← Chapters

အခန်း (၁၉၉)

Vol. 14 Ch. 199

အခန်း (၁၉၉)

Vol. 14 Ch. 199

“အရှင်မင်းကြီးပြန်ရောက်လာတဲ့အချိန်ကြရင် ချမ်းဘော့ဒ်တိုင်းပြည်က အဆင့်၃အဖွဲ့၀င်နိုင်ငံတစ်ခုများဖြစ်ပြီးပြန်လာလောက်မယ်ထင်တယ်နော်...ဒါမှမဟုတ်အဆင့်၂အဖွဲ့၀င်နိုင်ငံများဖြစ်နေလောက်မလား...”

“အဆင့်၂အဖွဲ့၀င်နိုင်ငံလား...ဘရွတ်မင်းက အရှင်းမင်းကြီးရဲ့ရည်ရွယ်ချက်ကို အပြည့်၀နားလည်သေးတဲ့ပုံမပေါ်ဘူး...” အဖိုးကြီးဘတ်စ်မှာ ရယ်မောလိုက်သည်။ “အရှင်မင်းကြီးက အဆင့်၂အဖွဲ့၀င်နိုင်ငံလောက်ကို များတယ်ထင်မှာမဟုတ်ဘူး..စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲအပြီးမှာ ချမ်းဘော့ဒ်တိုင်းပြည်ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှခန့်မှန်းနိုင်မှာ မဟုတ်လောက်ဘူးလေ..ဒါပေမယ့် အရှင်မင်းကြီးထွက်သွားပြီဆိုတော့ ငါတို့လည်းအပျင်းကြီးနေလို့မဖြစ်ဘူး..ဘု၇င်ကငါတို့အတွက်လုပ်စရာတွေအများကြီးချန်ထားခဲ့တယ်မဟုတ်လား....”

ဘရွတ်သူ၏အရှေ့တွင်ရှိနေသော ခံတပ်နံရံအားအသာယာပုတ်ကာ ပြောလိုက်၏။ “ဟားဟားဟုတ်တာပဲ အရှင်မင်ကြီးရှင်းပြတဲ့အကြံစဥ်ကို ကျွန်တော်တွေးလိုက်မိတဲ့အခါတိုင်းမှာ ကျွန်တော့ရဲ့သွေးတွေဆူပွက်လာသလို ခံစားရတယ်...ကျွန်တော်တို့လဲအဲ့အစီစဥ်တွေကိုသာ အကောင်ထည်ဖော်နိုင်မယ်ဆိုရင် ချမ်းဘော့ဒ်ကို ဘယ်အဖွဲ့စည်းက အထင်သေးရဲတော့မှာလဲ...”

“ဟဟ မင်းလိုအေးအေးဆေးဆေးနေတတ်တဲ့လူတစ်ယောက်က ဒီလိုမျိူးစိတ်ခံစားချက် ပြင်းထန်မယ်လိုငါလုံး၀ထင်မထားမိဘူး..”

“ဟဲဟဲ”

......

......

ချမ်းဘော့ဒ်တိုင်းပြည်၏ ပိုင်နက်မြေမှာသေးငယ်လှသည့်အတွက် သနားစရာပင်ကောင်းလှ၏။ ထွက်ခွာသွားသည့်တပ်ဖွဲ့မှ သိပ်ပြီးမမြန်ဆန်လှသော်လည်း တစ်နာရီခန့်ခရီးနှင်ပြီးသည့်နောက်တွင် ချမ်းဘော့ဒ်ပိုင်နက်မှထွက်ခွာကာ အိမ်နီးချင်းတိုင်းပြည်ဖြစ်သည့် ရေ့စ်တိုင်းပြည်၏ ပိုင်နက်အတွင်းသို့ ရောက်ရှိလာကြပြီဖြစ်သည်။ ဤအချိန်တွင်သူတို့မှာ ရွှေရောင်မြက်ခင်းလွင်ပြင်အထဲမှပင် ထွက်ခွာြခင်းမပြူရသေးပေ။

