အခန်း (၁၉၅)
Vol. 13 Ch. 195
လာမည့်ရက်၂၀အတွင်းမှာပင် ဇီးနစ်အင်ပါယာမှ အဖွဲ့ဝင်နိုင်ငံ၂၅၀ယှဥ်ပြိုင်ရမည့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေး ပြိုင်ပွဲကြီးမှာလည်း စတင်တော့မည်ဖြစ်သည်။ အဖွဲ့ဝင်တိုင်းပြည်များ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ မည်သူမျှ ဤကဲ့သို့အချိန်မျိုးတွင် လျို့ဝှက်ထူးဆန်းနေသည့် တိုက်ခိုက်သူတစ်ယောက်နှင့် ယှဥ်ပြိုင်လိုမည်မဟုတ်ပေ။
ထို့ကြောင့် ဤအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှာ တစ်ခြားတိုင်းပြည်မှ လူများနှင့်စည်ကားလျှက်ရှိ၏။ ထိုလူများထဲတွင် သံတမန်များ၊ စုံစမ်းရန်ရောက်ရှိလာကြသည့် သူလျိုများ၊ ကုန်သည်များ၊ ကြေးစားစစ်သည်များနှင့် စွန့်စားခရီးသွားများပါဝင်ကြသည်။ လူပေါင်းများစွာမှာ ရည်ရွယ်ချက်ကိုယ်စီဖြင့် ချမ်းဘော့ဒ်တိုင်းပြည်သို့ လာရောက်လျှက်ရှိကြ၏။
သေချာစွာပင် တစ်ခြားတိုင်းပြည်မှလာသော လူများထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ တည်ငြိမ်မှုကို စမ်းသက်ရန်ရောက်ရှိလာကြသည့် လူများလည်း ပါဝင်သည်။
သန်မာသူသာ အနိုင်ရရှိသောလေကထဲတွင် စကားတစ်ခွန်းမှားရုံဖြင့် စစ်သည်များကုန်သည်များ ဓားများဆွဲထုတ်၍ စကားပြောခြင်းမှာ မဆန်းလှချေ။ ထို့အပြင် ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားကို စမ်းသပ်ရန်အတွက် သေချာရန်စပြသနာရှာကြသော လူများလည်းရှိကြ၏။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ရုန်းရင်းဆန်ခက်ဖြစ်စဥ်များမှာ အဆက်မပြတ်ဖြစ်ပွားလျှက်ရှိသည်။ ဤသည်မှာ ဝန်ကြီးချုပ်ဖြစ်သည့် ဘတ်စ်အတွက် ခေါင်းကိုက်စရာကိစ္စများပင်။ ထို့ကြောင့် သို့သော် ထို့နောက်တွင် ခေါင်းဆောင်ဘရွတ်မှ ဘုရင့်၏ လူယုံနှစ်ယောက်ဖြစ်သည့် ပီးရာစ်၊ ဒရော့ဂ်ဘာနှင့် သူတော်စဥ်စစ်သည်တပ်ဖွဲ့အား စေလွှတ်ထိန်းချုပ်စေလိုက်သည့်အချိန်တွင် ပြသနာများ ပြေငြိမ်းသွား၏။
လမ်းများပေါ်တွင် ပြန်လည်ငြိမ်သပ်စပြုလာပြီဖြစ်သည်။
"ဟိုမှာကြည့်စမ်း ချမ်းဘော့ဒ်ရဲ့သားရဲကြီးနှစ်ကောင်ပဲ...."
"ဟေ ဟိုအသားညိုညိုနဲ့နှစ်ယောက်ကိုပြောတာလား...တစ်ယောက်က အူတူတူပုံနဲ့လေ...မေလ်ပယ်သစ်ရွက် ကြေစားစစ်သည်တပ်ဖွဲ့က ဆရာ၁၁ယောက်ကို သေလုမြောပါးဖြစ်အောင်ရိုက်ပြီး အမဲရောင်ထောင်စီကို ဆွဲခေါ်သွားတယ်ဆိုတာ သူတ်ို့နှစ်ယောက်လား...."
"ဟုတ်တယ် အဲ့တာသူတ်ို့နှစ်ယောက်ပဲ...မင်းအမဲရောင်ဆံပင်နဲ့ကောင်ကိုတွေ့လား...သူက အဲ့မေလ်ပယ်ဂိုဏ်းက ကြယ်နှစ်လုံးအဆင့်ခေါင်းဆောင်ဆရာကို နည်းနည်းလေးပဲ လှုပ်ရှားပြီး အမှောက်တွယ်ခဲ့တဲ့ကောင်ပဲ...ဟိုဆရာက ဘာမှတောင်မလုပ်နိုင်လိုက်ပြီး...အဲ့တုန်းက မင်းမမြင်လိုက်ရလို့ သူက အတော်ကြောက်စရာကောင်းတယ်...အဲ့လူသာ ခံတပ်နံရံတွေကိုဝင်တိုက်မယ်ဆိုရင် နံရံတွေတောင် ပြိုကျကုန်မယ်ထင်တယ်..."
