← Chapters

အခန်း (၂၀၂)

Vol. 14 Ch. 202

အခန်း (၂၀၂)

Vol. 14 Ch. 202

“ဒီလောက်ဆိုရင်တော့ရလောက်ပြီ ငါတို့မိနစ်၄၀လောက်နေမှ ပြန်လာကြမယ်...” ဤမြင်းစစ်သည်တပ်ဖွဲ့၏ ခေါင်းဆောင်ဟုယူဆရသော ဗလတောင့်တောင့်နှင့်ငယ်ရွယ်သည့်စစ်သည်မှာ သူ၏ဦးဆောင်းကိုချွတ်လိုက်ပြီး မြင်းပေါ်မှ ရယ်မောလိုက်သည်။ “ဒီချမ်းဘော့ဒ်က ငနဲတွေအတွက်ငါစိတ်မကောင်းတောင်ဖြစ်မိတယ်..ကောင်းကောင်းမအိပ်လိုက်ရဘူးထင်တယ် ဒီလိုပုံအတိုင်းသာဆို ဒီကောင်တွေမနက်ဖြန်ဖို့လက်နက်ဆွဲကိုင်ဖို့တောင် အားရှိမှာမဟုတ်တော့ဘူး...”

“ဟားဟားဟား ဟုတ်တယ် ကွန်ဒီရေ...အရှင်မင်းကြီးရဲ့အကြံကတော်တော်ကောင်းတာပဲ...” သူ၏ဘေးတွင်ရှိသော မြင်းစစ်သည်တစ်ဦးမှ၀င်ပြောလိုက်သည်။

ထောင်လွှားသည့်မျက်နှာအမူယာတစ်ခုသည် လူငယ်စစ်သည်၏မျက်နှာပေါ်တွင်ပေါ်ပေါက်လာတော့သည်။ သူ၏မျက်နှာ ပေါ်တွင်မလေးမခန့်အပြုံးတစ်ခုဖြင့်ပြန်လည်ကာဖြေကြားလိုက်သည်။ “ဟုတ်တာပေါ့ ကျုပ်အဖေက ဉာဏ်ကောင်းပြီး အမြင်ကျယ်တယ်လေ...အဲ့ချမ်းဘော့ဒ်ကစောက်ပိန်းဘုရင်က သူနဲ့ဘယ်လိုလုပ်ပြီးနှိုင်းယှဥ်လို့ရမှာလဲ...ငါတို့သူ့ကိုအသတ်ရှင်ဖို့အချိန်အနည်းငယ်လောက်ထက်ပေးကြတာပေါ့။ အချိန်တန်ပြီဆိုမှ ချမ်းဘော့ဒ်တိုင်းပြည်ကို သိမ်းပိုက်ပြီး အဲ့ကလူတွေအကုန်ဖမ်းပြီး နေမင်းတောင်ပေါ်ကမိုင်းတွင်းတွေထဲမှာ သေတဲ့အထိခိုင်းရမယ်”

“ပြန်ဆုတ်ကြမယ်ဟေ့ မဟူရာခံတပ်ကိုပြန်ပြီးခနလောက်အနားယူကြရအောင်...နောက်မှပြန် ဒီငနဲတွေကို နှစ်သိမ့်ပေးဖို့ပြန်လာကြရအောင်။..”

လူငယ်စစ်သည်မှာ သူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ မြင်းစစ်သည်များအားလုံးတစ်ဖက်သို့လည့်ကာ အနီးနားတွင်ရှိသောခံတပ်တစ်ခုထံသို့ ပြန်ကာအနားယူရန်ပြင်လိုက်ကြသည်။ သို့သော် ဤအခိုက်တန့်တွင် “မင်းတို့တွေကိုယ့်သေတွင်းကိုယ်တူးပြီး လာခဲ့ကြတာလေ...ဘာလို့ပြန်တော့မလို့လဲ...”

