အခန်း (၂၀၄)
Vol. 14 Ch. 204
သွေးသံရဲရဲဖြင့် သတ်ဖြတ်သည့် ညမှာ လျှင်မြန်စွာပင်ပြီးဆုံးသွားသည်။
၁၀မိနစ်အတွင်းမှာပင် မဟူရာတိုင်းပြည်မှ စစ်သည်၂၀၀ခန့်ပါ၀င်သည့် မြင်းစစ်သည်တပ်ဖွဲ့မှာ အားလုံးသေဆုံးကုန်ကြတော့သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ ဆရာ၆ယောက်မှာ ရပ်နှားခြင်းမရှိပဲ ညအမှောင်ထုထဲတွင် ထွက်ခွာကာ ပျောက်ကွယ်သွားကြတော့သည်။ မြေပေါ်တွင် စီးကျနေသည့် သွေးစက်များနှင့် လေထုထဲတွင် ပျံ့နှံ့နေသည့် သွေးညှီနံ့များအပြင် သဲလွန်စခြေရာလက်ရာ တစ်စုံတစ်ခုမှ မကျန်ရှိခဲ့ချေ။
အချိန်တစ်နာရီခန့်ကြာပြီးနောက်ဆုံးတွင် တစ်ခြားအသံများစတင်၍ထွက်ပေါ်လာတော့သည်။
ငွေရာင်ချပ်၀တ်များ၀တ်ဆင်ထားသည့် မြင်းစစ်သည်အဖွဲ့ငယ်တစ်ခုသည် လက်ထဲတွင်မီးတုတ်များဖြင့် အ၀ေးတစ်နေရာတွင်ရှိသော ကျောက်တုံးခံတပ်အတွင်းမှ ထွက်ခွာလာခဲ့ကြသည်။ ထိုစစ်သည်များမှာ အခြင်းခြင်းစကားပြောကာ ရယ်မောနေကြပြီး လေထုမှာ ပေါ့ပေါ့ပါးပါးပင်။ မကြာမှီတွင် သူတို့အားလုံးတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးသို့ ရောက်ရှိလာတော့သည်။ သူတို့ရောက်ခါနီးအချိန်တွင် မျက်လုံးတစ်လုံးသာရှိသည့် မြင်းစစ်သည်တစ်ယောက်သည် မျက်မှောင်ကြုံကာသတိကြီးကြီးထားလိုက်သည်။ သူ၏အနောက်တွင် အရှိန်ဖြင့်လာနေကြသည့် မြင်းစစ်သည်များအား လက်သင်္ကေတတစ်ခုပြလိုက်ရာ ချက်ချင်းပင် အရှိန်နှေးသွားကြတော့သည်။ သူတို့အားလုံးဓားများဆွဲထုတ်ကာ ဒိုင်းကာများကို တင်းကြပ်စွာကိုင်တွယ်၍ ရှေ့သို့သတိဖြင့်ဆက်လက်ကာ ချီတပ်သွားကြတော့သည်။
“ဒီနားလေးမှာ သွေးနံ့တွေအများကြီးမွန်ထူနေတယ်..မင်းသားအဲရစ်နဲ့သူ့လူတွေက ချမ်းဘော့ဒ်က ခွေးသားတွေနဲ့များတိုက်ခိုက်ပြီးသွားတာလား...”
