အခန်း (၁၈၉)
Vol. 13 Ch. 189
“ငါဒီလိုရှေ့ဆက်တ်ိုးနေလို့တော့မဖြစ်တော့ဘူး...”
ဖှေးတစ်စုံတစ်ခုကို တွေးကြည့်အပြီးတွင် ဆုံးဖြတ်ချက်တစ်ခုကိုလျှင်မြန်စွာ ချမှတ်လိုက်သည်။ သူနှင့် အယ်လီနာတို့နှစ်ဦးလုံး အမှတ်သားများ၏အကူညီဖြင့် လာလမ်းအတိုင်းအနောက်သို့ ပြန်ဆုတ်လာခဲ့ရာ ဤဝင်္ကဘာ၏ ဝင်ပေါက်နေရာသို့ ပြန်လည်ရောက်ရှိ၍လာခဲ့ကြသည်။ ဖှေး ယခင်နည်းအတိုင်း ချိတ်ကောက်တပ်ဆင်ထားသော ကြိုးနှင့် သမန်းဝံပုလွေပြောင်းလဲနိုင်သည့်အစွမ်းကိုအသုံးပြုပြီး အေးစက်နေသည့်တွင်းနက်ကြီးအပေါ်မှ ဖြတ်ကျော်လိုက်သည်။ အယ်လီနာသည်လည်း ကျီးကန်းနက်ကြီးအား စီးနှင်း၍ တစ်ဖက်သို့ဖြတ်ကျော်လိုက်၏။
“အရင်ဆုံး သူရဲကောင်းမြို့တော်ကို ပြန်သွားလိုက်...နောက်ပြီးတော့ တစ်ခုကျန်သေးတယ်...ဒါက အတွင်းအားကျင့်စဥ်စာလိပ်ပဲ အန်ကယ်လမ်းပါ့ဒ်က်ု ဒီစာလိပ်ကိုအသုံးပြုပြီး လေ့ကျင့်လို့ရနိုင်မလား မေးပေး...”ဖှေး သူ၏ ထားသိုရာအကန့်အတွင်းမှာ [အလင်းလက်သီးများ]ဟု အမည်ရှိသော စာအုပ်တစ်အုပ်အား ထုတ်ယူကာ အယ်လီနာအား ပေးကာ ဂရုတစိုက်မှာကြားလိုက်သည်။ “ဒါပေမယ့် အန်ကယ်လမ်းပါ့ဒ်ကို ဒီစာလုပ်ကိုပြုလုပ်ခဲ့တဲ့လူက ငါဖြစ်တယ်ဆိုတာကိုလည်း အသေချာလေးရှင်းပြပေး..ငါဒီစာလိပ်အတိုင်းလေ့ကျင့်ကြည့်ပြီး ပြသနာသိပ်မတွေ့ရပေမယ့်..အန်ကယ်လမ်းပါ့က်ို သေချာရှင်းပြရလိမ့်မယ်...လေ့ကျင့်နေရင်း မူမမှန်တာတစ်စုံတစ်ခုတွေ့ရမယ်ဆိုရင် ချက်ချင်းရပ်ပစ်လိုက်ပါလို့...”
ဤအတွင်းအားကျင့်စဥ်စာလိပ်သည် သူ၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအားလမ်းကြောင်းများ စီးဆင်းနေသည့်အပေါ်မူတည်၍ ရေးဆွဲကြည့်ထားသည့် စာလိပ်တစ်ခုဖြစ်သည်။ ဖှေး ဤစမ်းသပ်ပြုလုပ်ထားသည့် စာလိပ်အားအသုံးပြုကာ ကျင့်ကြံကြည့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် စွမ်းအင်များကို မသိုလှောင်နိုင်သော်လည်း ဤသည်မှာလည်း တစ်နည်းအားဖြင့် ကောင်းမွန်သည့် အချက်တစ်ခုဖြစ်သည်။ မတော်တဆဖြင့် မှားယွင်းလေ့ကျင့်မိပါကလဲ ခနအကြာတွင် သက်ရောက်မှုများပြန်လည်ပျောက်ကွယ်သွားတတ်သဖြင့် သိပ်ပြီး ပြသနာမရှိလှချေ။ သူ၏ စမ်းသပ်လေ့ကျင့်မှုများအတွင်းတွင် သူသည်ဤစာလိပ်အား များစွာသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သဖြင့် ယခုအချိန်တွင် စာလိပ်တွက် အမှားများမရှိတော့ဟု ယူဆနိုင်၏။ သူ စာလိပ်နာမည်အား