← Chapters

ပြာယာခတ်နေခဲ့ပြီ

Vol. 13 Ch. 181

ပြာယာခတ်နေခဲ့ပြီ

Vol. 13 Ch. 181

ဘာသာပြန် = စနိုးဝှိုက်

ဝိုက်ဘို။

ယန်ယွဲ့ချန်ဟာ ကျောင်းလီနဲ့ ချန်ဂျန် တို့ကို ထောက်ခံထားတာဖြစ်ပြီ..သူမ ဒီဗီဒီယိုကို ကြည့်ပြီးတဲ့ နောက်မှာ..အရင်ပို့စ်ကို တိတ်တဆိတ်ပဲ ပြန်ဖျက်လိုက်ပါတယ်။

သို့ပေမယ့် မြို့သားတွေဟာ သူမကို လွှတိပေးမယ့် ပုံစံမရှိကြပါဘူး။

"ပို့စ်ကို ပြန်ဖျက်နေလည်း အပိုဘဲ ငါတို့ စခရင်ရှော့ ရိုက်ထားပြီးသား.."

"ဘာဖြစ်တယ်..ချန်ဂျန်က ဘယ်လို...နင်လေးစားရတဲ့ ဆရာမ..ဟုတ်လား..ကြည့်ရတာ နင်လည်း ကျောင်းလီရဲ့ လက်ကနေ ထွက်လာတာပဲထင်တယ်။အခုကစပြီး ဆယ်လီလို လုပ်မနေနဲ့တော့..ငါတို့အကုန်လုံး နင့်ရဲ့ အစစ်အမှန်ပုံကို သိလိုက်ပြီ"

"ငါ ယန်ယွဲ့ချန် ..နာမည်ကို ရင်းပြီး လေးစားရတဲ့ ဆရာမ ချန်ဂျန် ဒါမျိုးမလုပ်ဘူး ဆိုတာ ကျိန်ရဲတယ်.ဘလာ ..ဘလာ..."

"ဒီနေ့က အကုန်လုံးရှင်းလင်းသွားတဲ့ နေ့ပဲ သူမက လုံးဝ လူကောင်းတစ်ယောက် မဟုတ်ဘူး"

ယန်ယွဲ့ချန်ဟာလည်း သူမ ဝင်ပါခဲ့မိတာကို နောင်တရပေမယ့် အခုတော့ အရမ်းနောက်ကျသွားခဲ့ပါပြီ။

အဲ့အချိန်တုန်းက သူမရဲ့ ဆရာမကို တကယ်လေးစားနေခဲ့တာပါ..ဒီလို အပြောင်းအလဲ ကြီးဖြစ်သွားလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး။

အဆုံးမှာတော့ သူမဟာ ဝိုက်ဘိုကို..ပိတ်လိုက်တယ်..တစ်စုံတစ်ယောက်ဟာ မမြင်ရတဲ့ အရာကို စိတ်ဆိုး နေမှာ မဟုတ်ပါဘူး။

သို့ပေမယ့် လက်ရှိ ပိုပြီး..ခံစားနေရတာက ကျောင်းချန်းယုပါ။သူ့ရဲ့ ဝိုက်ဘိုပို့စ် ကို ပြန်ဖျက်ပြီးပေမယ့်လည်း..မြို့သားတွေက စခရင်လျော့ရိုက်ထားပြီးပါပြီ။

"ဘာဖြစ်တယ်..ကျောင်းလီက မင်းရဲ့ တစ်ယောက်ထဲနေတတ်တဲ့အကျင့်ကို ဖြေဖျောက်ပေးခဲ့တယ်ဟုတ်လား..ကြည့်ရတာ ကျောင်းလီက မင်းကိုလည်း..တူညီတဲ့ နည်းလမ်းအတိုင်း လုပ်လွှတ်လိုက်တယ် ထင်တယ်"

,

"ညီအစ်ကို တို့..ငါလေ့လာ ကြည့်သလောက်တော့ ဒီကောင်က အခြောက်လိုလို ဘာလိုလိုနော်။ဒီကောင် အောင်မြင်ချင်ပြီး..ကိုယ့်ကိုကို ကျောင်းလီကို ထိုးကျွေး ခဲ့တာက အံ့သြစရာတော့မဟုတ်ဘူး"

"စောက်ကျိုးနဲ့..ငါနောက်ထပ်အား မပေးတော့ဘူး"

......

