← Chapters

အခန်း (၁၉၇)

Vol. 14 Ch. 197

အခန်း (၁၉၇)

Vol. 14 Ch. 197

ချမ်းဘော့ဒ် နန်းတော်ရှိ ဘုရင့်ခန်းမဆောင်ထဲတွင်ဖြစ်သည်။

ဘေးနှစ်ဖက်တွင် မှော်ခြင်္သေ့ရုပ်တုကြီးနှစ်ခုဖြင့် အလှဆင်ထားသည့် အဖြူရောင်ပလ္လင်ပေါ်တွင်၊ ဖှေး၏ မျက်လုံးများသည် လျှပ်စီးကဲ့သို့ပင် သူ၏လူများအား ကြည့်ရှုနေ၏။

ခမ်းမဆောင်အတွင်းတွင်ရှိသော လေထုသည် ဖှေးအား စိတ်ကျေနပ်အားရမှုကို ခံစားမိစေသည်။

လွန်ခဲ့သည့်တစ်လအတွင်း မည်သူမျှ ပျင်းရိ၍မနေခဲ့ပေ။ ဖှေး၏ လက်ရှိအစွမ်းဖြင့် ခန်းမဆောင်အတွင်းရှိလူများအားလုံးကို အစွမ်းများသိသိသာသာတိုးတက်လာသည်က်ို တစ်ချက်ထဲကြည့်ရုံဖြင့်ပင် သိနိုင်၏။

လူသန်ကြီးနှစ်ယောက်ဖြစ်သည့် ဒရော့ဂ်ဘာနှငွ ပီးရာ့စ်တ်ို့မှာ ကြယ်နှစ်လုံးနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူတ်ို့နှစ်ယောက်၏ တိုးတက်မှုမှာ အံ့မခန်းပင်။ သူတို့မှာ ကြယ်သုံးလုံးစစ်သည်အဆင့်သို့ ခြေလှမ်းစတင်ဝင်ရောက်နေပြီဖြစ်သည်။ ဖှေး ပေးထားသည့် တောရက်စ်ဦးဆောင်းနှင့် အက်စ်ကာလီဘာဓားတ်ို့၏ အစွမ်းပိုပါ ပေါင်းစပ်လိုက်ပါက ကြယ်သုံးလုံးအဆင့်စစ်သည်များဖြင့်ပင် ကောင်းစွာယှဥ်ပြိုင်နိုင်ပြီဖြစ်၏။

