အခန်း (၁၉၄)
Vol. 13 Ch. 194
ဖှေး သူ့ထံတွင် ချည်နှောင်ထားသော ကြိုးများကိုဖယ်ရှားပြီး ပေါ်တယ်အတွင်းသို့ပြေးဝင်လိုသည့် ပြင်းပြသည့် ဆန္ဒဖြစ်ပေါ်လျှက်ရှိသည်။ သို့သော် သူ့ထံအနည်းငယ်ကျန်ရှိနေသေးသော အသိစိတ်မှာ သူ့အားထိုကဲ့သို့ ပြုမူခြင်းမှ တားဆီးလိုက်၏။ မေးစရာပင်လိုအပ်မည်မဟုတ်ပေ ကြိုးများကို ဖြည်လိုက်ပါက လေဆင်နှာမောင်းအသွင်းသို့ စုပ်ယူခြင်းခံရမည်ဖြစ်ပြီး အတွင်းတွင် လွှင့်မြောနေကြသော နတ်ဆိုးအရိုးများကြောင့် အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားမည်ဖြစ်သည်။ ယခုအခြေအနေတွင် လေဆင်နှာမောင်းအား ဖြတ်ကျော်၍ ပေါ်တယ်စီသို့ သွားနိုင်ရန်အခွင့်အရေး လုံးဝပင်မရှိသေးချေ။
တစ်ခြားနည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။
ဖှေး သူ၏ စိတ်အား ချုပ်ထိန်းလိုက်သည်။
နှစ်နာရသုံးနာရီခန့်အကြာတွင် တွင်းနက်များထဲမှထွက်ပေါ်လာနေသည့် လေအေးများနှင့် ရေခဲများလည်း အရှိန်နှေးကာ လျှော့ကျလာပြီး မြေအောက်မှထွက်ပေါ်လာနေသည့် အပူရှိန်များသည်လည်း အားနည်းသည်ထက် အားနည်းလာနေပြီဖြစ်သည်။ ရလဒ်အနေဖြင့် တိုက်ခတ်နေသည့် လေမုန်တိုင်းများသည်လည်း ငြိမ်သက်စပြုလာ၏။ လေဆင်နှာမောင်းကြီးသည်လည်း ဖှေးမျက်စိအောက်၌ပင် အားလျှော့စပြုလာသည်ကို တွေ့လိုက်ရ၏။
ထို့နောက်တွင် ဖှေးမျှော်လင့်ထားသည့်အတိုင်းပင် ပြောင်းလဲမှုများအားလုံး ငြိမ်သက်စပြုလာတော့သည်။
လေတိုက်နှုန်းငြိမ်သက်လာသည်နှင့်အတူ လေထဲတွင် ဝဲပျံနေသည့် နတ်ဆိုးအရိုးများလည်း မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာတော့သည်။ ပို၍ကြီးမားလေးလံသော အရိုးများမှာမြေပေါ်သို့ အရင်ပြုတ်ကျ၏။ ထိုအရိုးများ မှော်အစီရင်နှင့် တယ်လီပေါ့တ်ပေါ်တယ်အပေါ်သို့ ပြုတ်ကျကုန်ကြသည်။ အရိုးများမှာ ကြီးမားလေးလံသော်လည်း မှော်အစီရင်အား ထိခိုက်ပျက်ဆီးစေခြင်း လုံးဝမရှိပေ။ တဖြည်းဖြည်းဖြင့် အရိုးတစ်ခုခြင်းစီပြုတ်ကျလာကြပြီး တစ်ခုအပေါ်တစ်ခုထပ်ကာ အရိုးတောင်အသစ်တစ်ခု ထက်မံဖြစ်ပေါ်လာတော့၏။ လေဆင်နှာမောင်းသည် အရိုးတစ်ခုခြင်းဆီကို သင့်လျှော်ဆုံးနေရာသို့ နေရာချထားသည့် ကြီးမားသည့် လက်ကြီးတစ်ခုကဲ့သို့ပင်။ တောင်အမြင့်သို့ရောက်လေလေ အချင်းမှာသေးငယ်လာလေလေဖြစ်၏။ မကြာမီတွင် နောက်ဆုံးကျန်ရှိနေသည့် အရိုးသည် တောင်ထိပ်သို့ ပြုတ်ကျလာပြီး အရိုးတောင်ကြီးမှာထက်မံဖြစ်တည်လာတော့သည်။
