အခန်း (၁၈၈)
Vol. 13 Ch. 188
လိုဏ်ဂူမှာ အလွန်မဲမှောင်နေ၏။ ဖှေးသည် သူ၏ပစ္စည်းများအားလုံးကို ဆင့်ခေါ်လိုက်ပြီး အလင်းစက်ဝန်း+15ရှိသော ထူးခြားဂုဏ်သတ္တိရှိ လက်စွပ်တစ်ကွင်းကို ဝတ်ဆင်လိုက်သည်။ မြင်ကွင်းမှာ ချက်ချင်းပင် လင်းသွားပြီး ဖှေးနှင့် အယ်လီနာတို့သည် သူတို့၏ အနီးပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းရှိလာသည်။ ဖှေးမြေခွေးများကိုဆင့်ခေါ်လိုက်ပြီး စူးစမ်းလေ့လာခြင်းကို ထက်မံစတင်တော့၏။ သူ၏ဇာတ်ကောင်များအားလူံးသည်သူပုန်စခန်းမြေပုံကို အောင်မြင်သွားသည့်အတွက် အယ်လီနာ၏စွမ်းအားများသည်လည်း မြင့်တက်သွားသဖြင့် သူမသည် ယခုအချိန်တွင် ရေခဲ၊မီး၊လျှပ်စစ်နှင့် အဆိပ်စွမ်းအင်များကို အသုံးပြုနိုင်နေပြီဖြစ်သည်။ ဖှေး၏ ဇာတ်ကောင်များအားလုံးသည် သူပုန်စခန်းမြေပုံအား အောင်မြင်သွားသည့်အတွက်ကြောင့်လားမသိချေ သူပုန်စခန်းမှလူများသည် ဖှေး လူရိုင်းဇာတ်ကောင်၏ အစွမ်းမဟုတ်သည့် တခြားအစွမ်းများကိုအသုံးပြုသည့်အချိန်၌ပင်လျှင် အံ့သြခြင်းမရှိတော့ချေ။ ဖှေး မြေခွေးသုံးကောင်အား ဆင့်ခေါ်ခြင်းကို မြင်လိုက်ရသည့်အချိန်တွင်လည်း အယ်လီနာလုံးဝအံ့သြခြင်းမရှိပေ။
လိုဏ်ဂူအတွင်းရှိ ကျောက်နံရံများမှာ သန့်ရှင်းနေသည်။ စာများအရုပ်များ ရေးထွင်းထားခြင်းမရှိသည့်အတွက် ဖှေးမည်သည့်အရာကိုမှ လေ့လာသိရှိနိုင်ခြင်းမရှိပေ။
သို့သော် သူတို့နှစ်ယောက် မိုင်ပေါင်းအနည်းငယ်ခန့် လမ်းလျှောက်လာပြီးသည့်အချိန်တွင် ရပ်တံ့လိုက်ရသည်။
သူတို့၏အရှေ့တွင် လမ်းခွဲများကိုတွေ့လိုက်ရသောကြောင့်ပင်။
လမ်းခွဲမှာတစ်ခုတည်းသာမကပေ။ လမ်းလျှောက်လာခဲ့ပြီးနောက်တွင် သူတို့နှစ်ယောက်သည် ယခုအခါတွင် ၁၀၀စတုရန်းမီတာကျယ်ဝန်းသည့် အခန်းကျယ်တစ်ခုအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိုအခန်းသည် ဘယ်ရောက်မည်မှန်းမသိသည့် လိုဏ်ဂူ၁၀ခုကို ဆက်သွယ်ထား၏။ သို့သော် ဖှေးအားပြုံးစေသည်မှာ နောက်ဆုံးတွင် ရုပ်ထုများထုလုပ်ထားသည်ကို တွေ့ရသောကြောင့်ပင်။ မြေပေါ်တွင် ရေးဆွဲထားသည့် ကြယ်ပုံတစ်ခု၏ အနား၅ခုစီတွင် ညီညာခြင်းမရှိသည့် ထုလုံရှည်ပုံ ကျောက်တုံး၅ခုကို နေရာချထား၏။ ကြယ်ပုံ၏ အလည်ခေါင်တွင် ၂မီတာခန့်ရှည်သော ကျောက်ပြားတစ်ခုရှိသည်။
