အခန်း (၁၈၄)
Vol. 13 Ch. 184
ဤကိစ္စ၏နက်နဲရှုပ်ထွေးမှုမှာ ဖှေးထင်မက်ထားသည်ထက်ပင် ကျော်လွန်သွား၏။
“အ...အ...အ...”
ဤအခိုက်တန့်တွင် သူကျီးကန်းအော်သံများကိုကြားလိုက်ရသည်။
ဖှေး သူ၏အာရုံများကို စုစည်းလိုက်ပြီး အပေါ်တွင်ပျံသန်းနေသည့် ကျီးကန်း၏ မျက်လုံးမှ မြင်ကွင်းထံသို့ အာရုံစိုက်ကာကြည့်ရှုလိုက်သည်။
ချက်ချင်းပင် သူ၏ခေါင်းပေါ်ရှိနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ကြမ်းတမ်းသည့်ကျောက်တုံးကြီးများကို တွေ့လိုက်ရ၏။ ဖှေး ကျီးကန်းကို တစ်ခြားနေရာများကိုလည်း ပျံသန်းကြည့်ရှုရန်အတွက် အမိန့်ပေးကြည့်လိုက်သည်။ သို့သော် မည်သည့်နေရာတွင်မဆို အပေါ်တွင် ကြီးမားကာ ကြမ်းရှသည့် ကျောက်တုံးကြီးများဖြင့်သာ ဖုံးကွယ်ထားသည်ကိုတွေ့နေရ၏။ ဖှေး၏ ခန့်မှန်းချက်မမှားပါက သူသည် မြေအောက်တစ်နေရာတွင်သာ ရှိနေဆဲ ဖြစ်ပုံရသည်။ တောင်တန်းတစ်ခုခု၏ အထဲတွင်ရောက်နေပုံရ၏။
အံ့သြဖွယ်ပင် လိုဏ်ဂူ၏ ကျယ်ပြန့်မှုမှာ အဆုံးမရှိသကဲ့သို့ပင်။
ဖှေးနေရာတစ်ခုလုံးအား ကျီးကန်းမျက်လုံးမှတဆင့် အပေါ်စီးမှလေ့လာကာကြည့်ရှုလိုက်သည်။ မကြာမှီပါပင် သူ၏မျက်လုံးများသည် ဤဟင်းလင်းပြင်၏ အလည်ခေါင်တွင်ရှိသော ထည်ဝါသည့် အဖြူရောင်ပိရမစ်ကြီးထံသို့ ကျရောက်သွား၏။ ထိုနေရာတွင် သဲလွန်စများထက်မံ၍ ရှိနေကောင်းရှိနေနိုင်သည်။
သို့သော် ဖှေး အဖြူရောင်ပိရမစ်အနားသို့ ဖှေးငြင်းစွာကပ်လာသည့်အချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကိုစတင်၍ သတိပြုမိလာသည်။
ပိရမစ်မှတောက်ပနေသော သစ်ခွရောင်အလင်းရောင်ဖျော့ဖျော့မှာ နွေးထွေးမှုလုံးဝမရှိပေ။ ဖှေးအံ့သြသွားကာ ပိရမစ်ထံသို့ အမြန်လျှောက်သွားပြီးအနီးကပ် ကြည့်ရှုလိုက်သည်။ သူ ချက်ချင်းပင် ထိတ်လန့်သွား၏။ဤအဖြူရောင် ပိရမစ်ကြီးမှာ တကယ်တန်းတွင်...အရိုးစုအပုံကြီးဖြစ်၏။ မီတာ၈၀၀ခန့်မြင့်မားသည့် ပိရမစ်ကြီးမှာ မရေတွက်နိုင်သော အရိုးများစွာကို စုပုံထားခြင်းသာဖြစ်သည်။