သူ၏ခေါင်းထဲတွင်ရှိနေသည့် မေးခွန်းနှင့်အတူမျက်လုံးတစ်ဖက်ကန်းနေသည့် စစ်သည်မှဦ သူ၏မြင်းဖြင့်အရှေ့သို့ ဖြေးညှင်းစွာစီးသွားသည်။ ညလေပြေတစ်ခုသည် ပြင်းထန်ထူထဲသည့် သွေးညှီနံ့များကို သယ်ဆောင်လာသည့်အတွက် သူနှင့် ကျန်ရှိနေသည့်စစ်သည်များအားလုံးကို ပျို့အန်လုနီးနီးပင်ဖြစ်သွားစေသည်။ စစ်သည်များစီးနှင်းနေသည့် မြင်းများပင်ကြောက်လန့်သွားကြသဖြင့်အော်ဟစ်ကာ အနောက်သို့ပြန်ဆုတ်ရန်အတွက်ရုန်းကန်နေကြသည်။ တစ်ဖက်ကန်းနေသည့် စစ်သည်မှာ မြင်းပေါ်မှ ခုန်ဆင်းကာ အနီးနားရှိစစ်သည်တစ်ယောက်ထံမှ မီးတုတ်တစ်ခုကိုယူလိုက်ပြီးအရှေ့သို့လှမ်းပစ်လိုက်သည်။
“၀ုတ်...”
ညအမှောင်ထဲတွင် မီးတောက်များတောက်ပသွားးပြီး သူတို့၏အရှေ့တွင်ရှိနေသော မြင်ကွင်းကိုထွန်းလင်းစေလိုက်သည်။
“ဘုရားရေ...ငါဘာတွေကိုတွေ့လိုက်ရတာလဲ...”
ထိုအခိုက်တန့်တွင် စစ်သည်များအားလုံးငရဲခန်းတစ်ခုအတွင်းသို့ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည့် သွေးများပင် အေးစက်ကုန်၏။
အရိပ်အမှောင်ထဲတွင်ရှိသော တောင်ကုန်းသေးသေးလေးပေါ်တွင် မဟူရာတိုင်းပြည်မှစစ်သည်များ၏ အလောင်းများဖြင့်ပြည့်နှက်နေမည်ဟု မည်သူမျှပင် ထင်မထားခဲ့ကြချေ။ သွေးများ၊ ချပ်၀တ်အစုတ်ပြတ်များ၊ လက်နက်အကျိုးပဲ့များ၊ မြင်းသေများ၊ အရိုးများ၊ အလောင်းမျာ၊ ဦးခေါင်းပြတ်များကို တစ်စုံတစ်ယောက်မှ အသေချာတစ်ခုပေါ်တစ်ခုဆင့်ကာ စုပုံထားခဲ့ခြင်းပင်။ ဤတောင်ကုံးလေးပေါ်ရှိတစ်နေရာတွင် လှံရှည်တစ်ချောင်းစိုက်ထူထားပြီး လှံရှည်ထိပ်တွင် ဦးဆောင်းပါသည့် ဦးခေါင်းပြတ်တစ်ခုကို စိုက်ထား၏။ သွေးတစ်ချို့မှာ အေးခဲစပင်ပြုနေပြီဖြစ်သည်။ “ဟာ ဒါက မင်းသားအဲရစ်ပဲ...” မျက်လုံးတစ်ဖက်ကန်းနေသည့် မြင်းစစ်သည်မှာ သူမြင်တွေ့နေရသည့်အရာကို ယုံကြည်နိုင်ခြင်းမရှိပဲအော်ဟစ်လိုက်သည်။
“သူတို့ကို ဘယ်သူတွေက တိုက်ခိုက်ခဲ့တာလဲ...”
“ချမ်းဘော့ဒ်က ဟိုကောင်တွပဲဖြစ်ရမယ်...သူတို့မင်းသားတို့ တပ်ဖွဲ့ကိုခြုံခိုပြီးတိုက်ခိုက်လိုက်တာပဲနေမယ်...သူတို့ကလွဲပြီးမင်းသားတို့တပ်ဖွဲ့ကို ယှဥ်နိုင်တဲ့လူတိုင်းပြည်ထဲမှာ မရှိသေးဘူး...”
“အတော်ရက်စက်တာပဲ..တစ်ယောက်မှတောင်အသက်ရှင်မကျန်ခဲ့ဘူး...”