အနားသို့ ကပ်သွားအပြီးတွင် ဖှေး အသစ်ဆန်းများကို ထက်မံ၍တွေ့ရှိလိုက်ရသည်။
ထုလုံးရှည်ပုံကျောက်တုံးများ၏ ထိပ်တွင် ပါးလွှာအနုစိတ်သော သင်္ကေတများ ထွင်းထုရေးဆွဲထားသည်ကို တွေ့ရသည်။ ဖှေးခန့်မှန်းချက်မမှားပါက ဤသည်မှာ မှော်အစီရင်တစ်ခုဖြစ်၏။ ထွင်းထုထားပုံမှာ အလွန်အနုစိတ်လှပသဖြင့် အလွန်ကျွမ်းကျင်သော မှော်ဆရာတစ်ယောက်၏ လက်ရာဖြစ်သည်မှာလည်း ထင်ရှားလှသည်။ ဤထွင်းထုထားသည့် သင်္ကေတများသည် ကျောက်တုံး၏ အလည်ခေါင်သို့ ညွှန်ပြနေ၏။ ကျောက်တုံး၏ အလည်တွင် ထိတ်ချွန်သော ရေခဲမုန့်ခွက်သဏ္ဍာန်အချိုင့်တစ်ခု ပါရှိသည်။ ကျောက်တုံး၏အလည်တွင် တစ်စုံတစ်ခုကို မြုပ်ထားလေ့ရှိခဲ့ပုံရသည်။ သို့သော်ထိုအရာမှာ ယခုအချိန်တွင်မရှိတော့ပေ။
ဖှေးအား ပို၍ စိတ်ဝင်စားသည်မှာ ဤရေခဲမုန့်သဏ္ဍာန်အချိုင့်နှင့် ရင်းနှီးနေသကဲ့သို် ခံစားနေရခြင်းပင်။ သူ၏ခေါင်းထဲတွင် အကြံတစ်ခု လင်းလတ်သွားသည်။ ထို့နောက်တွင် ထားသိုရာအကန့်ထဲမှ ဟိုရာဒရစ်ကုဗတုံးဖြင့်ပြုလုပ်ထားသည့် ပြီးပြည့်စုံမှော်ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက်တွင် ထိုမှော်ကျော်တုံးအား ကျောက်တုံးအလည်ခေါင်ရှိအချိုင့်အတွင်းသို့ ဖြည်းညင်းစွာထည့်ကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်းပင် ပြီးပြည့်စုံမှော်ကျောက်တုံးမှာ အချိုင့်နေရာနှင့် ကွက်တိဖြစ်နေ၏။
“ဒွီ...”
အသံတစ်ခုထွက်ပေါ်လာသည်။ မှော်ကျောက်တုံးသည် တစ်စုံတစ်ခုနှင့် လှုန့်ဆော်ခြင်းခံလိုက်ရသကဲ့သို့ပင်။ ခရမ်းရောင်မြူခိုးအနည်းငယ်သည် ထိုအရာ၏ အနီးတဝိုက်တွင် ပေါ်ထွက်လာသည်။ ထိုမြူခိုးများသည် မီးတောက်အသွင်သို့ပြောင်းလဲသွား၍ ကျောက်တုံးပေါ်တွင် ထွင်းထုထားသည့် မှော်သင်္ကေတများအတွင်းသို့ မြင်နိုင်စွာစီးဝင်သွား၏။ ဤကျောက်တုံးပေါ်တွင် ထွင်းထုထားသည့် မှော်သင်္ကေတများသည် ခရမ်းရောင်အလင်းရောင်များ တောက်ပသွားတော့သည်။
သို့သော် ထိုကဲ့သို့မှလွဲ၍ ဘာမှဆက်မဖြစ်ချေ။
