းကာ နောက်ထက်မိနစ်၃၀ကြာ ခရီးဆက်မည်ဖြစ်သည်။

ဒိုင်ယာဘလိုကမ္ဘာမှ အစွမ်းများကိုအသုံးပြုရန်အတွက် အချိန်စောင့်ဆိုင်းစရာမလိုသည်မှာအဆင်ပြေသည်။ ဖှေးတွင် မန်နာကျန်ရှိနေသေးပါက အစွမ်းကို အကြိမ်ပေါင်းများစွာ ဆက်တိုက်အသုံးပြုနိုင်သည်။ ဖှေး၏ အစွမ်းကို အကြိမ်ပေါင်းများစွာအသုံးပြု၍ လေ့လာရန်အတွက် လိုဏ်ဂူအရှေ့သို့လျှောက်လာခဲ့၏။ လေးနာရီငါးနာရီခန့်အကြာတွင် လေတိုက်နှုန်းသည် ငြိမ်သက်စပြုလာသည်။ နောက်တစ်နာရီခန့်အကြာတွင် လေးစီးကြောင်းမှာ ထူးဆန်းစွာပင် ပျောက်ကွယ်သွားတော့၏။

လိုဏ်ဂူသည် ဘာမှမဖြစ်ခဲ့သည့်အတိုင်းထက်မံငြိမ်သက်သွားပြန်သည်။

ဖှေစ လူအဖြစ်သို့ ပြန်ပြောင်သလိုက်ပြီး လိုဏ်ဂူအား ပိုမိုလျှင်မြန်စွာလေ့လာနိုင်ရန်အတွက် မြေခွေးသုံးကောင်ကို ထက်မံဆင့်ခေါ်လိုက်သည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွား၏။ ဖှေးသည် လားရာအရပ်များကိုပင် သတိမထားနိုင်သကဲ့သို့ခံစားနေရသည်။ ဤလိုဏ်ဂူအတွင်းသို့ ရောက်ရှိနေသည်မှာ တစ်ရ​က်ခန့်ပင်ကြာမြင့်နေပြီဖြစ်ကြောင်း ဖှေးခန့်မှန်းမိ၏။ ကွေ့ပေါင်းများစွာနှင့် အတက်ဆင်းပေါင်းများစွာတို့ကို ကျော်ဖြတ်ခဲ့သော်လည်း ဖှေးမည်သည့်အရာကိုမှမတွေ့ရသေးချေ။ အဆုံးမရှိသောဝင်္ကဘာတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

နောက်ဆုံးတွင် ဖှေးခနအနားယူပြီး ဒိုင်ယာဘလိုကမ္ဘာသို့သွားကာ လေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည့်အချိန်တွင် ရှေ့ဆုံးမှသွားနေသော မြေခွေး၏ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သံကိုကြားလိုက်ရပြီး ထိုမြေခွေးမြင်တွေ့နေရသည့် မြင်ကွင်းသည် ဖှေး၏ခေါင်းထဲတွင် ပေါ်လာတော့သည်။ မယုံနိုင်လောက်အောင် ကျယ်ပြန့်လှသည့်နေရာကြီးတစ်ခုဖြစ်သည်။ ထိုနေရာ၏အလည်တွင် အဖြူရောင်အရိုးပေါင်းများစွာကို ပိရမစ်ကြီးတစ်ခုကဲ့သို့ စုပုံထား၏။

ဖှေး ရှေ့သို့အမြန်ပြေးလိုက်ရာ လိုဏ်ဂူ၏ အဆုံးသို့မကြာမီမှာပင် ရောက်ရှိသွားပြီး သူ၏မြင်ကွင်းမှာလဲ ကျယ်ပြန့်သွားတော့သည်။

