← Chapters

အခန်း (၂၀၀)

Vol. 14 Ch. 200

အခန်း (၂၀၀)

Vol. 14 Ch. 200

မီးမှုတ်သားရဲပေါ်တွင် ဆောင်းဦးလေသည် သူရဲကောင်း၏ ရွှေရောင်ဆံပင်များနှင့် အနီရင့်ရောင် ၀တ်ရုံကိုလေထဲတွင်လွှင့်ပျံနေစေသည်။ နေ၀င်ချိန်ရောက်တွင် လေးရှည်နှင့် မြှားများမှာ ရွှေရောင်နေရောင်ခြည်ကို ကြောက်မက်ဖွယ်အလင်းပြန်လျက်ရှိကြသည်။

ဤအခိုက်တန့်တွင် ရေ့စ်တိုင်းပြည်မှလူများအားလုံးကြောက်လန့်ကုန်ကြ၏။ မြှားဖြင့်ပစ်သတ်ခံလိုက်ရေသာ လူငယ်အတွက်မကျေနပ်ကြောင်းဘယ်သူမှ မပြောရဲကြချေ။ ထိုလူငယ်မှာ ရေ့စ်တိုင်းပြည်တွင် အသက်ရှိစဥ်ကအရေးပါသည့် လူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ရေ့စ်တိုင်းပြည်၏ဘုရင်ကိုယ်တိုင်ကြောက်လန့်စွာဖြင့် ချွေးများစီးကျနေပြီး အ၀ေးတွင်ရှိသောချမ်းဘော့ဒ်မှစစ်သည် ဒေါသမဖြစ်တော့ပဲ ထွက်ခွာသွားရန်ကိုသာဆုတောင်းမျှော်လင့်နေ၏။

ယခင်ကချမ်းဘော့ဒ်တိုင်းပြည်ရုတ်တရက် အင်အားကြီးလာမှုမှာ ရေ့စ်တိုင်းပြည်တစ်ခုလုံးအားထိတ်လန့်စေခဲ့သည်။ ထို့အပြင်တိုင်းပြည်ကိုးခုပူပေါင်းတပ်ဖွဲ့ကို အနိုင်ယူခဲ့သည့် သတင်းမှာလဲ ရေ့စ်တိုင်းပြည်သို့ရောက်ရှိပြီးဖြစ်သည်။ ရေ့စ်တိုင်းပြည်မှာ ထိုပူးပေါင်းတပ်ဖွဲ့၏အင်အားကို ကောင်းစွာသဘောပေါက်သည်။ အနည့်ဆုံးထိုတပ်ဖွဲ့သည် ရေ့စ်တိုင်းပြည်အားတိုက်ခိုက်ပါက စက္ကန့်အနည်းငယ်အတွင်းမှာပင် အမှုန့်ချေပစ်နိုင်သည်။ သို့သော်ထိုကဲ့သို့ အင်အားကြီးမားသည့် ပူးပေါင်းတပ်ဖွဲ့မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ အမှုန့်ချေခြင်းကိုခံလိုက်ရသည်။ အကယ်၍ချမ်းဘော့ဒ်တိုင်ပြည်သာ ရေ့စ်တိုင်းပြည်အားကျူးကျော်တိုက်ခိုက်လိုပါက ပြသနာသိပ်ရှိလှမည်မဟုတ်ပေ။ ထို့ကြောင့်ဘုရင်မှစကာ သာမန်မြို့သူမြို့သားများအားလုံး ကြောက်လန့်တကြားဖြင့်နေထိုင်ခဲ့ရခြင်းဖြစ်သည်။ ချမ်းဘော့ဒ်ဘုရင်သည် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိင်ပွဲတွင်ပါ၀င်ရန်အတွက် သူတို့၏တိုင်းပြည်အားဖြတ်သန်းကာ ခရီးထွက်မည့်သတင်းကိုကြားလိုက်ရသည့်အချိန်တွင် ရေ့စ်တိုင်းပြည်မှဘုရင်သည်ရုတ်တရက် အကြံတစ်ခုကိုရရှိခဲ့သည်။ သူ့အကြံထဲတွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ဒေါသကိုဖြေလျှော့နိင်ပါက သူလည်းအန္တရာယ်မှ ရှောင်ရှားနိုင်လိမ့်မည်ဟုယုံကြည်နေ၏။ ထို့ကြောင့်တစ်ကြိမ်တစ်ခါခန့် အောက်ကျို့ခံရခြင်းမှာ သူ့အတွက်သိပ်ပြီးပြသနာရှိလိမ့်မည်မဟုတ်ပေ။

