အခန်း (၁၈၅)
Vol. 13 Ch. 185
ဤသည်မှာ မယုံနိုင်ဖွယ်ပင်။
ဤကဲ့သို့ အင်အားစုသည် အေဇာရုတိုက်ပေါ်တွင်ရှိပါက အင်ပါယာကြီးများကိုပင် အမှုန့်ချေပစ်နိုင်သောကြောင့်ပင်။
သို့သော် ယခုအချိန်တွင်မူ ၄င်းတို့သည် အရိုးစုများသာ ဖြစ်ကြတော့၏။
လက်နက်အဖြစ်အသုံးပြုနိုင်သည့် အရိုးများကိုကောက်ယူစုဆောင်းပြီးနောက်တွင် ဖှေးမောပန်းသွား၏။ သူသံမဏိတံခါးအတွင်းသို့ ဝင်ချိန်မှစတင်၍ ထွက်ခွာလာသည်မှာ နာရီပေါင်း၂၀ခန့်ပင်ရှိပြီဖြစ်သည်။ ဖှေး စက္ကန့်အနည်းငယ်ကြာခန့်တွေးလိုက်ပြီး အဖြူရောင်မြေခွေးကြီးနှစ်ကောင်နှင့် အမဲရောင်ကျီးကန်းကြီးတို့ကို ဆင့်ခေါ်ထားခြင်းကို ရပ်တန့်လိုက်သည်။ အရိုးအနည်းငယ်ခန့် ထက်မဲကောက်ယူလိုက်ပြီးသိမ်းဆည်းကာ သူ၏ ထားသိုရာအကန့်အတွင်းသို့ထည့်လိုက်သည်။ ထို့နောက်တွင် အပြာရောင်ပေါ်တယ်တစ်ခုကိုဖွင့်ကာ ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။
ဒိုင်ယာဘလိုကမ္ဘာရှိကောင်းကင်သည် တောက်ပခါစပင်။ ထို့နောက်တွင် စခန်း၏အရှေ့တောင်ထောင့်သို့သွားကာ အာကာရာနှင့်တွေ့ဆုံပြီး ထုံးစံအတိုင်းပင် ဆေးပုလင်းဖော်စပ်နည်းများကို သင်ယူ၏။ သင်ယူခြင်းအစွမ်းမှာလည်း လယ်ဗယ်မြင့်တတ်သွားပြီဖြစ်သောကြောင့် ဖှေးဤအရာများကိုအခက်အခဲမရှိ သင်ယူနိုင်နေပြီဖြစ်သည်။ အာကာရာသည် အရာအားလုံးကို တစ်ကြိမ်ခန့်ရှင်းပြရုံဖြင့်ပင်လျှင် ဖှေးသည်ယခင်ကသင်ကြားဖူးသည့်အတိုင်း နားလည်လိုက်နိုင်။ သူ၏ဂရုမစိုက်တတ်မှုနှင့် မေ့တတ်သောအကျင့်ကြောင့်သာမဟုတ်ပါက သူသည်ယခုအချိန်တွင် အဆင့်မှီဆေးပုလင်းဖော်စပ်သူနှင့် စာလိပ်ပြုလုပ်သူတစ်ယောက်ပင် ဖြစ်နိုင်နေလောက်ပြီဖြစ်၏။
“အန်တီကျွန်တော့မှာ ထူးဆန်းတဲ့အရာတစ်ခုရှိတယ်....အဲ့တာဘာလဲဆိုလဲဆ်ိုတာ ကြည့်ပေးနိုင်မလား...”
သင်တန်းချိန်ပြီးသည့်အချိန်တွင် ဖှေးသူသိမ်းဆည်းလာခဲ့သည့် အရ်ိုးအသေးတစ်ချောင်းကို ထုတ်ယူကာ အာကာရာအားပြသကြည့်လိုက်သည်။ ကံကောင်းပါက အာကာရာသည်ဘာလဲသိလိမ့်မည်ဟု ဖှေးမျှော်လင့်မိသောကြောင့်ပင်။
“ဒါက.....” အာကာရာသည် တည်ငြိမ်သော မျက်နှာဖြင့် အရိုးကိုယူကာ သူမ၏လက်ထဲတွင် ခံစားရင်း ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအယာသည် ရုတ်တရက်ပြောင်းလဲသွားပြီး ပြောလိုက်၏။ “ဒါက နတ်ဆိုးရဲ့အကြွင်းအကျန်တွေပဲ ဘုရားရေ ဆရာဖှေး ဘယ်လိုလုပ်ဒီလိုဟာမျိုးကို ပိုင်ဆိုင်ထားတာလဲ...ဘယ်ရှာတွေ့ခဲ့တာလဲ ထပ်ပြီးတော့ရှိသေးလား...”
