← Chapters

အခန်း (၁၉၃)

Vol. 13 Ch. 193

အခန်း (၁၉၃)

Vol. 13 Ch. 193

သူ၏ မျက်လုံးများရှေ့တွင် အချင်း၁၀၀မီတာခန့်ရှိသော လေဆင်နှာမောင်းကြီးတစ်ခုဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရခြင်းပင်။ ကောင်းကင်နှင့် ဆက်သွယ်ထားသော တိုင်လုံးကြီးသကဲ့သို့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာဖြင့် ယိမ်းပတ်ကာ အရိုးတောင်ထံသို့ ဦးတည်၍ သွားနေ၏။ အဖြူရောင်မြူခိုးများသည်လေဆင်နှာမောင်း၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး လေဆင်နှာမောင်း၏ အချင်းမှာလည်း ကြီးသထက် ကြီးမားလာတော့သည်။ မကြာမှီတွင် အရိုးတောင်ကြီးတစ်ခုလုံးကို ဝါးမြိုကာသွားတော့သည်။

ဤလျို့ဝှက်ထူးဆန်းသော ဟင်းလင်းပြင်၏ မျက်နှာကျက်နှင့် ထိဆက်နေပုံရသည့် လေဆင်နှာမောင်းသည် ခုခံနိုင်ခြင်းမရှိသည့် လေစီးကြောင်းစုပ်အားတစ်ခုကို ထုတ်လွှတ်လျှက်ရှိသည်။ ဘေးသုံးဘက်တွင်ရှိသော တွင်းနက်ကြီးများထံမှ ကြီးမားသည့် ရေခဲတုံးကြီးများကိုလည်း အဆက်မပြတ်ထုတ်လွှတ်လျှက်ရှိသည်။ ဖှေးသည် ဤလျို့ဝှက်ထူးဆန်းသည့် ဟင်းလင်းပြင်၏ အလည်ခေါင်တည့်တည့်သို့ ဆုတ်ခွာသွားအပြီးဖြစ်သော်လည်း အေးစက်သည့် လေထုကိုခံစားနေရဆဲ ဖြစ်သည်။ အပ်ပေါင်းများစွာသူ၏မျက်နှာအား လာရောက်ထိုးဆွနေသကဲ့သို့ အေးစက်သည့်လေထုကိုခံစားနေရသည်။ ဤအေးခဲသည့်ခံစားမှုမှာ ဖှေးတွေ့ကြုံဖူးသည့် အရာအားလုံးထက် ပို၍ပင်သာလွန်နေသည်။ သူ့တွင်ရှိသော မှော်စွမ်းအင်များအားလုံးကို အသုံးပြုကာ မီးအလွှာဖြင့် ခန္ဓာကိုယ်တစ်ဝိုက်အား လွှမ်းခြုံထားခြင်းမရှိပါက အေးခဲ၍ပင် သေဆုံးသွားနိုင်သည်။ တစ်ချိန်တည်းမှာပင် လေပူများစွာသည်လည်း မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများစွာမှတဆင့် ဤလျို့ဝှက်ထူးဆန်းသည့် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာလျှက်ရှိသည်။ တစ်ခါတစ်ရံတွင် ကမ္ဘာ့ဗဟိုမီးတောက်များ ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်အပူချိန်များကို ထုတ်လွှတ်သွားလျှက်ရှိသည်။ ဖှေးသည် မြေပြင်မှာ ပူလောင်လွန်းလှသဖြင့် အရည်ပျော်ကျတော့မည့်ကဲ့သို့ပင် ခံစားနေရ၏။

ဤဆန့်ကျင်ဘက် အင်အားစုနှစ်ခုမှာ ဟင်းလင်းပြင်ထဲတွင် အသေအကြေတိုက်ပွဲဝင်နေကြ၏။

လေပူနှင့် လေအေးများထိတွေ့လိုက်သည့်နေရာတွင် ရာသီဥတုဆိုင်ရာ အံ့သြဖွယ်ရာများဖြစ်ပေါ်လာလျှက်ရှိသည်။

