← Chapters

အခန်း (၂၀၇)

Vol. 14 Ch. 207

အခန်း (၂၀၇)

Vol. 14 Ch. 207

ထိုအော်သံနှင့် အတူသူတို့အားလုံးအ၀ေးတွင် ရုန်းကန်နေသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူၑပုခုံးမှားမှ မဟူရာစစ်သည်များသံချွန်များဖြင့်ထိုဖောက်ထားသဖြင့် ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်။ ထိုလူငယ်မှာနာကြင်မှုကြောင့်ရူးသွပ်တော့မတတ်ပင်။ သူ၏အော်ဟစ်သံမှာလူတိုင်း၏နှလုံးသားကို ထိုးဖောက်သွားသည်။ သို့သော် ငိုကြွေးခြင်း၊ အသနားခံခြင်း၊ တို့မှာသက်ရောက်မှုအနည်းငယ်မျှပင်မရှိချေ။ မဟူရာစစ်သည်တို့၏ မျက်လုံးထဲတွင်ထိုကဲ့သို့အပြုမူများသည် ဖျော်ဖြေရေးအစီစဥ်တစ်ခုကဲ့သို့ပင်။

သနားစရာကောင်းသည့် လူငယ်မှာ မီတာ၂၀ခန့်ခရီးအား ဒရွတ်တိုက်ဆွဲခေါ်လာခြင်းခံရပြီး သွေးပေါင်းများစွာ စီးကျလျှက်ရှိ၏။

ကျောက်ရင်ပြင်ပေါ်သို့ ဆွဲခေါ်လာအပြီးတွင် လူငယ်အားစစ်သည်များသည် တိုင်တစ်တိုင်ပေါ်တွင် သံမဏိချိန်းကြိုးများဖြင့် ရက်စက်စွာချည်နှောင်လိုက်ကြသည်။ သံမဏိချိန်ကောက်များသည် လူငယ်၏ခန္ဓာကိုယ်ထဲတွင် နက်ရှိုင်းစွာဖြင့် စိုက်၀င်နေသည်။ တိုင်ပေါ်သို့ ချိတ်ဆွဲပြီးသည်နှင့်ချက်ချင်းပင် အရာရှိဟုယူဆရသူတစ်ယောက်သည် ထိုလူငယ်အားကြာပွတ်ဖြင့် ရိုက်နှက်တော့သည်။ ဤအခိုက်တံ့တွင် လူငယ်တွင် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့၏။ သတိလွတ်မေ့မျှေလုဖြစ်ရင်း ကြပွတ်သူ၏ခန္ဓာကိုယ်အားနှိပ်စက်နေသည်ကို ခံစားနေရတော့သည်။ တစ်ကြိမ်နှစ်ကြိမ်ခန့်ပင် တုန်ခါသွားပြီး ဆူညံသံများပြုလုပ်ရန်အတွက် အားအင်မရှိတော့ချေ။

ဖှေးပို၍ပင် မျက်မှောင်ကြုံ့လိုက်မိသည်။

ဤအခိုက်တံ့တွင်။

“ဒီချမ်းဘော့ဒ်က ငနဲ...ငါသူ့ကိုအပြင်မှာ ခွေးစားဖို့ပဲထားလိုက်သင့်တယ်။ ဒီကောင်က အပျင်းထူရဲသေးတာပဲ..ငါဒီကောင့်ကိုအရေခွံလှန်ပြမယ်ကြည့်နေ”

အရာရှိမှာ အညှာတာကင်းမဲ့စွာဖြင့်ကြာပွတ်နှင့် ရိုက်နှက်ရင်း ဒေါသဖြင့်ကျိန်ဆဲနေ၏။ လူငယ်အား နှိပ်စက်ရသည်ကို လုံလုံလောက်လောက်ကျေနပ်သေးပုံမရချေ။ လူငယ်မှာ သေတော့မည်ဖြစ်သည်။

“ဒီကောင်ကလဲ ချမ်းဘော့ဒ်တိုင်းပြည်ကပဲလား ဆရာ..” ကျန်စစ်သည်တစ်ယောက်မှာ မေးလိုက်သည်။

