အခန်း (၂၀၆)
Vol. 14 Ch. 206
ဆယ်မိနစ်ခန့်အကြာတွင် ချမ်းဘော့ဒ်တပ်ဖွဲ့တစ်ခုလုံး မဟူရာခံတပ်ဂိတ်တံခါး၀သို့ရောက်လာကြသည်။
ဖှေးယခင်က မဟူရာဘုရင်မှာ အရာအားလုံးကိုခက်ခဲစေရန်အတွက်ပြုမူလိမ့်မည်ဟု ထင်ခဲ့သည်။ သူမင်းသမီးတာနာရှာကိုပင် ဂိတ်တံခါးခေါက်ခိုင်းရန်အတွက် ပြ
င်ဆင်ထားခဲ့သည်။ သို့သော် အံ့သြဖွယ်ရာပင် ဂိတ်တံခါးမှာ ဖွင့်လှစ်ထားပြီးဖြစ်သည်။ ခံတပ်မှတာ၀န်ကျစစ်သည်များမှာလည်း ချမ်းဘော့ဒ်တပ်ဖွဲ့ကို ပိတ်ပင်ခြင်း
မပြုရန်အတွက် အမိန့်ရရှိထားပုံရသည်။ သူတို့ဖှေး၏လူများကို မြို့အတွင်းသို့လမ်းညွှန်လိုက်ကြသည်။
“မဟူရာဘုရင်က ငါတို့ကိုထောင်ချောက်ဆင်ဖို့များစဥ်းစားနေတာလားမသိ။ မြို့ထဲရောက်တာနဲ့ ပိတ်ချလိုက်မယ်ထင်တယ်..” ဖှေးကြောက်လန့်ချင်းမရှိပဲ
တွေးခါ်ကြည့်နေသည်။ သူမဟူရာမုန်တိုင်း၏ကြောပြင်ကို ပွတ်သပ်ကာ မဟူရာခံတပ်ထဲသို့ပထမဆုံး၀င်ရောက်လိုက်သည်။
ဖှေးအနောက်မှလိုက်ပါလာကြ့သည့် ပီတာနှင့်လမ်းပါ့ဒ်တို့မှာလည်း ဖှေးကဲ့သို့ပင်တွေးမိကြသည်။ စစ်သည်များအား အမိန့်များစွာပေးကာ ကြိုတင်ပြင်ဆင်ထားကြ
သည်။ တပ်ဖွဲ့၏ဖွဲ့စည်းပုံမှာလည်း ပြောင်းလဲသွားသည်။ အန်ဂျယ်လာနှင့် မင်းသမီးတာနာရှာတို့စီးနှင်းလိုက်ပါလာသည့် ရထားလုံးအနီးတွင် ဥပဒေပြုအရာရှိစစ်သ
ည်များ ပိုမို၍ချထားသည်။ ဖွဲ့စည်းပုံမှာ အပြင်ဘက်တွင် လျော့နည်းကာ အတွင်းပိုင်းတွင်တင်းကြပ်သည်။ လူတိုင်းသတိကြီးကြီးထားနေကြသည်။ သို့သော် အစ
မှအဆုံးထိ မဟူရာတိုင်းပြည်မှ တိုက်ခိုက်မှုတစ်စုံတစ်ရာကို မပြလုပ်ခဲ့ချေ။
မဟူရာခံတပ်အတွင်းတွင် အရာအားလုံးမှာ ငြိမ်သပ်နေပြီး အရာအားလုံးမှာ စနစ်တကျလည်ပတ်နေသည်။
ဖှေးရန်သူတိုင်းပြည်၏ နံပါတ်၁ခံတပ်အား ခေါင်းထဲတွင် အတွေးများစွာဖြင့် ဂရုတစိုက်လေ့လာကာ ကြည့်ရှုနေသည်။
မြေမျက်နှာသွင်းပြင်နှင့် ဗျူဟာပိုင်းရှုထောင့်မှကြည့်ပါက မဟူရာခံတပ်မှာ အပြည့်၀စနစ်တကျရှိသည်။ အဆောက်ဦးများအားလုံးကို အမဲရောင်ကျောက်တုံးများဖြင့်
တည်ဆောက်ထားခြင်းဖြစ်ပြီး သစ်သားဖြင့်တည်ဆောက်ထားသည့် အဆောက်ဦးဟူ၍မရှိပေ။ ထို့အပြင် အဆောက်ဦးများတည်ဆောက်ထားပုံမှာလည်း ဂရုတစို
က်ဖြင့် စနစ်တကျတည်ဆောာက်ထားသည်မှာ ထင်ရှားသည်။ တောင်အစွန်နှစ်ဖက်ကိုပင် ပိုင်းဖြတ်လိုက်ပြီးထိပ်တွင် သိပ်သည်းသည့် ကျောက်တုံးအခန်းတစ်ခု
ကိုတည်ဆောက်ကာ အထဲတွင် ပုန်းကွယ်နေကြသည့် လေးသည်တော်များကိုနေရာချထားသည်။