ဖှေး တယ်လီပေါ့ပေါ်တယ်တစ်ခုကိုဖွင့်ကာ ဤနေရာမှ အမြန်ဆုံးဆုတ်ခွာသွားသင့်သည်။ သို့သော် ထူးဆန်းစွာပင် သူ့အား အသံတစ်ခုက”မင်းဒီမှာနေရင် မမျှော်မှန်းနိုင်လောက်အောင် ထူးခြားတဲ့အရာတစ်ခုကို တွေ့ကြုံရလိမ့်မယ်..”ဟု ပြောနေသကဲ့သို့ ခံစားနေရ၏။

ဤသည်မှာအလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုပင်။ ဝေဝေဝါးဝါးဖြင့် သွေးသားတော်စပ်သည့် ဆွေမျိုးတစ်ယောက်မှ ပြောနေသကဲ့သို့ ခံစားနေရသည်။

ဖှေးသည် အကျိုးမြတ်ရရန်အတွက် သူ၏အသတ်ကို ရင်းမည့် ဂရုမစိုက်တတ်သည့် လူတစ်ယောက်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်မူ သူအကြောင်းတစ်ချို့ကြောင့် ဤနေရာတွင်သာ ဆက်လက်ရှိနေရန် ဆုံးဖြတ်လိုက်၏။ ဖှေး သူ၏ ထားသိုရာအကန့်ထဲမှ ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး အကြီးမားဆုံးနှင့် အသန်မာဆုံဟု ယူဆရသည့် ကျောက်တိုင်တစ်ခုနှင့် တွဲကာ ချည်နှောင်လိုက်သည်။ တစ်ချိန်ထဲမှာပင် ပို၍ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလာနေသည့် လေဆင်နှာမောင်းအတွင်းသို့ စုပ်ယူခြင်းမခံရစေရန့်တွက် ကျောက်တိုင်အားလက်နှစ်ဖက်ဖြင့် ကိုင်တွယ်ကာ ထားလျှက်ရှိသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်အကုန်ကို အသုံးပြု၍ တွင်းနက်ကြီးများထဲမှ ထွက်ပေါ်လာသည့် အအေးဓာတ်နှင့် မြေပြင်မှ ထွက်ပေါ်လာသည့် အပူဓာတ်တို့ထံမှ ကာကွယ်ထား၏။

ဤသည်မှာ အလွန်နာကြင်သည့် လုပ်ငန်းစဥ်တစ်ခုပင်။

သူသည် အာကန်နာစုံတွဲပစ္စည်းများကို တပ်ဆင်ထားသော်လည်း တွင်းနက်ထဲမှ အအေးဓာတ်နှင့် မြေအောက်မှလာသော အပူဓာတ်တို့မှာ သာမန်စွမ်းအင်များမဟုတ်ကြချေ။ ဖှေးဝတ်ဆင်ထားသည့် အကာကွယ်ပစ္စည်းများကို လွယ်ကူစွာဖြတ်ကျော်ပြီး ဖှေး၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ကာ ဝင်ရောက်လာကြသည်။ ဤနာကြင်မှုမှာ သာမန်လူသားတစ်ယောက် သည်းခံနိုင်လောက်သည့် နာကြင်မှုမျိုးမဟုတ်ပေ။ ဟော့ခ်ဆေးပုလင်း သူ၏ခန္ဓာကိုယ်အား ပြောင်းလဲခဲ့စဥ်က ခံစားခဲ့ရသော နာကြင်မှုမျိုးဖြင့် အနည်းငယ်ဆင်တူ၏။ ထိုစွမ်းအင်များသည် ဖှေး၏ ခန္ဓာကိုယ်အား ရေခဲလုနီးပါးအေးခဲစေအပြီးတွင် တစ်ဝက်ကျက်သည်အထိ ပူလောင်စေမည်ဖြစ်သည်။ သို့သော် ထိုစွမ်းအင်နှစ်ခုသည် သူ၏ခန္ဓာကိုယ်အား တလှည့်စီဆက်တိုက်ဖျက်ဆီးနေသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်သည်လည်း ပို၍မာကြောကာ သန်မာလာသည်ကိုလည်း ဖှေးရှင်းလင်းစွာဖြင့် ခံစားနေရသည်။ ဒိုင်ယာဘလို ကမ္ဘာမှ မကောင်းဆိုးဝါးများကိုသတ်ဖြတ်ကာ လယ်ဗယ်မြှင့်တင်ခြင်းနှင့် မတူညီပဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိဆဲလ်တစ်ခုခြင်းစီတိုင်းသည် ပျက်စီးကာ ပြန်လည်မွေးဖွားလာခြင်းတို့ကို ကြုံတွေ့နေရခြင်းဖြစ်၏။ ထိုဖြစ်စဥ်တစ်လျှောက်တွင် ခန္ဓာကိုယ်အတွင်းရှိ အညစ်ကြေးမသန့်စင်မှုများလည်း ပျောက်ကွယ်သွားသညိ။