ထိုမြင်းစစ်သည်များမှာ ကောင်းကောင်းမတွေးခေါ်နိုင်ကြတော့ပေ။ ညလေပြေသည် သစ်ပင်များအကြားတွင် ဖြတ်သန်းတိုက်ခတ်သွားသည်နှင့်အတူ သစ်ရွက်ပေါင်းများစွာလည်းကြွေကျလာတော့သည်။ ထိုမြင်းစစ်သည်များမှာ အမှောင်ထဲတွင် သူတို့အား အသေသတ်ရန်ပြင်ဆင်နေသည့် လူသတ်သမားများစွားပုန်းအောင်းနေသကဲ့သို့ ခံစားနေကြရသည်။ သူတို့ ပတ်ပတ်လည်တွင်ရှိသောမြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။ သူတို့၏ရန်သူသည် မင်းသားအဲရစ်နှင့် စစ်သည်၂၀၀ကျော်တို့ကို တိတ်တဆိတ်သတ်ဖြတ်နိုင်သည့်အတွက် သူတို့လူ၂၀သာပါရှိသည့် အဖွဲ့အားတိုက်ခိုက်လာမည်ဆိုပါက တစ်စက္ကန့်မျှပင် ခုခံနိုင်လိုက်ကြမည်မဟုတ်ပေ။ မျက်လုံးတစ်ဖက်သာပါရှိသည့် မြင်းစစ်သည်မှာ အန္တရာယ်ကိုရိပ်စားမိသဖြင့် မင်းသား၏ဦးခေါင်းကို လှံတံမှဖြုတ်ယူကာ သူ၏၀တ်ရုံနှင့် ဂရုတစိုက်ရစ်ပတ်လိုက်သည်။ ထိုသို့ပြုမူအပြီးတွင် မြင်းပေါ်သို့ခုန်တက်ကာ ကျန်စစ်သည်များနှင့်အတူ ဤနေရာတွင် တစ်စက္ကန့်ကြာပိုနေမိပါက သေဆုံးတော့မည့်အတိုင်း ဒုန်းဆိုင်းကာ ထွက်ခွာလာခဲ့ကြတော့သည်။ သူတို့၏ရဲဘော်ရဲဘက်များ၏ အလောင်းများကိုပင် မြေမြုပ်သဂြိုလ်ပေးရန်အတွက်သတိမရကြတော့ပေ။
လှပသည့် ရွှေရောင်နေလုံးကြီးမှာ အရှ့ဘက်၀ေးလှံသော နေရာတွင်ရှိသောတောင်တန်းများထံမှ ထွက်ပေါ်လာကာ မြေပြင်အားရွှေရောင်အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားစေ၏။
ဤသည်မှ နောက်ထပ်လှပသော်လည်း တိတ်ဆိတ်နေသည့် မနက်ခင်းတစ်ခုပင်။
တစ်ခုရှိသည်မှာ ကောင်းကင်ကြီးမှာ အနီရောင်သန်းနေခြင်းပင်။ အနီရောင်သွေးများစွန်းထင်းသွားသည့်အတိုင်းပင်။ ရှင်လင်းပြီးအမြင်အာရုံကိုဆွဲဆောင်လျှက်ရှိသည်။
ချမ်းဘော့ဒ်တပ်ဖွဲ့သည့် ခရီးဆက်လက်ထွက်ခွာနေကြပြီဖြစ်သည်။ နေမင်းတောင်၏ အ၀င်၀ထံသို့ ဦးတည်ကာထွက်ခွာနေကြ၏။ မနက်ခင်းရာသီဥတုမှာ အနည်းငယ်ချမ်းအေးနေသယောင်ယောင်ရှိသည်။ အန်ဂျယ်လာနှင့် အန်မာတို့သည့် မင်းသမီးတာနာရှာ၏ မှော်ရထားလုံးအတွင်းသို့ မင်းသမီးအားစကားပြောအဖော်လုပ်ပေးရန်အတွက် ရောက်ရှိနေကြသည်။ ဖှေးသည် အမဲရောင်ခွေးကြီးကို စီးလျှက်တပ်ဖွဲ့၏ ရှေ့ဆုံးမှနေ၍ လူတိုင်းကို ဦးဆောင်လျှက်ရှိသည်။ ကောင်းကင်ပေါ်ရှိအနီရောင်အလင်းတန်းကိုတွေ့သောအခုတွင် ရယ်မောကာပြောလိုက်၏။ “ဟာ ကောင်းကင်ကြီးတောင်အနီရောင်သန်းနေပါလား..မနေ့ကသွေးသံရဲရဲနဲ့တိုက်ပွဲတစ်ခုများဖြစ်ခဲ့လို့များလား...”
