အခန်း (၁၉၀)
Vol. 13 Ch. 190
“ကမ္ဘာ ဗဟိုမီးတောက်လား....”
“အမ်း ဟုတ်တယ်။ သူက နတ်ဆိုးစွမ်းအင်ကို လောင်စာအနေနဲ့အသုံးပြုပြီးလောင်ကျွမ်းတဲ့ ကြောက်မက်ဖွယ်မီးတောက်ပဲ...အဖျက်စွမ်းအားလဲတော်တော်ကြီးတယ်..လူတွေပြောပုံအရဆိုရင်တော့ အဲ့မီးတောက်က ဒီကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကိုလောင်ကျွမ်းနိုင်စွမ်းရှိတယ်...ဒဏ္ဍာအရီတွေအရဆိုရင်တော့ သူပုန်စခန်းအရှေ့ဘက်မှာရှိတဲ့ ပန်ဒီမိုနီယမ်ခံတပ်လို့ခေါ်တဲ့နေရာမှာ မီးမြစ်တစ်ခုရှိတယ်...အဲ့မြစ်က ထာဝရဆက်လက်လောင်ကျွမ်းနေနိုင်တဲ့ ကမ္ဘာ့ဗဟိုမီးတောက်တွေနဲ့ ပြည့်နှက်နေတယ်လေ...မင်းဒီသတ္တုရိုင်းတွေကို ထုလုပ်ချင်တယ်ဆိုရင်တော့ မင်းအဲ့မီးတောက်တွေကို အရင်သွားယူမှရလိမ့်မယ်...”
“ကြားရတာ အတော်ရှုပ်ထွေးလိုက်တာ...”
ဖှေး ပြောနေရင်းဖြင့် အကျင့်အတ်ိုင်း သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူမှတ်မိသည့်အတိုင်းဆိုပါက ဒိုင်ယာဘလိုကမ္ဘာတွင် [ပန်ဒီမိုနီယမ်ခံတပ်]ဟုခေါ်သော နေရာတစ်နေရာရှိသည်။ ဤသည်မှာ ရှေ့မှမြေပုံသုံးခုဖြစ်သည့် [သူပုန်စခန်း] [လူ့တ်ဂိုလိမ်မြို့တော်] [ခူရက်စ်ဆိပ်ကမ်း]တို့ကို အောင်မြင်ပြီးနောက်တွင် ဆက်လက်ရောက်ရှိမည့် လေးခုမြောက်မြေပုံနှင့် အခက်ခဲဆုံးသော မြေပုံတစ်ခုလည်းဖြစ်သည်။ ဤမြေပုံတွင်ရှိသော [ငရဲထုလုပ်ခြင်း]ဟုခေါ်သည့် ဒုတိယမြောက်အလုပ်တွင် သူသည် မီးမြစ်ဟုခေါ်သော မြစ်တစ်ခုထံသို့ သွားရမည်ဖြစ်သည်။ ထိုမြစ်သည် မှောင်မဲနေသည့် မြေအောက်ကမ္ဘာတစ်ခုအတွင်းတွင် တည်ရှိနေပြီး နီရဲနေသော ချော်ရည်ပူများဖြင့် ပြည့်နှက်နေ၏။ ထိုချော်ရည်မီးတောက်များသည် အဖိုးကြီးကိန်းပြောသည့် ကမ္ဘာ့ဗဟိုမီးတောက်များ ဖြစ်ပေလိမ့်မည်။ သို့သော် ဖှေးသည် ယခုအခါမှ လူ့တ်ဂိုလိမ်မြို့တော်သို့ ရောက်ခါစသာဖြစ်သောကြောင့် စတုတ္ထမြောက်မြေပုံဖြစ်သည့် ပန်ဒီမိုဒီရမ်ခံတပ်သို့ ရောက်ရှိရန်မှာ အလွန်ခက်ခဲ၍နေသေးသည်။ လျှော့လျှော့ပေါ့ပေါ့တွက်ကြည့်လျှင်ပင် အချိန်တစ်နှစ်ခန့်ပင် လိုဦးမည်ဖြစ်၏။