ရေ့စ်တိုင်းပြည်မှာ အဆင့်၅အဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်သည်။ အင်အားနည်းသည့်တိုင်းပြည်ငယ်တစ်ခုဖြစ်သော်လည်း ယခင်ကချမ်းဘော့ဒ်တိုင်းပြည်ထက်များစွာအင်အားကြီးသည့်တိုင်းပြည်တစ်ခုဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်အင်အားချိနဲ့နေချိန်တွင် ရေ့တိုင်းပြည်သည် ခင်မင်ရင်းနှီးခဲ့ခြင်းမရှိပဲ ချမ်းဘော့ဒ်ထံမှ အနိုင်ကျင့်အမြတ်ထုတ်သည့် ကိစ္စများစွာကိုပြုလုပ်ခဲ့၏။ တိုင်းပြည်နှစ်ခုကြားတွင် ပဋိပတ်ခများစွာြဖစ်ပွားခဲ့ပြီး ချမ်းဘော့ဒ်တိုင်းပြည်မှာအကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့်ချမ်းဘော့ဒ်တိုင်းပြည်မှာ သူတို့တောင်းဆိုသည့်တန်ဖိုးကြီးရတနာပစ္စည်းများကို ထုတ်ပေးရုံမှတစ်ပါးတစ်ခြားရွေးချယ်စရာမရှိိခဲ့ချေ။ ရေ့တိုင်းပြည်ဘုရင်မှ တခြားအဖွဲ့၀င်တိုင်းပြည်ဘုရင်များကို ပြောလေ့ရှိသည်မှာ အကယ်၍သူမိန်းမလှလေးများနှင့် ရတနာများကိုလိုချင်လာပါက ချမ်းဘော့ဒ်တိုင်းပြည်သို့အချိန်မရွေးသွားကာ ယူဆောင်နိင်သည် ဟူ၍ပင်။ ထိုအရာကိုကြည့်ချင်းအားဖြင့်တိုင်းပြည်နှစ်ပြည်ကြားတွင်ရှိသည့် ဆက်ဆ့ရေးအခြေနေအားလွယ်ကူစွာပြောနိုင်၏။

ထို့ကြောင့်ဤတိုင်းပြည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ရန်ဘက်တိုင်းပြည်များထဲမှတစ်ခုဖြစ်သည်ဟု ဆိုနိုင်၏။

“အားလုံးပဲ ဂရုစိုက်ပြီးသတိကြီးကြီးထားကြ...”

ပီတာမှာ သူ၏လက်ကို၀ှေ့ရမ်းလိုက်ပြီး သူတော်စဥ်စစ်သည်အယောက်၂၀ခန့်ကို ကင်းထောက်အဖြစ်စေလွှတ်လိုက်၏။ ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ၂ကီလိုမီတာခန့်တွင် လူတိုင်းမှာ ချမ်းဘော့ဒ်တပ်ဖွဲ့၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိသွား၏။

တစ်မီတာကျော်ခန့်ပင် ကြီးမားသည့်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ပေါ်မှ ပျံသန်းလာ၏။ ထိုငှက်ကြီးသည် ကောင်းကင်ပေါ်မှဆင်းလာပြီး ဖှေး၏ပခုံးပေါ်တွင်နားလိုက်သည်ကို လူတိုင်းတွေ့လိုက်ရ၏။ ထိုအရာမှ သူတို့ဘုရင်မွေးမြူထားသည့် ငှက်ကြီးဖြစ်ကြောင်ကိုလူတိုင်းသိရှိကြ၏။ ထို့ကြောင့်မြှားများကိုထုတ်ယူကာအဆာပြေစားရန်အတွက် ပစ်ချခြင်းများကို မည်သူမှ မပြုလုပ်ကြချေ။

