အပိုင်း(၁၁၅)-ခိုးနားထောင်ခြင်း
Vol. 002 Ch. 115
“ဟုတ်သားပဲ သခင်ဝူကိုကျေးဇူးအများကြီးတင်ပါတယ်” ဝမ်ဝူဖန်သည် ပြောပြီးသည်နှင့် ဆေးလုံးကိုယူကာ စားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပူနွေးမှုကိုစတင်ခံစားလာရပြီး ခန္ဓာကိုယ်တစ်ဝိုက်မှ ဒဏ်ရာများသည် စတင်ပြီးသက်သာလာသည်ကို ခံစားလိုက်ရသည်။ သူပျော်ရွှင်စွာ ခေါင်းအတွင်တွင်ညိတ်နေသည်။
ဝူလင်းထိုင်သည်နှင့် လက်နက်တီထွင်သူသခင်များအသင်းသည် မတ်တတ်ရပ်ကာ ဝမ်ဝူဖန်အား ဝိညာဉ်လက်နက်ကို လက်ဆောင်ပေးလေသည်။
ထိုဝိညာဉ်လက်နက်သည် ရှားပါးသည် သို့သော် ဝမ်ယူဖန်ကဲ့သို့ လူမျိုးအတွက်တော့ ထိုအရာသည် တော်ဝင်ဆေးလောက် ဆွဲဆောင်မှုမရှိပေ။ သူကြည့်ရုံသာကြည့်လိုက်ပြီး တော်ဝင်ပွဲတော်ကို ဆက်သွားလေသည်။
ထို့နောက်တွင် သားရဲထိန်းကျောင်းသူသခင်များအသင်း၊ ဝိညာဉ်သခင်များအသင်းနှင့် တခြားမျိုးနွယ်ကြီးများသည် အမျိုးမျိုးသော လက်ဆောင်များပေးကြသည်မှာ ရှီမာယူယူမျက်လုံးများပြုးကျယ်သွားစေသည်။
သို့သော် ထိုကဲ့သို့လက်ဆောင်များအား ကြည့်ရာ သိပ်တော့အဓိပ္ပာယ်မရှိလှပေ။ ထိုလက်ဆောင်များသည် ပြင်းထန်သော အားပြိုင်ခြင်းကဲ့သို့ဖြစ်နေသည်။ တန်ဖိုးအကြီးဆုံး သို့မဟုတ် ထူးခြားသော လက်ဆောင်ပေးသူသည် ပွဲတွင်မျက်နှာပွင့်သည်။
အချိန်တစ်ခုအကြာတွင် လက်ဆောင်ပေးခြင်းအခမ်းအနားသည် ပြီးဆုံးသွားခဲ့သည်။ မင်းသား၁ လက်ခုပ်တီးလို်က်သည်နှင့် နန်းတွင်းသူများသည် ရှေ့သို့လာကာ သားရေစာမုန့်များနှင့် သစ်သီးများကို သိမ်းဆည်းကြလေသည်။ စားပွဲ၏ အဓိကစားစရာများဖြင့် ပြန်လည်ဖြည့်ပြီးနောက် ကချေသည်များသည် စင်ပေါ်တွင်ဖျော်ဖြေကြလေသည်။
ရှေးဟောင်းဧည့်ခံပွဲများသည် အတူတူပင်ဖြစ်ကြသည်။ မတူညီသော ကမ္ဘာဖြစ်သော်လည်း ထိုအရာမှတူညီကြသည်။ အမျိုးမျိုးသော ညဉ့်နက်ဧည့်ခံပွဲများကို တွေ့ဖူးသော ရှီမာယူယူကဲ့သို့သော လူအတွက်တော့ ထိုအစီအစဉ်သည် စိတ်ဝင်စားစရာမကောင်းပေ။ သူမ ရှီမာလိုင်အားလက်ဝှေ့ပြလိုက်ပြီး အားလုံးအာရုံစိုက်မှုမရှိချိန်တွင် ခန်းမကြီးမှ တိတ်တဆိတ်ထွက်လာခဲ့သည်။