"နောက်ပြီး အဲ့ဆံပင်အဖြူရောင်နဲ့ကောင်ရဲ့ လက်တွေက နတ်ဘုရားအဆင့်လက်နက်တွေလိုပဲ...ဘယ်လက်နက်၊ ဘယ်ချပ်ဝတ်နေနေ ပိုင်းဖြတ်ပစ်နိုင်တယ်....ဘယ်သူမှ သူ့ရဲ့တ်ိုက်ခိုက်မှုတစ်ချက်ကို မခံနိုင်ဘူးလို့ ငါသတင်းကြားဖူးတယ်..."
"ဘုရားရေ ချမ်းဘော့ဒ်တိုင်းပြည်က အဲ့နှစ်ယောက်ကို ဘယ်ကများရှာတွေ့ခဲ့တာလဲမသိ...."
"ငါလဲမသိဘူး...သူတို့နှစ်ယောက်နောက်မှာရှိတဲ့ အသားညိုညိုနဲ့ လူသန်ကြီးတွေကိုလဲ လျှော့မတွက်နဲ့ဦး...သူတို့ကို ချမ်းဘော့ဒ်ရဲ့ ရွှေလူယုံစစ်သည်များလို့ခေါ်ကြတာ..သူတ်ို့ကို လွယ်လွယ်နဲ့တော့ ရန်စလို့မရဘူး...တချို့လူတွေဆို သူတ်ို့ သားရဲတွေနဲ့ အသေအကြေလေ့ကျင့်နေတာတွေကိုတောင် မြင်ဖူးတယ်ပြောကြတယ်."
ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့ကင်းလှည့်အဖွဲ့ ဖြတ်သန်းလာသည့်အချိန်တွင် မနီးမဝေးတွင်ထိုင်နေကြသည့် ကြေးစားစစ်သည်လူငယ်များ အကုန်ပါးစပ်ပိတ်သွားကြ၏။ သူတို့ လွန်ခဲ့သည့် ၁၀ရက်ကကဲ့သို့ ထောင်လွှားထောင်လွှား မပြုမူရဲကြတော့ပေ။ ချမ်းဘော့တိုင်းပြည်၏ သူတော်စဥ်စစ်သည်တပ်ဖွဲ့နှင့် ဥပဒေပြုအရာရှိများမှာနာမည်ကျော်ကြားစပြုလာကြပြီဖြစ်သည်။ စည်းကမ်းမလိုက်နာသည့် တိုင်းတစ်ပါးမှ လာရောက်သည့်လူများအား ထိတ်လန့်စေလျှက်ရှိသည်။ ချမ်းဘော့ဒ်ရှိ အမဲရောင်အိမ်ငယ်လေး အကျဥ်းထောင်မှာလည်း နေ့စဥ်နာကြင်စွာအော်ဟစ်သံများဖြင့် ပြည့်နှက်နေကာ မကောင်းသည့်အကြံစည်ဖြင့် လာရောက်သည့်လူများကို အားနွှဲ့သော သိုးများအဖြစ်သို့ ပြောင်းလဲပေးလျှက်ရှိ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ ရွှေရောင်စစ်သည် သားရဲနှစ်ကောင်နှင့် သူတော်စဥ်တပ်ဖွဲ့များကင်းလှည့်လာသည့်အချိန်တွင်မူ တစ်ခြားတိုင်းပြည်မှ ကြေစားစစ်သည်များ စကားပင် ကျယ်ကျယ်မပြောရဲကြတော့ပေ။
ချမ်းဘော့ဒ်တိုင်းပြည်မှ ကင်းလှည့်အဖွဲ့ အဝေးရှိလမ်းထောင့်တစ်နေရာအတွင်းသို့ လှည့်သွားသည်ကို တွေ့လိုက်ရမှ အရက်ဆိုင်ထိုင်နေကြသော ကြေစားစစ်သည်များလည်းသက်ပျင်းချနိုင်ကြတော့၏။
"ဟူး...သူတို့သွားကြပြီလား.. သေစမ်းကွာ...သူတို့ငါ့ကိုကြည့်နေပြီဆိုရင် သောက်တောင်မသောက်ရဲတော့ဘူးဖြစ်သွားတယ်...."
