← Chapters

အခန်း (၁၉၈)

Vol. 14 Ch. 198

အခန်း (၁၉၈)

Vol. 14 Ch. 198

ချမ်းဘော့ဒ်တိုင်းပြည်ဘုရင် လေ့ကျင့်နေခြင်းပြီးဆုံးကာ ပြန်ရောက်လာကြောင်းသတင်းမှာ ချမ်းဘော့ဒ်တိုင်းပြည်တစ်ခွင်သို့ ပြန်နှံ့သွား၏။

တစ်ခြားတိုင်းပြည်မှ ချမ်းဘော့ဒ်သို့ သတင်းအချက်လက်စုဆောင်းရန်အတွက် လာရောက်ခဲ့ကြသည့် လူများအားလုံး ပို၍ဂရုစိုက်ကာ တက်ကြွလာကြသည်။ သူတို့ဤနေရာသို့ လာရောက်ရသည့်အကြောင်းအရင်းမှာ နာမည်ကျော်ကြားစပြုလာသော ချမ်းဘော့ဒ်တိုးင်ပြည်မှာ မည်မျှသန်မာကြောင်း အကဲခတ်ရန်ဖြစ်သည်။ ထိုအချက်လက်အပေါ်မူတည်ကာ သူတို့၏ တိုင်းပြည်များသည် လာမည့် ဇီးနစ်အင်ပါယာစစ်ရေးလေ့ကျင့်ပြိုင်ပွဲအတွက် ပြင်ဆင်နိုင်မည်ဖြစ်သည်။ ဇီးနစ်အင်ပါယာတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၅၀ရှိသည့်အနက် နိုင်ငံအများစုမှာ အားနည်းသောနိုင်ငံများဖြစ်သော်လည်း ရည်မှန်းချက်ကြီးအားသည့် အင်အားကြီးနိုင်ငံတစ်ချို့လဲရှိ၏။ ထိုနိုင်ငံများမှာ အမြင်ကျယ်ကြပြီး အနာဂတ်တွင်ပြိုင်ဘက်ဖြစ်လာနိုင်သည့် နိုင်ငံများကို ကောင်းစွာစောင့်ကြည့်လိုကြသည်။ ထို့ကြောင့် သတင်းအချက်လက်စုဆောင်းခြင်းမှာ ၄င်းတို့အတွက် များစွာအရေးကြီးလှ၏။

သတင်းအချက်အလက်များစုဆောင်းပြီး ရောင်းချကြသည့် အဖွဲ့စည်းများသည်လည်း သူတို့၏လူများကို ချမ်းဘော့ဒ်တိုင်းပြည်သို့ စေလွှတ်ထားခဲ့ကြသည်။

ထိုလူများမှာ အရေးကြီးအချက်လက်များစုဆောင်းရန်မှာ အလွန်ခက်ခဲလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသဖြင့် စွန့်လွှတ်မှုတစ်ချို့ပြုလုပ်ရန်ပါ ပြင်ဆင်၍လာခဲ့ကြသည်။ သို့သော်လည်း ချမ်းဘော့ဒ်ဘုရင်သည် သူ၏လေ့ကျင့်မှုပြီးဆုံးသည့် အထိန်းမှတ်ဖြင့် တိုင်းပြည်ထဲရှိ ဘုရားကျောင်းရှေ့တွင် ပျော်ပွဲရွှင်ပွဲကြီးတစ်ခု ထင်လင်းစွာကျင်းပလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။ လူတိုင်း ချမ်းဘော့ဒ်တိုင်းပြည်၏ ခန့်ညားသောဘုရင်အလတ်ဇန္ဒားနှင့် နတ်သမီးကဲ့သို့လှပသည့် ဇနီးအန်ဂျယ်လာတို့ကို ဤအခမ်းနားတွင် မြင်တွေ့လိုက်သည်။ မြို့ပြနှင့် စစ်ဘက်ဆိုင်ရာမှ အရေးပါသည့် ခေါင်းဆောင်နှင့် အရာရှိများအားလုံး ဤအခမ်းနားသို့ တက်ရောက်ကြ၏။ လူအများအား အံ့သြစေဆုံးအရာမှာ ဇီးနစ်အင်ပါယာ၏ အကြီးဆုံးမင်းသမီးတာနာရှာသည်လည်း ဤအခမ်းနားသို့တက်ရောက်လာခဲ့ခြင်းပင်။