ဖှေး သူ၏ ကြောရိုးတစ်ခုလုံး အေးစက်သွားသည့် ခံစားချက်တစ်ခုကိုသာ ခံစားလိုက်ရသည်။ မမြင်ရသော အေးစက်သည့်လက်ကြီးတစ်ခုသည်သူ၏ကြောပြင်အား ပွတ်သပ်နေသကဲ့သို့ပင်။ ဖှေး အရင်ဘဝတွင်ကြည့်ခဲ့သည့် သရဲကားများမှ မှတ်ဉာဏ်များသည် သူ၏ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာကာ ခြောက်ခြားစေသည်။ ဤကဲ့သို့ အရိုးတောင်ကြီးတစ်ခုအားပြုလုပ်ရန်မှာ အရိုးစုပေါင်းမည်မျှလိုအပ်လိမ့်မည်နည်း။ လူပေါင်းတစ်သောင်းကျော်ခန့် သတ်ဖြတ်လျှင်ပင် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
အနည်းငယ် စိတ်တည်ငြိမ် သွားသည့်အချိန်တွင်ဖှေးလှည့်ပတ်ကာဆက်လက်ကြည့်ရှုနေသည်။
သို့သော် သူပို၍ကြည့်ရှုလေလေ ပို၍ကြောက်လန့်လာလေလေဖြစ်သည်။ ဖှေး ဤတောင်ပေါ်တွင် ရှိသော အရိုးစုများမှာ ပုံမှန်ထက်ပင် သာလွန်၍ မာကြောနေသည်ကိုလဲတွေ့ရ၏။ ဖှေး၏ ခွန်အားဖြင့်ပင် ချိုးဖဲ့၍မရန်ိုင်ချေ။ ထို့အပြင် အရိုးများကို ပိရမစ်ပေါ်တွင်သေသေသပ်သပ်စီထားသည်။ အဖြူရောင်အရိုးများက်ို သေသေသပ်သပ်စီရီပြီး အရိုးတောင်တစ်ခုကို ဖန်တီးပြုလုပ်ထားသကဲ့သို့ပင် ဖြစ်နေ၏။ ဗိသုကာနှင့် အနုပညာဆန်သော မြင်ကွင်းခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။ အရိုးများပေါ်တွင် ဖုန်မှုန့်များပေကျံနေသည်ကိုတစ်စက်မှမတွေ့ရချေ။ သဘာဝအတိုင်းဖြစ်ပေါ်နေခြင်းမျိုး လုံးဝမဟုတ်ပေ။ အသစ်ကဲ့သို့ချောမွေ့နေ၏။ တစ်စုံတစ်ယောက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် အသေချာဖန်တီးထားသကဲ့သို့ပင်။
“ဒီအရိုးစုတောင်ကို ဆောက်လုပ်ထားတာ သိပ်ပြီးမကြာသေးတဲ့သဘောများလား...ဒီနေရာမှာလက်ရှိနေနေတဲ့ လူတစ်ယောက် ဒါမှမဟုတ် သတ္တဝါတစ်ကောင်များ ရှိနေတဲ့သဘောလား...” ဤအတွေးဖြင့် ဖှေး၏နောက်ကြောတွင် တစ်တစ်ကြိမ်ချွေးများပျံလာသည်က်ို ခံစားလိုက်ရ၏။ ဖှေးလျှင်မြန်စွာပင် အရိုးတောင်တစ်ဝိုက်ကိုပတ်ကြည့်လိုက်သည်။ သို့သော် အပေါ်သို့တက်ရောက်ရန်အတွက် လှေကား သို့မဟုတ် လမ်းကြောင်းဟူ၍ တစ်စုံတစ်ရာမှမတွေ့ရချေ။ သူအပေါ်တွင် ဝဲပျံနေသည့် သူ၏ ကျီးကန်းကို အပေါ်စီးမှ လှည့်ပတ်ကြည့်ခိုင်းသော်လည်း တစ်စုံတစ်ရာမှ ထူးခြားမှုမရှိပေ။