အတော်ခက်ခဲသော်လည်း ဖှေးအံကြိတ်ကာ သတိလစ်မေ့မြောမသွားစေရန်အတွက် ထိန်းချုပ်ထား၏။ ကြီးမားသော လေဆင်မှာမောင်းကြီး၏ ဝါးမြိုခြင်းကို ခံထားရသည့် အရိုးတောင်ကြီးကို ဖှေး စိုက်ကြည့်လိုက်သည်။ လျို့ဝှက်ထူးဆန်းသည့် ခေါ်သံမှာ ထိုအရိုးတောင်ထံမှ ထွက်ပေါ်လာဟန်ရှိသည်။

ဤအချိန်တွင် တွင်းနက်ကြီးများထံမှ အေးစက်သောလေများနှင့် ရေခဲတုံးများပို၍ပို၍ထွက်ပေါ်လာနေသကဲ့သို့ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများမှာလည်း အရှုံးမပေးချင်သကဲ့သို့ ကြောက်မက်ဖွယ်အပူချိန်များစွာကို ပို၍ပို၍ထုတ်လွှတ်လျှက်ရှိသည်။ မတူညီသည့် အင်အားစုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်တိုက်တွေ့ထိကာ မြူခိုးများနှင့် ကြမ်းတမ်းသည့် လေစီးကြောင်းများကို ဆက်တိုက်ဖန်တီးလျှက်ရှိသည်။ အရိုးတောင်ပတ်လည်တွင် လေဆင်နှာမောင်းများ၊ မိုကြိုးမုန်တိုင်းများ စသကဲ့သို့ ဆိုးဝါးသည့် ရာသီဥတုအခြေအနေ အမျိုးမျိုးဖြစ်ပေါ်လျှက်ရှိသည်။

လေဆင်နှာမောင်း၏ အရွယ်စားသည်လည်း ပို၍ပို၍ကြီးမားလာပြီး အရိုးတောင်တစ်ခုလုံးကိုလွှမ်းခြုံသွား၏။ လေဆင်နှာမောင်း၏စုပ်အားမှာလည်း သန်မာသည်ထက်သန်မာလာသည့်အချိန်တွင် အရိုးများလည်း အပေါ်သို့ပျံတက်ကုန်ကြပြီး လေဆင်နှာမောင်းထဲတွင် လည်ပတ်ကြတော့၏။

တဖြည်းဖြည်းဖြင့် အရိုးများစွာသည် လေဆင်နှာမောင်းအတွင်းသို့ စုပ်ယူခြင်းခံရပြီး ကြမ်းတန်းစွာ ဝေ့ဝိုက်လည်ပတ်နေကြတော့သည်။

ဖှေး အလွန်ထူးဆန်းသည့် အရာတစ်ခုကို ရုတ်တရက်သတိထားမိသွားသည်။ မည်သည့်အချိန်မှစတင်သည်ကို မသေချာသော်လည်း လေဆင်နှာမောင်းစတင်သည့် အချိန်မှစ၍ မည်ကဲ့သို့ ရာသီဥတုဖြစ်ပေါ်လာစေကာမူ ထိုဖြစ်ရပ်တိုင်းသည် ဟင်းလင်ပြည်၏ အလည်ခေါင်တည့်တည့် အရိုးတောင်ရှိသောနေရာတွင်သာ ဖြစ်ပေါ်နေကြခြင်းပင်။ ထိုနေရာမှ ခွဲဖျာသွားခြင်းမျိုးမရှိပေ။ လေဆင်နှာမောင်း ပို၍အားကောင်းလာသည်နှင့်အတူ အရိုးတောင်တွင်ရှိသော အရိုးများသည်လည်း ကောက်ရိုးမျှင်များကဲ့သို့ လေဆင်နှာမောင်းအတွင်းတွင် ဝဲပျံကာ လည်ပတ်လျှက်ရှိသည်။