သူမနှင့် ချမ်းဘော့ဒ်ဘုရင်သည် မတွေ့တာကြာသော သူငယ်ချင်းများကဲ့သို့ ရင်းနီးစွာ စကားပြောဆိုနေခဲ့ကြ၏။

ဤအခမ်းနားမှာ သတင်းလာရောက်စုဆောင်းသည့် လူများအားလုံးလိုလိုအား ချမ်းဘော့ဒ်တိုင်းပြည်၏ အရေးကြီးပုဂ္ဂိလ်များကို တွေ့မြင်ခွင့်ရစေပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားကို ခန့်မှန်းနိုင်လိုက်ကြသည်။

သူတို့အတွက် ပို၍ကံကောင်းစေသည်မှာ အခမ်းနားအတွင်းတွင် “စစ်ရေးပြခြင်း”ဟုခေါ်သည့် အစီစဥ်တစ်ခု ပါရှိနေခြင်းပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ ထူးဆန်းသည့် တပ်ဖွဲ့နှစ်ခုဖြစ်သည့် သူတော်စဥ်တပ်ဖွဲ့နှင့် ဥပဒေပြုတပ်ဖွဲ့တို့မှာ လူအများရှေ့တွင် သူတို့၏ အစွမ်းသတ္တိများကို ပြသကြသည်။

သူတော်စဥ်တပ်ဖွဲ့တွင် လူအင်အား၅၀ခန့်သာ ပါဝင်၏။ မြင်းစစ်သည်များကဲ့သို့ပင် စစ်သည်တစ်ယောက်ခြင်းစီသည် အဆင့်၄ မီးမှုတ်သားရဲများကို စီးနှင်းကြသည်။ ထိုအရာများမှာ ချမ်းဘော့ဒ်နှင့် တိုင်းပြည်ကိုးခုတိုက်ပွဲမှ ရရှိခဲ့သည့် စစ်နိုင်ပစ္စည်းများပင်။ ဤအကြောင်းရာများကို ထောက်လှမ်းရေးသမားများကြိုတင်သိရှိပြီးသားဖြစ်သော်လည်း ထိုစစ်သည်များလက်ထဲတွင် ကိုင်ဆောင်ထားသည့် လက်နက်များမှာ သူလျိုများအား ချွေးများပျံသွားစေ၏။ တံခါးရွက်ကြီးများကဲ့သို့ ကြီးမားသည့် ဒိုင်းကားကြီးများနှင့် ရှည်လျားလှသော လှံများ၊ ဓားများကို ကိုင်တွယ်ထားကြ၏။ သူတော်စဥ်တပ်ဖွဲ့စစ်သည်များ၏ လက်ထဲတွင် ကိုင်ဆောင်ထားသည့် လက်နက်များကြားထဲတွင် တူညီသည့်အချက်တစ်ခုမှာ ကြီးမားခြင်းပင်။

တစ်ဖက်တွင်ရှိသော ဥပဒေပြုတပ်ဖွဲ့တွင် အင်အား၂၀၀ခန့်ရှိ၏။ ထိုတပ်ဖွဲ့မှာစစ်သည်များမှာ ပေါ့ပါးသော ချပ်ဝတ်များ၊ ဦးဆောင်းများကိုသာ ဝတ်ဆင်ထားကြ၏။ အရေသွေးမြင့် စစ်မြင်းများကို စီးနှင်းထားသဖြင့် ခန့်ညားထည်ဝါနေကြသည်။ ထိုစစ်သည်၂၀၀ အခမ်းနားကျင်းပရာ ရင်ပြင်သို့ မြင်းများလက်နက်များဖြင့် ဝင်လာသည့်အချိန်တွင် လေထုပင် စိုးမိုးသည့်ဟန်သို့ ပြောင်းလဲသွား၏။