ထို့နောက်တွင် အရိုးမှုန်များလည်း ပြန်လည်ပြုတ်ကျကာအရိုးတောင်ပေါ်သို့ ဖြူးလိုက်၏။
လေတိုက်နှုန်းမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း ဤအရိုးတောင်ပေါ်သ််ို့ဖိအားများ ပေးနေဆဲ ဖြစ်သည်။ ထို့ကြောင့်အရိုးမှုန်များသည်လည်း အကြိုအကြားများမှတဆင့် တောင်၏အောက်ခြေသို့ ပြန်လည်ဆင်းသက်သွားတော့၏။ အဆုံးတွင် လေဆင်နှာမောင်းကြီးပျောက်ကွယ်သွားပြီး အရိုးများကို ပူးပူးကပ်ကပ်ဖြင့် စနစ်တကျစီရီထားသည့် အရိုးတောင်အသစ်တစ်ခု ထက်မံဖြစ်တည်လာတော့သည်။
ဖှေး ဖြစ်စဥ်တစ်ခုလုံးအား မြင်တွေ့ကာ ကြက်သေသေသွား၏။
အလွန်ညက်ညောသည့် ဗိသုကာပညာပင်။
သဘာဝတရားမှ သူ့အလိုလိုဖန်တီးလိုက်ခြင်းပင်ဖြစ်၏။
“အရိုးတောင်က ဒီလ်ိုဖြစ်ပေါ်လာတာကိုး...ဒါဆိုရင် တွင်းနက်ကြီးနဲ့ ကမ္ဘာ့ဗဟိုမီးတောက်တွေက ရက်၂၀ကြာရင်တစ်ခါ ဒီလိုပဲပေါက်ကွဲကြတယ်ထင်တယ်...အဲ့လိုဖြစ်ပေါ်ပြီဆိူရင် ရာသီဥတုဖြစ်စဥ်တွေ လေစီးကြောင်းတွေပေါ်လာပြီး အရိုးတောင်ကိုလည်း အသစ်ပြန်ဖြစ်ပေါ်လာမယ်ထင်တယ်....” ဤအချက်သည် ဖှေး စတင်ရောက်ရှိလာစဥ်က အရိုးတောင်တွင် ဖုန်မှုန့်များတင်ကျန်နေခြင်းမရှိပဲ အသစ်အတ်ိုင်းဖြစ်နေရသည့် အကြောင်းအရင်းဖြစ်၏။ စတင်တွေ့ရှိခါစက အသစ်စက်စက်အတိုင်းဖြစ်နေသဖြင့် ဖှေးဤနေရာတွင် ဤအရိုးတောင်ကြီးကို ဖန်တီးခဲ့သည့် သတ္တဝါတစ်ကောင် ပုန်းအောင်းနေသည်ဟု ထင်ခဲ့သည်။
တောင်အောက်တွင်ရှိသော လျို့ဝှက်သည့် မှော်အစီရင်နှင့် တယ်လီပေါ့ပေါ်တယ်အကြောင်း ပြန်လည်သတိရပြီးနောက်တွင် ဖှေး တောင်အောက်ရှိ ပေါ်တယ်ထံသို့ရောက်ရန်အတွက် လမ်းကြောင်းတစ်ခုအား ဖောက်လုပ်ရန်ကြိုးစားကြည့်သည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရသည်မှာ အလွန်ခက်ခဲပြီး မဖြစ်နိုင်လုနီးနီးပင်။
ဤအရိုးများမှာအလွန်မာကြောလှသည့်အတွက် ဖှေး သူ၏ ချွန်ထက်သည့် လက်နက်ကို အသုံးပြု၍ လမ်းကြောင်းတစ်ခုကို ဖောက်လုပ်နိုင်ခြင်းမရှိပေ။
“ငါနောက်မှ အကြံဉာဏ်အသစ်တွေနဲ့ ကြိုးစားကြည့်ရမယ့်ပုံပဲ...”