ဤသည်မှာ ဖှေး မြေအောက်လိုဏ်ဂူရှိ သံမဏိတံခါးကို ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့စဥ်က ကြုံတွေ့ရခဲ့သည့်လေစီးကြောင်း၏ မူလရင်းမြစ်ပင်။

ဖှေး လွန်ခဲ့သည့် ရက်၂၀လောက်ခန့်က ထိုလေစီးကြောင်း မည်ကဲ့သို့ဖြစ်ပေါ်လာခဲ့သည်ကို စဥ်းစားကြည့်နေမိခဲ့သည်။ ယခုအခါတွင် မျက်စိရှေ့တွင် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့နေရပြီဖြစ်သည်။ အလွန်အေးစက်သောလေနှင့် ပူနွေးသောလေထုနှစ်ခုတို့ ထိတွေ့ရာမှ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဤလေဆင်နှာမောင်းသည် ယခင်က ဖှေးကြားသိခဲ့ဖူးသည့် လေဆင်နှာမောင်းများအားလုံးထက် ပို၍အားကောင်းလှ၏။ ထို့ကြောင့် လိုဏ်ဂူထဲတွင် အလွန်အားကောင်းသည့် လေစီးကြောင်းစုပ်အားနှင့် ကြုံတွေ့ခဲ့ရသည်မှာ အံ့သြစရာမဟုတ်တော့ချေ။

အရိုးတောင်တစ်ခုလုံး လေဆင်နှာမောင်းထဲသို့ စုပ်ယူခြင်းခံရအပြီးတွင် ထိုအောက်တွင်ရှိနေသောအရာကို ဖှေးနောက်ဆုံးတွင်မြင်လိုက်ရသည်။

တောင်အောက်တွင်ရှိနေသည်မှာ အရိုးမှုန်များစွာပင်။ အရိုးမှုန်များသည် အလွန်ပေါ့ပါးသည့်အတွက် အရိုးများမြောက်တက်သွားအပြီးတွင် ချက်ချင်းပင် လေဆင်မှာမောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ဤအခိုက်တန့်တွင်ဖှေး၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မယုံနိုင်သည့် အမူယာတစ်ခုသည် သူ၏ မျက်နှာတွင်ပေါ်လာတော့၏။

သူ အရိုးမှုန်များအောက်တွင် မှော်အစီရင်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။ လည်ပတ်​နေဆဲ ဖြစ်သည့် မှော်အစီရင်တစ်ခုပင်။ အရောင်ပေါင်းများစွာ တောက်ပလျှက်ရှိသည်။ ထိုအလင်းရောင်များအားလုံး ပေါင်းစပ်၍ အပြာရင့်ရောင်ရှိသော ပေါ်တယ်တစ်ခုကို ဖန်တီးထားလျှက်ရှိသည်။ ဤပေါ်တယ်သည် ဒိုင်ယာဘလိုကမ္ဘာတွင် အသုံးပြုသည့် တယ်လီပေါ့ပေါ်တယ်နှင့် များစွာဆင်တူသည်။ နှစ်မီတာခန့် ကျယ်ဝန်းပြီး ဘဲဥပုံပေါ်တယ်ဖြစ်သည်။

ဤအခိုက်တန့်တွင် ဖှေးအား လှမ်းခေါ်နေသကဲ့သို့ ရင်းနီးသည့်ခံစားချက်မှာလည်း ပို၍ထင်ရှားသည်ထက် ထင်ရှားလာ၏။

ထိုခံစားချက်မှာ အပြာရင့်ရောင်ပေါ်တယ်အတွင်းမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း ဖှေးသေချာသိရှိသွားသည်။

“ဒီပေါ်တယ်ရဲ့ အနောက်မှာရှိတဲ့ဟာက ဘာမို့လို့ ငါ့ကိုဒီလောက်ဆွဲဆောင်နေရတာလဲ...”

All Chapters