ရေ့စ်တိုင်းပြည်၏ ပိုင်နက်အတွင်းသို့၁၀ကီလိုမီတာခန့် ခရီးဆက်လာပြီးသည့်နောက်တွင် ရေ့စ်တိုင်းပြည်၏မျှော်စင်တစ်ခုကိုတွေ့လိုက်ရ၏။

ထိုအရာမှာ တိုင်းပြည်တိုင်းနယ်စပ်များတွင် ဆောက်လုပ်ထားတတ်ကြသည့်ရိုးရှင်းသည့် မျှော်စဥ်တစ်ခုသာဖြစ်သည်။ ပုံမှန်အားဖြင့်စစ်သည်၅ယောက်၆ယောက်ခန့်အား ဤနေရာတွင်ဒုက္ခခံရန်အတွက် တာ၀န်ချထားမည်ဖြစ်၏။ ရိုးရိုးသားသားပင်ပြောရပါက ထိုမျှော်စဥ်များသည် တကယ့်တိုက်ပွဲတွင်သိပ်ပြီးအသုံးမ၀င်လှပေ။ တခြားအိမ်နီးခြင်းတိုင်းပြည်၏ အခြေအနေအားစောင့်ကြည့်ရန်အတွက်သာ အသုံး၀င်၏။ သို့သော်ချမ်းဘော့ဒ်မှတပ်ဖွဲ့အား အံ့ဩစေသည်မှာ ရေ့စ်တိုင်းပြည်၏ဘရင်နှင့် တစ်ခြားတော်၀င်မိသားစုများကို ဤနေရာတွင်တွေ့လိုက်ရခြင်းပင်။

“ရပ်...”

ဖှေးသူ၏ လက်ကို၀ှေ့ရမ်းလိုက်သည်။ ရှေ့သို့ချီတပ်နေကြသည့်တပ်ဖွဲ့မှာ ချက်ချင်းပင် ရပ်တံ့သွား၏။ စစ်သည်များစီးနှင်းနေကြည့်မြင်းများပင် ဖှေး၏အမိန့်အားနားလည်နိုင်သည့်အတိုင်းပင်တုန့်ကနဲရပ်တံ့သွားကြ၏။

သို့သော် ချွက်ထက်သည့်လက်နက်များသည် သတ္တုခြင်းရိုက်ခတ်သံနှင့်အတူ နေရောင်အောက်တွင်တောက်ပနေ၏။ ထိုအေးစက်မှုများအားလုံးသည် ရေ့စ်တိုင်းပြည်မှ လူများထံသို့ ဦးတည်နေ၏။ ချမ်းဘော့ဒ်တိုင်းပြည်မှလူများအားလုံးသည် သူတို့၏ရန်လိုမှုများကိုပြသနေကြသည်။ လေထုထဲတွင်သတ်ဖြတ်လိုသည့် အရိပ်ယောင်များဖြင့် ပြည့်နှက်နေပြီး ရေ့စ်တိုင်းပြည်မှလူများသည် သူတို့တစ်ချက်လှုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ချမ်းဘော့ဒ်ဘုရင်သည်တပ်ဖွဲ့ကိုချီတပ်ရန်အမိန့်ပေးကာ သူတို့အားတစ်စစီဖြစ်အောင်ပြုလုပ်နိုင်သည်ဟု ခံစားနေရ၏။

ချမ်းဘော့ဒ်၏ရန်လိုမှုနှင့် စူးရှနေသည့်သတ်ဖြတ်လိုသည့်အရိပ်ယောင်ကိုခံစားရပြီးနောက်တွင် ခပ်၀၀ရေ့စ်တိုင်းပြည်ဘုရင်၏မျက်နှာ အမူယာမှာသိသာထင်ရှားစွာပြောင်းလဲသွားသည်။ အူယားဖားယားအပြုံးတစ်ခုနှင့်အတူ အစောင့်များကြားမှ အရှေ့သို့လျင်မြန်စွာပြေးထွက်လာ၏။ အလွန်ကြောက်လန့်နေသော်လည်း လက်များကိုဖြန့်ကာ ရန်လိုခြင်းမရှိသည့်အကြောင်းကို ပြသလိုက်၏။ “ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဂုဏ်သရေရှိတဲ့ဘုရင်မင်းမြတ် အထင်လွဲမှားခြင်းမပြုပါနဲ့ ကျွန်တော်တို့မှာ ထိခိုက်လိုတဲ့သဘောမပါပါဘူး...”