“အေး လွန်ခဲ့တဲ့ တစ်နှစ်လောက်က သွေးစွန်းကြေးစားတပ်ဖွဲ့က ပို့လိုက်တာ။ ချမ်းဘော့ဒ်ကလို့တော့ပြောတာပဲ..ငါလဲဒီကောင့်ကိုကြည့်ရတာ ပိန်ခြောက်ကပ်နေလို့ သနားတာနဲ့ တံမြတ်စည်းလှည်းရအောင်ထားထားတာ..ဒီကောင်က ငါ့ပစ္စည်းတွေကို ခိုးရဲတာပဲ...ချမ်းဘော့ဒ်တိုင်းပြည်က ခွေးသားတွေအကုန်လုံးက နှိမ့်ကျပြီး စက်ဆုတ်စရာကောင်းတဲ့ကောင်တွေပဲ..သူတို့ရဲ့ကျပ်မပြည့်တဲ့ဘုရင်ကတော့ အခုပုံမှန်ပြန်ဖြစ်လာပြီလို့ ပြောကြတယ်။ ဒါပေမယ့် ငါ့အမြင်မှာဆိုလဲအဲ့စောက်ပိန်းကို အရင်ကတည်းက ဒီမှာငါတို့အတွက်မိုင်းလာတူးဖို့ ပို့လိုက်သင့်တာကြာပြီ။” အရာရှိမှာ ဆက်တိုက်ကြိမ်ဆဲနေသည်။

ဤအခိုက်တန့် အ၀ေးတစ်နေရာတွင် ရှိနေသောဖှေးမှာ ချက်ချင်းပင် ဒေါသဖြစ်သွားတော့သည်။

ချမ်းဘော့ဒ်ကလား..

အဲ့လူငယ်က ချမ်းဘော့ဒ်သားလား...

သူ့ဘေးတွင် ပီတာ၊ လမ်းပါဒ့်နှင့် တစ်ခြားသာမန်လူများထက်အကြားအာရုံပိုကောင်းသည့် ဆရာများလည်း မဟူရာတိုင်းပြည်မှစစ်သည်များပြောနေကြသည်ကို ကြားလိုက်ရသည်။ ချက်ချင်းပင် ဒေါသမီးမှာ သူတို့၏နှလုံးသားများထဲတွင် ရုတ်တရက်တောက်လောင်သွားသည်။ သူတို့အားလုံးဖြစ်တော့မည့်အရာကို ချက်ချင်းပင် သဘောပေါက်လိုက်မိကြသည်။ သူတို့၏ဘုရင်ပုံမှန်ပြန်ဖြစ်သည့် အချိန်ကတည်းက ဘုရင်မှာ သနားကျင်နာခြင်း၊ တရားမျှတခြင်း၊ ရဲစွမ်းသတ္တိနှင့် ပြိုင်ဘက်ကင်းမှုတို့၏သင်္ကေတဖြစ်ခဲ့သည်။ တစ်ခုရှိသည်မှာ ဘုရင်သည် မှန်သည်ဖြစ်စေမှားသည်ဖြစ်စေကာမူ မည်သည့်အချိန်မဆို သူ၏လူများဘက်မှသာ ရပ်တည်တတ်သည့်အတွက်လဲနာမည်ကြီးသည်။ လွန်ခဲ့သည့်အချိန်က အမဲရောင်ချပ်၀တ်စစ်သည်များ အောင်နိုင်သည့်အနေဖြင့် ကျင်းပသည့်ပါတီပွဲတစ်ခုတွင် မြို့သူမြို့သားအနည်းငယ်အတွက်ဖြင့် အင်ပါယာသူရဲကောင်း၁၀ယောက်နှင့်် တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ကို အင်ပါယာမင်းသား၏အရှေ့၌ပင် သတ်ဖြတ်ပစ်ခဲ့ဖူးသည်။ ဤမြင်ကွင်းအားမြင်ရပြီးချိန်တွင် ဘုရင်မှာ သူသည် မဟူရာတိုင်းပြည်၏ခံတပ်ထဲတွင် ရောက်ရှိနေသည့် အချက်ကိုဂရုစိုက်တော့မည်မဟုတ်သည်မှာ ထင်ရှားသည်။ တစ်စုံတစ်ယောက်မှာ ဘုရင်မင်းမြတ်၏အမြတ်တော်အတွက် ပေးဆပ်ရတော့မည်မှာ သေချာသလောက်ပင်။

“ဖျောင်း..ဖျောင်း..ဖျောင်း..ဖျောင်း..”

