အခန်း (၁၈၇)
Vol. 13 Ch. 187
ဤနေရာကြီးသည် အလွန်ကျယ်ပြန့်လှသည်။ ဖှေး နာရီဝက်ခန့်ရှေ့သို့ လမ်းလျှောက်ပြီးသည့်အချိန်တွင် အဖြူရောင်တောင်ကြီးမှ ထင်ဟပ်နေသည့် ဝိုးတိုးဝါးတားအလင်းရောင်တ်ို့ကိုသာ မြင်ရတော့၏။ အာကာရာနှင့် ကိန်းတို့အား မည်သည့်နေရာတွင်မှ မမြင်ရတော့ချေ။ အလင်းများအားလုံးကို အမှောင်ထုမှဝါးမြိုသွားသည့်အတိုင်းပင် အာကာရာထွန်းညှ်ိထားသည့် အလင်းရောင်များကိုတောင် မမြင်ရတော့ချေ။
ဖှေး သူ့အား ဘေးဘယ်ညာနှင့် အပေါ်ဘက်တ်ို့မှ စောင့်ရှောက်ရန်အတွက် အဖြူရောင်မြေခွေးနှစ်ကောင်နှင့် ကျီးကန်းကြီးတို့က်ို ပြန်လည်ကာ ဆင့်ခေါ်လိုက်သည်။
အနည်းငယ်တွေးကာ တွေဝေပြီးနောက်တွင် ဖှေးသူ၏ အမျိူးသမီးကိုယ်ရံတော် အယ်လီနာကိုလည်း ဆင့်ခေါ်လိုက်သည်။
အယ်လီနာ၏ လှပသောပုံရိပ်သည် ပေါ်တယ်အတွင်းမှ လမ်းလျှောက်ကာထွက်ပေါ်လာသည်။ ဖှေး သူ၏ မျက်လုံးများသည် အလွန်တောက်ပသည့်တစ်စုံတစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားနေရ၏။ ကျောက်တုံးခန်းမထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာသည် အယ်လီနာအား ပိုမိုလှပပြီးဆွဲဆောင်မှု ရှိစေရန်အတွက် ပြောင်းလဲပေးလ်ိုက်သကဲ့သို့ပင်။ ဖှေး သင်းပျံ့သည့် အနံ့တစ်ခုက်ိုရရှိလိုက်ပြီးကျောက်တုံးအခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်လည်ကာ သတိရလိုက်မ်ိ၏။ မှောင်မဲနေသည့်နေရာတစ်ခုလုံး လင်းလတ်သွားသလိုဖှေးခံစားလိုက်ရသည်။
“မစ်စတာ ဖှေး...” အယ်လီနာသည့် သူ့ထံသို့ ညင်သာစွာလမ်းလျှောက်လာပြီး အောက်သို့ငုံ့ကြည့်ရင်း တိုးညင်းစွာပြောလိုက်၏။
ဖှေးပြုံလိုက်သည်။ ဤအခိုက်တန့်တွင် ကြောင်တောင်တောင်ဖြစ်နေမှုနှင့် ရှက်ရွံ့နေမှုများအားလုံး ပျောက်ကွယ်သွားပြီုဖြစ်၏။ သူ အမျိုးသမီးကိုယ်ရံတော်၏ နူးညံ့သောလက်များကို လှမ်း၍ ကိုင်ဆွဲလိုက်ရာ အေးစက်ချောမွေ့သော အထိတွေ့ကို ချက်ချင်းလိုလိုပင် ခံစားလိုက်ရသည်။ သူအယ်လီနာနှင့်အတူ ဘေးခြင်းကပ်ယှဥ်လျှက် လမ်းလျှောက်နေရင်း ပြောလိုက်သည်။ “အယ်လီနာ ငါ့ကို မစ်စတာဖှေးလို့မခေါ်နဲ့တော့ ဒီနေ့ကစပြီး အလတ်ဇန္ဒားလို့ပဲ ခေါ်ပါ...”