“အဲ့တာက တော်တော်ခက်ခဲတယ်...ဒဏ္ဍာရီထဲမှာ ဘယ်သူမှ သူပုန်စခန်းကနေ ပန်ဒီမိုဒီရမ်ခံတပ်အထိ အသက်ရှင်လျှက်မသွားနိုင်ကြဘူး..ဒါပေမယ့် ဟီးဟီး...ငါတို့တွေက မင်းပြောသလို ဒဏ္ဍာရီမြေထဲမှာရောက်နေတာမို့ထင်တယ်...အခြေအနေက ထင်သလောက်တော့ မဆိုးဝါးသေးဘူး...ဒီမှာလာကြည့်....” အဖိုးကြီးကိန်းပြောရင်းဖြင့် သူ၏လက်ထဲတွင်ရှိသော တောင်ဝှေးဖြင့် အောက်တွင်ရှိနေသော မြေပြင်၌ရှိသော အက်ကွဲရာထဲသို့ ညွှန်ပြလိုက်၏။ “ဒီမှာ အတော်စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုရှိနေတယ်....”
ဖှေး ဤထူးဆန်းသည့် မြေပြင်ကို ယခင်ကတည်းက သတိထားမိပြီးဖြစ်သည်။ လက်နှစ်ချောင်းစာခန့်ကျယ်ဝန်းသည့် အက်ကွဲကြောင်းအပေါက်များသည် နေရာအနှံ့တွင်ပြည့်နှက်နေ၏။ ခန်းခြောက်သွားသော မြစ်ကြမ်းပြင်တစ်ခုကဲ့သို့ပင် အက်ကွဲကြောင်းများကို နေရာအနှံ့တွင် ဖန်တီးလျှက်ရှိသည်။ သို့သော် ထူးခြားသည်မှာ ဤအက်ကွဲကြောင်းများအတွင်းမှ ရံဖန်ရံခါတွင် တောက်ပလာသည့် အနီရောင်အလင်းရောင်များပင်။ ထိုအလင်းရောင်များနှင့်အတူအပူရှိန်တချို့ကိုလဲ ရံဖန်ရံခါတွင် ခံစားနေရသည်။ “ဒီထူးဆန်းတဲ့ အက်ကွဲကြောင်းတွေက ကမ္ဘာ့ဗဟိုမီးတောက်တွေနဲ့များ ဆက်စက်နေမလား...” ဖှေးတွေးလိုက်မိသည်။
“ဒီနေရာက အတော်ထူးဆန်းတဲ့နေရာလို့ပြောရမယ်....ဒီအက်ကွဲကြောင်းတွေကနေ ငါ ကမ္ဘာ့ဗဟိုမီးတောက်ခံစားချက်အနည်းငယ်ကို ခံစားနေရတယ်...ဒဏ္ဍာရီတွေအရဆိုရင် သဘာဝအတိုင်းဖြစ်ပေါ်လာနဲ့ ရှားပါးရတနာတချို့က အတူယှဥ်တွဲပြီး တွေ့ရလေ့ရှိတယ်တဲ့...ဒီနေရာမှာ မဟူရာသတ္တုတွေအများအပြားတွေ့နေရတော့...ဒီနေရာမှာ ကမ္ဘာ့ဗဟိုမီးတောက်တွေရှိနေရင်လဲ သိပ်ပြီး အံ့သြမိမှာတော့မဟုတ်တော့ဘူး...ဒါပေမယ့် ဒီအက်ကွဲကြောင်းတွေက နက်ရှိုင်းပြီးတော့ မြေပြင်ကလဲ ကျောက်တုံးတွေထူထပ်နေလို့ ကမ္ဘာ့ဗဟိုမီးတောက်တွေကို အပေါ်ရောက်လာအောင်ဆွဲတင်ဖို့က လွယ်မှာတော့မဟုတ်ဘူး...” အဖိုးကြီးသည် သူ၏ မုတ်ဆိတ်များကို သပ်ကာခေါင်းကို ခါရမ်းလိုက်ပြီး ပြောလိုက်သည်။ “ငါမြေပြင်ပေါ်မှာ မှော်အစီရင်အသေစားတစ်ခုချထားပြီး မီးတောက်တွေကို အပေါ်ကိုဆွဲတင်နိုင်မလား လုပ်ကြည့်ဦးမယ်...”