သူတော်စဥ်တပ်ဖွဲ့ခေါင်းဆောင် ပီတာ၏ စွမ်းအားများ တိုးတက်လာသည်မှာလည်း အံ့မခန်းပင်။ လက်ရှိအ​​ခြေအနေတွင် သူသည်ကြယ်သုံးလုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ယခင်က ကြယ်နှစ်လုံးနောက်ဆုံးအဆင့်စစ်သည် ပီတာသည် ဝန်ကြီးချုပ်ဟောင်းဘစ်ဇား၏ နှိပ်စက်ညင်းပန်းမှုတို့ကြောင့် သာမန်စစ်သည်တစ်ယောက်အဆင့်သို့ပင် ကျဆင်း၍ စွမ်းအားများ ကျဆင်းစေခဲ့သည်။ ဟော့ခ်ဆေးပုလင်းသောက်သုံးပြီးနောက်တွင် သူ၏အစွမ်းများ ပြန်လည်တိုးတက်လာနှုန်းမှာ ကျေနပ်အားရဖွယ်ပင်။ ယခုအချိန်တွင် ပီတာအား အမဲရောင်ချပ်ဝတ်ရန်သူများတပ်ဖွဲ့မှ ဓားသမားလမ်ဒီနှင့် တိုက်ခိုက်ခိုင်းပါက လမ်ဒီအား ချက်ချင်းပင် အနိုင်ယူပစ်နိုင်ပေလိမ့်မည်။ သို့သော် ပီတာ၏ တိုက်ရည်ခိုက်ရည်နှင့် ပတ်သက်ပါက ဖှေးသိပ်ပြီးခန့်မှန်းနိုင်စွမ်းမရှိပေ။ သူတော်စဥ်တပ်ဖွဲ့၏ ခေါင်းဆောင်မှာ ခုခံကာကွယ်သည့်နေရာတွင် ဆရာတစ်ဆူဖြစ်သည်ပြောစမက်ပြုကြသည်။ ယခင် ကြယ်နှစ်လုံးနောက်ဆုံးအဆင့်စစ်သည်ဘဝကတည်းကပင် သူသည် ကြယ်သုံးလုံးအဆင့်စစ်သည်များ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံများအကြားတွင် နာမည်ကျော်ကြားခဲ့သူ တစ်ယောက်လဲဖြစ်၏။ ယခုအချိန်တွင်မူ ပီတာ၏ အတွင်းအားအဆင့်မှာ ကြယ်သုံးလုံးအလတ်ပိုင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ဟော့ခ်ဆေးပုလင်း၏ ပြုပြင်ပြောင်းလဲမှုကြောင့် ခွန်အားကြီးသော ခန္ဓာကိုယ်ကိုပါထည့်တွက်ပါက သူသည် အဆင့်တူစစ်သည်များစွာထက်သာလွန်နေသည်မှာ အမှန်ပင်။ အနာဂတ်တွင် သူ၏စွမ်းအင်များ တိုးတက်လာမည့်အပေါ်တွင် မျှော်လင့်ချက်ကြီးကြီးထားနိုင်၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ဘရွတ်သည် ကြယ်နှစ်လုံးအလယ်အလတ်စစ်သည်အဆင့်သို့ရောက်ရှိသွားပြီဖြစ်၏။ သူ၏ တိုးတက်မှုနှုန်းမှာ ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ ပီတာနှင့် တစ်ခြားပုဂ္ဂိုလ်များနှင့် နှိုင်းယှဥ်ပါက များစွာနှေးကွေးနေသောလည်း ဤအမြန်နှုန်းမှာ မယုံနိုင်စရာကောင်းနေဆဲပင်။ ဤအ​ခြေအနေ၏ နောက်ကွယ်တွင်ရှိသော အကြောင်းပြချက်ကိုလည်း ဖှေးကောင်းစွာ နားလည်သဘောပေါက်သည်။ ဘရွတ်သည် ချမ်းဘော့ဒ်၏ စစ်ဘက်ဆိုင်ရာအဖွဲ့စည်းနှစ်ခုဖြစ်သည့် သူတော်စဥ်တပ်ဖွဲ့နှင့် ဥပဒေပြုအရာရှိများအဖွဲ့ကို စီမံကွတ်ကဲရသည်။ ထို့အပြင် ပုံမှန်အားဖြင့် စစ်ဘက်ဆိုင်ရာအစီစဥ်များတွင် ဖှေးစိတ်တိုင်းကျ အကောင်ထည်ဖော်ရန်အတွက် အလုပ်များကာ မောပန်းနေသူလည်းဖြစ်၏။ ထို့ကြောင့် လေ့ကျင့်ရန်အတွက် အချိန်သိပ်ပြီးမရှိလှချေ။ သို့သော် သူ၏ ဖှေးအပေါ်တွင် သစ္စာရှိမှုမှာ မဖော်ပြနိုင်လောက်အောင်ပင် ကြီးမား၏။ သူသည် လူသန်ကြီးနှစ်ဦးဖြစ်သည့် ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့ထက်ပို၍ အသိဉာဏ်ရှိခါ ဂရုတစိုက်ဆောင်ရွက်တတ်သည့် လူတစ်ယောက်ဖြစ်သည်။ သူရဲကောင်းအစစ်မှန်တစ်ယောက်၏ ဂုဏ်ကျက်သရေနှင့် ထိုက်တန်သည့်လူတစ်ဦးလည်းဖြစ်၏။ ဖှေး မရောက်စဥ်နှင့် ရောက်ပြီးကာနှစ်ခုလုံးတွင် ဘရွတ်သည် ချမ်းဘော့ဒ်မြို့သူမြို့သားများ၏ လေးစားယုံကြည်မှုကို ရရှိပြီးဖြစ်သည်။ ထိုကဲ့သို့လူအတွက်ဆိုပါက အစွမ်းမှာအမြင့်ဆုံးမဟုတ်သော်လည်း အလွန်တန်ဖိုးရှိသည့် လူတစ်ယောက်လဲဖြစ်၏။ ထို့ကြောင့်ပင် ဖှေးဘရွတ်အား ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထောင်မှူးအိုလတ်ဂ်၏ အစွမ်းများသည်လည်း များစွာတိုးတက်လာခဲ့၏။ ကြယ်နှစ်လုံး အလယ်လတ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ၁.၇မီတာပင် မမြင့်မားသည့် အရပ်ပုပုနှင့် ဝဖိုင့်ဖိုင့်လူတစ်ယောက်အတွက်ဆိုပါက ဟော့ခ်ဆေးပုလင်း လက်ကျန်အား ဒုတိယအကြိမ်သောက်ပြီးသည့်အချိန်တွင် အရပ်၁.၉မီတာထိ မြင့်မားလာခဲ့သည်မှာ မယုံနိုင်စရာပင်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ စဖိုင့်ဖိုင့်ဖြစ်နေဆဲပင်။