အယ်လီနာသည် သူမ၏ ပါးပြင်နှစ်ဖက်တွင် မီးများတောက်လောင်နေသကဲ့သို့ ခံစားနေရ၏။ ဖှေးလက်မှလာသော နွေးထွေးသည့် အထိတွေ့ကိုလဲ ခံစားမိသည်။ “အလတ်ဇန္ဒား....” သူမ ညင်သာစွာပြောလိုက်သည်။
ခနကြာခန့် သူတို့နှစ်ယောက်လုံး စကားပြောဆိုကြခြင်းမရှိပေ။ သို့သော် လေထုမှာ ငြိမ်သက်ကာချိုမြသည်။ သူတို့နှစ်ယောက် အချိန်များစီးဆင်းနေသည်ကို ပင်မခံစားမိချေ။
ဘယ်လောက်ကြာသွားမှန်းမသိချေ။ ရှေ့ဆုံးမှ သွားနေသော မြေခွေး၏ ဟောင်သံကိုကြားလိုက်ရသည်။ ဖှေး အယ်လီနာလက်က်ိုဆွဲကာ ရှေ့သို့အမြန်ပြေးကြည့်လိုက်သည်။ လိုဏ်ဂူမှာ နောက်ဆုံးတွင် လမ်းဆုံးသွားပြီဖြစ်၏။ သူတို့နှစ်ယောက်နှင့် မီတာတစ်ရာခန့် ဝေးလှံသောနေရာတွင် တွင်းနက်ကြီးတစ်ခုကို တွေ့နေရသည်။ တွင်းနက်ကြီးမှာ မီတာတစ်ရာခန့်အကျယ်ရှိကာအလွန်နက်ရှိုင်းလှသဖြင့် ဖှေးအောက်ခြေကိုပင် မြင်နိုင်ခြင်းမရှိပေ။ ဖှေး၏ တွင်းကြီးထဲသ်ို့ ကျောက်တုံးတစ်လုံးအား ပစ်ချကြည့်လိုက်ရာ ၁၀မိနစ်ခန့်ကြာသည့်အထိပင် ကျောက်တုံးပြုတ်ကျသည့်အသံထွက်ပေါ်မလာပေ။
“ဒါက တော်တော်နက်လွန်းတာပဲ...” အယ်လီနာနှင့် ဖှေးတို့ နှစ်ယောက်လုံးရေရွတ်လိုက်မိကြသည်။
တွင်းနက်ထဲမှ ထွက်ပေါ်လာသည့် အေးစက်သောလေအား ခံစားပြီးချိန်တွင် သူတို့နှစ်ယောက်လုံးတွင်းထဲသို့ဆင်းကာ လေ့လာမည့်အကြံစည်အား ခနတာခန့် ရပ်တံ့လိုက်ရသည်။ တွင်းနက်ကြီးမှာ အလွန်အေးစက်လှသည်။ ပို၍နက်လေလေ ပို၍အေးလာလေလေဖြစ်မည်ဖြစ်သည်။ အယ်လီနာနှင့် ဖှေးတို့၏စွမ်းအားများဖြင့်ပင် သူတို့နှစ်ယောက်လုံး အခွင့်ရေးမရလိုက်ပဲရေခဲကာ သေဆုံးသွားနိုင်သည်။
ခနတာတွေးပြီးနောက်တွင် ဖှေးသူနှင့် ဆန့်ကျင်ဘက်တွင်ရှိသော နံရံက်ို ကြည့်ရှုလိုက်သည်။
အယ်လီနာသည် ဖှေးတွေးနေသည့်အရာကို ချက်ချင်းပင် သိရှိလိုက်သည်။ သူမ၏မြှားတစ်ချောင်းကို ထုတ်ယူကာလေးကြိုးတွင် တင်လျှက် ပစ်လွှတ်လိုက်သည်။ “ဝှစ်” မီးမြှားတစ်ချောင်းသည် တွင်းနက်ကြီးကို ကျော်လွန်၍ ပျံသန်းသွား၏။ မြှားတွင်ပါရှိနေသည့် မီးတောက်မှာ အမှောင်ထုကို ချင်းချင်းပင် ထွန်းလင်းစေလိုက်ပြီး တွင်းနက်ကြီး၏ တစ်ဖက်တွင်ရှိသော အရာအားလုံးကို အယ်လီနာနှင့် ဖှေးတို့ မြင်နိုင်လိုက်၏။