ခနအကြာခန့် ကြိုးစားကြည့်ပြီးနောက်တွင် ဖှေးလက်လျှော့ရန်အတွက် ဆုံးဖြတ်လိုက်၏။ သူသည် ပို၍အစွမ်းထက် သန်မာလာပါက လေဆင်နှာမောင်းကို ဖြတ်ကျော်၍ ပေါ်တယ်အနားသို့ ရောက်အောင်သွားနိုင်လောက်၏။ သို့သော် ထိုကိစ္စမှာ လက်ရှိတွင်အရေးမကြီးသေးချေ။
ဤဖြစ်ရပ်အား ကြုံတွေ့လိုက်ရသည့်အတွက် ဖှေးအဖို့ အကျိုးမြတ်များစွာရရှိခဲ့၏။ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်သည့် အပူဒဏ်နှင့် အအေးဒဏ်တို့ကို တလှည့်စီအန်တုခဲ့ရသည့်အတွက် ပို၍ သန်မာလာပြီဖြစ်သည်။
ဖှေးအတွက် ဤတိုးတတ်လာမှုသည် များစွာအဓိပ္ပါယ်ရှိ၏။
ယခုအခါတွင် သူသည် ဒိုင်ယာဘလိုကမ္ဘာမှ အစွမ်းများက်ု ပ်ု၍အသုံးပြုလာနိုင်ပြီဖြစ်သည်။ ယခင်က သူ၏ခန္ဓာကိုယ်သည် အစွမ်းများအကုန်အသုံးပြုရန်မှာ အားနည်းနေခဲ့၏။
ဤဖြစ်ရပ်အပြီးတွင် ဖှေးဒိုင်ယာဘလိုကမ္ဘာသို့ပြန်ကာ လယ်ဗယ်မြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်နောက်၁၀ရက်မှာ ကုန်ဆုံးသွား၏။ ဖှေးယခင်က ပြုလုပ်နေကြအတိုင်းပင် ဒိုင်ယာဘလို ကမ္ဘာသို့သွားကာ မကောင်းဆိုးဝါးများကို သတ်ဖြတ်၍ သူ၏ဇာတ်ကောင်များကို လယ်ဗယ်မြှင့်တင်သည်၊ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းကာ အတွင်းအားစီးဆင်းပုံကိုလ့လာပြီး ကျင့်စဥ်စာလိပ်များကို စမ်းသပ်ဖန်တီးသည်၊ ချယ်စီအား လက်နက်ဒီဇိုင်းအသစ်များ ထုလုပ်နိုင်ရန်အတွက် ကူညီပေးသည်၊ သူတော်စဥ် အာကာရာနှင့် အဖိုကြီးကိန်းတို့ထံမှ ပညာရပ်များကို လေ့လာဆည်းပူးသည်။ သက်မှတ်ထားသည့်အချိန်တစ်လပြည့်သွားပြီဖြစ်သဖြင့် ဖှေးချမ်းဘော့ဒ်သို့ ပြန်ရတော့မည်ဖြစ်သည်။
..........
..........