ချမ်းဘော့ဒ်တိုင်းပြည်မှ လူများသည် ဤမြင်ကွင်းအား တွေ့မြင်ရသည့်အတွက် ပျော်ရွင်နေကြသည်။

ယခင်လေးလခန့်က လယ်သမားသာသာစစ်သည်များနှင့် နှိုင်းယှဥ်ကြည့်ပါက သိသာစွာတိုးတက်ပြောင်းလဲလာခဲ့ခြင်းပင်။ သူတို့အားလုံး ယုံကြည်ချက်ပြည့်ဝသည့် စစ်သည်များနှင့် ချွန်ထက်သည့် လက်နက်ကြီးများကို မြင်တွေ့ရသည့်အတွက် မကြုံဖူးသေးသော လုံခြုံသည့် ခံစားချက်ကို ခံစားနေရ၏။

သို့သော် တစ်ခြားနိုင်ငံမှလာရောက်ကြသည့် အစောင့်များအတွက်မူ အမှန်တရားသည် အကောင်းကဲ့သို့ဖြစ်နေ၏။ တကယ်တန်းမှာ သူတို့သည် စည်းကမ်းတင်းကြ

ပ်သော လူအင်အားများစွာပါ၀င်သည့် တပ်ဖွဲ့တစ်ခုအား တွေ့မြင်ရရန်အတွက် မျှော်လင့်ထားခဲ့ကြသည်။ တိုင်းပြည်ကိုးခု ပူးပေါင်းတပ်ဖွဲ့အား အနိင်ယူလိုက်သည့်

တပ်ဖွဲ့သည် လူအင်အား ၃၀၀ကျော်ခန့်သာပါ၀င်သည့် တပ်ဖွဲ့တစ်ခုဖြစ်လိမ့်မည်ဟူ၍ လုံး၀ထင်မထားခဲ့ကြပေ။ ထို့အပြင် မြို့သူမြို့သားများပြောနေသည့်ပုံအရ ချ

မ်းဘောဒ့်တိုင်းပြည်တွင် ရှိနေသည့် စစ်သည်အင်အားအကုန်မှာ ဤမျှသာဖြစ်သည့်ဟန်ပင်။ လျို့၀ှက်တပ်ဖွဲ့များ ထက်မံ၍ ရှိသေးသည့်ဟန်မတူချေ။

“ဘယ်လိုတောင်လဲ.... ဒါက ချမ်းဘောဒ့်တိုင်းပြည်ရဲ့ ရှိသမျှအင်အားအကုန်လား...မဟုတ်မှလွဲရောချမ်းဘော့ဒ်တိုင်းပြည်က တိုင်းပြည်ကိုးခု ပူးပေါင်းတပ်

ဖွဲ့ကို ဒီစစ်သည်အင်အားလောက်နဲ့ပဲအနိုင်ယူခဲ့တာလား...”

ရင်ပြင်ပေါ်တွင် လူအများသည် သူတို့၏မေးခွန်းအား သူတို့ကိုယ်တိုင် လျို့၀ှက်စွာဖြင့် ပြန်လည်ဖြေကြားပြီးဖြစ်၏။

“စစ်သည်အရေတွက်က ၃၀၀ လောက်ပဲရှိတယ်။ သူတို့အားလုံးက သန်မာတဲ့ပုံရှိပေမဲ့ ဒီလောက်အင်အားနည်းနည်းလေးက ဘာလုပ်နိုင်မှာမို့လို့လဲ...”

လူတစ်ချို့မှာ ဤမြင်ကွင်းအားမြင်လိုက် ရပြီးနောက်တွင် သူတို့၏ပခုံးပေါ်မှအလေးပင်များ လျှော့ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ “မစ်စတာကောင့်ကအစိုးရိမ်

လွန်နေတာပဲနေမှာပါ...ချမ်းဘောဒ့်တိုင်းပြည်နဲ့ပတ်သတ်ပြီး ဘာမှစိုးရိမ်စရာရှိတဲ့ပုံမပေါ်ပါဘူး...”