ဧည့်ခံပွဲအချိန်သည် ကြာရှည်လှည်သည် ထို့ကြောင့် လူများ ဝင်ချည်ထွက်ချည်ဖြစ်နေကြသည်မှာ သဘာဝပင်ဖြစ်သည်။ ရှီမာယူယူထွက်သွားခြင်းကို ဘယ်သူမှသတိမထားလိုက်မိပေ။
“ပျင်းစရာကောင်းလိုက်တာ၊ အရင်ပြန်သွားရင်ကောင်းမလားတောင်မသိတော့ဘူး” ရှီမာယူယူ နန်းတော်အတွင်းတွင် လမ်းလျှောက်နေခဲ့သည်။ နာလန်မျိုးနွယ်မှ ဘာမှမပြုလုပ်သည်ကိုကြည့်ရာ သူမထပ်ပြီးနေစရာမလိုတော့ပဲ အိမ်ပြန်ချင်နေသည်။
သဘာဝအတိုင်းပြုလုပ်ထားသည့် ရေကန်ရှိကြောင်းကို ရှီမာယူလီပြောသည်ကို ကြားဖူးသဖြင့် တည်နေရာအား မှန်းဆကာလျှောက်လာခဲ့လိုက်သည်။ ထိုနေရာသို့မရောက်ခင်တွင် လုံးထွေးသောအသံတစ်သံကို ကြားလိုက်သည်။ ထိုအသံအားကြားပြီးနောက် သူမပျော်ရွှင်စွာ ခုန်ပေါက်ကာ ချက်ချင်းပင် ဥယျာဉ်အနီးမှ ကျောက်တုံးနောက်တွင်ဝင်ပုန်းနေလိုက်သည်။
သူမတွင်ဝိညာဉ်ကျောက်တုံးရှိနေသေးသည်ကို စဉ်းစားမိသဖြင့် ထုတ်ကာ ဝိညာဉ်ချီထည့်လိုက်လေသည်။ ဝိညာဉ်ကျောက်တုံးမှ သွေးကြောများသည် စတင်လှုပ်ရှားလာသည်။ စတင်ပြီးအသံဖမ်းနေသည်ကို ပြသနေသည်။
“မူရုန်အန်း ဒါဘယ်လိုအချိုးချိုးလိုက်တာလဲ” နာလန်လန် မျက်ရည်ဝဲကာ မူရုန်အန်းအားကြည့်လိုက်သည်။ သူမ၏ ဖျော့တော့သောအကြည့်ကြောင့် မူရုန်အန်း မသိလိုက်ပဲတံတွေးမျိုချမိသည်။
နာလန်လန်သည် အလွန်လှပ၍ သူမအား သနားစိတ်သက်ဝင်မိသည်။ သူမလက်ရှိအခြေအနေသည် အသုံးဝင်မှုမရှိသည်မှာတော့ နှမြောစရာပင်။ တစ်မျိုးပြောရလျှင် သူမသည် ရှီမိုလီလောက် သူ့အတွက် အသုံးမဝင်တော့ပေ။
သို့သော် တစ်ကိုက်နှင့်ပင် ထိုမျှအရသာရှိလှသော အသားသည် တံခါးရှေ့တွင်ရောက်လာပါက ဘယ်သူကမယူပဲနေပါမည်နည်း။ အထူးသဖြင့် ရှားပါးသောတစ်စုံတစ်ယောက်ဖြစ်ခဲ့လျှင်ပေါ့။
သူသည် အဂ္ဂိရတ်ပညာရှင်အသင်းသာမာ နာလန်မျိုးနွယ်၏ မြေတောင်မြှောက်ခြင်းကို ခံရပါက သူ့အနာဂတ်သည် သေချာပေါက်ချောမွေ့နေမည်ဖြစ်သည်။