ကျောင်းလီ နဲ့ ချန်ဂျန်ကို ထောက်ခံခဲ့ကြတဲ့ ဆယ်လီတိုင်းဟာ ပြာယာခတ်နေခဲ့ကြပါပြီ။အခြေအနေတွေ ဒီလို ပြောင်းလဲ သွားလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။

အခြေအနေကို သိလိုက်ကြတာ နဲ့ သူတို့ အလျင်အမြန်ပဲ ပိုစ်တွေ ဖျက်လိုက်ကြပါတယ်။သူတို့ ထပ်ပြီး မပါချင်ကြတော့ပါဘူး။

တကယ်လို့ ဒီကိစ္စမှာသာ နက်နက်ရှိုင်းရှိုင်း ပါဝင်မိခဲ့ရင်..သူတို့ အချိန်အကြာကြီး တည်ဆောက်ထားခဲ့တဲ့..နာမည်ဟာ နစ်မြုပ်သွားမှာပါ။

အဲ့အချိန်မှာပဲ ကျောင်းလီ နဲ့ ချန်ဂျန် လက်ကနေ ထွက်လာပြီး အောင်မြင်လာခဲ့တဲ့ ဆယ်လီများဟာ မုန်းတီးစွာနဲ့ ပို့စ်တင်လိုက်ကြပါတယ်။

သူတို့ ဒီကိစ္စရဲ့ ကြံရာပါ မဖြစ်ချင်ကြပါဘူး။

ကျောင်းလီ နဲ့ ချန်ဂျန်တို့ဟာ ဒါကို တွေ့ပြီး အံ့သြသွားခဲ့ကြတယ်..ဒီ ဗီဒိယို ဘယ်လို ထွက်ပေါ်လာလဲ သူတို့ မစဥ်းတတ်အောင်ပါပဲ။

ဒီ ဗီဒီယိုကို ကျွမ်းကျင်သူတွေဟာ စစ်ဆေးပြီးသွားကြပြီး..အစစ်အမှန် ဖြစ်ကြောင်း လက်ခံခဲ့ကြပါတယ်။ကြယ်အလင်းကျောင်းရဲ့ ခေါင်းဆောင်တွေကတော့ အတော်ကို စိတ်ပူလို့ပါ။

သူတို့ ဒီကိစ္စ စဖြစ်ကတည်းက သံသယ ဖြစ်နေကြတာ ဆိုရင်လည်း မမှားပါဘူး။သို့ပေမယ့် ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ ဒီကျောင်းမှာ အဆင့်အတန်းမြင့် တော့ သူတို့ကိုပဲ ယုံကြည်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။

ဒါကြောင့် သူတို့ဟာ ကောလာဟလ ကို အကောင်းဆုံး ဖုံးကွယ်ပေးဖို့ ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့ ကျောင်းရဲ့ ဂုဏ်သတင်း ထိခိုက်ခဲ့ရတာပါပဲ။

အခု ဒီလို သက်သေထွက်လာတော့ ဘာမှ ငြင်းခုန်နေစရာ မလိုတော့ပါဘူး။

တစ်ခြားတစ်ဘက်မှာ။

ကြယ်အလင်း ရုပ်ရှင်ကျောင်းရဲ့ ဒါရိုက်တာဟာစခရင်ပေါ်က နှစ်ယောက်ကို လက်ညိုးထိုးပြလိုက်တယ်..သူတော်တော်ကို ဒေါသထွက်နေခဲ့ပါပြီး စကားတောင် မပြောနိုင်တော့ပါဘူး။

သူတကယ် ကစားခံခဲ့ရတာပါ။

ဒီကိစ္စဟာ အစပိုင်းတော့ သူတို့မှန်သလိုလိုနဲ့ ဗီဒီယို ထွက်ပေါ်လာတဲ့ အချိန်မှာတော့ လူတိုင်းရဲ့ စိတ်ဆိုးဒေါသထွက်မူကို ခံနေရပါပြီ။သူတို့သာ သင့်တော် တဲ့ ဖြေရှင်းချက်ကို မပေးနိုင်ရင်..ဒီနှစ်ယောက်ကြောင့် သူတို့ကျောင်း ဂုဏ်သတင်း နစ်မြုတ်ရတော့မှာပါ။

ကြယ်အလင်း​ကျောင်းဟာ ကြောချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အခု ဗီဒီယိုဟာ ထင်မထားလောက်အောင် ပျံ့နှံ့သွားတော့ တစ်ခုခု လုပ်ဖို့ ဆိုတာကလည်း နောက်ကျ သွားခဲ့ပါပြီ။

တကယ်လို့ ဒီကိစ္စကိုသာ ဆက်ပြီး မသိချင်ယောင် ဆောင်နေဦးမယ်ဆိုရင်.....ဒီတာဝန်က ဘယ်သူ့ ပခုံးပေါ်ကို တင်ရမှာလဲ....