“ခင်ဗျား ဘာလိုချင်လို့လဲ....” ဖှေးအမဲရောင်ခွေးကြီးပေါ်တွင်စီးနေလျက်ပင် မျက်မှောင့်ကြုံကာ မေးလိုက်၏။

“ချမ်းဘော့ဒ်တိုင်ပြည်ရဲ့ဂုဏ်သရေရှိတဲ့ ဘုရရင်မင်းမြတ်..ချမ်းဘော့ဒ်တပ်ဖွဲ့က ဒီနေရာကနေဖြတ်သန်းပြီးခရီးထွက်မယ် သတင်းကြားလို့ ကျွန်တော်အပါ၀င်ရေ့စ်တိုင်းပြည်ကတော်၀င်မိသားစု၊ ၀န်ကြီးတွေကလာရောက်ကြိုဆိုတာပါ...ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရေ့စ်တိုင်းပြည်တို့အကြားမှာ ရန်ငြိုးရန်စတွေရှိခဲ့ပါတယ်...ဒါပေမယ့်အဲ့တာတွေအကုန်လုံးက အတိတ်မှာပဲကျန်ခဲ့ပါြပီ...ဒီအချိန်ကစပြီး ကျွန်တော်တို့သရေ့စ်တိုင်းပြည်က ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံဖြစ်ချင်ပါတယ်။ ဒါတွေက ကျွန်တော်တို့ပေးတဲ့လက်ဆောင်တွေပါ...” ရေ့စ်တိုင်းပြည်ဘုရင်စကားပြောနေရင်းဖြင့် သူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ အနောက်မှအစောင့်စစ်သည်များသည် ကြီးမားလေးလံသည့် သံမဏိသေတ္တာလေးလုံးအားဖှေး၏ ဘေးသို့သယ်ဆောင်လာကြသည်။ “ဘုန်း” သတ္တာများကို မြေပြင်ပေါ်သို့ချလိုက်ပြီးအဖုံးများကိုဖွင့်လိုက်၏။ ရွှေရောင်များတောက်ပလာကာ ဖှေးကိုပင် ခနတာခန့်မူး၀ေသွားစေသည်။ သံသေတ္တာလေးခုလုံးတွင် အင်ပါယာများကြားတွင် အသုံးပြုလေ့ရှိသည့် ရွှေဒင်္ဂါးပြားများဖြင့်နှက်နေသည်။

သရေ့စ်တိုင်းပြည်၏ဘုရင်မှာ မိမိကိုယ်ကိုနှိမ့်ချ၍ လက်ဆောင်ပေးကာ တောင်းပန်လိုသည့်အတွက်ဤနေရာမှ စောင့်နေခဲ့ပုံရ၏။

ဖှေးဘာမှမပြောသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များနှင့် အရာရှိများအားလုံးသူတို့၏ ခန္ဂာကိုယ်ထဲတွင် သွေးများဆူပွက်ကာာ စီးဆင်းနေသည်ကို ခံစားနေရ၏။ သူတို့အားလုံးလက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ကြပြီး ကျောများကိုပို၍ပင် ထောင်မက်လိုက်ကြ၏။ တစ်ခါမှမကြုံဖူးရသေးသည့် ဂုဏ်ယူ၀င့်ကြွားသည့်ခံစားချက်မှာ သူတို့၏နှလုံးသားထဲတွင်ပဲ့တင်နေ၏။

