← Chapters

အခန်း (၂၀၅)

Vol. 14 Ch. 205

အခန်း (၂၀၅)

Vol. 14 Ch. 205

“၀ုတ် ၀ုတ် ၀ုတ်”

အမဲရောင်ခွေးကြီးမှာ ဒေါ်သဖြင့်လည်းချောင်းထဲမှ ဟိန်းဟောက်ခါအော်ဟစ်လိုက်သည်။ အလွန်ကျယ်လောင်လှသဖြင့် ကြီးမားသည့် နဂါးကြီးတစ်ကောင်ဟိန်းဟောက်လိုက်သကဲ့သို့ပင်။

ထို့နောက်တွင် ဖြစ်ပျက်သွားသည်မှာ မယုံနိုင်စရာပင်။ ခွေးဟောင်သံမှာ စစ်သည်နှစ်ထောင်၏တိုက်ပွဲခေါ်သံကို လွှမ်းမိုးသွား၏။ ထို့အပြင် ဤခွေးဟောင်သံမှာ မြင်းများအား ထိတ်လန့်သွားစေသည့် သက်ရောက်မှုရှိသည်။ ချမ်းဘောဒ်တပ်ဖွဲ့အားပတ်လည်၀ိုင်းကာ ပြေးလွှားနေကြသည့်မြင်းများမှာ ကြောက်လန့်သဖြင့်မြေပေါ််််

သို့ရုတ်တရက်လဲကျကုန်တော့သည်။ သူတို့၏ခန္ဓာကိုယ်များစတင်၍တွန့်လိမ်ကုန်ကြပြီး ပါးစပ်မှလည်းအဖြူရောင်အမြုပ်များစီးကျလာတော့သည်။ ထိုမြင်းများပေါ်တွင် စီးနှင်းနေကြသည့် မြင်းစစ်သည်များမှာ ထိုကဲ့သို့ဖြစ်လာမည်ကို မျှော်လင့်၍မထားပေ။ အရှိန်ဟုန်ကြောင့် အမှိုက်သရိုက်များကဲ့သို့ပင် မြေပေါ်သို့ ပစ်လဲကာ ပြုတ်ကျကုန်တော့သည်။ ဤမြင်ကွင်းမှာ မဟူရာတိုင်းပြည်ကြိုးစားပန်းစားဖြင့် ဖန်တီးထားရသည့် တိုက်ပွဲခေါ်သံကို ချက်ချင်းပင်ရပ်တံ့သွားစေသည်။

ချမ်းဘော့ဒ်တိုင်းပြည်ဘက်မှ လူများလည်း ဤအဖြစ်အားလှောင်ပြောင်ရယ်မောရန်အတွက် တွန့်ဆုတ်မနေချေ။

“ရပ်”

ရွှေရောင်ဦးဆောင်းနှင့် အဘိုးကြီးမှာ အော်ဟစ်လိုက်ရာ ချမ်းဘော့ဒ်တပ်ဖွဲ့ဘေးတွင် ပတ်လည်၀ိုင်းကာ လှည့်ပတ်နေကြသည့်မြင်းစစ်သည်များအားလုံးရပ်တန့်လိုက်ကြသည်။ အောက်သို့ပြုတ်ကျသွားသည့် မြင်းစစ်သည်များမှာမူ သူတို့အပေါင်းပါများ၏ မြင်းများဖြင့်နင်းချေခံရသဖြင့် တစ်စစီစုတ်ပြတ်သွားခဲ့ပြီဖြစ်သည်။ အဘိုးကြီး၏မျက်လုံးထဲတွင်ရှိနေသည့် ရက်စက်ကြမ်းကြုတ်မှုများမှာ ထင်ရှားလှသဖြင့် အစိုင်ခဲပင်ဖြစ်ပေါ်လာနိင်သည်ဟုပင် ထင်မှတ်ရ၏။ သူမြင်းစစ်သည်များအား နှစ်ခြမ်းခွဲခြားစေလိုက်ပြီး မြင်းစီးလျှက် ဖှေးအားတင်းကြပ်စွာစိုက်ကြည့်ရင်း အရှေ့သို့တက်လာခဲ့သည်။ ရွှေရောင်ဓားကို သူ၏လက်ထဲတွင်တင်းကြပ်စွာကိုင်ထားသဖြင့် သူ၏လက်ဖ၀ါးများပင် ဖြူဖက်ဖြူရော်ဖြစ်နေသည်။ သူ၏လက်ချောင်ရိုးများ အသံမြည်လျှက်ရှိပြီး သွေးကြောများထောင်လျှက်ရှိသည်။ ခနအကြာတွင်ဓားကိုင်ထားသည့်လက်များကို စိတ်မပါစွာဖြင့်လွှတ်လိုက်ပြီး ပြောလိုက်၏။ “ငါ့နာမည်က ကွန်ဒီ မဟူရာတိုင်းပြည်ရဲ့ဘုရင်ပဲ...ဘုရင်အလတ်ဇန္ဒား ငါ့ရဲ့တတိယမင်းသား အဲရစ်နဲ့ မြင်းစစ်သည်နှစ်ရာကို သတ်လိုက်တဲ့လူတွေကို ထုတ်ပေး။ အဲ့တာဆိုမင်းတို့ကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းသွားလာခွင့်ပေးမယ်...အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့...”