"ကျောင်းလီ နဲ့ ချန်ဂျန်ဟာ စစ်ဆေးချင်ကို ခံနေရပါပြီ..အဖြေ မထွက်ပေါ်လာမချင်း သူတို့ ဘယ်မှ ထွက်ခွာသွားလို့ ရမှာမဟုတ်ပါဘူး"

သို့ပေမယ့် ဒီကြေညာ ချက်ကို မြင်တဲ့အခါမှ လူတွေက ပိုဒေါသထွက်လာခဲ့ကြပါတယ်။

"သက်သေ အထောက်အထားက ရှိပြီးနေပြီလေ..ဘာကို စစ်ဆေးရဦးမှာလဲ..စောက်ပေါတွေ"

"အပေါ်က ညီကို အလျင်မလိုနဲ့ အဖြေက မကြာခင်ထွက်လာမှာပါ"

"ကြယ်အလင်းကျောင်းက အခုဆို ငါတို့ထက်ပိုပြီး စိတ်တိုနေကြမှာပါ..လူနှစ်ယောက်အတွက်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို လဲမလား ကြည့်ရအောင်"

မြို့တော် ရုပ်ရှင်ကျောင်း။

"ကြယ်အလင်း ရုပ်ရှင်ကျောင်း ဒီကိစ္စကို မျှတအောင် ဆောင်ရွက်မယ် လို့ ကျွန်တော်တို့ မျော်လင့်ပါတယ်"

ရှန်ဟိုင်း ဒရမ်မာ ကျောငိး။

"အနုပညာလောကမှ ဒီလို တိရစ္ဆာန် တွေမလိုအပ်ပါ"

.....

တိမ်ဖြူလမ်း။

ဝူယူလန်ဟာ ပျော်ရွှင်စွာပြောလိုက်တယ်။

"မာစတာ လင်း တကယ်မိုက်တာပဲ ဒီ ဗီဒီယို ဘယ်ကနေ ရလာတာလဲ"

လင်းဖန် ပုခုံးတွန့်ကာ ပြောလိုက်တယ်။

"ပြောပြီးသွားပြီလေ..ဒေါင်းလော့ဆွဲရင်းရတာလို့ မယုံဘူးလား"

ဝူယန်လန် ဒီစကားကို မယုံကြည်သလို လူလိမ် ထျန်လည်း မယုံကြည်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေ ပြောင်းလဲ သွားလို့ သူတို့ အလွန်ပဲ ပျော်ရွှင်မိပါတယ်။

လင်းဖန် သူ့ရဲ့ ဝိုက်ဘိုကို ကြည့်လိုက်တဲ့ အချိန်မှာတော့။

"မာစတာ လင်း ..တောင်းပန်ပါတယ်..ငါကမင်းကျော်ကြားချင်လို့ လုပ်နေတယ်လို့ ထင်ခဲ့တာ"

"မာစတာ လင်းက ဒီလို လူမျိုးမဟုတိဘူး..သူလုပ်ရပ်တွေရဲ့နောက်မှာ အဓိပါယ် တစ်ခုခုတော့ ကျိန်းသေရှိတယ်"

!ငါ ဗီဒီယိုကို ကြည့်ပြီး အတော်ဒေါသထွက်မိတယိ..ဒီလို လူလည်း ရှိသေးတာပဲ"

"တစ်ချို့ ဆယ်လီတွေက မာစတာ လင်း သူတို့ကို အပြစ်တင်တာကို ခွင့်လွတ်ယုံမက မာစတာ လင်းကို တောင် ချီးကျုး နေကြသေးတယ်"

"ဒါပေမဲ့ ဗီဒီယိုကို ဒေါင်းလော့ဆွဲပြီး ရတာရောဟုတ်ရဲ့လား..ငါကတော့လိမ်နေတယ်လို့ ထင်နေမိတယ်"

"အပေါ်ကကောင် မာစတာ လင်းက ဗီဒီယို ကို ဒေါင်းလော့ဆွဲပြီး ရလာတာပေါ့။မင်းမာစတာလင်းကို ပြသနာ တက်စေချင်လို့လား"

......