ဘုရင်၏ဘေးတွင်ရှိနေသောလူများအားလုံး ဘုရင်ပြောသည်ကို ကြားရသောအခါရယ်မောကြ၏။
လူယုံနှစ်ယောက်ဖြစ်ကြသည့် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့မှာ မီးမှုတ်သားရဲများပေါ်တွင် စီးနှင်းကာလိုက်ပါလာနေကြသည်။ သူတို့၏ ပုဆိန်သွားများကို ပွတ်သပ်ကြည့်ကြရင်းမနေ့ကအကြောင်းပြန်လည်စဥ်းစားကာ အနည်းငယ်ဆာလောင်နေကြဆဲပင်။ ခပ်၀၀နှင့်ထောင်မှူးအိုလတ်ဂ်လဲ မနေ့ညမှတိုက်ပွဲအားပြန်တွေး၍ ကျေနပ်နေသည်မှာ အသေချာပင်။ သို့တော် သူတော်စဥ်တပ်ဖွဲ့ခေါင်းဆောင်ပီတာမှာ တိတ်ဆိတ်နေဆဲပင်။ သူပတ်၀န်းကျင်အား အကဲခတ်ကာလှည့်ပတ်၍ ကြည့်ရှုလိုက်သည်။ အနည်းငယ်၀ေးသောနေရာတွင် အစိမ်းရောင်အလံများထောင်ထားသည့် မီးမှုတ်သားရဲစီးနှင်းနေသည့် ကင်းထောက်စစ်သည်များကို တွေ့လိုက်ရသည်။ ဤသည်မှာ အရာအားလုံးအဆင်ပြေနေသေးသည်ဆိုသည့် အဓိပ္ပာယ်ပင်။
ဖှေးအနောက်မှလိုက်ပါလျှက်ရှိသည့် လမ်းပါ့ဒ်လဲပြုံးလိုက်မိသည်။ မနေ့ညတွင် အလင်းလက်သီးသိုင်းကွက်အား တကယ့်တိုက်ပွဲတွင်ပထမဆုံးအနေဖြင့် အသုံးပြုဖူးခြင်းဖြစ်သည်။ ထိရောက်မှုမှာ သူမျှော်လင့်ထားသည်ထက် များစွာပင်သာလွန်နေသည်။ လျှပ်စစ်ဂုဏ်သတ္တိစွမ်းအင်ကို အသုံးပြုကာ သူ၏တိုက်ခိုက်မှုအမြန်နှုန်းအား လျို့၀ှက်အတွင်းအားစီးကြောင်းတစ်ချို့၏အကူညီဖြင့် မြှင့်တင်လိုက်သည်မှာ အထင်ကြီးလောက်ဖွယ်ပင်။ လမ်းပါဒ်သည် ယခင်ကတိုက်ပွဲဟောင်းတစ်ခုတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးချိန်တွင် သူ၏လျှပ်စစ်စွမ်းအင်များကို ယခုကဲ့သို့ပြန်လည်ကာပိုင်ဆိုင်းရလိမ့်မည်ဟူ၍ အိမ်မက်ပင် မမက်ဖူးခဲ့ချေ။ ထို့အပြင်ဤကဲ့သို့ ထူးခြားသည့်ကျင့်စဥ်တစ်ခုကို လေ့ကျင့်ရလိမ့်မည်ဟူ၍လည်း ထင်မထားခဲ့ချေ။ သူ၏အတွင်းအားစွမ်းအင်များကို လျှင်မြန်စွာပင် ပြန်လည်ရရှိလာခဲ့သည်။ အလင်းလက်သီးကျင့်စဥ်အား အမြင့်ဆုံးအဆင့်သို့ရောက်အောင် ကျင့်ကြံပြီးးပါက မည်ကဲ့သို့စွမ်းအားမျိုးပိုင်ဆိုင်ရမည်ကိုမှာ တွေးပင်မတွေးနိုင်လောက်အောင်ပင်။ ဘုရင်အလတ်ဇန္ဒားပြောသည့်ပုံအရ ထိုကျင့်စဥ်စာလိပ်မှာ နောက်ဆုံးအဆင့်မဟုတ်သေးပေ။ ပြုပြင်ရန်နှင့် အဆင့်မြင့်တင်ရန်သို့ ကျန်ရှိနေသေးသည်ဟုဆိုသည်။