မယုံနိုက်လောက်အောင်ပင် ကျယ်ပြန့်လှသည့် ဟင်းလင်းပြင်ကြီးတစ်ခုသည်ဖှေး၏အရှေ့တွင် ပေါ်ပေါက်လာ၏။ လိုဏ်ဂူအတွင်းမှ အပြင်သို့ရောက်ရှိလာသည်ဟုပင်ထင်မှတ်ရသည်။ ဤဟင်းလင်းပြင်၏ အကျယ်အဝန်းသည် သူရဲကောင်းမြို့တော်ထက်ပင် များစွာကျယ်ဝန်း၏။ ဖှေးကြည့်လိုက်သည့်နေရာတိုင်းမှာ အဆုံးရှိသည့်ပုံမပေါ်ပဲ အမဲရောင်အမှောင်ထုများသာ ပြည့်နှက်နေသည်။ သို့သော် မှေးမှိန်သော အလင်းရောင်တစ်ခုမှာ မသိရသည့်နေရာတစ်ခုမှ လာရောက်လျှက်ရှိသည်။ ထိုအလင်းရောင်သည် မီတာတစ်ထောင်ခန့်အကွာဝေးတွင်ရှိသော မီတာ၈၀၀ခန့်အမြင့်ရှိသည့် ပိရမစ်တစ်ခုမှ လာရောက်နေမှန်း ဖှေးတွေ့လိုက်ရ၏။ ပိရမစ်မှာ ကြောက်မက်ဖွယ်အဖြူရောင်ရှိပြီး သစ်ခွရောင်အလင်းမှိန်မှိန်အား ထုတ်လွှတ်လျှက်ရှိသည်။ မြင်ကွင်းတစ်ခုလုံးသည် ဖော်ပြ၍မရသော ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။

“ဝှစ်....”

ဖှေး၏ မှော်တုတ်တံမှ စွမ်းအင်များထွက်လွာသွားသည်။

ထို့နောက်တွင် တောင်ပံခတ်သံများထွက်ပေါ်လာပြီး မဲနက်နေသော အရောင်ဆင်းရှိ ကြီမားသည့်ကျီးကန်းကြီးတစ်ကောင်မှာ ဖှေး၏ ခေါင်းပေါ်တွင် ပေါ်ပေါက်လာတော့သည်။ ဖှေးခေါင်းပေါ်တွင် ခနတာပတ်၍ပျံသန်းပြီး ဖှေး၏ပုခုံးပေါ်သို့နားကာ အကြိမ်အနည်းငယ် အော်မြည်လိုက်သည်။ ကလေးငယ်တစ်ယောက် သူ၏မိဘဖြစ်သူနှင့် ကစားနေသကဲ့သို့ပင်။ ဖှေးပြုံးကာ ကျီးကန်းနှင့် အနည်းငယ်ကစားလိုက်ပြီး လျို့ဝှက်သည့် ဘာသာစကားတစ်ခုကို ရွတ်ဆိုလိုက်သည်။ ကျီးကန်းသည် ပျော်ရွှင်စွာအော်ဟစ်၍ တောင်ပန်များကို ခတ်ကာ မြင့်မားသထက်မြင့်မားအောင် အပေါ်သို့ပျံသန်းသွားတော့သည်။ မကြာမှီတွင် အပေါ်တွင်ရှိသော အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့၏။

အဖြူရောင်မြေခွေးသုံးကောင်လည်း ဖှေး၏ အမိန့်ကိုရရှိသွားပြီး ဟင်းလင်းပြင်ထဲတွင် စတင်၍ လေ့လာရှာဖွေတော့သည်။

ထို့နောက်တွင် ဖှေးအရာအားလုံးကိုဂရုတစိုက်ဖြင့်စတင်ကြည့်ရှုတော့သည်။

ဟင်းလင်းပြင်သည် လုံးဝမဲမှောင်နေခြင်းမျိုးမဟုတ်ပေ။ ပိရမစ်မှ လာနေသည့်အလင်းမှိန်မှိန်တစ်ခုရှိနေ၏။ ထို့အပြင် ဖှေး၏ခြေထောက်အောက် ကျောက်သားပြင်ပေါ်တွင်လည်း အပေါက်များစွာရှိနေသည်ကိုတွေ့ရသည်။ အပေါက်တစ်ခုခြင်းစီသည် လက်သီးတစ်ဆုပ်ခန့်ကျယ်ဝန်းပြီး အပေါက်များစွာမှာ ပင့်ကူအိမ်တစ်ခုကဲ့သို့ သဏ္ဍာန်ဖော်ဆောင်နေ၏။ ဤအပေါက်များမှာ အလွန်နက်ရှိုင်းသည်။ အောက်မှလာနေသောအနီရောင်မီးတောက်အလင်းရောင် ဖျော့ဖျော့မှာလည်း ဤနေရာအတွက် အလင်းတစ်ချို့ကို ဖန်တီးပေးလျှက်ရှိသည်။