တွင်းနက်ကြီး၏ တစ်ဖက်တွင်ရှိသော ကျောက်နံရံမှာ မှန်မျက်နှာပြင်တစ်ခုနီးပါးပင်ချောမွေ့နေသည်။ အလွန်မြင့်မားလှသဖြင့် အဆုံးက်ိုပင် ဖှေးမြင်နိုင်ခြင်းမရှိပေ။
အယ်လီနာနှင့် ဖှေးအား ထိတ်လန့်အံ့သြသွားစေသည်မှာ ဤနံရံကြီးသည် အလုံးစုံချောမွေ့နေခြင်းမရှိပေ။ သေချာကြည့်ပါက နံရံပေါ်တွင် ပျားအုံကဲ့သ်ို့ အမဲရောင်အပေါက်များစွာဖြင့် ပြည့်နှက်နေသည်။ ဤအရာသည် ဖှေးအား သားရဲပေါင်းများစွာသည် အမှောင်ထဲတွင် ပါးစပ်များကိုဖွင့်ဟကာ စောင့်ကြိုနေသကဲ့သို့ ခံစားရစေသည်။ လေထုမှာ မှောင်မဲကာ ကျောချမ်းဖွယ်ပင်။
“ကျွန်မ အရင်သွားကြည့်လိုက်မယ်...” အယ်လီနာပြောလိုက်သည်။
ဖှေး အနောက်မှ ချက်ချင်းပင် သူမ၏ လက်ကိုလှမ်းဆွဲလိုက်ပြီး ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။ “ခနနေပါဦး ငါ့မှာပိုကောင်းတဲ့ နည်းလမ်းရှိတယ်...နံရံကို အရင်အနီးကပ်ကြည့်ရအောင်...” ဖှေးထို့ကဲ့သို့ပြောပြီးနောက်တွင် သူ၏ခေါင်းပေါ်တွင် ပျံဝဲနေသည့် ကျီးကန်းနက်ကြီးအား တွင်းနက်ကြီး၏တစ်ဖက်တွင်ရှိသော နံရံထံသ်ို့ ပျံသန်းရန်အတွက် အမိန့်ပေးလိုက်သည်။ တစ်ချိန်ထဲမှာပင် သူကျီးကန်း၏မျက်လုံးမှာ မြင်ကွင်းထံသို့ အာရုံစူးစိုက်လိုက်၏။ နံရံပေါ်တွင် အပေါက်များကျောက်ဂူများ သောင်းချီရှိနေသည်ကို တွေ့လိုက်ရသည်။ နံရံပတ်လည်တွင် ခနတာခန့်ဝှေ့ဝိုက်ကာပျံသန်းပြီးနောက်တွင် ကျီးကန်းကြီးသည် ဂူတစ်ခုကိုရွေးချယ်၍ ပျံသန်းဝင်ရောက်လိုက်သည်။
ဂူအတွင်းသို့ဝင်ရောက်ပြီး နောက်တွင် ဖှေးအံ့သြစေသည်မှာ လိုဏ်ဂူနံရံများသည် ကြမ်းတမ်းနေခြင်းမရှိပေ။ လူများ သေချာပြုလုပ်ဖန်တီးထားခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။
ကျီးကန်းသည် ထိုလိုဏ်ဂူထဲတွင် ခနတာပျံသန်းကြည့်ပြီး အန္တရာယ်ရှိသည့်အရာတစ်စုံတစ်ခုမှ မတွေ့ရအပြီးတွင် ဖှေး၏အမိန့်အတိုင်းကျန်ရှိနေသည့် ဂူများအတွင်းသို့လည်းဝင်ရောက်ကာ ပျံသန်းကြည့်လိုက်သည်။ တူညီလုနီးပါးပင် ကျန်ရှိနေသည့် လိုဏ်ဂူများသည်များ လူသို့မဟုတ် တခြားသတ္တဝာများ သေချာပြုလုပ်ဖန်တီးထားခဲ့ခြင်းပင်။
“ဒီလူတွေက ဘယ်သူတွေလဲ...သူတို့က ဘာလို့ နံရံပေါ်မှာ လိုဏ်ဂူတွေဒီလောက်အများကြီး တူးခဲ့ရတာလဲ.........”