ဖှေးသူ၏လက်ကို လေပေါ်သို့မြှောက်လိုက်ရာ ချွန်ထက်ကာမဲနက်နေသည့် လှံရှည်တစ်ချောင်းသည် သူ၏လက်အတွင်းသို့ ရောက်လာ၏။

ရေ့စ်တိုင်းပြည်မှလူများအားလုံးထိတ်လန့်အံ့ဩသွားကြ၏။ စွမ်းအားကြီးကာကြယ်တစ်လုံးကဲ့သို့ပင် တောက်ပနေသည့်ချမ်းဘော့ဒ်ဘုရင်သည် သူတို့၏တောင်းပန်မှုကို လက်မခံပဲဲ အညှာတာကင်းမဲ့စွာဖြင့်ငြင်းဆိုလိုက်မည်ကို စိုးရိမ်နေကြပြီးဖှေး၏အစွမ်းကြောင့်လဲတုန်လှုပ်သွားရ၏။ လှံရှည်တစ်ခုအား အတွင်းအား၊ မှော်စွမ်းအင်များအသုံးပြုခြင်းမရှိပဲလေထဲမှ ဆွဲထုတ်ယူလိုက်ခြင်းမှာသူတို့စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေ၏။ “ဒါဆိုရင်ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ခွန်အားက ငါတို့စုံစမ်းထားတဲ့သတင်းအချက်လက်တွေအတိုင်း ခန့်မှန်းလို့မရပါလား...” သူတို့အားလုံးတွေးလိုက်မိကြ၏။ ဖှေးအမဲရောင်ခွေးကြီးပေါ်မှမဆင်းသေးပဲ ရွှေဒင်္ဂါးပြားများကို သူ၏လှံထိပ်ဖြင့်ထိကာ ဆော့ကစားကြည့်နေ၏။ ရေ့စ်တိုင်းပြည်၏ ဘုရင်ရှက်ရွံ့ထိတ်လန့်မှုတို့ကြောင့်နဖူးမှ ချွေးများပျံကျနေသည်ကို မြင်သောအခါမှ ဖှေးသူ၏လက်ကို ငြင်သာစွာဖြင့်၀ှေ့ရမ်းလိုက်သည်။ ချမ်းဘော့ဒ်စစ်သည်တစ်ချို့မြင်းများပေါ်မှ ခုန်ဆင်းကာ ထိုသေတ္တာများကို တပ်ဖွဲ့တွင်ပါ၀င်သည့် လှည်းများပေါ်သို့တင်လိုက်၏။

ရေ့စ်တိုင်းပြည်ဘုရင်လည်းထိုအချိန်မှသာ သက်ပြင်းချနိုင်တော့သည်။

သူ၏ ခန္ဂာကိုယ်အား မက်လိုက်ပြီး ဖားသည့်အပြုံးတစ်ခုနှင့်အတူ သူ၏လက်ကို၀ှေ့ရမ်းလိုက်သည်။ ထို့နောက်တွင် ရေ့စ်တိုင်းပြည်မှစစ်သည်များသည် လှပေသာအမျိုးသမီးတစ်ချို့အားခေါ်ဆောင်ကာ အရှေ့သို့ထွက်လာကြသည်။ ဤမိန်းကလေးများမှာ အသက်၁၈နှစ် ၁၉နှစ်ခန့်သာရှိသေးသည်။ မျက်နှာပေါ်တွင် သူမတို့၏အလှကို ပို၍ပေါ်လွင်စေရန်အတွက် မိတ်ကပ်များလိမ်းချယ်ထားကြပြီး ၀တ်ဆင်ထားသောပိုးသားအ၀တ်စားများမှာ သာမန်ယောက်ျားတို့၏စိတ်ကို ယိမ်းယိုင်စေနိုင်သည်။ ဤအမျိုးသမီးများကို အသေချာလေ့ကျင့်ဆင်ယဥ်ပေးထားသည်မှာ ထင်ရှားလှ၏။ ဆောင်းဦးနှောင်းပိုင်းဖြစ်သည့်အတွက် ရာသီဥတုမှာ အလွန်အေးစက်စပြုလာပြီဖြစ်သည်။ ထိုအမိန်းကလေးများ၏မျက်နှာ ပေါ်တွင်အတင်းပြုံးထားကြသော်လည်း သူမတို့၏ခန္ဂာကိုယ်များမှာ အေးစက်သောရာသီဥတုတွင် မလုံချုံသောအ၀တ်စားများကို ၀တ်ဆင်ထားသည့်အတွက် ထိန်းချုပ်၍မရအောင်တုန်ခါနေကြသည်။