“ဒီလိုတောင်တစ်ခုကိုဆောက်လုပ်နိုင်ဖို့ဆိုတာက နှစ်ပေါင်းတစ်သောင်းလောက်အချိန်လိုအပ်လောက်တယ်...ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူး...ဒါတော်တော်ထူးဆန်းတာပဲ...” ဖှေး နောက်တစ်နာရီခန့်အသုံးပြုပြီး ပိရမစ်ထိပ်သို့ လူကိုယ်တိုင်တွယ်တက်ပြီး ကြည်ရှုရှာဖွေကြည့်တော်လည်း သက်ရှိတစ်စုံတစ်ရာရှိနေသော အရိပ်အယောင်က်ိုလုံးဝမတွေ့ရချေ။
သို့သော် ဤတစ်လျှောက်တွင် ဖှေးရှာဖွေမှု အသစ်များကိုလည်း တွေ့ရှိခဲ့သည်။
ဤအရိုးတောင်ကြီးတစ်ခုလုံးအား လူသားအရိုးစုများဖြင့်သာ ပြုလုပ်ထားခြင်းမဟုတ်ပေ။ ဖှေး တွယ်တက်နေစဥ်အတွင်း မီတာ ၃၀ ၄၀ခန့်ရှည်လျားသော အရိုးစုရုပ်ကျွင်းများကိုလည်း တွေ့ရှိခဲ့သည်။ ဤအရိုးစုများမှာ သေဆုံးသွားခဲ့သည့် သတ္တဝါကြီးတစ်ကောင်၏ အရ်ိုးစုများဖြစ်သည်မှာလည်း ထင်ရှား၏။ ထိုအရိုးများအပြင် လူသားလုံးဝမဖြစ်နိုင်သည့် တစ်ခြားအရိုးစုများကိုလဲ ဖှေးတွေ့ခဲ့သည်။ သို့သော် ထိုအရိုးစုများတွင် တူညီသောဂုဏ်သတ္တိတစ်ခုရှိသည်။ အလွန်ပင် ခိုင်မာ မာကြောလှပြီး ဖှေး၏ လက်ရှိစွမ်းအားဖြင့် ချိုးဖဲ့နိုင်သည့် အရိုးတစ်ခုမျှ ရှာမရချေ။
ဤဖြစ်ရပ်အတွက် ရှင်းပြနိုင်သည့် အကြောင်းပြချက်တစ်စုံတစ်ခုသာရှိသည်။
ဤအရိုးစုပိုင်ရှင်များမှာ ကြယ်အဆင့်ထက်ကျော်လွန်သော ပညာရှင်များဖြစ်သောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့စွမ်းအားကြီးစစ်သည်များသာလျှင် သူတို့၏အရိုးများကို သံမဏိထက်မာကြောအောင် လေ့ကျင့်နိုင်စွမ်းရှိသောကြောင့်ပင်။ သူတို့သေဆုံးပြီး အသားများပုပ်သိုးကာဆွေးမြေ့သွားသည့်တိုင် အရိုးစုများသည် နှစ်ထောင်ပေါင်းများစွာ ပုံမပြတ်တည်ရှိနေနိုင်ဆဲပင်။
တစ်နည်းအားဖြင့်ဆိုသော် ဤတောင်ကြီးတစ်ခုကဲ့သို့ စုပုံထားသောအရိုးစုများမှာ ဖှေးထက်များစွာအစွမ်းထက်သည့် ပညာရှင်များပင်။ သို့သော် မေးခွန်းမှာ ဤမျှများပြားလှသည့် စွမ်းအားမြင့်ဆရာများကို မည်သည့်နေရာတွင်တွေ့ရှိနိုင်မည်နည်း။ ဤမျှအရွယ်စားရှိတောင်ကြီးတစ်ခုပြုလုပ်ရန်မှာ အလောင်းပေါင်းသောင်းနှင့်ချီ၍လိုအပ်မည်ဖြစ်သည်။ ဖြစ်နိုင်ဖွယ်မရှိပေ။ ဇီးနစ်အင်ပါယာထဲတွင် ဤမျှအဆင့်ရှိသောဆရာများသည် ၁၀ယောက်ပင် မပြည့်သောကြောင့်ပင်။