အရောင်သွေးစုံလင်သည့် မှော်ကျောက်တုံးဆယ်ခုခန့်ကို ယူပြီးနောက်တွင် အဖိုးကြီးကိန်းသည် သူ၏ တောင်ဝှေးကိုအသုံးပြု၍ မြေပြင်ပေါ်တွင် မှော်အစီရင်တစ်ခုကိုရေးဆွဲလိုက်သည်။ နတ်ဆိုးအကြွင်းကျန်များဖြင့် ပြုလုပ်ထားသည့်တောင်ဝှေးမှာ အသုံးပြုရလွယ်ကူသည်။ အဖိုးကြီးကိန်း သူ၏မှော်စွမ်းအင်များ တောင်ဝှေးထဲတွင် လွယ်ကူစွာစီးဆင်းနေသည်ကိုပင် ခံစားနေရသည်။ ထို့အပြင် တောင်ဝှေးမှာ ကျန်ရှိနေသည့် အကျိုးကျေးဇူးများလဲ ရှိနေသေး၏။ တောင်ဝှေး၏အစွန်းတစ်ဖက်သည် ကျောက်သားပြင်ကဲ့သို့ မာကြောသော မြေပြင်ပေါ်တွင် လှပပြီး အနုစိတ်ညက်ညောသည့် မှော်သင်္ကေတများကို လွယ်လွယ်ကူကူပင် ရေးဆွဲလိုက်၏။ အဖိုးကြီးကိန်း၏ မှော်အသိပညာဗဟုသုတမှာ အလွန်မြင့်မားသည့် အဆင့်တစ်ခုတွင် ရောက်ရှိနေသည်က်ိုလည်း ဖှေးဝန်ခံရမည်ဖြစ်သည်။
ဤသည်မှာဖှေးအတွက် သင်ယူရန်ရှားပါးသည့် အခွင့်ရေးတစ်ခုလည်းဖြစ်သောကြောင့် ဂရုတစိုက်ဖြင့် စိတ်ဝင်စားစွာ လေ့လာကြည့်ရှုနေသညိ။
သူတော်စဥ်အာကာရာ၏အနောက်မှ လိုက်ပါလေ့လာပြီးအနောက်တွင် ဖှေးသည် မှော်ပညာနှင့်ပတ်သက်သည့် ဗဟုသုတများစွာကို သိရှိခဲ့ပြီး မှော်အစီရင်များနှင့် ပတ်သက်သည့် အခြေခံအချက်များကိုလည်း သိရှိပြီးဖြစ်သည်။ ယခင်ကကဲ့သို့ မှော်အစွမ်းများကိုသာ အသုံးပြုတတ်သည့် စောက်ပိန်းတစ်ယောက်မဟုတ်တော့ချေ။
မှော်အစီရင်အမျိုးစားပေါင်း ၆ခုခန့်ရှိသည်။ အစီရင်တစ်ခုစီတိုင်းသည် မတူညီသော သက်ရောက်မှုနှင့် အစွမ်းများရှိကြသည်။ ကမ္ဘာ့ဗဟိုမီးတောက်တွင် မီးဂုဏ်သတ္တိရှိ စွမ်းအင်ပါဝင်သောကြောင့် အဖိုးကြီးကိန်းရေးဆွဲနေသည့် မှော်အစီရင်မှာ ခြောက်နားဓာတ်ပိုင်းဆိုင်ရာအစီရင်နှင့် ရုပ်ပိုင်းအစီရင်တို့ကို ပေါင်းစပ်ကာ ရေးဆွဲနေခြင်းဖြစ်သည်။ ဤကဲ့သို့ ရေးဆွဲနေချိန်တွင် အဖိုးကြီးကိန်း၏ မျက်နှာအမူယာသည် ယခင်ကကဲ့သို့ ရွှတ်နောက်နောက်အမူအယာမျိုးမဟုတ်ပဲ မကြုံစဖူးတည်ကြည်လေးနက်နေသည်။ မှော်စွမ်းအင်များကိုမလိုအပ်သောနေရာတွင် သိပ်သည်းမှုမရှိစေရန်အတွက် အထူးအာရုံစိုက်နေရသောကြောင့်ပင်။ တစ်ခုခုလွဲမှားသွားပါက ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားကာ လူတိုင်း၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော ကြောင့်ပင်။
နာရီဝက်ခန့်အကြာတွင် အချင်း၁မီတာခန့်ရှိသော မှော်အစီရင်စက်ဝိုင်းတစ်ခုကို မြေပြင်ပေါ်တွင် သေသပ်စွာဖြင့် ရေးဆွဲပြီးဖြစ်၏။
မှောင်အစီရင်အများစု၏ အပြင်ဘက်ဆုံးရေးဆွဲထားသည့်အလွှာမှာ စက်ဝိုင်းသာဖြစ်ကြသည်။ စက်ဝိုင်းများသည် စီးဆင်းလည်ပတ်ခြင်းကို ကိုယ်စားပြုပြီး မှော်စွမ်းအင်များ ပြင်ပသို့ လွှင့်စင်ပျောက်ကွယ်သွားခြင်းကို တားဆီးပေး၏။ စက်ဝိုင်းအတွင်းတွင် မှော်စီးကြောင်းများရှိသည်။ ထိုစီးကြောင်းများသည် မှော်စွမ်းအင်သည် အစီရင်အတွင်းတွင် ချောမွေ့စွာလည်ပတ်စေရန်အတွက် ဆောင်ရွက်ပေးသည့် ပစ္စည်းများဖြစ်ကြသည်။ မှော်စွမ်းအင် ပို၍လည်ပတ်လေလေ မှော်အစီရင်သည် ပို၍ရှုပ်ထွေးကာ အဆင့်မြင့်လေဖြစ်ပြီး ရေဆွဲရန်အတွက် စွမ်းအင်ပို၍လိုလေလေဖြစ်သည်။ ပုံမှန်အားဖြင့် မှော်အစီရင်စက်ဝိုင်းများ ရေးဆွဲရန်မှာ မှော်တလင်းကျောက်များကိုအမှုန့်ကြိတ်ထားသည့် မှော်ကျောက်မှုန့်များကိုလည်း လိုအပ်၏။ သို့သော် ကိန်းသည် နတ်ဆိုးအကြွင်းကျန်မှ ပြုလုပ်ထားသည့် တောင်ဝှေးကို အသုံးပြုကာ ရေးဆွဲနေသည့်အတွက် ဤအဆင့်ကိုမလိုအပ်တော့ချေ။ သို့သော် မှော်အစီရင်တစ်ခု၏ စွမ်းအားမှာ မှော်ကျောက်မှုန့်စွမ်းအားနှင့် ရေးဆွဲသူမှော်ဆရာတ်ို့၏ စွမ်းအားအပေါ်လည်း မူတည်နေသေးသည်။ ဤသည်မှာ အေဇာရုတိုက်ပင်ဖြစ်စေ ဒိုင်ယာဘလို ကမ္ဘာတွင်၌ပင် ဖြစ်စေကာမူ မှော်အစီရင်များ၏ အခြေခံစည်းမျဥ်းပင်။