အားလုံးထဲတွင် ဖှေးအား အံ့အားအသင့်စေဆုံး ပုဂ္ဂိုလ်မှာ ယခင်က ချမ်းဘော့ဒ်တိုင်းပြည်၏ နံပါတ်၁စစ်သည်ဖြစ်သည့် ဖရန့်ခ်လမ်းပါ့ဒ်ပင်။ ယခုအခါတွင် လမ်းပါ့ဒ်သည် သူ၏ အမဲရောင်ဓားကြီးအား နောက်ကြောတွင်လွယ်ထားဆဲဖြစ်သော်လည်း သူ၏ ရေဂုဏ်သတ္တိစွမ်းအင်များမှာ တဖြည်းဖြည်းပျောက်ကွယ်သွားပုံရ၏။ ထို့အစား ကြွယ်ဝသည့် လျှပ်စစ်စွမ်းအင်များအစားထိုးဝင်ရောက်နေသည်ကို တွေ့ရသည်။ လမ်းပါ့ဒ်၏ လျှပ်စစ်အတွင်းအားစွမ်းအင်များသည် ကြယ်​လေးလုံးအလည်လတ်အဆင့်သို့ ရောက်ရှိသွားကြောင်းက််ို ဖှေးရှင်းရှင်းလင်းလင်းခံစားရ၏။ ဤသည်မှာ အလွန်မြန်ဆန်လွန်းလှသည်။ အတွင်းအားလေ့ကျင့်ခြင်းအား ပြန်လည်စတင်ပြီး တစ်လခန့်ကြာချိန်မှာပင် ကြယ်လေးလုံးအဆင့်သို့ ရောက်ရှိသွားခြင်းပင်။ ဘယ်လိုများလေ့ကျင့်လိုက်တာလဲ...။ ဖှေး၏ အလင်းလက်သီး ကျင့်စဥ်စာလိပ်အကူညီဖြင့်ပင် ဤမျှမြန်မြန်ဆန်ဆန် တိုးတက်နိုင်မည်မဟုတ်ပေ။ယခင် ချမ်းဘော့ဒ်နံပါတ်၁စစ်သည်ရဲ့ လျို့ဝှက်ချက်က ဘာများပါလိမ့်။ ဖှေးအနည်းငယ် စိတ်ဝင်စားလာမိသည်။