အဲ့အချိန်မှာပဲ ဝိုက်ဘိုပေါ်က ပို့စ်တစ်ခုဟာ လင်းဖန် ရဲ့ အာရုံကို ဖမ်းစားသွားခဲ့ပါတယ်။

ဝက်ဆိုဒ် အရာရှိ :: ငါ ဒီဗီဒီယို နှစ်ခုကို ကြည့်ပြီးသွားပြီ..မာစတာလင်းရဲ့ စိတ်ထားလေးကတော့ ကောင်းပါတယ်။ဒါပေမယ့် ဒီမှာ တရားမဝင် အချက်အလက်တွေကို..သံသရရှိနေမိတယ်..ဒါကြောင့် ငါ ဝက်ဆိုဒ် စူပါဗိုက်ဆာ ကိုအကြောင်းကြားပြီးသွားပြီ..မာစတာ လင်း ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ်။

ဒီပို့စ်တက်လာတဲ့ အချိန်မှာ..မြို့သားတွေဟာ ဒေါသထွက်သွားခဲ့ကြပါတော့တယ်။

"ဝိုး ဘာလောဂျစ်တုန်းဟ..မာစတာ လင်း. က ဒေါင်းလော့ ဆွဲပြီးရတာလို့ ပြောပြီးပြီလေ..မင်းက ဘာကို ထပ်ပြီး သိချင်နေရသေးတာလဲ.."

"ခွေးသား..မာစတာ လင်းက ဗီဒီယိုကို ဟတ်ပြီး ရလာတာဆိုရင်တောင် ..သူကောင်းတာလုပ်တာပဲလေ။မင်းက ဘာကို စစ်ဆေးချင်တာလဲ"

"အတိအကျပဲ ယီးကို ဝက်ဆိုဒ် အရာရှိလား.."

"ငါထောက်ခံတယ်"

......

လင်းဖန် အစိုးရိမ် နေဆုံး အရာကတော့ တကယ်ကို ဖြစ်လာခဲ့ပါပြီ။

သိပ်မကြာခင်မှာပဲ..ဝက်ဆိုဒ် စူပါဗိုက်ဆာ အုပ်စုဟာ သူ့ဆိုင်ရှေ့ကို ရောက်လာခဲ့ကြပါတယ်။

လူတစ်ယောက်ဟာ ပြောလိုက်တယ်။

"မာစတာ လင်း..နေကောင်းလား..ကျွန်တော်က လီရှင်းရောင် , ရှန်ဟိုင်းက ဝက်ဆိုဒ် စူပါဗိုက်ဆာ တစ်ယောက်ပါ။ကျွန်တော်တို့ ဒီဗီဒီယို နဲ့ ပတ်သက်ပြီး မေးခွန်းနည်းနည်း မေးချင်ပါတယ်"

ဝက်ဆိုဒ် အရာရှိတွေဟာ မာစတာ လင်း လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လေးစားမိပေမယ့်လည်း..ဥပဒေကတော့ ဥပဒေပါပဲ။

လင်းဖန် :: ကောင်းပြီလေ..ပြသနာ မရှိပါဘူး။

လီရှင်းရောင် :: ဒီ ဗီဒီယိုကို ဘယ်လိုများ ရလာခဲ့တာလဲ ဗျ။

လင်းဖန် :: ကျွန်တော် ဒီဗီဒီယို ကို ဝက်ဆိုဒ် သေးသေးလေး တစ်ခုက ဒေါင်းလော့ဆွဲခဲ့တာ။ကျွန်တော်.အစက ဇာတ်ကား ဒေါင်းမလို့ပဲ..ဒါပေမဲ့ ဒီလို ဗီဒီယိုကို ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဝက်ဆိုဒ် အရာရှိဟာ မယုံကြည်ပါဘူး..သူတို့ မေးခွန်းအနည်းငယ်ကို မေးပြီးတဲ့ နောက်မှာ လင်းဖန် အိမ်အထိလိူက်ကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အိမ်ထဲတွင်။