ဤမှေးမှိန်သော အလင်းရောင်များ၏ အကူအညီဖြင့် ဖှေးသူ၏ ပတ်ဝန်းကျင်ကိုဂရုတစိုက် စတင်လေ့လာတော့သည်။

မကြာမီတွင် ယခင်က ရိုးရှင်းသည့် လိုဏ်ဂူနှင့် ခြားနားပုံကို ဖှေးသိလိုက်ရသည်။ ဤဟင်းလင်းပြင်တွင် အဆောက်ဦးများ၏ခြေရာလက်ရာများကို တွေ့နေရ၏။ မြေပေါ်တွင်လဲလျက်အနေထားသော်လည်းကောင်း ထောင်လျှက်အနေထားဖြင့်သော်လည်းကောင်း တည်ရှိနေကြသည့် ၁၀မီတာခန့်အမြင့်ရှိ ကျောက်သားတိုင်လုံးကြီးများကိုတွေ့ရ၏။ ကျောက်တိုင်တွင် ရေးဆွဲထားသည့် မျဥ်းကြောင်းများကိုလဲတွေ့ရသည်။ လူသားများ အသေချာထွင်းထုထားသည့် မျဥ်းကြောင်းများဖြစ်ကြောင်း ထင်ရှားသည်။ ကျောက်တိုင်များ၏ ပုံသဏ္ဍန်မှာလည်း တစ်ခုနှင့်တစ်ခုမတူညီကြချေ။ တစ်ချို့ကျောက်တိုင်များသည် ဆလင်ဒါပုံရှိပြီး တစ်ချို့ကျောက်တိုင်များမှာ လေးထောင့်စတုရမ်းပုံများဖြစ်ကြသည်။ များသာအားဖြင့် ၂၀မီတာခန့် အမြင့်ရှိကြ၏။ ကျောက်တိုင်တစ်တိုင်မှာ အနည်းဆုံးပေါင်ချိန်တစ်သောင်းကျော်ခန့်ပင် အလေးချိန်ရှိမည်ဖြစ်ပြီး ဟင်းလင်းပြင်တွင် စနစ်တကျ နေရာချထားသည်ကိုတွေ့ရှိနေရ၏။ အသေချာလေ့လာကြည့်ပါ ထိုကျောက်တိုင်များ နေရာချထားပုံမှာ အလည်တွင်ရှိသော ကြောက်မက်ဖွယ် အဖြူရောင်ပိရမစ်ကြီးကို ပတ်လည်ဝိုင်းကာရံနေသကဲ့သို့ပင်။

ဖှေး ဤခန့်ညားလှသည့် ကျောက်တိုင်ကြီးများကို ဂရုတစိုက်လေ့လာကြည့်ရာတွင် ထူးဆန်းသည့်အရာတစ်ခုကို သတိထားမိသွားသည်။ မြေပေါ်တွင် လဲကျနေကြသည့် ကျောက်တိုင်ကြီးများမှာ စွမ်းအားကြီးသော အရာတစ်ခု၏ အားဖြင့်တွန်းလဲခြင်းကိုခံထားရပုံရ၏။ တစ်ချို့ကျောက်တ်ိုင်ကြီးများမှာ မြေပြင်သို့လဲကျအပြီးတွင် အပိုင်းပိုင်းပြတ်လျှက်ရှိနေကြသည်။ ကျောက်တိုင်များတွင်လည်းဓားရာများ၊ များသောအားဖြင့်တိရစ္ဆာန်ကုတ်ခြစ်ရာများဖြင့် ပြည့်နှက်နေ၏။ ကျောက်တိုင်တချို့တွင် ထင်ရှားသည့် လက်သီးရာများကိုပင် ဖှေးတွေနေရ၏။