ခံတပ်အတွင်းရှိလမ်းများမှာ ကျဥ်းမြောင်းပြီး မြေမျက်နှာသွင်ပြင်မှာလည်း ၀င်္ကဘာတစ်ခုကဲ့သို့ပင်။ ရန်သူများဂိတ်တံခါးကိုဖြတ်ကျော်၍၀င်ရောက်လာနိုင်စေကာမူ
ရုတ်တရက်အင်အားအစုပြုံဖြင့်တိုက်ခိုက်နိုင်ဦးမည်မဟုတ်ပေ။ အဖွဲ့များခွဲ၍လမ်းကျဥ်းများစွာထံမှသွားလာရန်မှလွဲ၍ ရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပေ။ ထို့ကဲ့သို့အ
စိတ်စိတ်အမွာအမွာဖြစ်သွားသော်တပ်ဖွဲ့မှာ မြေမျက်နှာသွင်ပြင်ကျွမ်းကျင်သည့် မဟူရာတပ်ဖွဲ့၏တိုက်ခိုက်ချင်းကိုခံရပြီး သိသာစွာအထိနာမည်ဖြစ်သည်။
ခံတပ်မှာ ပါရမီရှင်တစ်ယောက်မှ ဒီဇိုင်းဆွဲကာတည်ဆောက်ထားသဖြင့် တောင်ကြားထဲတွင်တည်ရှိနေသည့် သွေးအေးလူသတ်စက်ကြီးတစ်ခုကဲ့သို့ပင်။
မဟူရာတိုင်းပြည်ဘုရင်မှာ ခံတပ်ကိုစနစ်ကျလေးလေးနက်နက်ပြင်ဆင်ထားပုံရသည်။ ဖှေးနှင့် သူ၏လူများရောက်မလာခင် ရန်သူများသူတို့၏အင်အားအစစ်မှန်ကိုသိ
ရှိမည်ဆိုးသဖြင့် စစ်သည်အင်အားတပ်ဖွဲ့များကို လျှော့ချထားပုံရသည်။ ထို့ကြောင့်ဖှေးမြင်နေရသည်မှာ ခံတပ်အင်အား၏ဆယ်ပုံတစ်ပုံခန့်သာ ရှိသေးပုံရသည်။
ခံတပ်အတွင်းရှိအကျယ်ဆုံးလမ်းမှာ နှစ်မီတာခန့်သာကျယ်၀န်းသဖြင့်လည်းတစ်စီးသာဖြတ်သန်းသွားလာနိုင်၏။ မြို့သူမြို့သားများကိုတွေ့ရခြင်းမရှိပေ။ သူတို့တွေ့ရသ
ည်မှာ လက်နက်အပြည့်တပ်ဆင်ထားသည့် စစ်သည်များနှင့် ကုန်တင်ယာဥ်တစ်ချို့ကိုသာတွေ့ရသည်။ မဟူရာခံတပ်သည် မြို့တော်စိန့်ပီတာစဘာ့ဒ်သို့ရောက်ရှိရန်
အတွက် အနီးစပ်ဆုံးလမ်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်ဖြတ်သန်းသွားလာလိုသူများထံမှ အခွန်ခများစွာကောက်ယူလေ့ရှိသည်။ ပုံမှန်အားဖြင့် ကုန်သည်အ
ကြီးစားများသာ တတ်နိင်သည့် ငွေကြေးပမာနဖြစ်သည်။
စစ်သည်များနှင့် ကုန်သည်များအပြင် ဤနေရာတွင်ရှိနေသည့် တစ်ခြားလူနည်းစုမှာ ကျေးကျွန်များပင်။
မိုင်းတွင်းကျေးးကျွန်များပင်။
မဟူရာတိုင်းပြည်သည် ကျစ်ကျစ်တောက်ပူသောနေရောင်အောက်ရှိ တောင်တန်းပေါ်တွင် မိုင်းတွင်းများစွာဖွင့်လှစ်ထားသည်။ ထိုမိုင်းတွင်းများမှ အဆက်မပြတ် အ
ရည်သွေးမြင့်သည့် သတ္တုပစ္စည်းများထွက်ရှိလျှက်ရှိသည်။ ထိုမိုင်းတွင်းများမှာ သူတို့တိုင်းပြည်၏ ထောက်တိုင်တစ်ခုဖြစ်ပြီး မဟူရာတိုင်းပြည်စစ်အင်အားအတွက်လဲ
ကျောထောက်နောက်ခံဖြစ်သည်။ ချမ်းဘော့ဒ်နှင့်မတူဘဲ သံမဏိသတ္တုရိုင်းများပေါများသဖြင့် လူဦးရေလုံလုံလောက်လောက်ရှိပါက လက်နက်အပြည့်စုံတပ်ဆင်ထား