"မင်းကဘာသောက်ချင်သေးတာလဲ ဟိုနတ်သမီးလေးပေါ်လာမယ့်အချိန်ရောက်လာပြီ လာကြငါတို့အတူသွားကြည့်ရအောင်..."
"ဘယ်ကနတ်သမီးလဲ...."
"ဟေ မင်းမသိဘူးလား...နေ့လည်ဒီအချိန်လောက်ဆို မြို့ပြင်က ဇူလီမြစ်ကမ်းဘေးကို နတ်သမီးလေးတစ်ပါး ခွေးနက်ကြီးစီးပြီး ထွက်လာနေကျလေ...လူတော်တော်များများက သူမကို နတ်သမီးလူဝင်စားတယ်လို့တောင် တင်စားကြတယ်...ဆောင်းခိုငှက်တွေတောင် သူမအလှကိုမြင်ရင် မရပ်ပဲမနေနိုင်ဘူးတဲ့..."
ငယ်ရွယ်သော ကြေးစားစစ်သည်များ အရက်သောက်နေရင်းဖြင့် သူတို့၏ မျက်လုံးများမှာလည်းတောက်ပလျှက်ရှိ၏။ ထိုကဲ့သို့ အလှပဂေးလေးရှိသည်ဟု ကြားအပြီးတွင် ထိုအုပ်စုမှာ ချက်ချင်းပင်ထကာ ဆိုင်အတွင်းမှထွက်ခွာသွားတော့၏။ ဘားအတွင်းရှိ ကျန်နေသည့် တခြားလူများလည်း နားစွန်နားဖျားကြားကာ စိတ်ဝင်စားသွားသဖြင့် ကြည့်ရှုရန်အတွက် အနောက်မှလိုက်ပါသွားကြသည်။
မြို့ပြင်တွင်ဖြစ်သည်။
ဆောင်းဦးလွင်ပြင်မှာ ရွှေရောင်ကော်ဇော်ကြီးခင်းကျင်းထားသကဲ့သို့ပင်။ ဆောင်းဦးလေသည်လည်း ခမ်းနားစွာတိုက်ခတ်နေသဖြင့် ရွှေရောင်မြက်ပင်များ ယိမ်းနွဲ့ကာ ရွှေပင်လယ်ပြင်ကဲ့သို့ဖြစ်ပေါ်နေ၏။
ကောင်းကင်ပေါ်တွင် တိမ်စိုင်များဖြင့် ကျဆင်းလာသည့် နေရောင်ခြည်မှာလည်း ဤမြင်ကွင်းကို နွေးထွေးစေ၏။ မြက်ခင်းပြင်ထဲမှ မြင်းများသည်လည်း ပင်လယ်ထဲတွင် ဂုဏ်ယူစွာကူးလူးနေကြသည့် နဂါးများကဲ့သို့ပင်။ လွင်ပြင်ရှိ ကမူတစ်ခုပေါ်တွင် အမဲရောင်ခွေးကြီးတစ်ကောင်မှာ ပျင်းရိစွာဖြင့် လဲလျောင်းကာ အိပ်စက်နေ၏။ မီးမှုတ်သားရဲ အကောင်၆၀ခန့်မှာ အမဲရောင်ခွေးကြီး၏ အဆင့်မြင့်သက်တောင်စောင့်များကဲ့သို့ပင် ဘေးပတ်ပတ်လည်တွင် ဝိုင်းလျှက်ရှိနေကြသည်။
ဤသည်မှာ ငြိမ်သက်ကာလှပသည့် မြင်ကွင်းတစ်ခုလဲ ဖြစ်၏။
သို့သော် အလှအပများအားလုံးမှာ အမဲရောင်ခွေးကြီး၏ ဘေးတွင်ရပ်နေသော မိန်းကလေးတစ်ယောက်၏ ခိုးယူခြင်းကို ခံလိုက်ရ၏။
သူမ၏ အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး မျက်လုံးများမှာလည်း ရေကဲ့သို့ကြည်လင်နေ၏။ သူမ၏ လှုပ်ရှားမှု အမူအယာများမှာလည်း ဆွေမျိုးမြင့် ပုဂ္ဂိုလ်များကဲ့သို့ ကြော့ရှင်းနေကာ မြင်တွေ့ရသည့်လူများကို နှိမ့်ကျသွားသလို ခံစားရစေသည်။
ကောင်းကင်နှင့် မြေပြင်ရှိ အလှတရားများအားလုံးသည် ဤကောင်မလေးအပေါ်တွင် စုပြုံ၍ရောက်ရှိနေသကဲ့သို့ပင်။ သူမ၏ ကျက်သရေရှိနေမှုအား မည်သည့်အရာကမှ ယူဆောင်၍မသွားနိုင်ပေ။