ဖှေးအနည်းငယ်အံ့ဩသွာသည်။ ထို့နောက်တွင် သူသဘောပေါက်သွားတော့၏။

ထိုမိန်းကလေးများမှာလည်း ရေ့စ်တိုင်းပြည်ဘုရင်ဆက်သသည့်လက်ဆောင်များထဲမှတစ်ခုဖြစ်ပုံရသည်။

အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်တွင် ဖှေးသူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ စစ်သည်တစ်ချို့မြင်းရထားတစ်စီးကိုယူဆောင်ကာထွက်လာကြသည်။ ဖှေးလက်ဆောင်အားငြင်းဆန်ခြင်းမပြုပဲ မိန်းကလေးများကို ယာယီအားဖြင့်ရထားလုံးထဲတွင်ထားလိုက်၏။ ထိုမိန်းကလေးများကို ဤကဲ့သို့ရည်ရွယ်ချက်များတွင် အသုံးးပြုရန်အတွက် ကျေးကျွန်ကဲ့သဘောထားကာ လေ့ကျင့်ပေးထားသည့် လူများဖြစ်ကြ၏။ ဖှေးလက်မခံပဲငြင်းဆန်လိုက်စေကာမူ သူမတို့၏ကံကြမာမှာ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။ ပို၍ပင်ဆိုး၀ါးသွားနိုင်၏၊ သူမတို့အားလက်ခံပြီးစောင့်ရှောက်ထားလိုက်ခြင်းမှာ ကယ်တင်ရာရောက်ပေလိမ့်မည်ဖြစ်သည်။ သို့သော် ဖှေးသူမတို့အားအသုံးပြု၍ပျော်ပါးလိုသည့်စိတ်မရှိသည်မှာ အမှန်ပင်ဖြစ်၏။

ချမ်းဘော့ဒ်ဘုရင်သည်လက်ဆောင်နှစ်ခုလုံးအားလက်ခံလိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင် ရေ့စ်တိုင်းပြည်မှလူများ မြင်လိုက်ရသည့်အချိန်တွင်ပို၍ စိတ်အေးလက်အေးဖြစ်သွားကြ၏၊

“ရေ့စ်တိုင်းပြည်ရဲ့ဘုရင်အနေနဲ့ ကျွန်တော်ချမ်းဘော့ဒ်ဘုရင်နဲ့ ချမ်းဘော့ဒ်ကလာကြတဲ့ ရဲရင့်တဲ့စစ်သည်တော်တွေအတွက် နန်းတော်မှာအထူးညစာပြင်ထားပေးပါတယ်...အဆင်ပြေမယ်ဆိုရင်..” ရေ့စ်တိုင်းပြည်ဘုရင်မှာ ချမ်းဘော့ဒ်နှင့်ပို၍ ရင်းနှီးကျွမ်း၀င်လို၏။ သို့သော်ဖှေးခေါင်းရမ်းလိုက်သည်ကို မြင်လိုက်ရသည့်အတွက် သူ၏စကားကိုအမြန်ရပ်တံ့လိုက်ရ၏။