သူထိုကဲ့သို့ပြောအပြီးတွင် ချမ်းဘော့ဒ်တပ်ဖွဲ့ကို ၀န်းရံထားသည့် မြင်းစစ်သည်များမှာ ဘုရင်၏ခြိမ်းခြောက်မှုနှင့်အတူ သူတို့၏လှံချွန်များကို ချမ်းဘော့ဒ်တပ်ဖွဲ့ထံသို့ ဦးတည်ကာ တပြိုင်နက်ချိန်ရွယ်လိုက်ကြသည်။

သတ်ဖြတ်လို့သည့် ဆန္ဒမှာ အစစ်မှန်ပင်။

“၀ါး ခင်ဗျားပြောနေတာဘာလဲဆိုတာ ကျွန်တော်မသိဘူး...” ဖှေးသူ၏ကြောကိုဆန့်ကာပြောလိုက်သည်။ “မနေ့တုန်းကတစ်ယောက်ယောက်အသတ်ခံလိုက်ရတာလား အဲ့တာကြောင့်ထင်တယ် ကောင်းကင်ကြီးတစ်ခုလုံးအနီရောင်သန်းနေတာ...မနေ့ညကအော်သံတွေကြောင့် ကျွန်တော်တောင်ကောင်းကောင်းမအိပ်ခဲ့ရဘူး...ခင်ဗျားတို့တိုင်းပြည်ရဲ့ငြိမ်၀တ်ပိပြားမှုက အတော်အားနည်းလှချည်လား...”

ရွှေရောင်ဆံပင် ရွှေရောင်မုတ်ဆိတ်များနှင့် အဖိုးကြီးမှာ ဒေါ်သဖြစ်လွန်းလှသဖြင့် သူ၏နှလုံးခုန်သံများပင် မြန်ဆန်သွား၏။ သူ၏မျက်နှာအမူယာမှာ အလွန်တင်းမာလာပြီး အော်ဟစ်လိုက်သည် “အလတ်ဇန္ဒား မင်းက ငါ့ရဲ့ကျွမ်းကျင်စစ်သည်တွေရဲ့ရှေ့မှာ ဘာလို့ဒီလောက်တောင်ထောင်လွှားရဲနေတာလဲ...ငါ့တိုင်းပြည်ကမင်းသားကို သတ်တဲ့အတွက် ငါတို့ဒီကိစ္စကို အင်ပါယာမှာဖြေရှင်းရမယ်ဆိုရင်တောင် ဥပဒေက ငါ့ဘက်မှာရှိတယ်ကွ..ချမ်းဘော့ဒ်တိုင်းပြည်ရဲ့မင်းဆက်ပြုတ်သွားအောင်လုပ်ပစ်လိုက်လို့ရတယ်။”

ဖှေးဘေးပတ်ပတ်လည်တွင်ရှိနေသောမြင်းစစ်သည်များကို အသာယာကြည့်လိုက်ပြီး အလွန်ပမာမခန့်သည့် အသံဖြင့်ပြောလိုက်သည်။ “ငါတို့အတွက် ၁၀စက္ကန့်အတွင်းမှာ လမ်းဖယ်ပေးလိုက်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ မဟူရာတိုင်းပြည်က ဘုရင်တစ်ပါးကိုဆုံးရှုံးရလိမ့်မယ်...”