အလင်းလက်သီးဟု နာမည်ပေးထားရခြင်းမှာ သူအသစ်ထက်မံဖြည့်ထားသည့် အတွင်းအားစီးကြောင်းများသည် လေ့ကျင့်သူ၏ တိုင်ခိုက်မှုအမြန်နှုန်းကို များစွာတ်ိုးမြှင့်ပေးထားသောကြောင့်ပင်။ ကျင့်ကြံသူအား အလင်းကဲ့သို့အမြန်နှုန်းဖြင့် တိုက်ခိုက်နိုင်မှုကို ရရှိစေသည်။ ထို့အပြင် ကျင့်ကြံသူ၏ ခွန်အားကိုလည်း အဆပေါင်းအနည်းငယ် တိုးမြှင့်ပေးသည်။
အယ်လီနာ ဖှေးပြောသည့်အရာများကို အသေချာမှတ်သားပြီး မပြန်ချင်ပြန်ချင်နှင့် မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် ပေါ်တယ်တစ်ခုအတွင်းသို့ဝင်ကာ သူရဲကောင်းမြို့တော်သို့ ပြန်သွားတော့သည်။
ဤသည်မှာလည်း နတ်ဘုရားပေးသော အစွမ်းသုံးခု လယ်ဗယ်မြင့်တက်သွားခြင်း၏ အကျိုးကျေးဇူးတစ်ခုပင်။ ယခုအခါတွင် သူသည် ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုးဝါးများ၊ ဇာတ်ကောင်များကို တစ်နေရာမှ၊တစ်နေရာသို့ တယ်လီပေါ့ကာ ပို့ဆောင်နိုင်ပြီဖြစ်သည်။ ဒိုင်ယာ ဘလိုကမ္ဘာတစ်ခုတည်းသာ မဟုတ်တော့ချေ။ ဤသည်မှာ ဖှေးအား အလုပ်များစွာသက်သာစေသည်။
တကယ်တန်းတွင် ဖှေးလိုအပ်ပါက ဤအစွမ်းကိုအသုံးပြုပြီး ချက်ချင်းပင် တယ်လီပေါ့ကာ ချမ်းဘော့ဒ်သို့ ပြန်သွားနိုင်သည်။ သို့သော် ဖှေးထိုကဲ့သို့မလုပ်ရန်ဆုံးဖြတ်ကာ ချမ်းဘော့ဒ်မှတစ်လကြာ ထွက်ခွာမည်ဖြစ်ကြောင်း လူထုအား အသိပေးကြေငြာခဲ့သည်။ ချမ်းဘော့ဒ်မှ ခေါင်းဆောင်များကို သူတို့ပါသူတ်ု့ ချမ်းဘော့ဒ်အား တစ်လကြာခန့် တိုးတက်အောင် စီမံခန့်ခွဲစေလိုသောကြောင့်ပင်။ ဖှေး သူ၏လက်အောက်မှ ခေါင်းဆောင်များကို နေရာပေးကာ သက်သေပြရန်အတွက် အခွင့်ရေးပေးလိုသောကြောင့်ဖြစ်သည်။ သူတစ်ယောက်ထဲသာ အပြည့်စုံလုပ်ကိုင်နေပါက အချိန်ကြာလာလျှင် ပင်ပန်းလာမည်ဖြစ်ပြီး သူ၏လက်အောက်မှလူများလည်း လောင်းရိပ်မိကာ အသုံးမဝင်ဖြစ်လာတော့မည်ဖြစ်သည်။ တိုင်းပြည်တစ်ပြည် တိုးတက်၍ အင်အားကြီးမားလာရန်မှာ တစ်ဦးတစ်ယောက်ထဲအပေါ်တွင်သာ မှီခိုနေ၍မရပေ။ ချမ်းဘော့ဒ်အား အလျှင်မြန်တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ကျန်ရှိနေသော ခေါင်းဆောင်များ၏ အရည်ချင်းများကိုလည်း လိုအပ်၏။
အယ်လီနာပြန်သွားပြီးနောက်တွင် ဖှေးအရိုးဖြူတောင်ကြီးရှိသောနေရာသို့ ပြန်လည်ကာ လမ်းလျှောက်လာခဲ့၏။