ဖှေးဤအသားဖြူဖြူနှင့်ဖတ်တီးအား အေးစက်စွာဖြင့်စိုက်ကြည့်ရင်း အထက်စီးတွင်ရှိသည့်လေသံဖြင့် ပြောလိုက်၏။ “ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်အနေနဲ့ တစ်ချိန်ကျရင် မင်းတို့တိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ပြီးအရင်ကမင်းတို့လုပ်ခဲ့တဲ့အရာတွေအတွက် လက်စားပြန်ချေမလို့ပဲ...ဒါပေမယ့် မင်းတို့ကောင်တွေဒီတစ်ခေါက်ဉာဏ်ကောင်းသွားတဲ့အတွက် ငါဒီလက်ဆောင်တွေကိုလက်ခံလိုက်မယ်...ဒါပေမယ့် အရာအားလုံးကအခုလို လွယ်လွယ်ကူကူနဲ့တော့ပြီးဆုံးသွားမှာ မဟုတ်ဘူး...မင်းတို့တွေအချိန်တိုင်းမှာ အလိုက်သိမှရလိမ့်မယ်..အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ရေ့စ်တိုင်းပြည်က တော်၀င်မိသားစုက ချမ်းဘော့ဒ်ရဲ့အမြက်ဒေါသကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး...” ဖှေး၏စကားများထဲတွင် နှိမ်ချမှုများဖြင့် ပြည့်နှက်နေ၏။

သို့သော်...

“ဟုတ်..ဟုတ်ကဲ့ပါ...ကျွန်တော်တို့က တိုင်းပြည်ခြင်းနီးတဲ့ မိတ်ဆွေတွေပါ....”

ရေ့စ်တိုင်းပြည်၏ဘုရင်မှာ ဖှေးပြောသည်ကို မငြင်းဆန်ရဲပေ။ ချမ်းဘော့ဒ်တိုင်းပြည်ထံမှ ကြီးမားသည့်ဖိအားကိုခံစားနေရသည့်အတွက် သူ၏ဒူးများပျော့ခွေလာကာ ခန္ဓာကိုယ်မှာလည်းတုန်ခါလာတော့၏။ သူ၏ဘေးတွင်ရပ်နေသောအစောင့်စစ်သည်များသာ မရှိပါကသူသည် မြေပြင်ပေါ်သို့ပင်ဒူးထောက်ချမိလိမ့်မည်ဖြစ်သည်။

“မိတ်ဆွေ ဟုတ်လား...ငါ့အရှ့မှာဘယ်တော့မှ အဲ့စကားထပ်ပြီးမပြောလိုက်မိစေနဲ့...ဘာလို့လဲဆိုတော့ မင်းတို့ကောင်တွေက အရည်ခြင်းမပြည်မှီလို့ပဲ...”

ဖှေးမြေပြင်ပေါ်သို့ တံတွေးထွေးလိုက်၏။ ထို့နောက်တွင် သူ၏လက်ကို၀ှေ့ရမ်းကာ ချမ်းဘော့ဒ်တပ်ဖွဲ့တစ်ခုလုံးသည် ချက်ချင်းပင်စတင်၍ထွက်ခွာကာ ခရီးဆက်ကြတော့သည်။ သံမဏိမြင်းခွာများအောက်တွင်မြေပြင်တစ်ခုလုံးပင် စတင်၍တုန်ခါလာတော့သည်။ တောက်ပနေသောလက်နက်များ၊ ချပ်၀တ်များသည် နွေးထွေးသည့်နေရောင်ခြည်ကို ရေ့စ်တိုင်းပြည်မှလူများ၏ မျက်နှာပေါ်သို့အလင်းပြန်ကာကျရောက်စေပြီး အကြောက်တရားဖြင့်တုန်ခါသွားစေသည်။ ရေ့စ်တိုင်းပြည်မှမည်သူမဆို ချမ်းဘော့ဒ်စစ်သည်များကို အထင်မသေးရဲကြပေ။