ဖှေး ကျန်ရှိနေသည့် ကျောက်တုံး၄ခုအားကြည့်လိုက်ရာတွင် ထိုကျောက်တုံးများပေါ်တွင်လည်း တူညီသည့် မှော်သင်္ကေတများနှင့် အလည်ခေါင်တွင်မှော်ကျောက်တုံးထည့်ရန် အချိင့်တစ်ခုပါဝင်သည်ကိုတွေ့ရသည်။ သို့သော်ဖှေးတွင် ပြီးပြည့်စုံအဆင့် မှော်ကျောက်တုံးထက်မံ၍ မပါရှိခဲ့ချေ။ ကျန်အဆင့်နှိမ့်မှော်ကျောက်တုံးများကို ထည့်ကြည့်သည့်အချိန်တွင်မူ မည်ကဲ့သို့မျှ ထူးခြားမှုမရှိပေ။
ကျောက်တုံး၅ခု၏ အလည်တွင်ရှိနေသော ကျောက်ပြားမှာလည်း တောက်ပလာခြင်းနှင့် တစ်စုံတစ်ခု ပြောင်းလဲလာခြင်းမရှိပေ။ ဤသည်မှာ စာများရေးသားထားခြင်းမရှိသည့် ကျောက်ပြားတစ်ခုသာဖြစ်သည်။ မှော်သင်္ကေတများထွင်းထုထားသည်က်ုလည်း မတွေ့ရချေ။ မျက်နှာပြင်မှာ မှန်ကဲ့သို့ ညီညာချောမွေ့နေသည်။ ဖှေး သေချာ အသေးစိတ်ထက်မံလေ့လာကြည့်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရချေ။
ထုရှည်ပုံ ကျောက်တုံး၅ ခုနှင့် ကျောက်ပြားတစ်ပြားမှလွဲ၍ ဤအခန်းထဲတွင် ကျန်အရာများကို လုံးဝတွေ့ရခြင်းမရှိပေ။
ဖှေး ကျောက်တုံးများပေါ်တွင်ရှိသည့် မှော်သင်္ကေတများကို စာရွက်တစ်ခုပေါ်တွင်ကူးရေးကာ ထက်မံခရီးဆက်ရန်ပြင်ဆင်တော့သည်။
ခွဲဖျာနေသည့် လိုဏ်ဂူများကိုကြည့်ရင်း ဖှေးနှင့် အယ်လီနာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ “ငါတို့ ကံစမ်းရတော့မယ်ထင်တယ်....” နှစ်ယောက်သား သက်ပြင်းချလိုပ်မိကြ၏။
လိုဏ်ဂူတစ်ခုအားရွေးချယ်လိုက်ပြီး ဖှေးအရင်လမ်းလျှောက်ကာဝင်ခဲ့သည် အယ်လီနာသည်လည်း အနောက်မှကပ်ခါ လိုက်ပါလာသည်။ သူတို့နှစ်ယောက်လုံးဤလိုဏ်ဂူထဲတွင် ဖြေးဖြေးလမ်းလျှောက်ရင်းလေ့လာလာခဲ့ကြသည်။ လမ်းလျှောက်မည်စိုးသဖြင့် ဖှေးသည် ၅မိနစ်ကြာလမ်းလျှောက်ပြီးသည့် အချိန်တိုင်းတွင် နံရံပေါ်တွင် ပန်းပွင့်ပုံအမှတ်သားတစ်ခုကို ရေးဆွဲမည်ဖြစ်သည်။ လိုဏ်ဂူ၏ အကွေ့ကောက်များ အတက်ဆင်းများကို ဖြတ်ကျော်ကာ ဖှေးနှင့် အယ်လီနာတို့နှစ်ယောက်ရှေ့သို့ ခရီးဆက်ကာလာခဲ့ကြသည်။ ၁၀မိနစ်ခန့်လမ်းလျှောကိပြီးချိန်တွင် ယခင်က ကဲ့သို့ ကျောက်တုံးအခန်းတစ်ခုအတွင်းသို့ ထက်မံ၍ရောက်ရှိလာကြပြန်သည်။ ဤကျောက်တုံးအခန်းထဲတွင်လည်း လိုဏ်ဂူလမ်းခွဲပေါင်းများစွာ ထက်မံပါရှိနေသေးသည်။