သူသည် ထုလုံးရှည်ကျောက်တုံးများပေါ်မှ မှောိသင်္ကေတများကို စာရွက်ပေါ်တွင် ကူးယူလာခဲ့ပြီးဖြစ်သည်။ အာကာရာနှင့် အဖိုးကြီးကိန်းတို့ကို ထိုသင်္ကေတများကိုလေ့လာကာ သူ့အတွက်သဲလွန်စတစ်စုံတစ်ရာရှာပေးနိုင်ရန်အတွက် မျှော်လင့်နေ၏။ သို့မဟုတ်ပါက သူသည် ဟိုရာဒရစ်ကုဗတုံးကို အသုံးပြု၍ ပြီးပြည့်စုံအဆင့်မှော်ကျောက်တုံးများ ထက်မံ၍ ဖန်တီးကာ မှော်အစီရင်အား အသက်သွင်းနိုင်မသွင်းနိုင်ကို ဖန်တီးကြည့်ရမည်ဖြစ်သည်။ ဤသည်မှာ ဝင်္ကဘာအား ဖြတ်သန်းရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်နေနိုင်သည်။ တစ်ရက်ကြာစူးစမ်းလေ့လာပြီးနောက်တွင် ဖှေးသည် သန်မာသည့်လူတစ်ယောက်ဖြစ်သော်လည်း မောပန်းလာပြီဖြစ်သည်။ ထို့ကြောင့် အနည်းငယ်အနားယူရမည်ဖြစ်၏။
အရိုးတောင်သို့ ပြန်ရောက်သည့်အချိန်တွင် သူတော်စဥ်အာကာရာနှင့် အဖိုးကြီးကိန်းတို့ တောင်လည်တွင် လေးဘက်ထောက်ကာတစ်စုံတစ်ခုအား တူးဖော်ရန်ကြိုးစားနေကြသည်ကို တွေ့လိုက်ရ၏။ တောင်ခြေအနီးတွင် ယာယီတဲတစ်ခုကိုပင် ဆောက်လုပ်ထားပြီးဖြစ်၏။ ပန်းပဲဖိုနှင့် ပန်းပဲအတွက်လိုအပ်သည့် ပစ္စည်းများကိုလည်း ယာယီတဲအနီးတွင် စုစည်းထားသည်ကိုတွေ့နေရသည်။ အမျိုးသမီး သူပုန်တချို့၏ အကူအညီဖြင့် ပန်းပဲဆရာမချယ်စီသည် သူကိုဝှေ့ရမ်းကာ ထုလုပ်လျှက်ရှိသည်။ သူမ၏ အရှေ့တွင်လည်း ထုလုပ်ပြီးသော အရိုးဖြူလက်နက်များမှာ စုပုံနေလျှက်ရှိသည်။
လေးလံသော မှော်တူမှာ ချယ်စီ၏ လက်ထဲတွင် ပေါ့ပါးသွက်လက်လျှက်ရှိသည်။ မမြင်နိုင်သော အရိပ်တစ်ခု အသွင်သို့ပင် ပြောင်းလဲနေကော ဖှေးပင် မမြင်နိုင်ချေ။ ဤလှပသည့် ပန်းပဲဆရာမလေးမှာ အရိုးလက်နက်များ ထုလုပ်ရခြင်းကို အသားတကျဖြစ်နေပြီဖြစ်သည်။ သူမတူကို ဝှေ့ရမ်းလိုက်သည့် အခါတိုင်းတွင် ကျက်သရေရှိသော နတ်သမီးလေးတစ်ပါး ကခုန်နေသည်ကို ကြည့်နေရသကဲ့သို့ ဖှေးခံစားနေရသည်။ သူမ၏ အနီရောင်ဆံနွယ်များသည်လည်း လေထဲတွင်ခုန်လူးလျှက်ရှိသည်။
သူပုန်စခန်းမှ အလုပ်များအားလုံးကို ဇာတ်ကောင်၇ကောင်လုံးဖြင့် အောင်မြင်ပြီးနောက်တွင် သူပုန်စခန်းတွင်ရှိသော လူများ၏ စွမ်းရည်များသည်လည်း မြင့်တက်သွားကြပြီဖြစ်သည်။ ချယ်စီ၏ ပန်းပဲစွမ်းရည်များ၊ အာကာရာ၏ ဆေးပုလင်းဖော်စပ်စွမ်းရည်များနှင့် စာလိပ်ဖန်တီးခြင်းစွမ်းရည်များ၊ အဖိုးကြီးကိန်း၏ သုတေသနစွမ်းရည်နှင့် ပစ္စည်းစစ်ဆေးခြင်းစွမ်းရည်များ၊ ဖတ်တီးဂရိဒ်၏ လိမ်ညာလှည့်ဖျားခြင်းစွမ်းရည်များလည်း တိုးမြင့်ကုန်ကြသည်။ ထို့ကြောင့် ဖှေးသည် ချယ်စီအား နတ်ဆိုးအရိုးများအသုံးပြု၍ လက်နက်ထုလုပ်ခြင်းကို ကျွမ်းကျင်စေရန်အတွက် မျှော်လင့်ထားအပြီးဖြစ်သည်။