သူထိုကဲ့သို့ ပြောအပီးတွင်ဖှေး၏ခန္ဓာကိုယ်မှာ အသာယာယိမ်းယိုင်သွားသည်။ လူတိုင်းဖှေးသည့် တစ်စက္ကန့်ခန့်မှုန်၀ါးသွားသကဲ့သို့ခံစားလိုက်ရသည်။ မဟူရာတိုင်းပြည်ဘုရင်၏ မေးစေ့မှာ အနည်းငယ်အေးစက်သွားသကဲ့သို့ခံစားလိုက်ရဖြင့် အံ့သြစွာဖြင့်လက်ဖြင့်စမ်းကြည့်လိုက်သည်။ သူယနေ့မနက်က သပ်ရပ်စေရန်အတွက်ဖီးသပ်ထားသည့် ရွှေရောင်မုတ်ဆိတ်တို့မှာ အနည်းငယ်တိုသွားသကဲ့သို့ခံစားလိုက်ရသည်။ သူအပေါ်သို့ မော့ကြည့်လိုက်သည့်အခါတွင် တစ်ဖက်တွင် ရပ်နေသည့် ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်မှာ သူ၏မုတ်ဆိတ်များကို ကိုင်ထားပြီး လေပေါ်တွင် ကျဲချလိုက်သည်ကိုတွေ့လိုက်ရသည်။ မဟူရာတိုင်းပြည်မှ မြင်းစစ်သည်များအားလုံးထိတ်လန့်ကာ အံ့ဩကုန်တော့သည်။

အဆင့်မြင့်စစ်သည်အနည်းငယ်မှ လွဲ၍ ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားမည်ကဲ့သို့လှုပ်ရှားကာတိုက်ခိုက်လိုက်သည်ကို မည်သူမျှမမြင်နိုင်လိုက်ကြပေ။

ရွှေရောင်ဆံပင်များလေထဲတွင် ကခုန်သွားကြသည်ကိုကြည့်ရင်းဖြင့် မဟူရာတိုင်းပြည်ဘုရင်၏ မျက်နှာမှာ အရောင်ဖျော့သွား၏။ ဤကဲ့သို့အရှက်ခွဲခံရမှုမှာ လူလည်ခေါင်တွင် မျက်နှာအားပိတ်ရိုက်ခံလိုက်ရသကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်ထဲတွင် ဒေါသများတရိပ်ရိပ်တက်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် သူ၏လည်ပင်းတွင် ခံစားခဲ့ရသည့် အေးစက်သည့်ခံစားချက်မှာ သူ၏ဒေါသကိုထိန်းချုပ်ရန်အတွက် သတိပေးနေသည်။

ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်၏ အစွမ်းမှာ သတင်းအချက်လက်များထဲတွင် ဖော်ပြထားသည်ထက်ပို၍သာလွန်နေသည်မှာ ထင်ရှားသည်။ သူ၏ခေါင်းကိုချက်ချင်းပင် ပိုင်းဖြတ်ပစ်လိုက်နိုင်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ မဟူရာတိုင်းပြည်ဘုရင်မှာ အနောက်သို့လှည့်ပြီး ငွေရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် မြင်းစစ်သည်များကို ကြည့်လိုက်သည်။ ထို့နောက်တွင် ခေါင်းရမ်းပြလိုက်၏။

