← Chapters

အခန်း (၂၀၉)

Vol. 14 Ch. 209

အခန်း (၂၀၉)

Vol. 14 Ch. 209

ဖှေးတစ်ယောက်သက်ပြင်းချလိုက်မိသည်။ သူဒေါသဖြစ်ရမည်လား၊ ရှက်ရွံ့ရမည်လားကိုပင် မသဲကွဲတော့ချေ။

သူ လူငယ်၏ ခေါင်းကိုအသာယာပွတ်ပေးပြီး မက်တပ်ထရပ်လိုက်သည်။

ဖှေး ဤရွယ်သော်လည်း ရဲစွမ်းသတ္တိရှိသည့် မျက်နှာကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ လူကာ၏စကားလုံးများမှာ ဖှေး၏မျက်နှာကို အချက်ပေါင်းများစွာဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ ယခုမတိုင်မှီက ဖှေးသည် သူ့ကိုယ်သူကောင်းမွန်သည့် ဘုရင်တစ်ပါးဟုယူဆကာ ဂုဏ်ယူနေမိခဲ့သည်။ ရန်သူ၏နယ်နိမိတ်များထဲတွင် အနိုင်ကျင့်နှိပ်စက်ခံနေရကာ သူ၏လာရောက်ကယ်တင်ခြင်းကို စောင့်မျှော်နေသည့် ချမ်းဘော့ဒ်တိုင်းပြည်သားများရှိနေဦလိမ့်မည်ဟု သူထင်မထားခဲ့ချေ။

ဤအခိုက်တံ့တွင် ထိုစကားလုံးများမှာ ဖှေး၏ခန္ဓာကိုယ်ကို ချွေးများပျံစေသည်။ လူကာ၏ စကားလုံးများသည် သူ၏နှလုံးသားထဲတွင်ရှိနေသည့် အပျော့ဆုံးနေရာများကို ထိစေပြီးဖှေးသည် သူကိုယ်သူထင်နေသကဲ့သို့ တာ၀န်ကျေသည့်ဘုရင်တစ်ပါးမဟုတ်သေးကြောင်းသိရှိလိုက်ရသည်။

“ဟေး မင်းတို့က ဘယ်ကကောင်တွေလဲကွ...ဒီချမ်းဘော့ဒ်ကခွေးသားတွေက အကုန်သေဖို့ထိုက်တန်တဲ့ကောင်တွေ...အဲ့ခွေးသားကိုငါတို့ကိုပြန်ပေး...မင်းတို့ဖေရိုဘီက မင်းတို့လုပ်ခဲ့တာတွေကိုခွင့်လွှတ်ပေးပြီး ထွက်သွားခွင့်ပေးမယ်...” အရာရှိ၏ လေသံမှာ အနည်ငယ်ပျော့ပျောင်းသွားသည်။ သူသည် ဤလူများမှာ အားနည်းသည့်လူများမဟုတ်ပဲ ရင်ဆိုင်ရသည်မှာ လွယ်ကူမည်မဟုတ်ကြောင်းကိုရိပ်မိသွားသောကြောင့်ဖြစ်သည်။

“ဦးလေးတို့ သွားကြပါတော့၊ ကျွန်တော့ကိုမစိုးရိမ်နေနဲ့...ဒီမကောင်းဆိုး၀ါးတွေက အတော်ကြောက်စရာကောင်းတယ်...သူတို့တွေက ဦးလေးတို့ကို တကယ်ပဲသတ်ပစ်လိမ့်မယ်...” လူကာ၏ကြည်လင်သောမျက်လုံးများထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ ဖှေးအပါ၀င်လူတိုင်းအား အန္တရာယ်ကင်းစေရန်အတွက် အမြန်နှင်ထုတ်ရင်း သူ၏မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာတော့သည်။ “သွားပါတော့...ချမ်းဘော့ဒ်ဘုရင်က ကျွန်တော်တို့အတွက် သေချာပေါက်လက်စားချေပေးမှာပါ။” သူအမြန်ပြောလိုက်သည်။

“လူကာ မင်းကစစ်သည်တစ်ယောက်ပဲ...စစ်သည်အစစ်မှန်တစ်ယောက်ပဲ...”

ဖှေးပြုံးကာ လူကာ၏အရှေ့တွင် ၀င်ရပ်လိုက်သည်။ သူ၏ထူထဲသည့် ကျောပြင်မှာ လူငယ်လေးအားကာကွယ်ပေးထားသည့်တောင်တန်းကြီးတစ်ခုကဲ့သို့ပင်။ ထို့နောက်တွင် သူဘေးတွင်ရှိနေကြသော လမ်းပါ့ဒ်၊ ဒရော့ဂ်ဘာ၊ အိုလတ်ဂ်နှင့် တစ်ခြားလူများကိုကြည့်လိုက်သည်။ သူတို့လဲဒေါသဖြစ်နေကြသဖြင့် မျက်နှာအမူယာများတင်းမာနေကြ၏။ သူအသာယာခေါင်းငြိမ့်ပြလိုက်ပြီး သတ်ဖြတ်လိုသည့် အမူယာကိုဖော်ပြကာ အေးစက်သည့်စကားလုံးတစ်ခုကို ပြောလိုက်သည်။

“သတ်လိုက်..”