“နတ်ဆိုး အကြွင်းအကျန်တွေလား....” ဤကဲ့သို့နာမည်သည် ဖှေးအား ဆိုးဝါးသည့်ခံစားချက်တစ်ခုကို ပေးလျှက်ရှိသည်။ သူ အန်တီအာကာရာ၏ အံ့သြသည့်မျက်နှာအမူအယာကို ပုံမှန်အားဖြင့် မြင်ရလေ့မရှိသောကြောင့်ပင်။ “ဒီပစ္စည်းတွေက အတော်ကြောက်စရာကောင်းနေလို့လား အန်တီ....”
အာကာရာသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ခေါင်းကို ခါရမ်းလိုက်သည်။ “ဒီအကျွင်းကျန်တွေရဲ့ပိုင်ရှင်ကတော့ အတော်ကိုကြောက်စရာကောင်းပါတယ်..နတ်ဘုရားရဲ့အလင်းရောင်အောက်မှာ လုံးဝသည်းခံလို့မရတဲ့ ဆိုးဝါးတဲ့ဖြစ်တည်မှုတစ်ခုပဲ...ဒါပေမယ့် သူတို့သေပြီး ကျန်ခဲ့တဲ့အကြွင်းကျန်တွေကတော့ အဖိုးမဖြတ်နိုင်တဲ့ မှော်ပစ္စည်းကုန်ကြမ်းတွေပဲ...မင်းငါ့ကိုပေးတဲ့အရိုးက အလွန်အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင်ရဲ့အရိုးဖြစ်နိုင်တယ်...သူရဲ့အစွမ်းကိုတော့ မင်းလုံးဝတွေးကြည့်လို့ရမှာမဟုတ်ဘူး။ အေဒရီရယ်တောင် သူ့အစွမ်းရဲ့ တစ်ရာပုံတစ်ပုံကို ယှဥ်နိုင်မှာမဟုတ်ဘူးလေ...အဲ့အဆင့်ရှိတဲ့ နတ်ဆိုးတစ်ကောင်ရဲ့အရိုးဆိုတာက စွမ်းအားမြင့်မှော်လက်နက်တွေပြုလုပ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုပဲ..အမှုန့်ကြိတ်ပြီးတော့လဲမှော်ဆေးပုလင်းတွေ မှော်စာလိပ်တွေပြုလုပ်လို့ရသေးတယ်...” သို့သော် ထို့နောက်တွင် အန်တီအာကာရာမှာ အနည်းငယ်ဝမ်းနည်းသည့်အမူအယာဖြင့် သက်ပြင်းချလိုက်သည်။ “ကံမကောင်းစွာပဲ ဒီအရိုးက နည်းနည်းသေးသေးလေးပဲရှိတယ်...နည်းနည်းလောက်ပိုပြီးရနိုင်သေးရင် ကောင်းမယ်...”
ဖှေး ဂုဏ်ယူစွာဖြင့်ပြုံးလိုက်ပြီး အနည်းငယ်ပိုကြီးသောအရိုးတစ်ခုကို သူ၏ဇာတ်ကောင် ထားသိုရာအကန့်အတွင်းမှ ထုတ်ယူလိုက်သည်။
“မင်းမှာ ထပ်ပြီးရှိသေးတာလား...” အန်တီအာကာရာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဖှေး ထိုနောက်တွင် ပို၍ပင်ကြီးမားသည့် အရိုးတစ်ခုကို ထက်မံဆွဲထုတ်လိုက်သည်။
“ကျန်သေးတာလား....”
နောက်တစ်ချောင်စ ထက်မံထုပ်ယူလိုက်သည်။
“မင်းမှာ ဘယ်နှစ်ခုကျန်နေသေးတာလဲ အကုန်ထုတ်လိုက် အမြန်လုပ်...”
သူပုန်စခန်း၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် လွန်ခဲ့သည့် နှစ်တစ်ရာကျော်တွင် အာကာရာတစ်ယောက် ဤကဲ့သို့ မပြုမူဖူးချေ။ သို့သော် ယခုအချိန်တွင်မူ အာကာရာသည် ဖှေး၏ အရိုးများနှင့်ဆွဲဆောင်မှုကြောင့် ရူးသွပ်လုနီးနီးပင်။ ဤနတ်ဆိုးအကြွင်းကျန်များမှာ အစစ်မှန်ပင် အရေးပါသောကြောင့် သူမ၏ ပိန်ကပ်နေသော လက်များဖြင့် ဖှေးကို လှုပ်ခါနေ၏။ ဤကဲ့သို့ အရိုးများသာ လုံလုံလောက်လောက်ရှိပါက သူပုန်စခန်း၏ ခွန်အားသည်လည်း အဆပေါင်းများစွာတောင့်တင်းလာနိုင်ပြီး တောတွင်းမှ အန္တရာယ်ပြုလာနိုင်သည့် မကောင်းဆိုးဝါးများကိုလည်း ကြောက်လန့်နေရန် မလိုအပ်တော့ချေ။
“ဒါအကုန်ပါပဲ ဒါအကုန်ပါပဲ....”