ထိုအချက်အားစဉ်းစားမိချိန်တွင် သူ့မျက်လုံးများ နွေးထွေးမှုများပေါ်ပေါက်လာပြန်သည်။ သူခြေတစ်လှမ်းတိုးကာ နာလန်လန်၏ လက်ကိုဆုပ်ကိုင်ပြီးပြောလိုက်သည် “သနားစရာကောင်းလိုက်တဲ့ ကောင်မလေးရယ် ငါ့မှာတခြားအဓိပ္ပာယ်မရှိပါဘူး၊ ငါ့နှလုံးသားက မင်းနဲ့အတူအမြဲရှိနေတာပါ၊ ငါ့နှလုံးသားထဲကတစ်ယောက်က မင်းပါပဲ”
“ဒါဆို ရှင်နဲ့ရှီမိုလီနဲ့က ဘယ်လိုဖြစ်တာလဲ၊ ရှင်တို့နှစ်ယောက်ဘယ်တုန်းက တွဲလိုက်ကြတာလဲ၊ လက်ထပ်ကြဦးမှာပေါ့၊ ဒါဆို ကျွန်မကရှင့်အတွက်ဘာလဲ” နာလန်လန်သည် မူရုန်အန်းအားအမှန်တကယ်ပင် ချစ်သည်။ သူမအား သူနွေးထွေးနေဆဲဖြစ်သည်ကို တွေ့သည်နှင့် ပြန်နူးညံ့သွားသည်။ သို့သော် အစောက ရှီမိုလီနှင့် တရင်းတနှီးရှိနေခြင်းကိုပြန်တွေးကာ ဒေါသများပြန်ထလာခဲ့သည်။
မူရုန်အန်းသည် သူမအားဆွဲဖက်လိုက်သည်။
“သူမနဲ့က အခြေအနေကိုလိုက်ပြီး အလိုက်အထိုက်ဆက်ဆံတာပါ၊ မူရုန်အန်း နာလန်လန်၏ နှဖူးအားနမ်းလိုက်ပြီးနောက်ပြောလိုက်သည် “မင်းသိတဲ့အတိုင်း သူမအဖေက ဆရာကြီရှီလေ လေ… ငါသူ့ဆီက အဂ္ဂိရတ်ပညာကိုသင်ရင် ငါ့အနာဂတ်က လုံးဝပြိုင်ဖက်ကင်းဖြစ်မှာ ဒါပေမယ့် ရှီလေက ဘယ်လိုလူမျိုးလဲဆိုတာ မင်းလည်းသိတာပဲ၊ သူက ပေါင်းရသင်းရခက်တဲ့သူပဲ၊ သဘောတူညီချက်မရပဲ ငါ့ကိုဆွဲခေါ်စရာအကြောင်းမရှိဘူးလေ၊ သူမကို ရင်းနှီးအောင်ပေါင်းရတော့တာပေါ့၊ ငါသူမအပေါ်ဘာခံစားချက်မှ မရှိပါဘူး၊ ငါမင်းကိုပဲကြိုက်တာပါ မင်းငါ့ကိုယုံပါ”
“ဒါဆို ငါဒဏ်ရာရနေတဲ့အချိန်အတွင်းဘာလို့ တစ်ချက်လေးတောင်လာမကြည့်တာလဲ” မူရုန်အန်းပြောသောစကားများကို နာလန်လန်ကြားသည်နှင့် သူ့အားပိုယုံကြည်မိသည်။ သို့သော် သူမတွင် သေချာပေါက် မကျေနပ်ချက်တော့ကျန်သေးသည်။
“အဲအချိန်တုန်းက ငါရှီမိုလီနဲ့ ညှိနှိုင်းတာနဲ့ အလုပ်ရှုပ်နေတာ၊ သူမ ငါ့ကိုယုံဖို့ဆိုရင် သူမနဲ့တစ်ချိန်လုံးနေပေးရုံအပြင်မရှိလို့” မူရုန်အန်းပြောလိုက်သည် “ဒါပေမယ့် မင်းရဲ့အခြေအနေကြည့်ဖို့ ငါလူလွှတ်ပါသေးတယ်”