ဤတိုင်လုံးကြီးများကို ပြုလုပ်ထားသည့် ကျောက်သားမှာ အလွန်မာကြောလှသည်။ ဖှေးတစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသည့် အမျိုးအစားဖြစ်ပုံရ၏။ သူ သမန်းဝက်ဝံအဖြစ်သို့ပြောင်းလိုက်ပြီး အားကုန်သုံးကာကျောက်တိုင်လုံးတစ်ခုအား လက်သီးဖြင့် ထိုးကြည့်လိုက်သည်။ လယ်ဗယ်၂၁ ဒရူးဇာတ်ကောင်မှာ ကြယ်သုံးလုံးအဆင့်ထက်ကျော်လွန်သော စွမ်းအားရှိသည်။ ထို့အပြင် သမန်းဝက်ဝံအဖြစ်သို့ ပြောင်းထဲထားချိန်တွင် စွမ်းအားများမှာနှစ်ဆဖြစ်သွားသောကြောင့် ကြယ်ငါးလုံးအဆင့်ရောက်ခါစ စစ်သည်တစ်ယောက်နှင့်ပင် စွမ်းအားခြင်းညီမျှသည်ဟု ဆိုနိုင်၏။ ဤကဲ့သို့စွမ်းအားမျိုးမှာ အံဩစရာကောင်းလှသော်လည်း ဖှေးအား ပိုမို၍အံ့သြစေသည်မှာ သူ၏လက်သီးချက်မှာ ကျောက်တိုက်အား အချိုင့်တစ်ခုပင် ဖြစ်မသွားစေခဲ့ပေ။

“ဘာ....”

ဖှေးအသက်ကို နက်ရှိုင်းစွာရှူသွင်းလိုက်သည်။ ဤရှာဖွေတွေ့ရှိမှုသည် သူအား အလွန်ထိတ်လန့်တုန်လှုပ်သွားစေသောကြောင့်ပင်။ဤကျောက်တိုင်ပေါ်တွင်အမှတ်သားတစ်ခုထင်နိုင်စေရန်မှာ တစ်စုံတစ်ယောက်သည် ကြယ်၆လုံး ၇လုံးခန့်အဆင့်ရှိရမည့်ပုံပေါ်နေသောကြောင့်ပင်။ ဘယ်သူတွေက ဒီလိုအမှတ်သားတွေကို ချန်ခဲ့တာလဲ....။ထင်ရှားစွာပင် ကျောက်တိုင်များပေါ်တွင် ထင်ကျန်နေသည့် ဓားရာများ၊ လက်သည်းကုတ်ခြစ်ရာများ၊ လက်သီးရာများသည် တစ်စုံတစ်ယောက်ထဲကပင် ချန်ခဲ့ခြင်းမဖြစ်နိုင်ချေ။ ဤနေရာတွင် ကြယ်၆လုံး ၇လုံးခန့်ရှိသည့် ဆရာပေါင်းများစွာမှာ ကစဥ့်ကယား တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့သည်ဟူသော အဓိပ္ပါယ်ပင်။ ဒါက ဘယ်လိုနေရာမျိုးလဲ....

ထိုကဲ့သို့စဥ်းစားနေရင်းဖြင့် ဖှေး ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာကြည့်နေ၏။ သူပို၍ ကြည့်လေလေ ပို၍ထိတ်လန့်လာလေဖြစ်၏။

အဘယ်ကြောင့်ဆိုသော အနည်းငယ်ဝေးသောနေရာတွင်ရှိသော ကျောက်တိုင်များတွင် သူတိုက်ပွဲခြေရာလက်ရာများကို ထက်မံတွေ့ရှိရသောကြောင့်ပင်။ တစ်ချို့ကျောက်တိုင်ကြီးများဆိုလျှင် တစ်စုံတစ်ယောက်မှ နှစ်ပိုင်းဖြတ်ထားပုံရပြီး မြေပေါ်သို့ လဲကျနေကြသည်။ ဤကဲ့သို့ ဖျတ်ဆီးမှုများကို ပြုလုပ်နိုင်သည့်ဆရာမှာ မည်ကဲ့သို့ ဆရာမျိုးဖြစ်နိုင်မည်နည်း။ လအဆင့် ကျွမ်းကျင်သူများပေလား။ နေအဆင့်သခင်များပေလား....။

All Chapters