အယ်လီနာမှာ ဘာမှမပြောချေ။ သူမအပေါ်သို့ ခုန်ပျံကာ အမဲရောင်ကျီးကန်းကြီး၏ ကြောပြင်ပေါ်သို့ တက်လိုက်၏။ နတ်သမီးတစ်ပါးကဲ့သို့ပင် သူမ၏ အဝတ်စားများသည် လေထဲတွင် တလွင့်လွင့်ဝဲလျှက် တစ်ဖက်ရှိလိုဏ်ဂူများအတွင်းသို့ ပျံသန်းသွားသည်။ အယ်လီနာသည် သူမ၏ ချပ်ဝတ်များကို ချွတ်လိုက်ပါက အလွန်ပေါ့ပါးသည့် လူတစ်ယောက်ဖြစ်သည်။ ကျီးကန်းနက်ကြီးသည်လည်း ကောင်းမွန်သည့် သယ်ယူနိုင်စွမ်းရှိသည့်အတွက် သူမကို လွယ်ကူစွာသယ်ယူနိုင်စွမ်းရှိသည်။
အယ်လီနာသည် တစ်ဖက်တွင်အန္တရာယ်များသည်တစ်စုံတစ်ရာရှိနေမည်ကို စိုးရိမ်သဖြင့် အရင်သွားလိုမှန်း ရိပ်မိသည်။
ဖှေး အယ်လီနာ၏ ရည်ရွယ်ချက်ကို အာရုံခံမိသဖြင့် သူ၏ခေါင်းကိုခါရမ်းလိုက်သည်။
ထို့နောက်တွင် တစ်ဖက်တွင် ချိတ်ကောက်တစ်ခု ချည်တွဲထားသည့် ကြိုးတစ်ချောင်းကို သူ၏ထားသိုရာအကန့်ထဲမှ ထုတ်ယူလိုက်သည်။ ထို့နောက်တွင် ထိုချိတ်ကောက်နှင့် ကြိုးအား အားကုန်ဝှေ့ရမ်းကာ ပစ်လွှတ်လိုက်သည်။ ကြိုးမှာ မျဥ်းဖြောင့်အတိုင်းပျံသန်းသွားပြီး ချိတ်ကောက်သည် တစ်ဖက်နံရံရှိကျောက်သားပြင်အား ထိုးဖောက်၍ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ထို့နောက်တွင် ဒရူးဇာတ်ကောင်၏ အစွမ်း[သမန်းဝံပုလွေ]ကို အသုံးပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း သမန်းဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။ ထို့နောက်တွင်ကြိုးအား ခိုစီးကာ တစ်ဖက်သို့ ကူးသွားတော့သည်။ ခွန်အားနှင့် ခံနိုင်ရည်အားကို တိုးမြင့်ပေးသည့် သမန်းဝက်ဝံအစွမ်းနှင့်မတူညီသည်မှာ သမန်းဝံပုလွေအစွမ်းသည် သူ၏အာရုံခံနိုင်မှုနှင့် ခုန်ပျံကျော်လွှားနိုင်မှုတို့ကို မြှင့်တင်ပေးသည်။ ထို့ကြောင့်ဖှေးသည် ကြိုးအားအသုံးပြု၍ လွယ်ကူစွာ ခုန်ကူးနိုင်ခြင်းဖြစ်၏။ ဖှေး ကြိုးစိုက်ဝင်နေသော နေရာအနီးရှိ ဂူအတွင်းသို့ရောက်ရှိသွားပြီး ကြိုးကိုပြန်လည်ရုတ်သိမ်းနေချိန်တွင် အယ်လီနာသည်လည်း ကျီးကန်းနက်ကြီးကိုစီးကာ ပျံသန်းဝင်ရောက်လာသည်။