လင်းဖန် ကွန်ပြူတာ အဟောင်းကို.လက်ညိုးထိုးကာ ပြောလိုက်တယ်။

"ဒီကွန်ပြူတာကို သုံးပြီး ဒေါင်းလော့ဆွဲခဲ့တာ..အခုတောင် ဇာတ်ကားတွေ ဒေါင်းနေတုန်းထင်တယ်။သိပ်တော့ မသေချာဘူး"

ဝက်ဆိုဒ် အရာရှိ တစ်ယောက်ဟာ..ကွန်ပြူတာ ဆီကို သွားလိုက်ပါတယ်။

လင်းဖန် ဒေါင်းနေတဲ့ ဇာတ်ကားတွေကို မြင်တဲ့ အချိန်မှာ ..သူ ကြောင်အသွားခဲ့တယ်..ဒီလို ဗီဒီယို တွေကို တစ်ထိုင်ထဲ ဒေါင်းလော့ဆွဲရအောင်..အတော် ဆရာကျတယ်လို့ တွေးlလိုက်မိပါတယ်။

နည်းပညာ ကျွမ်းကျင်တဲ့ အရာရှိဟာ..ဆက်ပြီးတော့ ခြေရာခံနေခဲ့တယ်..

အချိန်အတော်ကြာတဲ့ နောက်မှာ..သူလည်း ခြာခြားလညိနေခဲ့ပါပြီ။

သိပ်မကြာခင်မှာပဲ..အရာရှိဟာ မာစတာ လင်းအမှန်တကယ် ဝက်ဆိုဒ်ကနေ ဒေါင်းလော့ဆွဲ့ခဲ့တာလို့ တင်ပြလိုက်ပါတယ်။

ဝက်ဆိုဒ် စူပါဗိုက်ဆာဟာ ဒါကို မယုံကြည်ခဲ့ပါဘူး..သူတောင် မာစတာ လင်းရဲ့ စကေးတွေကို အံ့သြသွားပါသေးတယ်။

ဟိုခွေးသား နှစ်ကောင်က တကယ်ကို..အပြစ်ပေးခံသင့်တာပါ။

လီရှင်းရောင်ဟာ ပြောလိုက်တယ်။

"ကျွန်တော်တို့ ပြီးပါပြီ..ပူးပေါင်းမူအတွက်ကျေးဇူးတင်ပါတယ် မာစတာ လင်း..ဒီ ဗီဒီယိုတွေကို ဝက်ဆိုဒ်ကနေ ရတယ်ဆိုတာ မှန်ပါတယ်။ဒါပေမဲ့ ဒီဗီဒီယို တွေဟာ..နိုင်ငံထဲမှာပဲ ထားခွင့်ရှိပြီး..အပြင်ကို ဖြန့်ရင် တရားမဝင်ပါဘူး"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"နားလည်ပါပြီ ..နားလည်ပါပြီ"

* ဒင် *

ဗီဒီယို ဒေါင်းလော့ ဆွဲပြီးတဲ့ နောက်မှာ..ကျယ်လောင်ပြီး ရှင်းလင်းတဲ့ အသံကို ကြားလိုက်ရပါတယ်။

နည်းပညာ အရာရှိဟာ..လင်းဖန် ဆွဲနေတဲ့ ဝက်ဆိုဒ် ရဲ့ နာမည်တွေကို ထည့်ရေးနေတဲ့ အချိန်မှာပဲ..ဒေါင်းလော့ တွေဟာ ပြီးဆုံးသွားတာ တွေ့လိုက်ရတယ်။

သူ ဖိုင်ရဲ့ နာမည်ကို မြင်တဲ့ အချိန်မှာ စိတ်ဝင်စားသွားပြီး..ဖွင့်ကြည့်လိုက်ပါတယ်။

ဗီဒီယိုကနေ ထွက်လာတဲ့အသံဟာတော့...

"ဘူးသီး အရုပ်လေး...ဘူးသီး အရုပ်လေး..ခြင်းတောင်းထဲမှာ ပန်ပွင့် ခုနှစ်ပွင့် ရှိနေတယ်...မိုးတွေ..လေတွေ..လာနေပေမဲ့လည်း..လုံးဝမကြောက်ရွံ့မိပါဘူး..လာလာ..လာလာ..လာလာ..လာလာ.""

All Chapters