ဤသည်မှာ ရိုးရှင်းစွာပင် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဂူသင်္ချိုင်းပင်။
ဖှေး အမည်မသိသတ္တဝါတစ်ကောင်၏ ဓားတစ်ချောင်းကဲ့သ်ို့ဖြစ်နေသော အရိုးတစ်ချောင်းအား ဆွဲထုတ်ကာ လေထဲတွင်ဝှေ့ရမ်းကြည့်လ်ိုက်သည်။ ထို့နောက်တွင် ဖှေး အပေါ်သို့ခုန်တက်လိုက်ပြီး အဝေးတွင်ရှိနေသော ကျောက်တိုင်တစ်ခုအား ထိုအရိုးဖြင့်ခုတ်ပိုင်းကြည့်လိုက်သည်။ မမျှော်လင့်မထားစွာပင် သတ္တုနှစ်ခု ပွတ်တ်ိုက်လိုက်သကဲ့သို့ မီးပွားစများထွက်ပေါ်လာသည်။ သူ၏ လက်ထဲတွင်ရှိနေသောအရိုးအား ကိုင်တွယ်ကြည့်ရင်း ရေရွတ်လိုက်၏။ “ဒါတော်တော်မယုံနိုင်စရာကောင်းတာပဲ...ဒီအရိုးတွေကိုလက်နက်တွေလုပ်ဖို့အတွက်သုံးလို့ရတယ်..ချမ်းဘော့ဒ်က စစ်သည်တွေတိုင်းသာ ဒီလိုအရိုးမျိုးကိုကိုင်ထားနိုင်ရင် နတ်ဘုရားအဆင့်လက်နက်တွေရှိနေသလိုပဲ...”
လူသားများ၏လောဘသည် မျှော်လင့်ချက်မဲ့နေသည့် အချိန်၌ပင်လျှင် ပျောက်ကွယ်သွားခြင်းမရှိသည်မှာ သဘာဝပင်။ ဖှေးလဲ ထိုနည်းလည်းကောင်းပင် အခြေအနေမှာ ဤမျှမဆိုးဝါးသေးချေ။
ချက်ချင်းလိုလိုပင် ဓားပြတိုက်မှုမှာ စတင်တော့၏။
ဤအရိုးများသည် နတ်ဘုရားအဆင့် လက်နက်များအဖြစ်အသုံးပြုနိုင်ကြောင်း ဖှေးတွေးလိုက်မိသည့်အချိန်တွင် သူ၏မျက်လုံးများလင်းလက်သွား၏။ ကမန်းကတန်းရှာဖွေခြင်းကို စတင်ရန်အတွက် တွန့်ဆုတ်မနေတော့ချေ။ မကြာမှတွင် ဓားတိုများ၊ ဓားရှည်များ၊ လှံတံများပုံသဏ္ဍာန်ရှိသော အရိုးရာပေါင်းများစွာကိုဆွဲထုတ်ကာမြေပေါ်တွင် စနစ်တကျ စီထားလိုက်တော့သည်။ ယခုအချိန်တွင် တစ်ခုတည်းသော ပြသနာမှာ ဤရတနာများကို မည်ကဲ့သို့ ပြန်လည်သယ်ဆောင်ရမည်ဆိုသည်ပင်။ ဤအရိုးများသည် အရိုးတောင်ကြီးတစ်ခုလုံးမှာ အမှုန်မွားခန့်သာထုတ်ယူထားခြင်းဖြစ်သော်လည်း ချမ်းဘော့ဒ်တွင်သို့ ပြန်လည်သယ်ဆောင်သွားပါက မြို့အတွင်းတွင်ရှိသော ရှိသမျှစစ်သည်များကိုလက်နက်တပ်ဆင်ရန်အတွက် လုံလောက်သည်။ စစ်သည်လုံလုံလောက်လောက်ရှိပါက ဤအရိုးတောင်ကြီးသည် စစ်သည်သန်းပေါင်းများစွာကိုပင်တပ်ဆင်နိုင်ရန်အတွက် လုံလောက်သည့်အရိုးပမာဏရှိ၏။