ကဲ့ရဲ့သည့်အသံတစ်ခုထွက်ပေါ်လာသည်။ သို့သော်မြင်းစစ်သည်များသည် ထိုအသံမည်သည့်နေရာမှထွက်ပေါ်လာသည်ကို မသိကြပေ။ စစ်သည်များမတုန့်ပြန်နိုင်ခင်မှာပင် ခရမ်းရောင်နှင့်အစိမ်းရောင်အလင်းသည် ညအမှောင်ရံထဲတွင်လင်းလက်သွား၏။ ငရဲပြည်မှအလင်းများကဲ့သို့ ထိုအရာနှစ်ခုသည် မြင်းစစ်သည်များထံသို့ဦးတည်သွားကာ ခုတ်ရှသည့်အသံလေးခုထွက်ပေါ်လာသည်။ သွေးစီးကြောင်းလေးခုမှာ လေပေါ်သို့ပန်းထွက်သွားပြီး ဦးခေါင်းလေးခုမှာ မြေပြင်ပေါ်သို့ပြုတ်ကျကုန်သည်။ ထိုဦးခေါင်းလေးခုမှာ ဖွဲ့စည်းပုံ၏ညာဘက်တွင်ရှိသော ခုခံရန်ပင်အခွင့်ရေးမရရှိခဲ့လိုက်သည် မြင်းစစ်သည်လေးယောက်၏ ဦးခေါင်းများပင်။ သို့သော်ယခုအခါတွင်မူ ဦးခေါင်းမရှိတော့သည့် အလောင်းများအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။ “ရန်သူဟေ့...” ကျယ်လောင်စွာအော်ဟစ်သံတစ်ခုထွက်ပေါ်လာတော့သည်။

“ဂရုစိုက်သူကညာဘက်မှာ...”

“သတ်လိုက်...သူ့ကိုချက်ချင်းသတ်ပစ်ကြ”

“ငါသူ့ကိုမတွေ့ရဘူး..သူကအတော်မြန်တယ်..ဆရာတစ်ယောက်စွမ်းအားကြီးဆရာတစ်ယောာက်ပဲ အမြန်ဆုတ်အမြန်ဆုတ်ကြ...”

မြင်းစစ်သည်များဗရမ်းဗတာအခြေနေတစ်ခုသို့ကျရောက်သွားသည်။ ရုတ်တရက်ရောက်ရှိလာသော လုပ်ကြံသတ်ဖြတ်သူမှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် အသတ်များကိုရိတ်သိမ်းယူလျှက်ရှိသည်။ သူ၏အမြန်နှုန်းမှာ စိတ်မကူးနိုင်သည့်အထိပင် မြန်ဆန်လွန်းလှသည်။ ခရမ်းရောင်နှင့် အစိမ်းရောင်အလင်းနှစ်ခု အမှာင်ထဲတွင်တောက်ပသွားသည့်အချိန်တိုင်းတွင် မဟူရာတိုင်းပြည်မှမြင်းစစ်သည်နှစ်ယောက် သေဆုံးမည်ဖြစ်သည်။ သူတို့အားလုံးတိုက်ခိုက်ရန်ပင် အခွင့်ရေးမရလိုက်ကြချေ။ သူတို့အာလုံးထိုပုံရိပ်အား တစ်စက္ကန့်မျှပင် နှေးကွေးအောင်မလုပ်နိုင်ကြချေ။ စွမ်းအားကြီးသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ရောက်ရှိလာမှုမှာ အခြေအနေအားပို၍ပို၍ပင် ဗရမ်းဗတာဆန်လာစေသည်။

“ပျာယာမခတ်ကြနဲ့ ဖွဲ့စည်ပုံကိုပြန်ပြင်ကြ...” ခေါင်းဆောင်လူငယ်မှာ အော်ဟစ်လိုက်သည်။

သို့သော် သူ၏အမိန့်မှာ သိပ်ပြီးထိရောက်မှုမရှိလှချေ။

စစ်သည်များ ညာဘက်သို့ ကြည့်နေသည့်အချိန်တွင်မူ ဘယ်ဘက်တွင်တစ်ခုခုဖြစ်သွာားမည်ဖြစ်သည်။ ကြယ်တစ်လုံးကဲ့သို့အလင်းရောင်မှာ ရုတ်တရက်တောက်ပလာပြီး အလင်းရောင်မှာ ချက်ချင်းပင်တစ်စထက်တစ်စ ပို၍ပူပြင်းလာတော့သည်။ ကြမ်းတမ်းသည့်အလင်းရောင်များသည် စစ်သည်များ၏ခံစားမှုအာရုံများကို ခနတာခန့်တွေ၀ေသွားစေသည်။ ထို့နောက်တွင် လျှပ်စီးများကဲ့သို့ အလင်းတန်းများသည် သူတို့အနားတွင် စတင်၍ကျရောက်လာကာ ပေါက်ကွဲကုန်တော့သည်။ “အလင်းလက်သီး....”