မဟူရာတိုင်းပြည်ဘုရင်မှာ သက်ပြင်းချလိုက်တော့သည်။ သူစစ်သည်များထံမှ အဓိပ္ပာယ်ကို ချက်ချင်းပင်နားလည်သွားသည်။ ချမ်းဘော့ဒ်တိုင်းပြည်ဘုရင်၏စွမ်းအားများမှာ သူတို့ယခင်က မျှော်လင့်ထားသည်ထက်ပင် ပို၍ကြီးမားနေသည်မှာ ထင်ရှားသည်။ ထို့ကြောင့်သူတို့ ကြိုတင်၍စီစဥ်လာခဲ့သည့် အစီစဥ်မှာလည်းအလုပ်ဖြစ်တော့မည်ပုံမပေါ်တော့ချေ။ သူ၏နှလုံးထားထဲတွင် မည်ကဲ့သို့ပင် မကျေနပ်ဖြစ်နေစေကာမူ ယခုလက်ရှိတွင် ဘာမှလုပ်နိင်တော့မည်မဟုတ်ပေ။ အေဇာရုတိုက်ခဲ့သို့နိုင်ရာစားလောကထဲတွင် လူတစ်ယောက်၏ကြီးမားသည့် စွမ်းအားမှာ တပ်ဖွဲ့တစ်ခုထက်သာလွန်နေတတ်သောကြောင့်ပင်။ မဟူရာတိုင်းပြည်၏အရည်ချင်းမှာ သာမန်မျှသာဖြစ်သည်။ အသက်၅၀ကျော်လာသည့်တိုင် ကြယ်နှစ်လုံးအဆင့်သို့သာရောက်အောင်ကျင့်ကြံနိုင်ခဲ့၏။ သို့သော် စစ်ဘက်ဆိုင်ရာအင်အားတွင် အာရုံစိုက်သည့် ဘုရင်တစ်ပါးဖြစ်လာရသည့်အကြောင်းမှာ သူ၏မျိုးရိုးအမွေအပြင် သူ၏ဗျူဟာမြောက်စွာစဥ်းစားချင့်ချိန်နိုင်စွမ်းတို့ကြောင့်ပင်။ ထို့ကြောင့်ယခုလက်ရှိအခြေအနေတွင် မည်ကဲ့သို့ဗျူဟာသည် အကောင်းဆုံးဖြစ်လိမ့်မည်ကိုလည်း ကောင်းစွာချင့်ချိန်နိုင်သည်။

“တစ်...နှစ်...”

ဖှေးရန်သူ၏ အတွေးများကို ဂရုမစိုက်ပေ။ အရှင်မင်းကြီးမှာ မဟူရာမုန်တိုင်း၏ ကျောပြင်ပေါ်တွင်ထိုင်နေရင်းဖြင့် နံပတ်များကိုရေတွက်နေသည်။ နံပါတ်တစ်ခုခြင်းစီတိုင်းသည် မဟူရာစစ်သည်များအားထုရိုက်နေသည့် ကြီးမားလေးလံသည့် တူကြီးများကဲ့သို့ပင်။ ဖှေး၏အေးစက်သောအသံသည် သူတို့၏နှလုံးခုန်သံများကို မြန်ဆန်လာစေပြီး လက်နက်များကို မသိစိတ်ဖြင့် ပို၍တင်းကြပ်စွာဆုပ်ကိုင်နေမိကြသည်။

“ငါး...ခြောက်..”

ဖှေးအချိန်များကို ရေတွက်နေသည်။

အေးမြသည့် ဆောင်ဦးနှောင်းပိုင်းလေအေးမှာ မဟူရာတိုင်းပြည်မှစစ်သည်များကို ဖြတ်သန်းကာတိုက်ခိုက်သွားသည်။ မည်သည့်အတွက်ကြောင့်လဲတော့မသိချေ။ မဟူရာတိုင်းပြည်မှ တပ်ဖွဲ့မှာ ယနေ့မနက်ခင်းရာသီဥတုမှာ သာမန်ထက်ပင်ပို၍ အေးစက်နေသကဲ့သို့ခံစားနေရသည်။

“ခုနစ်...ရှစ်...”

ဘုရင်၏ပါးစပ်မှ ထွက်ပေါ်နေသည့် အသံများမှာ သာမန်နံပါတ်စဥ်များသာဖြစ်သော်လည်း ချမ်းဘော့တိုင်းပြည်မှ စစ်သည်များ၏သွေးများကို ဆူပွက်စေသည်။ သူတို့၏နှလုံးသားများထဲမှ တစ်စုံတစ်ခုတွန်းကန်ကာ ထွက်ချင်နေသကဲ့သို့ပင်။ မဟူရာတိုင်းပြည်မှာ ချမ်းဘော့ဒ်တိုင်းပြည်မှ လူများအပေါ်အနိုင်ကျင့်ခဲ့သည်မှာ ကာလကြာပြီဖြစ်သည်။ ရသည့်အခွင့်အရေးကိုအသုံးချပြီး အနိုင်ယူအမြတ်ထုတ်ကာ ဒုက္ခပေးခဲ့ကြသည်။ သူတို့၏ဘုရင်မှာ မဟူရာတိုင်းပြည်မှ ဘုရင်နှင့်စစ်သည်များအားဓားတစ်လက်ထဲဖြင့် အကြောက်တရားဖြင့်ဆွံ့အသွားစေရန်အတွက် ခြိမ်းခြောက်နိုင်သောနေ့တစ်နေ့သို့ရောက်လာလိမ့်မည်ဟု သူတို့လုံး၀ပင်ထင်မထားခဲ့ကြချေ။ ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်စစ်သည်များလဲ ဒေါသကိုခံစားလာကြရပြီး သူတို့ဘုရင်နှင့်အတူနံပါတ်များကို သံပြိုင်လိုက်ပြီးရေရွတ်နေကြသည်။