လေးကြိုးသံများထွက်ပေါ်လာပြီး ချွန်ထက်နေသည့် မြှားလေးချောင်းမှာ စစ်သည်များအားတစ်ချိန်တည်းမှာပင် ထိမှန်သွားသည်။ မြှားတစ်ချောင်းသည် ကြာပွတ်ကိုင်ထားသည့် အရာရှိ၏လက်မောင်းကို ထိမှန်သွားပြီး သူ့အားကျောက်တိုင်ပေါ်တွင် စိုက်ထားလိုက်၏။ ကျန်ရှိနေသည့် စစ်သည်သုံးယောက်မှာလည်း သူတို့၏ဒူးများကို မြှားများစိုက်၀င်သွားခြင်းခံလိုက်ရ၏။ သွေးများပန်းထွက်လာကာ မြေပြင်ပေါ်သို့ဒူးထောက်လျှက်ကျသွားတော့သည်။

သို့သော် ထိုကဲ့သိ့ ပြုမူလိုက်သည့် ပုဂ္ဂိုလ်မှာ ဖှေးမဟုတ်ချေ။

ဖှေး၏ကိုယ်ရံတော်ဖြစ်သည့် ဆံပင်ရွှေရောင်နှင့် တိုးရိစ်ပင်။

ဖှေး၏ကိုယ်ရံတော်ဖြစ်သည့် တိုးရိစ်မှာ အလွန်ဉာဏ်ထက်ပြီး အလွန်လည်းအလုပ်ကြိုးစားသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဟော့ခ်ဆေးပုလင်းနှင့် သူ၏ခန္ဓာကိုယ်အား ပြောင်းလဲပြုပြင်ပြီးချိန်တွင် သူသည် ကြယ်နှစ်လုံးအဆင့်သို့ရောက်ရန်ကျင့်ကြံခဲ့ရုံသာမကပေ။ အယ်လီနာအနောက်မှ လိုက်ပါ၍စွမ်းအားမြင့်လေးအတတ်များကိုလည်းသင်ကြားခဲ့သည်။ ပထမပိုင်းက သူသည် မှန်သည့်ဘက်မှရပ်တည်ရင်း သေခါနီးဖြစ်ခဲ့ပြီးနောက်တွင် ဖှေးသူ၏ကိုယ်ရံတော်အဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရသူဖြစ်သည်။ သူသည် ယခင်ကတည်းက တဖက်သားအားအနိင်ကျင့်နေသည်ကို တွေ့ရခြင်းအား သည်းခံတတ်သူတစ်ယောက်မဟုတ်ပေ။ စိတ်ဓာတ်အပိုင်းမှဆိုပါက သူသည် ဖှေးထက်ပင် သူ၏လူများကို ပို၍ကယ်တင်လိုစိတ်များသည်ဟုပင်ဆိုနိုင်သည်။ သို့သော် ဤအခိုက်တန့်တွင် တိုးရိစ်ထံတွင် တစ်ခြားအတွေးတစ်ခုလည်းရှိသေးသည်။ သူသည် ထိုလူမိုက်များကဲ့သို့သော မဟူရာတိုင်းပြည်မှစစ်သည်များကို ဘုရင်မင်းမြတ်ကိုယ်တိုင်အပြစ်ပေးရန်မှာ မသင့်လျှော်ကြောင်းလည်းသူတွေးမိလိုက်သောကြောင့်ပင်။ ထို့ကြောင့် သူဖှေးပြုမူလှုပ်ရှားခြင်းမပြုမီ အရင်လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။ တိုးရိစ်၏ လှုပ်ရှားမှုများမှာ တိကျသည်။ မြှားလေးချောင်းလုံးအား ကောင်းမွန်စွာထိန်းချုပ်ထားပြီး စစ်သည်များကို ဒဏ်ရာသာရရှိသွားစေသည်။ သူတို့၏အသက်များကို ချက်ချင်းနုတ်ယူသွားခြင်းမရှိပေ။

ဖှေးတိုးရိစ်အား စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်ရှိနေသည့် ချမ်းဘော့ဒ်စစ်သည်များကို သတိရှိစေရန်အချက်ပြကာ ကျောက်တိုင်ထံသို့ လမ်းပါ့ဒ်နှင့် တစ်ခြားကျွမ်းကျင်ဆရာ၆ယောက်နှင့်အတူ လမ်းလျှောက်သွားတော့၏။

All Chapters