ထင်ရှားစွာပင် ထိုဆွေကြီးမျိုးကြီးလူငယ်ပြောလိုက်သည့် မလေးမစားစကားလုံးများကို ချမ်းဘော့ဒ်သူရဲကောင်းတစ်ယောက်မှ နားစွန်နားဖျားကြားသွားပုံရ၏။ ထို့ကြောင့်ပင်တစ်ချက်ထဲဖြင့်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။ သို့သော်ယခုအချိန်တွင်မူ ရေ့စ်တိုင်းပြည်မှလူများထဲတွင်မည်သူမျှ သူတို့၏ဆွေကြီးမျိုးကြီးတစ်ယောက်အားပစ်သတ်လိုက်သည့်အတွက် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်အားအပြစ်မပြောရဲကြချေ။ သူတို့အားလုံးထိုစစ်သည်မှာ ချမ်းဘော့ဒ်ဘုရင်အား ပြန်လည်လျှောက်တင်ခြင်းမပြရန်ကိုသာ မျှော်လင့်နေကြ၏။ သို့မဟုတ်ပါက ရေ့စ်တိုင်းပြည်တစ်ခုလုံးကံဆိုးမိုးမှောင်ကျပြီဖြစ်၏။

ဤအချိန်တွင် ၀တုတ်တုတ်နှင့် ရေ့စ်တိုင်းပြည်ဘုရင်မှာ သေနေသောဆွေကြီးမျိုးကြီးလူငယ်ကိုပင်တစ်ချက်နှစ်ချက်ခန့် ဆောင့်ကန်လိုစိတ်ဖြစ်ပေါ်နေ၏။ “မင်းဘာလို့ဖင်ယားပြီးလျှောက်ပြောတာလဲကွ..မင်းကြောင့်တိုင်းပြည်တစ်ခုလုံးလစ်ကုန်တော့မယ်...” ဟုစိတ်ထဲမှကြိမ်ဆဲမိနေ၏။

မကြာမှီတွင် ထိုစစ်သည်မှာ သူ၏အေးစက်သောအကြည့်များကို ပြန်လည်ကာရုတ်သိမ်းလိုက်ပြီး တစ်ဖက်သို့လှည့်ကာ မီးမှုတ်သားရဲဖြင့်ဒုန်းစိုင်းကာထွက်ခွာသွားတော့၏။

ထိုအခါမှ သရေ့စ်တိုင်းပြည်တစ်ခုလုံးစိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိတော့၏။

ထို့နောက်တွင် ရေ့စ်တိုင်းပြည်ဘုရင်မှာ စိတ်ပြန်လည်တည်ငြိမ်ခြင်းမရှိသေးခင်မှာပင် အမိန့်တစ်ခုကိုကပျာကယာပေးလိုက်သည်။ “ငါ့အမိန့်ကိုပြောလိုက်ကြဒီနေ့ကစပြီးတော့ချမ်းဘော့ဒ်တိုင်းပြည်ကလူဆိုရင် လေးလေးစားစားဆက်ဆံရမယ်လို့...ဒီကကောင်လိုဆွေကြီးမျိုးကြီးတွေကိုလည်းအချိုးပြေပြေနေဖို့ပြောလိုက်..တစ်ယောက်ယောက်ကသာ ချမ်းဘော့ဒ်ဘုရင်ကိုဒေါသထွက်အောင်လုပ်မိရင် သူ့ကိုဘယ်သူမှကယ်နိုင်မှာမဟုတ်တော့ဘူး...”

......

.....

ဖှေးအနောက်တွင် ဖြစ်ပျက်နေသည့်အရာများအားလုံးကိုသိရှိ၏။

ထို ဆွေကြီးမျိုးကြီးလူငယ်အားပစ်သတ်ပြီးသည့်နောက်တွင် ကိုယ်ရံတော်တိုးရိစ်မှာ တပ်ဖွဲ့ရှိရာနေရာသို့ပြန်လာခဲ့ပြီး သူပထမဆုံးပြုလုပ်သည့်အရာမှာ ဖြစ်ပျက်ခဲ့သမျှအားဖှေးသို့ ပြန်လည်လျှောက်တင်ခြင်းပင်။ ဖှေးအနည်းငယ်ပြုံးလိုက်ပြီးစိတ်ဆိုးခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အိမ်နီးခြင်းဆိုးဖြစ်သည့် ရေ့စ်တိုင်းပြည်အား ရှင်းလင်းရန်မှာ တစ်ချိန်ချိန်တွင် လုပ်ရမည့်ကိစ္စတစ်ခုဖြစ်သည်။ သို့သော်ယခုအချိန်တွင်မူ စစ်ရေးလေ့ကျင့်ပြိုင်ပွဲတွင် ၀င်ရောက်ယှဥ်ပြိုင်တိုက်ခိုက်ရန်မှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက်ပို၍ အရေးကြီးသောကိစ္စဖြစ်သည်။ ထို့ကြောင့်ဖှေးဂရုမစိုက်သေးပဲထွက်ခွာသွားခြင်းဖြစ်၏။