ချမ်းဘော့ဒ်မှ လူနှစ်ရာကျော်ခန့်မှာ ဒေါသဖြင့်အော်ဟစ်နေကြသည်။ အသံမှာ အရှိန်ဟုန်ဖြင့် သံပြိုင်ထွက်ပေါ်လာလျှက်ရှိပြီး သူတို့၏အသံများထဲတွင် တည်ရှိနေသည့် သတ်ဖြတ်လိုသည့် ဆန္ဒများမှာ သူတိုင်း၏နှလုံးသားများကို တုန်လှုပ်စေသည်။

တိုက်ပွဲ၏အားသာမှုမှာ ချက်ချင်းပင်ပြောင်းပြန်ဖြစ်သွားတော့သည်။

ချမ်းဘော့ဒ်တပ်ဖွဲ့မှာ လူအင်အားနည်းသော်လည်း ဤတိုက်ပွဲတွင် စိတ်ဓာတ်ပိုင်းအရအသာစီးရနေသည်။

လူနှစ်ရာခန့်၏ကြွေးကျော်သံမှာ မဟူရာတိုင်းပြည်မှ မြင်းစစ်သည်များ၏တိုက်ပွဲခေါ်သံထက်ပင် ပို၍မြေပြင်ကို တုန်လှုပ်စေသည်။

မည်သူမှ ဖြောင့်ဖြောင့်တန်းတန်းမကြည့်ရဲကြချေ။

“ကိုး...”

တစ်ချိန်တည်းမှာပင် ဖှေးသူ၏လက်ကိုမြှောက်လိုက်သည်။ ခရမ်းရောင်အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ စစ်သည်တိုင်း သူတို့ဘုရင်၏အပြုမူများကိုလိုက်ကြည့်ကာ ချက်ချင်းပင်သူတို့၏ဓားများကိုဆွဲထုတ်လိုက်သည်။ ထို့နောက်တွင် သတ္တုချင်းရိုက်ခတ်သည့် အသံများမှာလည်းချမ်းဘော့ဒ်ဘက်ခြမ်းမှ ထွက်ပေါ်လာတော့သည်။

အေးစက်နေသည့် သံမဏိခြင်းရိုက်ခတ်သည့် အသံများမှာ နောက်ဆုံးသတိပေးချင်းပင်။ မဟူရာတိုင်းပြည်ဘုရင်မှာ ခုနကသူ၏အနားသို့ အရိပ်တစ်ခုကဲ့သို့ရောက်လာခဲ့သည့် အကြောင်းအားတွေးလိုက်မိပြီး ကြောက်လန့်သွားတော့၏။ မဟူရာတိုင်းပြည်ဘုရင်မှာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်တော့သည်။ “ဆုတ်ခွာကြ...”

“၀ုန်း ၀ုန်း ၀ုန်း”

အမဲရောင်ရေလှိုင်းကြီးတစ်ခုကဲ့သို့ပင် မဟူရာတိုင်းပြည်မှ မြင်းစစ်သည်များမှာ လာလမ်းအတိုင်းပြန်လည်ကာဆုတ်ခွာသွားကြပြီး မဟူရာခံတပ်အတွင်းသို့၀င်ရာ ပျောက်ကွယ်သွားတော့သည်။

“ထွီ”

တောရပ်စ်ရွှေရောင်သူရဲကောင်း ဒရော့ဂ်ဘာမှာ မြေပြင်ပေါ်သို့ ရွံရှာစွာဖြင့်တံတွေးထွေးလိုက်သည်။

“သူတို့တွေပြေးသွားတာကလဲ မြန်လိုက်တာ..” ကပ်ပရီကွန်းရွှေရောင်သူရဲကောင်းပီးရာ့စ်မှာလည်း အနည်းငယ်စိတ်ပျက်သွားသည့်ပုံရှိသည်။

All Chapters