သူ၏လက်သီးများကို တင်းကြပ်စွာဆုပ်ကိုင်ရင်း လမ်းပါ့ဒ်သည် သူ၏ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည့် စွမ်းအားများကို ခံစားလိုက်ရသည်။
ချမ်းဘော့ဒ်တပ်ဖွဲ့မှာ တောင်ခြေသို့နီးကပ်လာလေလေ မဟူရာတိုင်းပြည်၏ ခံတပ်ကြီးမှာလည်းသူတို့၏မျက်လုံးများထဲတွင် ပို၍ထင်ရှားလာလေလေဖြစ်သည်။ ဤခံတပ်ကြီးကို တောင်ဘေးတွင်အမဲရောင်တွင်းထွက်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားပြီး ခံတပ်နံရံများမှာ အရပ်မျက်နှာသုံးဘက်လုံးကိုကာရံထားသည်။ ခံတပ်နံရံများမှာ မီတာ၂၀ခန့်မြင့်မားပြီး တောင့်တင်းကာခိုင်မာသည်။ ဖှေးအနီးကပ်လေ့လာကြည့်လိုက်ရာ ထိုနံရံများကို သံသတ္တုရိုင်းများဖြင့် ပြုလုပ်ထားကြောင်းတွေ့ရ၏။ မီတာ၂၀၀ခန့်မြင့်မားသောစစ်သည်ရုပ်တုကြီးနှစ်ခုမှာ ခံတပ်နောက်တွင်ရှိသော တောင်တန်းနှစ်ခုပေါ်တွင် မက်တပ်ရပ်လျှက်ရှိနေကြသည်။ ခံတပ်နံရံပေါ်တွင်အကာရံများကို ညီညီညာညာနေရာချထားပြီး ချပ်၀တ်အပြည့်စုံနှင့်စစ်သည်များစွာကို နံရံပေါ်သို့မဟူရာတိုင်းပြည်ဘုရင်မှ စေလွှတ်ထားပုံရသည်။ ဤသည်မှာ ဗျူဟာမြှောက်တည်ဆောက်ထားသည့်ခံတပ်ဖြစ်ပြီး ခုခံရန်လွယ်ကူသလို သိမ်းပိုက်ရန်လဲခက်ခဲမည်ဖြစ်သည်။ ထို့အပြင် ဤခံတပ်မှာ အင်ပါယာမြို့တော်စိန့်ပီတာစဘာ့တ်သို့ သွားရောက်ရာ နေမင်းတောင်ပေါ်တွင်ရှိသောတစ်ခုတည်သောလမ်းကိုလဲပိတ်ဆို့ထား၏။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်အားအသာစီးရယူထားသည့် အရေးကြီးခံတပ်တစ်ခုဖြစ်သည်။
ချမ်းဘော့ဒ်တပ်ဖွဲ့သည် မြို့တော်စိန့်ပီတာစဘာ့တ်သို့အချိန်မှီရောက်ရှိလိုပါက ဤခံတပ်ကိုကျော်ဖြတ်ရမည်ဖြစ်သည်။