သည့်တပ်ဖွဲ့တစ်ခုကို အချိန်မရွေးဖန်တီးနိုင်သည်။
မဟူရာဘုရင်အတွက် တစ်ခုတည်းသောအခက်ခဲမှာ မိုင်းတွင်းလုပ်သားကျေးကျွန်များ လုံလုံလောက်လောက်မရှိခြင်းပင်။ ထို့ကြောင့် ဤတိုင်းပြည်မှာ စစ်ပွဲများကိုနှ
စ်သက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲများမှ စစ်သုံ့ပန်းများစွာရရှိနိုင်ပြီး ထိုစစ်သုံ့ပန်းများမှာ အရည်သွေးမြင့်ကျးကျွန်များပင်။
မဟူရာတိုင်းပြည်ဘုရင်ထီးနန်းတက်ခဲ့သည့် လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်မှစကာ မဟူရာတိုင်းပြည်မှာ ကျန်ရှိနေသည့် တိုင်းပြည်များစွာဖြင့် မရေတွက်နိုင်သည့်စစ်
ပွဲများစွာဖြစ်ကာ အလုပ်ကြမ်းခိုင်းရန်အတွက် ကျေးကျွန်များစွာသိမ်းပိုက်ခဲ့သည်။ ထို့အပြင် သူခိုးအဖွဲ့စည်းများ၊ ကြေးစားစစ်သည်အဖွဲ့စည်းများကို လျို့၀ှက်စွာဖြင့်
ပိုက်ဆံပေးကာ ကျန်တိုင်းပြည်များမှ လူများကိုလည်းကျေးကျွန်အဖြစ်ဖမ်းဆီးစေလျှက်ရှိသည်။ ချမ်းဘော့ဒ်တိုင်းပြည်မှာ ထိုဒဏ်အားအခံစားရဆုံးဖြစ်သည့် တိုင်း
ပြည်များထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်းတွင်ဖြစ်သည်။ ဘုရင်မှာလူသိများသည့် ကျပ်မပြည့်သူတစ်ယောက်ဖြစ်ပြီး ရည်
မှန်းချက်ကြီးသည့် ဘစ်ဇားမှာလည်းတိုင်းပြည်၏နိုင်ငံရေးကို မွေချင်တိုင်းမွေကာချယ်လှယ်လျှက်ရှိသည်။ အနည်းဆုံးချမ်းဘော့ဒ်တိုင်းပြည်မှ လူငယ်နှင့် လူလတ်ပို
င်းအရွယ် ခြောက်ပုံတစ်ပုံခန့်မှာ နေမင်းတောင်ပေါ်တွင်ကျးကျွန်များအဖြစ်ခိုင်းစေရန်အတွက် ဖမ်းဆီးခံခဲ့ရသည်။ ရေတွက်၍မရနိုင်သော သေဆုံးမှုများနှင့် ဒဏ်
ရာများမှာ မဟူရာတိုင်းပြည်တောက်ပလာရသည့် အကြောင်းရင်းပင်။
တိုင်းပြည်နှစ်ခုအကြားတွင် ဖြေရှင်း၍မရနိုင်သည့် အမုန်းတရားမှာ လွန်ခဲ့သည့် အချိန်ကာလကြာစဥ်ကတည်းကပင် တည်ရှိနေခဲ့သည်။
ဤသည်မှာ ဖှေးမနေ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို စတင်ခဲ့ရသည့် အကြောင်းအရင်းပင်။ ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် ထောင်မှူးအိုလတ်ဂ်တို့ မဟူရာတို
င်းပြည်မှ လူများကိုသတ်ဖြတ်ရသည်အား နှစ်သတ်ရခြင်း၏ အကြောင်းရင်းတစ်ခုပင်။ ချမ်းဘော့ဒ်တိုင်းပြည်မှာ ၄င်းတို့ကြောင့်များစွာခံစားခဲ့ရသည်။ အမျိုးသမီး
များစွာ သူတို့၏လင်ယောက်ျားများကို ဆုံးရှုံးခဲ့ရသည်၊ ကလေးများစွာ မိဘမဲ့ဖြစ်ခဲ့ရသည်၊ အသက်ကြီးလူအိုများ အိုးအိမ်များနှင့် အားကိုးရာ လူပုဂ္ဂိုလ်များ