“ပြန်ရောက်လာပြီလား မစ်စတာဖှေး...” ဖှေး ပြန်ရောက်လာသည်ကို တွေ့သောအခါတွင်ချယ်စီသည် လက်ဝှေ့ရမ်းပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။ “အန်တီအာကာရာနဲ့ အဖိုးကိန်းတို့က စိတ်ဝင်စားစရာတစ်ချို့ကို ရှာတွေ့ထားသေးတယ်...ဒီကျောက်တိုင်တွေက [မဟူရာသတ္တုရိုင်း]တွေနဲ့ ပြုလုပ်ထားတာပဲ....” သူမပြောရင်းဖြင့် အမဲရောင်ကျောက်တုံးတစ်ခုကို ထုတ်ယူကာ ဖှေးပြလိုက်၏။ “ဒီမှာကြည့်ကြည့် ဒါက ဒဏ္ဍာရီတွေထဲမှာပဲ တွေ့ရတတ်တဲ့ အမဲရောက်သတ္တုတစ်မျိုးပဲ..နတ်ဆိုးအကျွင်းကျန်တွေလောက်တော့ မမာပေမယ့် ချပ်ဝတ်တွေပြုလုပ်ဖို့ အကောင်းဆုံးသတ္တုတစ်မျိုးပဲ သူပုန်တိုက်မှာဆိုရင် ဒဏ္ဍာရီလာလက်နက်တွေ ချပ်ဝတ်တွေတော်တော်များများကို ဒီသတ္တုကိုအသုံးပြုပြီး ပြုလုပ်ကြတယ်...”
“ငါဒီနေရာကို အဖိုးတန်ရတနာတွေနဲ့ ပြည့်နက်နေမယ်လို့ ထင်မထားခဲ့ဘူး...ဒါကြောင့် ဒဏ္ဍာရီလာမြေတွေက အင်အားကြီးအင်ပါယာတွေကိုဖန်တီးနိုင်တယ်လို့ ပြောကြတာကိုး...”ဖှေးတွေးရင်းဖြင့် ကျောက်တုံးကိုယူကာ လက်ချောင်းများဖြင့် ပွတ်သပ်ခံစားကြည့်လိုက်သည်။ ကျောက်တုံး၏ အေးစက်မာကြောသော အထိတွေ့ကို ခံစားနေဆဲတွင် ရုတ်တရက် တစ်စုံတစ်ခုအား တွေးလိုက်မိ၍ မေးလိုက်သည်။ “နေပါဦး ငါတို့ ဒီသတ္တုရိုင်းတွေကိုရော ဘယ်လိုပုံသွင်းထုလုပ်ရမှာလဲ။ ထူခြားပစ္စည်းတစ်ခုခု လိုနေသေးလား....”
“သိပ်ဟုတ်တာပေါ့ မင်းဒီတစ်ခါတော့ မှန်သွားပြီ....” အဖိုးကြီးကိန်းသည် ချယ်စီထုလုပ်ပေးထားသည့် အရိုးဖြူတောင်ဝှေးအသစ်နှင့်အတူ ဖှေးအနောက်မှ ရုတ်တရက်ပေါ်လာ၏။ ဖှေး တစ်ဖက်သို့လှည့်ကြည့်လိုက်ရာ ရုတ်တရက်ဖြစ်သောကြောင့် စက္ကန့်အနည်းငယ်ခန့် ထိတ်လန့်သွားမိသည်။ ဤအဖိုးကြီးမှာ အဖြူရောင်ဆံပင်၊ အဖြူရောင်မုတ်ဆိတ်၊ အဖြူရောင်ဝတ်ရုံနှင့် အဖြူရောင်တောင်ဝှေးတို့ဖြင့် လုံးဝဖြူဖွေးနေ၏။ အဖိုးကြီးမှာ ကြီးမားသည့် ကျောက်တိုင်ကြီးများကို လောဘဖြင့်တောက်ပနေသော မျက်လုံးများဖြင့်ကြည့်ကာပြောလိုက်၏။ “ဒီ[မဟူရာကျောက်သတ္တုတွေက] ထုလုပ်ဖို့ ခက်ခဲတယ်...မင်းသတ္တုကိုထုတ်ဖော်ချင်တယ်ဆိုရင်တော့ ငရဲပြည်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့ မီးတောက်တွေကိုလိုအပ်လိမ့်မယ်[ကမ္ဘာ့ဗဟိုချက်မီးတောက်]တွေကိုပေါ့.....”