“ဒီအဆင့်ပဲရှိတဲ့တပ်ဖွဲ့တစ်ခုက သတင်းတွေထဲကလို အစွမ်းထက်တယ်ဆိုတာက မဖြစ်နိုင်ပါဘူး...တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့က အတော်အသုံးမကျလွန်းတာ

ပဲနေမယ်....မီးမှုတ်သားရဲအကောင်၆၀လောက်က ချမ်းဘောဒ့်ဘုရင်လက်ထဲကို ရောက်သွားတာကတော့ ရင်နာစရာပဲ...ငါ့လက်ထဲရောက်အောင် ဘယ်လို

ကြံရမလဲမသိ...”

တစ်ချို့လူများမှာ လောဘကြီးလာကြ၏။ မီးမှုတ်သားရဲအကောင်၆၀ကျော်ဆိုသည်မှာ အလွန်ကြီးမားသည့်ရတနာများဖြစ်သောကြောင့်ပင်။

တစ်ခြားတိုင်းပြည်မှလာရောက်သည့်လူအားလုံးမှာ အမြင်ကျဥ်းသည့်လူများမဟုတ်ကြသည်မှာ အမှန်ပင်။

တချို့တိုင်းပြည်များမှ လာရောက်ထောက်လှမ်းသည့်လူများသည် တစ်ခြားလူများမမြင်ခဲ့ကြသည့် သဲလွန်စများအသေးစိတ်အချက်လက်များကို သတိထားမိလိုက်ကြ

သည်။

“ချမ်းဘော့ဒ်ဘုရင်ရဲ့အစွမ်းတွေက ကြီးမားနေပြီးတော့ ခန့်မှန်းရခက်ခဲနေတယ်... တစ်လလေ့ကျင့်ပြီးနောက်မှာ တစ်ခြားအဆင့်တစ်ခုကိုတောင် ထက်ပြီးတ

က်ရောက်သွားတဲ့ပုံပဲ...သတင်းတွေအရဆိုရင် သူက အရင်တုန်းက ကြယ်သုံးလုံးစစ်သည်တစ်ယောက်ကို သတ်ပစ်ဖူးတယ်လို့ပြောကြတယ်ဆိုတော့ အနည်း

ဆုံးကြယ်လေးလုံးအဆင့်လောက်တော့ ရှိလောက်မယ်ထင်တယ်...”

“ချမ်းဘောဒ့်ဘုရင်နဲ့ အင်ပါယာမင်းသမီးတာနာရှာတို့ရဲ့ ဆက်ဆံရေးကလဲ ပုံမှန်တော့မဟုတ်ဘူး...တစ်ခြားမသိရေသးတဲ့ထူးဆန်းတဲ့လျို့၀ှက်ချက်တွေများ ရှိနေနို

င်သေးလားမသိ....”

“အာရုံစိုက်သင့်တဲ့တစ်ချို့စစ်သည်တွေလဲ ရှိနေေသေးတာပဲ... ဆရာတော့စိတ်၀င်စားလောက်တယ်။ တကယ်လို့ဆရာသာ အဲ့စစ်သည်တွေကို သု့ဘက်ပါ

လာအောင် စည်းရုံးနိုင်မယ်ဆိုရင် ချမ်းဘောဒ့်ကို လုံး၀စိုးရိမ်စရာလိုတော့မှာ မဟုတ်တော့ဘူး...”

အခမ်းနားမှာ သန်းခေါင်ရံအချိန်တွင် ပြီးဆုံးသွား၏။ လူအနည်းငယ်မှလွဲ၍ လွန်ခဲ့သည့်ရက်ပေါင်းအနည်းငယ်ခန့်က ငြိမ်သက်နေခဲ့ကြသော အဖွဲ့စည်းများလည်း

လျို့၀ှက်စွာစတင်၍လှုပ်ရှားကြတော့သည်။

ေ

သုံးရက်ခန့်အကြာတွင် ဇီးနစ်စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြီးတွင် ၀င်ရောက်ယှဥ်ပြိုင်မည့် ချမ်းဘော့ဒ်တပ်ဖွဲ့မှာ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် အင်ပါယာမြို့တော်