ငယ်ရွယ်သော ကြေးစားစစ်သည်များဤကောင်မလေးအား ငေးကြည့်ရုံမျှသာအတွက် မြို့အတွင်းမှထွက်လာကာ ကျောက်တုံးတံတားနှင့် သံမဏိကြိုးတံတားတို့ကို ဖြတ်ကျော်၍ တောင်ကုန်းတစ်ခုပေါ်သို့ တက်လာခဲ့ကြသည်။
သူတို့အားလုံး ထိုနေရာ၌ပင်ရပ်ကာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးသွား၏။
ဒီလောက်လှတဲ့အမျိုးသမီးကမ္ဘာပေါ်မှာရှိတာလား...။
လူတိုင်း သူတ်ို့၏ နှလုံးသားများ ခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ ထိုအမျိုးသမီးလေးထံသို့ စီးမျောသွားသကဲ့သို့ ခံစားနေရ၏။ ဤဘဝအား သူမ၏ ဘေးတွင် ကုန်ဆုံးသွားရန်အတွက် မျှော်လင့်မိကြသည်။ ထိုကဲ့သို့ဆိုပါက ဘဝတစ်ခုလုံးတွင် နောင်တရစရာရှိတော့လိမ့်မည်မဟုတ်ပေ။
ထိုလူအုပ်ထဲတွင် ရှိသောလူငယ်တစ်ယောက်မှာ သူ၏ တွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးသွားသည်။ သူ၏ ဝိညင်အား တစ်စုံတစ်ယောက်မှ ထိန်းချုပ်နေသကဲ့သို့ပင်။ ကြောင်တောင်တောင်မျက်လုံးများဖြင့် ငေးမောကြည့်ရင်း ထိုကောင်မလေးထံသို့ လမ်းလျှောက်သွား၏။ သူ၏ဘေးတွင်ရှိသော အနည်းငယ်အသက်ကြီးသည့် အပေါင်းဖော်မှာ တုန့်ပြန်လိုက်သည်။ "ဟာဒေးဗစ်...မင်းရူးနေတာလား..သေချင်လို့လားကွ..."
"ငါ...ငါသူမကို စကားနည်းနည်းပြောချင်ရုံပါ...." လူငယ်မှာ ပြန်ပြောလိုက်သည်။
"စကားနည်းနည်းပြောမလို့ဟုတ်လား...ကောင်လေး မင်းသူကဘယ်သူလဲဆိုတာရော သိရဲ့လား..ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားရဲ့ ဇနီးလောင်းလေ ပြီးတော့ ဝန်ကြီးချုပ်ဘတ်စ်ရဲ့သမီး...ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အနာဂတ်မိဘုရားလောင်းပဲ ဟိုကင်းလှည့်နေတဲ့ သားရဲနှစ်ကောင်နဲ့ သူတော်စဥ် တပ်ဖွဲ့တွေတောင် သူမနဲ့တွေ့ရင် ရိုရိုသေသေလေးလေးစားစားဆက်ဆံရတာ...မင်းသူ့ရဲ့ဘေးမှာရှိတဲ့ အမဲရောင်ခွေးကြီးကို လဲ တစ်ချက်ကြည့်လိုက်ဦး ကြယ်နှစ်လုံးစစ်သည်လောက်ကို စက္ကန့်အနည်းငယ်အတွင်ယ တစ်စစီဖြစ်အောင် ဆွဲစုတ်နိုင်လောက်တယ်...ကောလဟာလတွေကြားတာ ဘုရင်အလတ်ဇန္ဒားက ငရဲပြည်ကို ကိုယ်တိုင်သွားပြီး ဖမ်းခေါ်တာတဲ့ခွေးကြီးတဲ့ကွ..."
အသက်ပိုကြီးသည့် အပေါင်းအပါ ပို၍ပြောလေလေ ချဲ့ကားပြောနေလေလေဟု ထင်မှတ်ဖွယ်ပင်။ "နောက်ပြီး မင်းသူ့ဘေးမှာရှိနေတဲ့ မီးမှုတ်သားရဲကောင်တွေကိုတွေ့လား...အဲ့ကောင်တစ်ကောင်ခြင်းစီက အတော်ကြမ်းတမ်းရက်စက်တဲ့ကောင်တွေ...သူများတွေပြောတဲ့ပုံအရ အဲ့သားရဲတွေက တစ်လအတွက်း ကောင်မလေးကို လာကြောင်တဲ့ တဏှာရူး၁၀ယောက်လောက်ကို နင်းစတ်ပြီးပြီးတဲ့....ထူးဆန်းတာတစ်ခုက အဲ့သားရဲတွေက ကောင်မလေးရှေ့မှာတော့ အတော်ယဥ်ပါးတာပဲ...."