ဤစကားလုံးသည် သေမင်းရောက်ရှိလာခြင်းကို ကိုယ်စားပြုသည်။

ပန်ဒိုရာသေတ္တာကိုဖွင့်လိုက်သကဲ့သို့ပင် နတ်ဆိုးများပြေးထွက်လာပြီး မဟူရာခံတပ်ထဲတွင် ဖြစ်ရပ်ဆိုးများစတင်ဖြစ်ပျက်တော့သည်။

ပထမဦးဆုံးစတင်လှုပ်ရှားသည့်လူမှာ ဖရန့်ခ်လမ်းပါ့ဒ်ဖြစ်သည်။ သူသည် ဖှေးနှင့်အတူပါလာသည့် လူခြောက်ယောက်ထဲတွင် အသန်မာဆုံးဖြစ်၏။

မျက်စိစူးလောက်သည့် အဖြူရောင်အလင်းရောင်တစ်ခုသည် သူ၏ညာလက်သီးမှရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက်တွင် အမြင့်ဆုံးအနေထားသို့ရောက်သည်အထိ ဖိသိပ်ထားခြင်းခံရသည့် လျှပ်စီးလုံးတစ်ခုကဲ့သို့ပင် ထိုအရာမှာ ပေါက်ကွဲသွားတော့သည်။ လျှပ်စစ်စီးကြောင်းများမှာ မီးလျံများကဲ့သို့ပင် ကြည့်မြင်နေသည့် လူများအားလုံးသူတို့၏မျက်စိများလောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အားလုံးမနေနိင်တော့သဖြင့် မျက်လုံးများကိုမှိတ်လိုက်သည့်အချိန်တွင် အရိုးကွဲအက်သံများ၊ သတ္တုကွဲအက်သံများကို ကြားလိုက်ရသည်။

အလင်းလက်သီး...

ဤသည်မှာ လျှပ်စီးကဲ့သို့ပင်မြန်ဆန်သည်။ အမြန်နှုန်းမှာ သာမန်လူများမြင်နိုင်သောပမာနထက်ပင် ကျော်လွန်သည်။

ဤနေရာတွင် ရှိနေသည့်လူများထဲတွင် ဖှေးတစ်ယောက်သာ လမ်းပါ့ဒ်၏လှုပ်ရှားမှုများနှင့်လက်သီးချက်များကို မြင်နိုင်သည်။ လျှပ်စီးပေါက်ကွဲသွားသည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ယခင်နံပါတ်၁စစ်သည်မှာ လက်သီးချက်ပေါင်းတစ်ရာခန့်ပင် ထိုးနှက်ပြီးဖြစ်သည်။ လက်သီးချက်တစ်ခုခြင်းစီတိုင်းမှာ ကြယ်လေးလုံးစတင်သူအဆင့်စစ်သည်၏ အားကုန်ထိုနှက်လိုက်သည့် စွမ်းအင်နှင့်ညီမျှသည်။

ဤသည်မှာ အလင်းလက်သီး၏ ကြောက်မက်ဖွယ်အင်အားပင်။

လျှင်မြန်ရုံသာမကပဲ..စွမ်းအားလဲကြီးမားသည်။

ဖှေးမှလွဲ၍ လူထဲတွင်အဆင့်၃အစွမ်းရှိဆုံးဖြစ်သည့် ပီတာမှာ လေထုထဲတွင်ရှိသောပုံရိပ်ရောင်အနည်းငယ်ကိုသာ မြင်နိုင်လိုက်သည်။ လမ်းပါ့ဒ်ထက်များစွာပို၍ အားနည်းကြသည့် ထောင်မူးအိုလတ်ဂ်၊ ကိုယ်ရံတော်တိုးရိစ်၊ ဒရော့ဂ်ဘာတို့မှာမူ လမ်းပါ့ဒ်၏လှုပ်ရှားမှုများကိုပင် မမြင်နိုင်လိုက်ကြချေ။ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ခန္ဓာကိုယ်တည်ဆောက်ပုံအားလေ့လာကာ ဖှေးရေးဆွဲထားသည့် အတွင်းအားစီးကြောင်းများမှာ လျို့၀ှက်သည့် စွမ်းအားများပါ၀င်နေ၏။ အလင်းလတ်သီးတွင် အသုံးပြုထားသည့်အတွင်းအားစီးကြောင်းများမှာ အမြန်နှုန်းနှင့် စွမ်းအားကိုအလေးထားကာမြင့်တင်ပေးသည့်အပြင်လျှပ်စစ်စီးကြောင်းများကိုလည်း ထုတ်လွှတ်ပေးသည်။ ထိုလျှမ်စီးများမှ ရန်သူ၏အာရုံများကိထွေပြားစေနိင်သည်။

“ဖုန်း ဖုန်း ဖုန်း ဖုန်း”

ကျယ်လောင်သည့် အသံကြီးများနှင့်အတူ လူလေးဆယ်မှာ လေပေါ်၌မှာပင် ပေါက်ကွဲသွားပြီး သွေးမိုးများအဖြစ်ရွာကျလာတော့သည်။ ထိုလူများမှာ သာမန်စစ်သည်များသညဖြစ်သည်။ လမ်းပါ့ဒ်၏မရေတွက်နိုင်လောက်အောင်မြန်ဆန်သည့် လက်သီးချက်များကို ခံစားရအပြီးတွင် သူတို့၏အသားများအရိုးများမှာ အစိတ်စိတ်အမွာမွာဖြစ်သွားခဲ့ခြင်းပင်။ လေတိုက်ခတ်လိုက်ရာမှ သွေးမိုးများအဖြစ်သို့ပြောင်းလဲသွားကာ မြေပြင်သို့ပြ့န်လည်ကျဆင်းလာတော့သည်။ သို့သော် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာအလွန်ကောင်းလှသည်။

All Chapters