ဖှေး၏ ထားသို့ရာအကန့်ထဲတွင် အရိုးတောင်မှ အရိုး၆ ချောင်းခန့်သာထည့်သွင်း၍ ယူဆောင်လာခဲ့သည်။ ဖှေးပြုံးကာ သူ၏လက်များကိုမြှောက်ပြလိုက်သည်။
သူတော်စဥ်အန်တီကြီး၏မျက်နှာမှာ မှုန်သွားပြီး အနည်းငယ်စိတ်ပျက်သွားသည်။ သို့သော် သူမအရိုး၆ ချောင်းကို ထက်မံမြင်တွေ့သည့်အချိန်တွင်လည်း ပြန်လည်၍ စိတ်လှုပ်ရှားပျော်ရွှင်လာပြန်သည်။ သူမ အနည်းငယ်လောဘကြီးလွန်းနေခြင်းသာဖြစ်ကြောင်းတွေးလိုက်မိသည်။ ဤကဲ့သို့ အဖိုးတန်သော နတ်ဆိုးအရိုးများမှာ တစ်ချောင်းနှစ်ချောင်းခန့်ကပင်လျှင် အလွန်တန်ဖိုးကြီးမားလွန်းနေပြီဖြစ်သည်။ သူမ အဘယ်ကြောင့် ထက်မံမျှော်လင့်နေသေးသနည်း။
ဖှေးရယ်မောကာ အာကာရာအား အရိုးတောင်ကြီးတည်ရှိနေမှုကို ပြောမည်ပြင်ဆဲတွင်။
“ဟားဟားဟား ငါတွေ့သွားပြီကွ ငါနားလည်သွားပြီ ဟားဟားဟား...” မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးကိန်း၏ ရယ်မောသံမှာ သူပုန်စခန်းတစ်ခုလုံးတွင် ပြန့်နှံ့သွား၏။ လူတစ်ယောက်သည် အာကာရာ၏ တဲထံသို့ အမြန်ပြေးသွား၏။ ထိုသူမှာ အဖိုးကြီးကိန်းမှလွဲ၍ ဘယ်သူမှမဖြစ်နိုင်ချေ။ သူ၏ လက်ထဲတွင် စာအုပ်အပါးအနည်းငယ်ကို ကိုင်ထားသည်။ သူ၏ အိုမင်းသည့်ခြေထောက်များသည် အလွန်မြန်ဆန်စွာပြေးရလွန်းသဖြင့် တဲအနားသို့ရောက်သည့်အချိန်တွင် အနည်းငယ်ခန့်ရပ်ကာ အနားယူနေရသေး၏။ “ဟမ် ဆရာဖှေးရောရောက်နေတာပါ့လား...ဟားဟား ဟန်ကျတာပဲ...ကျွန်တော် သုခဘုံနဲ့ သူပုန်တိုက်မှာရှိတဲ့ မှော်ပညာစနစ်ခြားနားပုံကို လုံးဝ သဘောပေါက်နားလည်သွားပြီ...ဟားဟား ကျွန်တော်သာမမှားဘူးဆိုရင် ဒီမှော်စနစ်နှစ်ခုလုံးက အတူတူတွေကြည့်ပဲ...ဟားဟား..ဒီမှာလေ ကျွန်တော် ပစ္စည်းထားသိုရာလက်စွပ်ကို ဖွင့်ကြည့်နိုင်ခဲ့ပြီး အထဲမှာတွေ့ခဲ့တဲ့ အရာတွေပဲ...”