ဖှေး အံ့သြသွားသည်။ သူဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။
ဤကျောက်တုံးအခန်းမှာ ယခင်အခန်းနှင့် အရွယ်စားအတူတူပင်ဖြစ်ပြီး လမ်းခွဲပေါင်းများစွာပါရှိနေခြင်းမှာလည်း တူညီသည်။ ချောမွေ့သည့် ကျောက်ပြားတစ်ခုအား ဝန်းရံနေသည့် ထုလုံးရှည်ပုံကျောင်တုံးငါးခုလည်း ပါရှိနေ၏။ ထိုကျောက်တုံးများပေါ်တွင် ထွင်းထုထားသည့်မှော်သင်္ကေတများမှာလည်း ယခင်အခန်းနှင့် အတူတူပင်ဖြစ်သည်။ ဖှေးယခင်အခန်းတွင်သာ အမှတ်သားများမထားရှိခဲ့ပါက တူညီသောအခန်းအတွင်းသို့ပင် ထက်မံရောက်ရှိလာသည်ဟု ထင်နိုင်ဖွယ်ပင်။
“ငါတို့တွေ ထက်ပြီးကံစမ်းရဦးမယ်ထင်တယ်...”
ဖှေးဤအခန်းနံရံပေါ်တွင်လည်း အမှတ်သားတစ်ခုကိုရေးဆွဲလိုက်သည်။ ထို့နောက်တွင် လိုဏ်ဂူတစ်ခုအား ထက်မံရွေးချယ်ပြီး မြေခွေးသုံးကောင်အားဆင့်ခေါ်ကာ အယ်လီနာနှင့် နီးစွာကပ်လျှက် ဆက်လက်ခရီးဆက်ခဲ့သည်။
သို့သော် ၁၀မိနစ်ခန့်လမ်းလျှောက်ပြီးချိန်တွင် ဖှေး၏ နဖူးမှချွေးများစီးကျလာတော့သည်။
တူညီသောပုံသဏ္ဍာန်ရှိသည့်အခန်းတစ်ခုအတွင်းသို့ လိုဏ်ဂူအဆုံးတွင် ရောက်ရှိလာပြန်သည်။ ဤအခန်းထဲတွင်လည်း ကျောက်တုံးများနှင့် လိုဏ်ဂူလမ်းခွဲများစွာ ရှိနေပြန်၏။ ဖှေးသည် ဘယ်ရောက်လို့ ရောက်မည်မှန်းမသိသည့် အဆုံးမရှိသည့် အပေါက်တစ်ခုထဲတွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။ ဤသည်မှာ ရူးသွပ်လွန်းလှသည်။ ဤနေရာကြီးသည် နတ်ဘုရားများကိုပင် လမ်းပျောက်သွားစေနိုင်သည့် ကြီးမားသည့် ဝင်္ကါဘာကြီးတစ်ခုကဲ့သို့ပင်။ ကျောက်တုံးအခန်းတစ်ခုမှ တစ်ခုသို့၊ လိုဏ်ဂူအခွဲပေါင်းများစွာမှာ ပို၍များပြားသောလိုဏ်ဂူခွဲများထံသို့ပင်။ လိုဏ်ဂူလမ်းကြောင်းတစ်ခုသည် ဖြစ်နိုင်ချေတစ်ခုကို ညွှန်ပြနေသည်။ဖြစ်နိုင်ချေတစ်ခုခြင်းစီတိုင်းတွင် မတူညီသော ရလဒ်တစ်ခုရှိနေမည်မှာ အမှန်ပင်။ ဖှေးသည် သင်္ချာမကျွမ်းကျင်လှချေ။ သို့ရာတွင်ဤကဲ့သို့ ဆင်ကန်းတောတ်ိုးပုံစံဖြင့်ခရီးဆက်ပါက အောက်မြင်နိုင်ချေအလွန်နည်းပါးကြောင်းဖှေးသိရှိသည်။