တောက်ပလာသော ​ဆရာအသစ်များအပြင် ဖှေး၏ ကိုယ်ရံတော် တိုးရီစ်သည်လည်း တိုးတက်မှုတစ်ချို့ရှိလာခဲ့သည်။ ကြင်နာတတ်သောနှလုံးသားနှင့်ဤလူငယ်လေးထံတွင် နောက်ဆုံးတွင် သူရဲကောင်းစိတ်ဓာတ်များ စတင်၍ ကိန်းအောင်းစပြုလာပြီဖြစ်၏။ ဖှေယခင်က ဤလူငယ်အား ရေခဲဂုဏ်သတ္တိရှိအတွင်းအားကျင့်စဥ်စာလိပ်တစ်ခုကို ပေးအပ်ခဲ့သည်။ အတွင်းအားစီးကြောင်း၂၅ခုပါဝင်သည့် ကြယ်သုံးလုံးအဆင့်ကျင့်စဥ်စာလိပ်တစ်ခုဖြစ်ပြီး တိုးရီစ်သည်လည်းအသေချာလေ့ကျင့်နေလဲ့ပုံရသည်။ ဖှေး တိုးရီစ်၏ ခန္ဓာကိုယ်ထဲတွင် ရေခဲအတွင်းအားစွမ်းအင်တစ်ချို့ စတင်ကိန်းအောင်းစပြုလာသည်က်ု ဖှေးထင်ထင်ရှားရှားခံစားမိ၏။ ကြယ်နှစ်လုံးစတင်သူအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ဤလူများမှာ အတွင်းအားကျင့်စဥ်တွင် ဖှေးမျှေယ်လင့်ထားသည့် ဆရာတစ်ချို့ဖြစ်ပြီး ဖှေးလဲ သူတို့၏ တိုးတက်မှုနှင့် ပတ်သက်ပြီး ကျေနပ်အားရမှုရှိသည်။

ထို့အပြင် ကျောက်တုံးတံတားပေါ်ရှိတိုက်ပွဲတွင် ပါဝင်ခဲ့သည့် လူသန်ကြီးများ၏ အစွမ်းသည်လည်း တိုးတက်လာပြီဖြစ်သည်။ ဟော့ခ်ဆေးပုလင်းအစွမ်းကြောင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများသည် ကြယ်တစ်လုံးအလယ်လတ်စစ်သည်အဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ သို့ရာတွင် ထိုသူများထဲတွင် လူတိုင်းမှာ အတွင်းအားကျင့်စဥ်နှင့် ပတ်သက်၍ ပါရမီပါမလာကြချေ။ သူတို့၏ အတွင်းအားလမ်းကြောင်းများမှာ ကျယ်ပြန့်နေပြီဖြစ်သော်လည်း စွမ်းအင်လယ်ဗယ်မှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။ အကောင်းဆုံးလူမှာ ကြယ်တစ်လုံးအဆင့်အတွင်းအားများကို ပိုင်ဆိုင်နေပြီဖြစ်ပြီး အဆိုးဆုံးမှာ အတွင်းအားတစ်စက်မှ ပိုင်ဆိုင်ခြင်းမရှိကြသေးပေ။

ချမ်းဘော့ဒ်မှ မြို့ခံများအပြင် အယ်လီနာ၊ ချယ်စီ၊ ကိန်း၊ အာကာရာ၊ ခက်ရှာနှင့် တစ်ခြားသောဒိုင်ယာဘလိုကမ္ဘာမှ ဆရာများလည်း ဘုရင့်ခန်းမဆောင်အတွင်းသို့ ရောက်ရှိနေကြသည်။ ယခင်က အနောက်ဘက်တောင်တန်းထဲတွင်ရှိသော မြေအောက်လိုဏ်ဂူထဲသို့ ပညာသင်​ပေးသော ဆရာများအဖြစ် လာရောက်နေကြဖြစ်သဖြင့် ချမ်းဘော့ဒ်မှလူများနှင့် ရင်းနီးနေပြီဖြစ်၏။

မြို့ပြဘက်အခြမ်းတွင် ဘတ်စ်သည် အလွန်အလုပ်များနေခဲ့သော်လည်း သူ၏ နေ့စဥ်အစားသောက်ထဲတွင် ပြန်လည်သစ်လွင်ဆေးရည်အနည်းငယ်ထည့်ကျွေးရန် ဖှေး အန်ဂျယ်လာအား မှာကြားခဲ့သည့်အတွက် ပင်ပန်းနွမ်းနယ်သည့်ဟန်မရှိပေ။ သို့သော် အဖိုးကြီးဘတ်စ်မှာ အတွင်းအားကျင့်စဥ်များတွင် စိတ်ပါဝင်စားမှု လုံးဝရှိပုံမရချေ။