သို့သော်ချမ်းဘော့ဒ်တိုင်းပြည်နှင့် မဟူရာတိုင်းပြည်တို့၏လက်ရှိဆက်ဆံရေးမှာသိပ်ပြီးမကောင်းမွန်လှချေ။ ထို့ကြောင့် ချမ်းဘော့ဒ်တပ်ဖွဲ့များဖြတ်သန်းသွားလာရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။ အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်သာ ဇီးနစ်အင်ပါယာသို့ သွားရောက်ကြောင်းအလံများထောင်ထားခြင်းမရှိပါက မဟူရာတိုင်းပြည်၏ပိုင်နက်အတွင်းသို့ ခြေချလျှင်ခြေချလိုက်ခြင်းမှာပင် ကျူးကျော်၀င်ရောက်သူများအဖြစ်သက်မှတ်ခံရမည်ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ဖှေးအား နေမင်းတောင်မှမသွားပဲတစ်ခြးလမ်းကို ရွေးချယ်ရန်အကြံပေးခဲ့သော်လည်းဖှေးထို အကြံစည်ကို ငြင်းဆန်ခဲ့သည်။ တောင်ပေါ်မှမဖြတ်သန်းပဲ တောင်ခြေမှ ကွေ့၀ိုက်၍သွားပါကလဲ မြို့တော်စိန့်ပီတာစဘာ့ဒ်သို့ ရောက်နိုင်သေးသည်။ အချိန်ပိုကြာမြင့်မည်ဖြစ်သော်လည်း မီးမှုတ်သားရဲများကိုစီးနှင်း၍သွားမည်ဖြစ်သောကြောင့် အချိန်မှီရောက်နိုင်သေးသည်။
သို့သော် ထိုကဲ့သို့ရှောင်သွားပါက မဟူရာတိုင်းပြည်အားကြောက်သည့်ပုံဖြစ်နေနိုင်သည်။
ဖှေးသည် မဟူရာတိုင်းပြည်ခံတပ်မှ ဒဲ့တိုးဖြတ်ကျော်သွားမည်ဖြစ်သည်။
ချမ်းဘော့ဒ်တပ်ဖွဲ့ခံတပ်နှင့် နီးကပ်လာသည့်အချိန်တွင် ခံတပ်တံခါးမှာ ချက်ချင်းပင်ပွင့်လာတော့သည်။ ထို့နောက်တွင် ဆူညံသံများစွာ ကောင်းကင်သို့ဟိန်းထွက်သွား၏။ အမဲရောင်ချပ်၀တ်များနှင့်မြင်းစစ်သည်များ ခံတပ်အတွင်းမှ ထွက်လာသည်နှင့်အတူ မြေပြင်ပေါ်မှ ဖုန်မှုန့်များလဲကောင်းကင်သို့လွင့်ပြန်ကုန်တော့သည်။ ထိုတပ်ဖွဲ့တွင် စစ်သည်အင်အား၂၀၀၀ခန့်ပါ၀င်သည်။ ရွှေရောင်ဆံပင်နှင့် အသက်၅၀ခန့်အရွယ်ရှိသည့်လူတစ်ယောက်မှာ တပ်ဖွဲ့အားဦးဆောင်လာသည်။ စိန်များစီချယ်ထားသည့် ရွေဦးဆောင်းတစ်ခုကို ၀တ်ဆင်ထား၏။ သူ၏အမူအရာမှာ မှုန်ကုတ်ကုတ်ဖြစ်နေပြီး ရက်စက်မှုများသည် သူ၏မျက်လုံးများထဲတွင် ပြည့်နှက်နေ၏။ သူ၏လက်အားအရှေ့သို့ ညွှန်ပြလိုက်သည့်အချိန်တွင် တပ်ဖွဲ့မှာ နှစ်ခြမ်းကွဲသွားပြီး ချမ်းဘော့ဒ်တပ်ဖွဲ့အားမဖုံးကွယ်ထားသည့် ရန်လိုမှုများနှင့်အတူ ဘေးနှစ်ဖက်မှ ချီတပ်လာသည်။
“ခံစစ်အနေထား ယူထားကြ...”