“တကယ်လား” သူပြောသည်များကို တဖြည်းဖြည်းယုံကြည်လာသော နာလန်လန်အား မူရုန်အန်းကြည့်လိုက်သည်။
သူမ ထိုကဲ့သို့ပြုမူသည်ကို မူရုန်အန်းမြင်ချိန်တွင် သူမ သူ့အားယုံကြည်နေပြီကို မူရုန်အန်းသိသည်။ သူ.. သူမနှုတ်ခမ်းအား အနမ်းချွေလိုက်ကာ ပြောလိုက်သည် “ဒါပေါ့ အမှန်ပဲလေ၊ ငါတို့တွဲလာတာ ဒီလောက်ကြာပြီ၊ ငါတခြားမိန်းကလေးကိုဘယ်လိုလုပ်ကြိုက်မှာလဲ၊ ငါသူမကို အသုံးချရုံပဲလေ”
“ဒါဆို သူမနဲ့ထပ်ပြီးအတူတွဲမနေနဲ့တော့” နာလန်လန်ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မူရုန်အန်းအထွန့်တက်သည်။ ထို့နောက် သူ၏ုတုန့်ပြန်မှုသည် အားပါသွားသဖြင့် သူညင်သာစွာပြန်ပြောလိုက်သည် “ငါအဂ္ဂိရတ်ပညာကိုသင်ဖို့ကျန်သေးတယ်၊ ငါရှီမိုလီနဲ့ ဖြတ်လိုက်ရင် သုံးထားတဲ့အချိန်တွေအလကားဖြစ်သွားမှာပေါ့”
“ဒါပေမယ့်… ဒါပေမယ့် ရှင် အဲရှီမိုလီနဲ့ရင်းနှီးနေတာကို မကြည့်ချင်ဘူး” နာလန်လန် မပျော်ရွှင်စွာပြောလိုက်သည်။
“ကောင်မလေးရယ် ငါကစားနေတယ်ဆိုတာမမေ့ပါနဲ့၊ မင်းကငါ့နှလုံးသားက တစ်ယောက်ထဲသောသူပါ၊ တခြားဘယ်သူမှမရှိဘူး” မူရုန်အန်းသူမအားချော့လိုက်ကာ စကားဆုံးသည်နှင့် သူမအား နောက်ထပ်အနမ်းတစ်ပွင့်ပေးလိုက်ပြန်သည်။ သူ့လက်များသည် အပေါ်အောက်ရွေ့လျားကာ အလုပ်များနေသည်။
သူတို့နှစ်ယောက်အလုပ်ရှုပ်နေသည်ကို ရှီမာယူယူမြင်သောအခါ သူမလိုအပ်သည်များ အလုံအလောက်ကြားရပြီဖြစ်၍ အသံကျောက်တုံးအားတိတ်တဆိတ်သိမ်းလိုက်လေသည်။
သို့သော် သူတို့နှစ်ယောက်အားလွယ်လွယ်နှင့် လွှတ်မထားပေ။ သူမ အနည်းငယ်လျှောက်ပြီးသောအခါ တော်ဝင်အစောင့်အားခေါ်ကာ သူမကန်ဘေးတွင် တစ်စုံတစ်ခုကျခဲ့သည်ဟု ဆိုကာ ကူညီပြီးရှာခိုင်းလိုက်သည်။ တော်ဝင်အစောင့် ကန်ဘက်သို့ထွက်သွားသည်ကိုကြည့်ပြီး သူမနတ်ဆိုးတစ်ကောင်ကဲ့သို့ပြုံးကာ ပြန်လှည့်ပြီး ပင်မဆောင်သို့ပြန်လာလိုက်သည်။