ချမ်းဘော့တိုင်းပြည်တွင်ဖြစ်သည်။
ဇီးနစ်အင်ပါယာ၏ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၅၀ရှိသည့်အနက် အဆင့်၆ နောက်ဆုံးအဆင့်တိုင်းပြည်ငယ်တစ်ခုဖြစ်ပြီး တိုင်းပြည်အင်အားချိနဲ့ကာ မြေနေရာကျဥ်းသော တ်ိုင်းပြည်ဖြစ်၏။ ယခင်ပ လူတစ်ယောက်ထဲကပင် ဤကဲ့သို့ တိုင်းပြည်ငယ်လေးများကို အနိုင်ကျင့်ချယ်လှယ်နိုင်သည်။ လူအများသည်လည်း ထိုကဲ့သို့ တိုင်းပြည်ငယ်လေးများကို သိပ်ပြီး အာရုံစိုက်ကြလိမ့်မည်မဟုတ်ပေ။
သို့သော် လွန်ခဲ့သည့် လေးလခန့်က ချမ်းဘော့ဒ်တိုင်းပြည်၏ ကျပ်မပြည့်သည့်ဘုရင် အလတ်ဇန္ဒားသည် ရုတ်တရက်ပုံမှန်လူတစ်ယောက် ပြန်ဖြစ်လာခဲ့ပြီး အခြေအနေများသည် မည်သူမျှထင်မှတ်မထားလောက်သည့် လားရာတစ်ခုထံသို့ ဦးတည်လျှက်ရှ်သည်။
အမဲရောင်ချပ်ဝတ်စစ်သည်များနှင့် တိုက်ပွဲအကြောင်းကို တစ်ခြားအင်ပါယာအဖွဲ့ဝင်နိုင်ငံများ မသိရှိခဲ့ကြသော်လည်း အရှေ့ဘက်တောင်ထိပ်မှ တိုက်ပွဲနှင့်၊ တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည့် ပဋိပခတို့အကြောင်းတို့မှာ ဇီးနစ်အင်ပါယာတစ်ခွင်တွင် လျှင်မြန်စွာပြန့်နှံ့သွားခဲ့သည်။
ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားနှင့် သူ၏ နောက်လိုက်များ၏ ဂုဏ်သတင်းမှာလည်း တစ်ခြားဘုရင်များစွာ၏ နားသို့ ရောက်သည်အထိ လျှင်မြန်စွာပျံ့နှံ့စွားခဲ့၏။ အေဇာရုတိုက်မှာ မြေကမ္ဘာမှာကဲ့သ်ို့ အဆင့်မြင့်သတင်းအချက်လက်စီးဆင်းမှုမျိုးမရှိသော်လည်း ထိုကဲ့သို့သတင်းကိစ္စများပျံ့နှံ့ခြင်းမှာလည်း မနှေးကွေးလှချေ။
မူလက ထိုသတင်းအား သရော်ခဲ့ကြသည့်လူများစွာရှိသည်။
“အဆင့်၆တိုင်းပြည်လေးက ဘယ်လောက်စွမ်းနိုင်မှာမို့လို့လဲ...တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့မပြောနဲ့ ချီရှူအီတိုင်းပြည်တစ်ခုတည်းနဲ့တောင် ချမ်းဘော့ဒ်ကို အမှုန့်ချေနိုင်တယ်မဟုတ်ဘူးလား...မဖြစ်နိုင်ပါဘူး ဒီသတင်းက...”
သို့သော် အမှန်တကယ်ဖြစ်ခဲ့သည့်အရာဖြစ်သဖြင့် မယုံကြည်သူများလည်း မကြာမှီတွင် အံ့အားသင့်ခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ကောလဟာလများထဲတွင် စစ်ရှုံးခဲ့သည်ဟုဆိုသော တိုင်းပြည်များမှာ လွန်ခဲ့သည့်တစ်လအတွင်းတွင် ချမ်းဘော့ဒ်ထံသို့ သိမ်ငယ်စွာဖြင့် စစ်လျှော်ကြေးငွေများလာရောက်ပေးအပ်ခဲ့ကြသောကြောင့်ပင်။ ဤနည်းဖြင့် ရှုံးနှိမ့်သွားသည့်နိုင်ငံများမှာ ထိုကဲ့သို့ အရှက်ရခဲ့ပြီး တစ်ခြားတိုင်းပြည်များ၏ နားဝသို့ သတင်းများရောက်ရှိခဲ့၏။ ဤအချက်သည် ချမ်းဘော့ဒ်တိုင်းပြည်အောင်နိုင်ခဲ့သည့် ယခင်သတင်းများကို သက်သေပြပြီးဖြစ်သွား၏။
ဤအချိန်တွင် တိုင်းပြည်ကြီးများပင် နိုးကြားလာကြပြီး ဤတိုင်းပြည်ငယ်လေးရုတ်တရက်ထောင်ထွက်လာသည့်အကြောင်းကို ပြန်လည်အာရုံစိုက်လာကြတော့သည်။
အရာများသည် စတင်၍ စိတ်ဝင်စားစရယကောင်းလာပြီဖြစ်၏။