ခေါင်းဆောင်ပီတာမှာ ဟန်မပြတ်ချေ။ သူအော်ဟစ်အမိန့်ပေးလိုက်ရာ သူတော်စဥ်တပ်ဖွဲ့မှာ မီးမှုတ်သားရဲများပေါ်မှ ခုန်ဆင်းလိုက်ပြီး ဒိုင်းကာကြီးများကို ကိုင်ကာ ခံစစ်ပုံစံကိုဖော်ဆောင်လိုက်သည်။ သူတို့အားလုံးချက်ချင်းလိုလိုပင် သံမဏိဒိုင်ကာကြီးများဖြင့် ရွေ့လျားနိုင်သည့် Vပုံခံတပ်နံရံငယ်တစ်ခုကို ဖန်တီးလိုက်သည်။ ဖွဲ့စည်းပုံ၏ရှေ့ဆုံးတွင် ထောင်မှူးအိုလတ်ဂ်မှာ ကြီးမားသည့် ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ကာ ရယ်မောနေ၏။ သူ၏ဘေးတွင်လည် ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့နှစ်ယောက်မှာ တူကြီးနှစ်ချောင်းကိုကိုင်လျှက်တစ်ယောက်ဘေးတစ်ယောက်ရပ်နေကြသည်။ ရန်သူများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် တိုက်ပွဲဆာလောင်နေကြသည့် စစ်သည်၃ယောက်မှာ ကြောင်ရွံ့သည့်ဟန်လုံး၀မရှိကြပေ။ စိတ်လှုပ်ရှားမှုနှင့် ဆာလောင်သည့်အမူအယာမှာ သူတို့၏မျက်နှာပေါ်တွင် ပြည့်နှက်နေကြ၏။
“ချွတ် ချွတ် ချွတ်”
ဥပဒေပြုအရာရှိအယောက်၁၀၀မှာ အဖွဲ့နှစ်ခုခွဲလိုက်သည်။ အဖွဲ့တစ်ခုမှာ မြင်းများပေါတွင်ထိုင်ကာာ လေးကြိုးများကိုတင်လိုက်သည်။ ငှက်မွေးအဖြူရောင်များ တပ်ထားသည့်မြှားများမှာ နေရောင်အောက်တွင် တောက်ပသွားကြပြီး ချီတပ်လာသည့် ရန်သူများကိုချိန်ရွယ်ထားသည်။ ဤစစ်သည်များအားလုံးမှာ နတ်ဘုရားအဆင့်လေးသည်တော်များဖြစ်ကြပြီးသူတို့အားလုံးတစ်ကြိမ်ပစ်ရုံဖြင့် ရန်သူ့မြင်းစစ်သည်၅၀အား သတ်ဖြတ်နိုင်ကြသည်။ ကျန်ရှိနေသည့် ဥပဒေပြုအရာရှိ၅၀မှာ မင်းသမီး၏မှော်ရထားလုံးနားတွင် မင်းသမီးနှင့်အနာဂတ်မိဘုရားလောင်းအန်ဂျယ်လာတို့ကို ကာကွယ်ရန်အတွက် နေရာယူလိုက်ကြသည်။
ဘုရင်အလတ်ဇန္ဒား၏ ဘေးတွင်မှာမူ သူ၏ကိုယ်ရံတော်တိုးရိစ်မှလွဲ၍ မည်သူမျှမရှိပေ။
စစ်သည်တိုင်း၏မျက်လုံးထဲတွင် သူတို့၏ဘုရင်မှာ ကာကွယ်ပေးရန်မလိုသည့် အမှန်ကန်ပြိုင်ဘက်ကင်းသည့်ဆရာတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်ဘုရင်အားကာကွယ်ပေးရန်ကြိုးစားခြင်းမှာ စော်ကားရာကျမည်ဖြစ်သည်။