တစ်ချို့လူများသည်လည်း အတူလိုက်ပါနားထောင်နေခဲ့ကြသည်။
ဤကောင်မလေး၏ နောက်ခံမှာ တောင့်တင်းရုံမကပဲ သူမ၏ စွမ်းရည်များသည်လည်း ရိုးရှင်းသည့်ပုံမပေါ်ချေ။ ဘေးတွင်ရှိနေသော သားရဲများကိုအလိုရှိသည့်အတိုင်း ထိန်းကြောင်းအမိန့်ပေးသည့်နေရာတွင် အလွန်အရည်ချင်းရှိပုံရ၏။
"ဒီလောက်ပြည်စုံတဲ့ကောင်မလေးက ချမ်းဘော့ဒ်ရဲ့ ကျပ်မပြည့်တဲ့ဘုရင်အလတ်ဇန္ဒားကိုလက်ထပ်ရမှာ အတော်နှမြောစရာကောင်းတာပဲကွာ..." အနောက်သို့ပြန်ဆွဲခံလိုက်ရသည့် လူရွယ်မှာ စိတ်ဆိုးစွာဖြင့် ကျိမ်ဆဲလိုက်သည်။
"ချမ်းဘော့ဒ်ဘုရင်က အခုကျပ်မပြည့်တဲ့လူတစ်ယောက်မဟုတ်တော့ဘူးကွ...ကြေးရုပ်၁၂ရုပ်က ဥပဒေတွေကိုပဲ ကြည့်လိုက်...."
အသက်ပိုကြီးသည့် သူ၏သူငယ်ချင်းမှ တစ်စုံတစ်ခုပြောမည်ပြင်ဆဲတွင် ရုတ်တရက်...
"ဒေါင်....ဒေါင်....ဒေါင်...."
ချမ်းဘော့ဒ်ဂိတ်တံခါးတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းကြီးမှာ ကျယ်လောင်စွာမြည်ဟည်းကာ တ်ိုင်းပြည်တစ်ခွင်သို့ ပျံ့နှံ့သွားတော့၏။ ခေါင်းလောင်သံနှင့်အတူ ရုတ်တရက် စိတ်လှုပ်ရှားလာမှုတ်ု့မှာလည်း ချမ်းဘော့ဒ်တစ်ခုလုံး ပျံ့နှံသွားသည်။
ရွှေရောင်မြက်ခင်းပြင်ပေါ်တွင် အိပ်ပျော်နေသည့် အမဲရောင်ခွေးကြီးလည်း တောက်ပသောမျက်လုံးများဖြင့် ခေါင်းထောင်လာ၏။ သူ၏ ဘေးတွက် တစ်လလုံးမှိုင်နေခဲ့သည့် မိန်းကလေးမှာလည်း မျက်လုံးတွင် ပျော်ရွှင်မှု အလင်းရောင်များတောက်ပလာ၏။ သူမအမဲရောင်ခွေးကြီး၏ ကြောပြင်ပေါ်သို့ ခုန်တက်ကာ လေချွန်သံတစ်ခုကို ပြုလုပ်လိုက်သည်။ လွင်ပြင်ပေါ်တွင် ခုန်ပေါက်ဆော့ကစားနေကြသည့် မီးမှုတ်သားရဲများလည်း အဖွဲ့ပုံစံဖြင့် စနစ်တကျတန်းစီလိုက်ကြ၏။ ထို့နောက်တွင် အမဲရောင်ခွေးကြီးနောက်မှလိုက်ကာ မြေပြင်အား တုန်ခါစေလျှက် ချမ်းဘော့ဒ်မြို့ထံသို့ ပြေးသွားကြတော့သည်။
"သီးသန့်ခွဲခြားပြီး လေ့ကျင့်နေတယ်ဆိုတဲ့ ချမ်းဘော့ဒ်ဘုရင် ပြန်လာတာများလား..."
ဤတိုင်းပြည်ထဲတွက် တခြားတိုင်းပြည်မှ ရည်ရွယ်ချက်အသီးသီးဖြင့် ရောက်လာကြသူများစွာရှိနေ၏။ သူတို့ အားလုံး၏ မျက်နှာတွင်ထိတ်လန့်အံ့သြသည့် အမူအယာများဖြင့် ချမ်းဘော့ဒ် နန်းတော်ထံသို့သာ စိုက်ကြည့်နေကြ၏။