သူမ နန်းတော်ဝင်ပေါက်သို့မရောက်ခင်ပင် အထဲမှနာလန်ဟီ၏ အသံကိုကြားလိုက်ရသည်။
“ဘုရင်ကြီး ရှီမာမျိုးနွယ်မှာ လျှို့ဝှက်လူတစ်ယောက်ရှိပါတယ်၊ အဲလူက အကူအညီပေးနေတဲ့တစ်ယောက်ပါ၊ ဘုရင်ကြီးလျစ်လျူရှုထားရင် သူတို့ဘုရင်ကြီးကိုတောင် ဂရုစိုက်တော့မှာမဟုတ်ပါဘူး”
ရှီမာယူယူ နှလုံးခုန်မြန်လာသည်။ နာလန်ဟီစလာပြီ။
ရှီမာလိုင်သည် ထိုနေရာတွင် စဉ်းစားနေကာ ဘာမှဝင်မပြောပေ။ နာလန်ဟီသည် ရှီမာမျိုးနွယ်၏ ဆေးအခြေအနေကို သိပြီဟု ထင်တော့ထင်ထားသည်။ သို့သော် ထိုကဲ့သို့လူအများရှေ့တွင် ထိုနည်းလမ်းအားသုံးလိမ့်မည်ဟု ထင်မထားပေ။
“စစ်သူကြီးရှီမာ အဲလောက်ကောင်းတဲ့တစ်ယောက်တွေ့ထားလို့လား၊ အဲလိုဆိုရင် အားလုံးကို ပေးတွေ့ပေးလေ” ဝမ်ဝူဖန်၏ စကားလုံးများသည် မေးမြန်းသည့်ပုံစံဖြစ်သော်လည်း သူ့အမူအရာနှင့် အသံအနေအထားမှာ ကွဲပြားနေသည်။ သူတို့အကြည့်များ ရပ်တန့်သွားသည်။
“ဒါက… ဒီအဆင့်နိမ့်တဲ့အမှုထမ်းက မပြောချင်လို့မဟုတ်ပါဘူး၊ အဲလူက လူသိမခံချင်လို့….” ရှီမာလိုင်ပြောလိုက်သည်။
“အဘိုး အားလုံးကသိချင်နေမှတော့ သူတို့ကိုပြောဖို့ဘာတွေ တွေဝေနေတာလဲ၊ မပြောရင် ရှီမာမျိုးနွယ်က တကယ်ပဲ လူအများရှေ့ကိုထုတ်ဖော်မပြောတာရှိတယ်လို့ထင်သွားလိမ့်မယ်” ရှီမာယူယူ အပြင်မှလျှောက်လာကာ ပြုံးပြီးပြောလိုက်သည် “ဘုရင်ကြီး တကယ်တော့ အဘိုးက ဘုရင်ကြီးကိုမပြောချင်လို့မဟုတ်ပါဘူး၊ နိမ့်ကျတဲ့ကျွန်တော်မျိုးမကသာ အဘိုးကိုဘယ်သူ့ကိုမှမပြောဖို့ကို ပြောထားလို့ပါ၊ ဒါက ကျွန်တော်မျိုးမရဲ့ လိမ်လည်မှုပါပဲ”
“မင်းက ရှီမာယူယူလား” ဝမ်ဝူဖန်သည် သူ့အားမတွေ့ဖူးသော်လည်း ရှီမာယူယူအား ရှီမာလိုင်နှင့် အတူထိုင်နေသည်ကိုတွေ့ဖူးသည်။ ထို့အပြင် သူသည် ရှီမာလိုင်အားအဘိုးဟု ခေါ်ဆိုနေခြင်းကြောင့် ကျန်သောသူများကိုမြင်ဖူးသဖြင့် သူသည်ရှီမာယူယူဖြစ်ကြောင်းကို သေချာနေသည်။
သို့သော် သူက အမှိုက်မဟုတ်ဘူးလား၊ သူကဘယ်လိုလုပ် နာလန်ဟီပြောတဲ့ လျှို့ဝှက်လူဖြစ်နိုင်မှာလဲ။