မဟူရာတိုင်းပြည်မှ မြင်းစစ်သည်များသည် လျှင်မြန်စွာပင်ချီတပ်လာသည်။
သူတို့မှာ အင်အားတောင့်တင်းသော်လည်း ချီတပ်ပြီးချက်ချင်း၀င်ရောက်တိုက်ခိုက်ခြင်းမပြကြသေးပေ။ ထိုအစား ချမ်းဘော့ဒ်တပ်ဖွဲ့ကို၀ိုင်းလိုက်ကြသည်။ သူတို့အားလုံးချမ်းဘော့ဒ်တပ်ဖွဲ့ပတ်လည်တွင် မြင်းများပတ်စီးပြီးဒိုင်းကာများကို လက်နက်များဖြင့် တီးခေါက်နေကြသည်။ စစ်သည်အင်အားနှစ်ထောင် ဒိုင်းကာများနှင့် လက်နက်များတပြိုင်နက်တီးခေါက်နေသည့်အသံမှာ နတ်ဘုရားများစိတ်ဆိုးသဖြင့်မြေပြိုကျနေသည့်အတိုင်းပင်။ ပြင်းထန်သည့်လေအဟုန်များမှာ ဖုန်မှုန့်များကိုသယ်ဆောင်၍ အလည်ခေါင်တွင်အ၀ိုင်းခံနေရသည့်ချမ်းဘော့ဒ်တပ်ဖွဲ့ထံသို့ ပို့ဆောင်ပေးလျှက်ရှိကြသည်။
ဤသည်မှာ တိုက်ပွဲခေါ်သံပင်။ မြင်းစစ်သည်များ၏တိုက်ပွဲခေါ်သံပင်။
စစ်မြေပြင်တွင်တိုက်ပွဲခေါ်သံအား ထိရောက်စွာအသုံးပြုပါက ရန်သူများအား မတိုက်ခိုက်ရသေးခင်မှာပင် စိတ်ဓာတ်ပျက်ပြားခါ လက်နက်ချသည်အထိလုပ်နိုင်စွမ်းရှိသည်။
အခြေအနေများစွာတွင် စစ်သည်အသစ်များစွာမှာ ဤအခြေအနေအားပထမဆုံးအနေဖြင့် ကြုံတွေ့ရခြင်းဖြစ်ပါက အရုပ်ကြိုးပျက်ဖြစ်သည် အထိထိတ်လန့်သွားတတ်ကြသည်။
ထိုမြင်းစစ်သည် ၂၀၀၀ကျော်မှာ တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ဖူးသည့် ကျွမ်းကျင်သူများဖြစ်ကြသည်မှာ ထင်ရှားသည်။ သူတို့အားလုံးအထင်ကြီးလောက်သည့် တိုက်ပွဲခေါ်သံများဖန်တီးသည့်နေရာတွင် အလွန်အတွေ့ကြုံ့ရှိပုံရ၏။ စစ်သည်အင်အား ၂၀၀၀ကျော်ခန့်သာရှိသော်လည်း တိုက်ပွဲခေါ်သံမှာ စစ်သည်တစ်သောင်းလောက်တိုက်ပွဲခေါ်နေသကဲ့သို့ပင်။ ချမ်းဘော့ဒ်စစ်သည်များ၏လက်ဖ၀ါးများ ချွေးပြန်လာကြသည်၊ လည်ချောင်းများချောက်ကပ်လာကြသည်။ သူတို့အားလုံး စစ်မြေပြင်တွင် တိုက်ပွဲအစစ်မှန်ကိုကြုံတွေ့ဖူးခြင်းမရှိသေးသော်ကြောင့်ပင်။
သို့သော် ထိုအရာများမှာ သိပ်ပြီးအရေးမကြီးလှချေ။ အဘယ်ကြောင့်ဆိုသော်ချမ်းဘော့ဒ်တွင် ကြီးမားသည့်အမဲရောင်ခွေးကြီးရှိနေသောကြောင့်ပင်။