အဆင့်၅အဖွဲ့၀င်တိုင်းပြည်တစ်ခုအနေဖြင့် ရေ့စ်တိုင်းပြည်၏ နယ်နမိတ်မှာ ချမ်းဘော့ဒ်ထက်ပို၍ကျယ်၀န်းသော်လည်း ညရောက်သည့်အချိန်တွင်မူချမ်းဘော့ဒ်တပ်ဖွဲ့မှာ ရေ့စ်တိုင်းပြည်နယ်နိမိတ်မှ ထွက်ခွာကာ တစ်ခြားအဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သည့် မဟူရာတိုင်းပြည်၏နယ်နိမိတ်အတွင်းသို့ စတင်၍၀င်ရောက်လာပြီဖြစ်သည်။ အကယ်၍ရေ့စ်တိုင်းပြည်သည် ချမ်းဘော့ဒ်တိုင်းပြည်၏ အိမ်နီးခြင်းဆိုးတစ်ယောက်ဟုဆိုပါက မဟူရာတိုင်းပြည်မှာ ချမ်းဘော့ဒ်၏ ရန်သူအစစ်မှန်တစ်ယောက်ပင်။

လွန်ခဲ့သည့်၃နှစ်က စစ်ရေးလေ့ကျင့်ပြိုင်ပွဲတွင် မဟူရာတိုင်းပြည်မှာ နောက်ကွယ်တွင်ရှိနေသော အင်အားကြီးအဖွဲ့များအကူညီဖြင့် မကောင်းသောနည်းလမ်းများကိုအသုံးပြုကာ ချမ်းဘော့ဒ်အားအနိင်ယူပြီး အဆင့်၄အဖွဲ့၀င်တိုင်းပြည်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ရေ့စ်တိုင်းပြည်အပါအ၀င်ကျန်ချမ်းဘော့ဒ်နှင့် နီးစပ်သည့်တိုင်းပြည်၄ခုခန့်အား ချမ်းဘော့ဒ်နှင့်ရန်ဘက်ဖြစ်စေရန်အတွက် စည်းရုံးခြင်းသော်လည်းကောင်းအတင်းကြပ်စေခိုင်းခြင်းများသော်လည်းကောင်းပြုလုပ်ခဲ့သည်။ ချမ်းဘော့ဒ်တိုင်းပြည်နှင့် ရေ့စ်တိုင်းပြည်ယခင်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအများစုအား မဟူရာတိုင်းပြည်မှကြိုးကိုင်၍ စေခိုင်းခဲ့ခြင်းဖြစ်သည်။

ထိုစစ်ပွဲများထံမှ မဟူရာတိုင်းပြည်မှာ အကျိုးမြတ်များစွာရရှိခဲ့၏။

ချမ်းဘော့ဒ်တိုင်းပြည်နှင့် မဟူရာတိုင်းပြည်တို့ကြားထဲတွင် ရှိသောရန်ငြိုးရန်စမှာ နှစ်ပေါင်းများစွာကြာလွန်နေပြီဖြစ်သဖြင့် မည်သူမှန်သည်မှားသည်ပင် မသဲကွဲတော့ချေ။ သို့သော်မကြာသေးမှီအချိန်က မဟူရာတိုင်းပြည်ဘုရင်သည် လာမည့်စစ်ရေးလေ့ကျင့်ပြိုင်ပွဲတွင် ချမ်းဘော့ဒ်တိုင်းပြည်အားပြာချပစ်မည်ဟု အတိအလင်းကြုံး၀ါးထားခဲ့သည်။ ထို့အပြင်ထီးနန်းတက်ပွဲအခမ်းနားတွင်လည်း မဟူရာတိုင်းပြည်မှ ဖှေးအားစော်ကားရန်အတွက်လူများစေလွှတ်ခဲ့ပြီးမင်းသမီးအား လုပ်ကြံသည့်အကြံစည်တွင်လည်း ပါ၀င်ခဲ့သည့်လူများဖြစ်သည်။ သို့သော် ကံဆိုးမှုကြောင့်သူတို့စေလွတ်လိုက်သောလူများ၏ အလောင်းများပင် ပြန်လည်ရောက်ရှိမလာခဲ့ပေ။

ထိုညတွင် ချမ်းဘော့ဒ်တပ်ဖွဲ့မှာ မဟူရာတိုင်းပြည်၏ ပိုင်နက်ထဲတွင်ရှိသော ရေကန်တစ်ခု၏ဘေးတွင် စခန်းချလိုက်ကြသည်။

All Chapters