ဆုံးရှုံးခဲ့ရသည်။ ဤအရာများအားလုံးမှာ မဟူရာတိုင်းပြည်ကြောင့်ပင်။
ချမ်းဘော့ဒ်တပ်ဖွဲ့မှာ လမ်းပေါ်တွင် ဖြေးဖြေးချင်းချီတပ်လာခဲ့ကြသည်။
သူတို့မဟူရာခံတပ်၏ အတွင်းပိုင်းသို့ရောက်လာသည့် အချိန်တွင်မူ ဖှေးမျက်မှောင်ကြုံ့လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အလည်ခေါင်တွင်ရှိသော ရင်ပြင်တစ်ခု၏ဘေးဘက်တွင် သွေးများစွန်းထင်းနေသည့် အမြင့်အမျိုးမျိုးရှိသော ကျောက်တိုင်၄၀၀ခန့်ကိုတွေ့
လိုက်ရသောကြောင့်ပင်။ အမဲရောင်နံရံများဘေးတွင်ရှိနေသောအဖြူရောင်ကျောက်တိုင်များမှာ မျက်စိကျဖွယ်ပင်။ တိုင်းများပေါ်တွင် သွေးများစွန်းထင်းနေသဖြင့်
ကြောက်မက်ဖွယ်ဖြစ်နေသည်။ ဆောင်းဦးနှောင်းပိုင်းဖြစ်သော်လည်း ယဥ်ကောင်များသည် ထိုကျောက်တိုင်များအနားတွင်၀ှေ့၀ိုက်ကာ ပျံသန်းနေကြသည်။ ဤသ
ည်မှာ ဖှေးမျက်မှောင်ကြုံ့ရခြင်း၏တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပေ။ တစ်ချို့ကျောက်တိုင်များတွင် ပိန်ကပ်နေကြသည့် လူများကို ကြိုးများဖြင့် ချ
ည်နှောင်ထားသည်ကို သူသတိထားလိုက်မိသည်။
ထိုလူများမှာ ထိတ်လန့်ဖွယ်အမာရွတ်များ၊ ဒဏ်ရာများဖြင့်ဖုံးလွှမ်းနေကြသည်။
ဖှေးခနအတွင်းမှာပင် သတိထားမိသွားသည် ကြိုးချည်ခံထားရသည့် လူတစ်ချို့မှာ သေဆုံးနေကြပြီးဖြစ်ပြီး၊ တစ်ချို့မှာသတိလစ်မေ့မျှောကာ ကိုမာ၀င်နေကြပြီဖြ
စ်သည်။ သတိရနေသေးသူများမှာ နာကျင်စွာဖြင့် ငြီးတွားကာအော်ဟစ်နေကြသည်။ သူတို့အတွက် လက်ရှိတွင် သေဆုံးခြင်းကသာ ပို၍သက်သာစေမည်ဖြစ်သည်။
“အရှင်မင်းကြီး မိုင်းတွင်းထဲမှာ အမှားလုပ်မိတဲ့ကျေးကျွန်တွေကို ဒီနေရာကိုခေါ်လာပြီး နှိပ်စက်ကြပုံရတယ်..နောက်ပြီးတစ်ခြားကျေးကျွန်တွေကို သတိပေးတဲ့
အနေနဲ့ တိုင်တွေမှာ ချိတ်ဆွဲထားတာပဲ...” ပီတာတီတိုးပြောလိုက်သည်။
ဖှေးခေါင်းငြိမ့်ပြလိုက်ပြီး မည်ကဲ့သို့မှ ပြန်လည်ပြောကြားခြင်းမရှိပေ။
အေဇာရုတိုက်ကဲ့သို့နေရာတွင် ဖှေးဤကဲ့သို့ရက်စက်သည့် မြင်ကွင်းမျိုးမြင်ရလိမ့်မည်ကို ကြိုတင်မှန်းဆခဲ့မိဖူးသည်။ သို့သော သူ့ထံတွင် ထိုအရာနှင့်ပတ်သက်၍
တစ်စုံတစ်ခုလုပ်ကိုင်နိုင်သည့် အခွင့်ရေးတစ်စုံတစ်ရာမရှိပေ။ သို့သော် မြင်ကွင်းအားကြည့်ရုံဖြင့်ပင် စိတ်မသက်မသာဖြစ်မှုကို ခံစားနေရသည်။
ထိုအခိုက်တံ့တွင် နာကျင်စွာအော်ဟစ်သံတစ်ခုမှာ ရင်ပြင်၏ဘေးတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာ၏။