သို့စတင်၍ထွက်ခွာတော့သည်။

ဆောင်းဦးလေပြေသည် ထောင့်မှန်စေတုဂံပုံချမ်းဘော့ဒ်အလံများအား လေထဲတွင်တလှူလှူလွင့်ပျံနေစေသည်။ ထိုအလံများအားလုံးကို ချမ်းဘော့ဒ်တိုင်းပြည်၏အနာ

ဂတ်ဘုရင်မလောင်းအန်ဂျယ်လာကိုယ်တိုင် ချုပ်လုပ်ထားခြင်းဖြစ်၏။ ခေါင်းနှစ်လုံးပါသည့်နတ်ဆိုးခွေးတစ်ကောင်သည် ပါးစပ်တစ်ဖတ်တွင် ဓားတစ်လက်နှင့်ကျန်ပါး

စပ်တစ်ဖက်တွင် လှံတစ်ချောင်းတို့ကိုကိုက်ထားသည့်ပုံမှာ အလံတွင်ပါရှိသည်။ ဤသင်္ကတအားဖှေးကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အလံတိုင်များမှာ

ကောင်းကင်ပေါ်သို့ ထောင်မက်နေကြပြီး လွင့်မြောနေသည့်အလံစများမှာ နဂါးများကောင်းကင်ရံတွင် ပျံသန်းနေသည်ဟုပင် ထင်မက်ရ၏။ သူတို့အားလုံးဟိန်း

ဟောက်ကာ အလံရွက်ပေါ်မှနေ၍ လွတ်မြောက်ပျံသန်းလိုနေသည့်အတိုင်းပင်။

ချမ်းဘော့ဒ်မြို့သူမြို့သားများအားလုံး လမ်းဘေးနှစ်ဖက်တွင် စုပြုံ၍ရောက်ရှိနေကြ၏။ လမ်းပေါ်သို့ ရဲရင့်ခြင်းနှင့် အောင်နိုင်ခြင်းတို့ကို ကိုယ်စားပြုသည့် ပန်းများ၊

သစ်ကိုင်းများကို လမ်းပေါ်သို့ကျဲချကြ၏။ စစ်သည်များထဲတွင် အမျိုးသမီးတချို့၏ ခင်ပွန်းယောက်ျားများပါ၀င်သည်၊ တစ်ချို့ကလေးများ၏ဖခင်များလည်း ပါ၀င်

သည်၊ အချို့မိဘများ၏ သားကြီးများလည်း ပါ၀င်သည်၊ တစ်ချို့ကောင်မလေးများ၏ ချစ်သူရည်းစားများလည်းပါ၀င်ကြသည်။ ထိုလူများအားလုံး သူတို့ချစ်ရသ

ည့်လူများ စစ်မြင်းများစီးကာ ထွက်ခွာသွားကြသည်ကို စိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေကြ၏။ သူတို့အားလုံးအောင်မြင်မှုများကို ပွေ့ပိုက်ကာြပန်လည်ရောက်ရှိ

လာကြစေရန်အတွက်လဲ ဆုတောင်းပေးနေကြ၏။ ဖှေးသည် တပ်ဖွဲ့၏ ထိပ်ဆုံးတွင်နေရာယူထားသည်။ ပေါ့ပါးသောအမဲရောင်ချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး

အမဲရောင်ခွေးကြီးကိုစီးကာ သူ၏ရှည်လျားလှသည့်အမဲရောင်ဆံပင်များမှာလဲ လေထဲတွင် တလွင့်လွင့်ဖြစ်နေ၏။ အမဲရောင်ဆိုးထားသကဲ့သို့ပင် သူ၏အရေပြားမှ

လွဲ၍ ကျန်ရှိနေသည့်ခန္ဓာကိုယ်ပေါ်တွင် ၀တ်ဆင်ထားသည့် ပစ္စည်းများမှာ အမဲရောင်သာြဖစ်နေ၏။ လှပသောအန်ဂျယ်လာကိုလဲ သူ၏လက်ထဲတွင်ပွေ့ပိုက်ထား၏။