ဖှေး အဖိုးကြီးကိန်း၏လက်ထဲမှ စာအုပ်များကိုယူကာ အနီးကပ်ကြည့်ရှုလိုက်သည်။ ထိုအရာများမှာ အေဇာရုတိုက် ဘာသာစကားများဖြင့်ရေးထိုးထားခြင်သဖြစ်သည်။
“မြို့ဖျက်မီးတောက်၊ မကောင်းဆိုးဝါးများအား ထိန်းချုပ်ခြင်း၊ ချော်ရည်ကြမ်းပြင် ပေါက်ကွဲမှု၊ မီအတောင်ပံများ၊ မီးလျံရစ်ပတ်ခြင်း” ဖှေး ထိုစာအုပ်များကို အကျဥ်းခြုံးကာ ကြည့်လိုက်သည်။ မီးမှော်ပညာအစွမ်းကျင့်စဥ်များနှင့် အဆင့်နှိမ့် မကောင်းဆိုးဝါးမှော်ပညာများကို ရေးသားထားခြင်းများပင်။ ဤ ကြယ်လေးလုံးအဆင့် သစ်သားစွမ်းအင်သုံး မှော်ဆရာအီဗန်သည် ပစ္စည်းကောင်းများကို ပိုင်ဆိုင်ထားပုံရ၏။
“လက်စွပ်ထဲမှာ အများကြီးရှိသေးတယ်...မင်းကိုယ်တိုင်ကြည့်ကြည့်လိုက်...” အဖိုးကြီးကိန်းသည် လက်ဖဝါးကိုဖြန့်လိုက်ပြီး ရတနာများဖြင့်ပြည့်နက်နေသည့်လက်စွပ်ကို ဖှေးထံသို့ပေးလိုက်သည်။ သို့နောက်တွင် သူဘေးသို့ကြည့်လိုက်ရာ အာကာရာ၏ လက်ထဲမှအရိုးများကို တွေ့လိုက်ရပြီး ခနတာခန့်တွေဝေသွားသည်။ ထို့နောက်တွင် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွား၏။ နတ်ဆိုးအကြွင်းကျန်များဖြစ်ကြောင်းကို သိရှိသွားပုံရသည်။ သူလျှင်မြန်စွာပင် အံ့သြစွာဖြင့် အရိုးတစ်ချောင်းကိုဆွဲယူကာ ဂရုတစိုက်စတင်လေ့လာတော့သည်။ ဤအဖိုးကြီးမှာ သိပ္ပံပညာရှင်တစ်ယောက်ကဲ့သို့ပင် အသစ်ဆန်းများကို ရှာဖွေလေ့လာရန်အလွန်စိတ်အားထက်သန်သည်။
ဖှေး ထားသိုခြင်းလက်စွပ်ကိုယူလိုက်သည်။ အဖိုးကြီးကိန်း ပြန်လည်ပြုပြင်ထားပြီးနောက်တွင် လက်စွပ်၏အပြင်ပိုင်းမှာ အနည်းငယ်ပြောင်းလဲသွားသည်။ ဝတ်ဆင်ရသည်မှာ အလွန်အဆင်ပြေပြီး သူ၏ လက်ချောင်းများလှုပ်ရှားခြင်းအား လုံးဝအနှောင့်ယှက်ဖြစ်စေခြင်းမရှိပေ။
မန်နာအနည်းငယ်အသုံးပြု၍ လက်စွပ်အတွင်းရှိ အခန်းကျယ်တစ်ခုကို အလိုရှိသလိုမြင်နိုင်စွမ်းရှိသည်။ ဤသည်မှာ စတုရန်းမီတာ၁၀၀ခန့်ကျယ်ဝန်းသည့် ကျောက်တုံးအခန်းတစ်ခုဖြစ်သည်။ ပစ္စည်းများဖြင့် ပြည့်နက်နေသော်လည်း စနစ်တချစီထားသည်။ မှော်ကျောက်တုံးပေါင်း ၄၀၀ ၅၀၀ခန့်၊ ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသည့် မှော်ပစ္စည်းတစ်ချို့နှင့် အစားစာ၊အဝတ်စားများကဲ့သို့သော တခြားပစ္စည်းများပင်။ ဖှေးအားအဆွဲဆောင်နေဆုံးမှာ စုပုံထားသော စာအုပ်များ၊ အတွင်းအားနှင့် မှော်ကျင့်စဥ်စာလိပ်များပင်။ သူတို့အားလုံးကို ထောင့်တစ်နေရာတွင် တောင်ငယ်တစ်ခုကဲ့သို့ စုပုံထားသည်။ ဤစာအုပ်များနှင့် စာလိပ်များ၏အရည်သွေးမှာ ချမ်းဘော့ဒ်တော်ဝင်ဘဏ္ဍာတိုက်ထဲတွင်ရှိသော အရာအားလုံးထက် များစွာသာလွန်၏။ မှော်ဆရာများကို အေဇာရုတိုက်ပေါ်တွက် ရွေ့လျားစာကြည့်တိုက်များဟု တင်စားခေါ်ဝေါ်လေ့ရှိကြသည်။ သူတို့သည် ထိုတင်စားမှုနှင့် ထိုက်တန်ပုံရ၏။ အီဗန်သည် ကြယ်လေးလုံးအဆင့်မှော်ဆရာတစ်ယောက်သာဖြစ်သော်လည်း သူသည် စွမ်းအားကြီးအင်ပါယာကြီးတစ်ခုမှဖြစ်ပြီး နာမည်ကြီးမှော်ဆရာ ဖာဒီနမ်၏ တပည့်ဖြစ်သောကြောင့် သူသယ်ဆောင်သော စာလိပ်များမှာ အဖိုးတန်ပြီး ရှားပါး၏။