ဖှေး ယခင်ကတည်းက တွေးမိသည်။ ဤမြေအောက်လိုဏ်ဂူကြီးသည် ထိုလျို့ဝှက်သည့်မြေပုံတွင်ပါရှိသည့် ဘုရားသခင်နှင့် နတ်ဆိုးများ တိုက်ခိုက်ခဲ့သည့် နေရာများထဲမှ တစ်ခုဖြစ်သောကြောင့် ဤအရိုးစုများမှာ တိုက်ပွဲဖြစ်စဥ်က ကျရှုံးခဲ့ကြသည့် ဘုရားသခင်နှင့်နတ်ဆိုးများ၏ စစ်သည်များ ခေါင်းဆောင်များဖြစ်နိုင်ဖွယ်ရှိသည်။ ဤဟင်းလင်းပြင်မှာ ဒဏ္ဍာရီလာရှေးဟောင်းမြေ၏ အစိတ်အပိုင်းသေးသေးလေးတစ်ခုတည်းသာရှိသေးသည်မှာ ထင်ရှားသော်လည်း ဤနေရာမှာပင်လျှင် အလောင်းပေါင်းမြောက်များစွာကိုတွေ့ရှိနေပြီးဖြစ်သည်။ ဖှေး မှတ်မိသည့် သမိုင်းစာလိပ်များထဲတွင် ဖတ်ရှုခဲ့သည့် နတ်ဘုရားနှင့် နတ်ဆိုးများတိုက်ပွဲမှတ်တန်းများအရဆိုပါက တစ်စုံတစ်ခုသည် လွဲမှားနေသေးသည်။ တော်ဝင်မှတ်တမ်းများအရ ယခင်က ထိုမျိုးနွယ်စုနှစ်ခု၏ လူဦးရေမှာ အကုန့်သတ်တစ်ခုသာရှိသည်။ထိုကြောင့်တိုက်ပွဲအတွင်းတွင် လူဦးရေသောင်းပေါင်းများစွာကို အသုံးပြုပြီးတိုက်ခိုက်နိုင်မည်မဟုတ်ပေ။ နတ်ဘုရားနှင့် နတ်ဆိုးများတိုက်ပွဲများ၏ မှတ်တမ်းများတွင်ဖော်ပြထားသည်မှာ ထိုမျိုးနွယ်စုနှစ်ခုမှာ ထိပ်ဆုံးမှနေ၍ ခေါင်းဆောင်များအနေဖြင့်သာ တိုက်ခိုက်ကြသည်ဟု မှတ်တမ်းတင်ထားသောကြောင့်ပင်။ တစ်ခြားမျိုးနွယ်ကွဲများကိုသာ အမိန့်ပေးပြီး သူတို့အစားတိုက်ခိုက်စေခဲ့ကြသည်။ ထို့ကြောင့် ဤအရိုးစုများသည်လည်း နတ်ဘုရားနှင့် နတ်ဆိုးမျိုးနွယ်များ၏ အရိုးစုများမဖြစ်နိုင်ချေ။ သူတို့ခိုင်းစေတိုက်ခိုက်စေခဲ့သည့် သာမန်စစ်သည်များ၏ အရိုးစုများသာဖြစ်လောက်၏။ ဤအချက်မှာ ဖှေးအတွက် အလွန်တုန်လှုပ်ထိတ်လန့်ဖွယ်ပင်။ သမိုင်းမှတ်တမ်းများတွင်ပါရှိသည့် “သာမန်”ဟုခေါ်သော အောက်ခြေစစ်သည်များ၏ အစွမ်းသည် အနည်းဆုံးကြယ်၆လုံး၇လုံးအဆင့်ခန့်မှနေ၍ လအဆင့်နေအဆင့်စစ်သည်များထက်ပင် ကျော်လွန်ခဲ့သည်ဟူသောအဓိပ္ပါယ်ပင်။