ချမ်းဘော့ဒ်တိုင်းပြည်မှတပ်ဖွဲ့များထွက်ခွာသွားကြသည်ကို အ၀ေးမှလှမ်းမြင်ရသောအခါ ရေ့စ်တိုင်းပြည်ဘုရင်မှာ အသက်လေးလံစွာရှုရင်းမက်တပ်ထလိုက်၏။

ဆွေကြီးမျိးကြီးတစ်ဦးဖြစ်ပုံရသည့် လူငယ်တစ်ယောက်သည် မှုန်ကုတ်ကုတ်အမူယာဖြင့်ပြေးလာကာ ရေ့စ်တိုင်းပြည်ဘုရင်အားလမ်းကောင်းကောင်းလျှောက်နိုင်စေရန်အတွက် တွဲပေးလိုက်သည်။ အ၀ေးတွင်ထွက်ခွာသွားသည့် ချမ်းဘော့ဒ်တပ်ဖွဲ့များအား ကြမ်းကြုတ်စွာဖြင့်ကြည့်လိုက်ပြီး မကျေနပ်သည့်ဟန်ဖြင့်ပြောလိုက်သည်။ “ဟီးဟီး သူ့ကိုလွှတ်ထားလိုက်ပါ...နည်းနည်းလောက်ပိုပြီးသန်မာလာလိုက်တာနဲ့ သူ့ကိုယ်သူပြိုင်ဘက်ကင်းသွားပြီထင်နေတဲ့ပုံပဲ...ဟီးဟီး ချမ်းဘော့ဒ်တပ်ဖွဲ့ကမြို့တော်စိန့်ပီတာစဘာ့ဒ်ကို အသက်ရှင်လျက်ရောက်ပါ့မလားတောင် မသေချာဘူးလေ...ဟိုလူတွေရဲ့လက်ထဲမှာ သေသွားကြရင်တော့အကောင်းဆုံးပေါ့။ ဒါပေမယ့် အဲ့စောက်ပိန်းဘုရင်ရဲ့ဇနီးလောင်းအလှလေးလဲ သူနဲ့အတူသေရတော့မှာကတော့ စိတ်မကောင်းစရာ..”

“၀ှစ်...”

အ၀ေးမှရုတ်တရက်ရောက်ရှိလာသည့် ချွန်ထက်နေသောမြှားတစ်ချောင်းသည် ဆွေကြီးမျိုးကြီးလူငယ်၏ ပါးစပ်သို့စိုက်၀င်သွား၏။

လူငယ်မှာ ချက်ချင်းပင်နောက်ပြန်လဲကျသွား၏။ စိုက်၀င်နေသောမြှားပေါ်ရှိအဖြူရောင်ငှက်မွေးမှာ တုန်ခါနေဆဲပင်။

“ချမ်းဘော့ဒ်တိုင်းပြည်က နတ်ဘုရားအဆင့်လေးသည်တော်တွေလက်ချက်ပဲ....”

ရေ့စ်တိုင်းပြည်မှလူများအားလုံးပျာယာခတ်ကုန်ကြ၏။ အစောင့်များထိတ်လန့်ကုန်ကြပြီး ပို၍ပင်ထိတ်လန့်နေသည့် ရေ့စ်တိုင်းပြည်ဘုရင်ကို ကာကွယ်လိုက်ကြသည်။ သူတို့အ၀ေးတစ်တနေရာတွင် ခိုင်ခန့်သည့်လေးတစ်ချောင်းကိုကိုင်တွယ်ထားသည့် လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရသည်။ ထိုသူစီးထားသည့် မီးမှုတ်သားရဲ၏ အမွှေးများမှာ လေထဲတွင် လွင့်ပျံနေ၏။ ထိုသူမှာတိုင်းပြည်ကိုးခု ပူးပေါင်းတပ်ဖွဲ့ကိုစိုးမိုးတိုက်ခိုက်ခဲ့သည့် နတ်ဘုရားအဆင့်လေးသည်တော်များထဲမှတစ်ယောက်ပင်။

All Chapters