ဘတ်စ်အပြင် မြို့ပြ စီမံအုပ်ချုပ်မှုအပိုင်းတွင် တာဝန်ယူထားသူများမှာ ချမ်းဘော့ဒ်အတွင်းတွင် လူသိများသည့် ဆံပင်ဖြူ မုတ်ဆိတ်ဖြူများနှင့် အဖိုးကြီးများပင်။ သူတို့အားလုံးမှာ ဆိုးဝါးစွာပင် အိုမင်းရင့်ရော်နေကြပြီဖြစ်သည်။ လက်ရှိသည် ဘတ်စ်မှာ ဝဲဘက်နှင့် ယာဘက် ဝန်ကြီးချုပ်နေရာကိ​ုယူထားပြီး လက်အောက်ရှိ ဝန်ကြီးဌာန၆ခုကို ထိုအဖိုးကြီးများကို ပေးအပ်ထား၏။ ယခုအချိန်တွင် ဖှေး ချမ်းဘော့ဒ်တက္ကသိုလ်ကိုမှ အရည်ချင်းရှိသည့် ​မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာသည့်အချိန်အား စောင့်မျှော်နေရုံပင် တက်နိုင်၏။ ကံကောင်းစွာပင် ချမ်းဘော့ဒ်တိုင်းပြည်သည် တိုင်းပြည်ငယ်တစ်ခုဖြစ်သောကြောင့် စီမံခန့်ခွဲရသည်မှာလည်း မခက်ခဲလှချေ။ ထို့အဖြစ် အရှေ့ဘက်တောင်ထိပ်တိုက်ပွဲဖြစ်စဥ်က ဖှေးအား ဆန်ကျင့်သည့်လူများကို ပရိယာယ်သုံးကာရှင်းထုတ်ပြီးဖြစ်သဖြင့် ဖှေးလမ်းတွင် ပိတ်ဆို့နေမည့်လူများမရှိတော့ချေ။

ဖှေး၏ မျက်လုံးများသည် ခန်းမဆောင်အတွင်းတွင်ရှိသော လူများအားလုံးကို သေချာလိုက်ကြည့်ရင်း သူ၏နှလုံးသားထဲတွင် ဝမ်းသာပီတိဖြစ်လိုက်မိသည်။

လေးလအတွင်းမှာပင် ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားသည် ဤမျှကြီးမားလာလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားကြလိမ့်မည်မဟုတ်ပေ။

ယနေ့တိုင်းပြည်အင်အားနှင့်ဆိုပါက အမဲရောင်စစ်သည်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဖှေး မြေမျက်နှာသွင်ပြင်အားသာမှုကိုလည်း မှီခိုရန်မလိုအပ်တော့ပေ။ သေချင်ဟန်ဆောင်သည့် ဗျူဟာက်ု ထုတ်သုံးရန်လည်း မလိုအပ်တော့ချေ။ ထိပ်တိုက်ရင်ဆိုင်ကာ အမဲရောင်ချပ်ဝတ်စစ်သည်တစ်ဖွဲ့လုံးအား အမှုန့်ချေနိုင်တော့မည်ဖြစ်သည်။

“စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲက အတော်နီးလာနေပြီ လူတိုင်းမစောင့်နိုင်ကြတော့ဘူးဆိုတာကိုလဲ ငါသိပါတယ်....” ဖှေး ပြုံးလိုက်သည်။ သူ၏ အသံတွင် ခန်းမဆောင်ထဲတွင် ပျံ့နှံ့သွား၏။ “ဒီပြိုင်ပွဲမှာ ငါတို့အရင်ကဆုံးရှုံးခဲ့တဲ့ဟာတွေကို ငါတ်ို့လက်တွေနဲ့ ပြန်ယူရမယ်...”

ထို့နောက်တွင် ဖှေး မက်တပ်ရပ်ကာပြောလိုက်သည်။ “ငါ့အမိန့်ကိုပြောလိုက်...၃ရက်ကြာရင် ငါတို့ရဲ့တပ်ဖွဲ့တစ်ခုလုံး အင်ပါယာမြို့တော် စိန့်ပီတာစဘာ့ချ်ကို စတင်ထွက်ခွာမယ်...အင်ပါယာစစ်ရေးလေ့ကျင့်ပြိုင်ပွဲမှာ ပါဝင်ဖို့ အသင့်ပြင်ထားကြတော့....”

All Chapters