ယနေ့တွင် အန်ဂျယ်လာသည် အနုစိတ်သောချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားသည်။ သူမ ထိုကဲ့သို့အ၀တ်စားများကို ၀တ်လေ့၀တ်ထမရှိပေ။ အ၀ါရောင်ဦးဆော

င်းအောက်တွင် သူမ၏ ပိုးသားကဲ့သို့ဆံပင်များမှာ လေထဲတွင်လွှင့်ပျံနေသည်။ သူမသည် တောက်ပသောအပြုံးတစ်ခုကိုလဲပေးလျက်ရှိရာ မည်သူမဆိုပင်မြင်စေ

ကာမူ သူတို့၏မျက်လုံးများသည် သူမအပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ရပ်တံ့သွားမည်ဖြစ်သည်။ အန်ဂျယ်လာသည်နဂိုကတည်းက လှပသောအမျိုးသမီးတစ်

ယောက်ဖြစ်သော်လည်း ချပ်၀တ်၀တ်ဆင်ထားသည့်အချိန်တွင် တစ်မျိူးကျက်သရေရှိကာ လှပနေပြန်၏။

ဖှေး၏အနောက်တွင် သူတော်စဥ်တပ်ဖွဲ့ခေါင်းဆောင် ပီတာ၊ ရွှေရောင်လူယုံနှစ်ယောက်ဖြစ်သည့် ပီးရာစ်နှင့် ဒရော့ဂ်ဘာ၊ ယခင်ချမ်းဘော့ဒ်နံပါတ်၁စစ်သည်လမ်းပါ့ဒ်၊ ထောင်မှူးအိုလတ်ဂ်၊ အန်မာ၊ ကိုယ်ရံတော်တိုးရီစ်နှင့် တစ်ခြားလူများတင်းကြပ်စွာြဖင့်လိုက်ပါလာခဲ့ကြသည်။ ဤတပ်ဖွဲ့ထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်တွင်ရှိသမျှ ဆရာများနှင့် စစ်သည်များအားလုံးလိုလို ပါ၀င်သည်။ ဖှေးချမ်းဘော့ဒ်အားစီမံရန်အတွက် သူ၏ ယောက္ခမလောင်းဘတ်စ်နှင့် ဘရွတ်တို့ကိုသာ ချန်ထားခဲ့၏။

မင်းသမီးတာနာရှာ၏ မှော်ရထားလုံးနှင့် သူမ၏အစောင့်ရှောက်များသည်လည်း ထိုလူအုပ်ထဲတွင်ပါရှိသည်။ ထိုမင်းသမီးမှာ ချမ်းဘောဒ့်တွင် အချိန်အတော်ကြာနေခဲ့ပြီးဖြစ်ရာ နောက်ဆုံးတွင်အင်ပါယာမြို့တော်သို့ ပြန်ရန်အတွက်ဆုံးဖြတ်လိုက်ပုံရ၏။

နာရီ၀က်ခန့်အကြာတွင် ထွက်ခွာသွားကြသည့်တပ်ဖွဲ့များမှာလည်း ရွေရောင်မြက်ခင်းပြင်ထဲတွင် ပျောက်ကွယ်သွားကြတော့၏။ မြို့ပြင်သို့ထွက်ကာလိုက်ပါပို့ဆောင်ကြသည့် မြိူ့သူမြို့သားများသည် စိတ်မပါစွာြဖင့်နေအိမ်သိ့ ပြန်ကုန်ကြပြီဖြစ်သည်။ ခံတပ်နံရံပေါ်တွင် ချမ်းဘောဒ်၏ အရေးပါသောခေါင်းဆောင်နှစ်ယောက်ဖြစ်ကြသည့် ဘတ်စ်နှင့် ဘရွတ်တို့မှာ နောက်ဆုံးကျန်ရှိနေသည့် အလံတိုင် မိုးကုက်စက်၀ိုင်းတွင် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်ရင်းကျန်ခဲ့ကြတော့သည်။

All Chapters