နက်ရှိုင်းသည့် ကြုံး၀ါးသံတစ်ခုမှာ ရုတ်တရက်ဟိန်းထွက်လာပြီး စွမ်းအားမြင့်အလင်းတန်းများသည် အသံလာရာနှင့် အချင်း၀က်၁၀မီတာခန့်တွင်ရှိသောစစ်သည်များအားလုံးကို ရိုက်ခတ်လိုက်သည်။ ခေါင်းဆောင်လူငယ်စစ်သည်မှာ မျက်လုံးများပြူးကျယ်လျှက်မြင်တွေ့ရသည့်အရာများကို မယုံနိုင်ဖြစ်နေတော့သည်။ သူစိတ်ကူးပင်မယဥ်နိုင်သည့်အရာများကို မြင်တွေ့နေရခြင်းဖြစ်သည်။ အလင်းတန်းများရိုက်ခတ်ခြင်းကိုခံလိုက်ရသည့်စစ်သည်များအားလုံးသည် သူတို့၏သံမဏိချပ်၀တ်များ ထုတ်ခြင်းပေါက်ကုန်ကြသည်၊ ဦးဆောင်းမျာပြုတ်ထွက်ကုန်ကြသည်၊ ထူထဲသောဒိုင်းကာများမှာ ပြင်းထန်စွာပိန်လိန်ကုန်ကြသည်၊ သူတို့၏လက်နက်များမှာ သစ်သားဖြင့်ထုလုပ်ထားသကဲ့သို့ တစ်စစီကျိုးပဲ့ကာပျက်စီးကုန်ကြသည်။ သူတို့စီးနှင်းထားကြသည့် စစ်မြင်းများပင် နှာခေါင်းမှ သွေးများယိုစီးကာကျလာကြသည်။ သူတို့အားလုံးလက်သီးများစွာဖြင့်ထိုးနှက်ခံလိုက်ရသကဲ့သို့ သူခံစားလိုက်ရ၏။ သိပ်သည်းစမြင့်မားသည့်ထိုးနှက်သံများကိုလည်း အနားပတ်၀န်းကျင်တွင်ကြားနေရသည်။ ထို ထိုးနှက်ချက်များ သူ၏စစ်သည်များကိုတိုက်ခိုက်နေသည်အား ထိုင်ကြည့်နေရုံမှတစ်ပါး သူဘာမှမတက်နိုင်ခဲ့ချေ။ ထို့နောက်တွင် တိုက်ခိုက်မှုမှာ အရှိန်အနည်းငယ်ခန့်လျှော့ကျသွားသည်။

နောက်ဆုံးတွင် ထိုတောက်ပသည့်အလင်းတန်းများ ပျောက်ကွယ်သွားတော့သည်။

ထူထဲခါသန်မာသည့် ခန္ဂာကိုယ်တစ်ခုသည် သူ၏မျက်လုံးများထဲတွင် ပေါ်ပေါက်လာ၏။ ထိုယောက်ျား၏နောက်ကျောတွင် ထည်၀ါသည့်တောင်ကြီးတစ်ခုကို သယ်ဆောင်ထားသကဲ့သို့ ကြီးမားသည့်အမဲရောင်ဓားကြီးတစ်ချောင်းကို လွယ်ထားသည်။ မြင်စစ်သည်များစွာကိုတိုက်ခိုက်ထားသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးတစ်စက်မှ စွန်းထင်းနေခြင်းမရှိပေ။

“ဖုန်း ဖုန်း ဖုန်း ဖုန်း”

ညအမှောင်ထဲတွင် အေးစက်သည့်လေညှင်းတစ်ခုတိုက်ခတ်ပြီးသွားသည့်နောက်တွင် ခန္ဓကိုယ်ပေါ်တွင်ကြောက်မက်ဖွယ်လက်သီးရာများဖြင့် မြင်စစ်သည်များသည် သေဆုံးသွားကာ ဟန်ချက်မထိန်းနိုင်ကြတော့ပေ။ သူတို့၏စစ်မြင်းများမှာလည်းအရိုးများကျိုးကြေကာ သေဆုံးကုန်ကြပြီဖြစ်သဖြင့် စွမ်းအားကင်းမဲ့စွာဖြင့် မြေပေါ်သို့တစ်ကောင်ပြီးတစ်ကောင် လဲကျကုန်ကြသည်။

မြန်ဆန်လွန်းလှသည်။

မြန်ဆန်လွန်းလှခြင်းသာ ဖြစ်တော့သည်။

ထိုအရာမှာ အလွန်မြန်ဆန်လှသဖြင့် လူသားမျက်လုံးဖြင့်မြင်နိုင်သည်ထက်ပင် ကျော်လွန်သည်။ တစ်နည်းအားဖြင့်ဆိုသော် လူ့သာမန်မျက်လုံးများသည် ထိုလူ၏လှုပ်ရှားမှုများကိုမြင်နိုင်လိမ့်မည်မဟုတ်ပေ။

All Chapters