အကြီးအကဲခွေးရဲ့ လက်ဆောင် ကို လာမလုနဲ့
Vol. 13 Ch. 182
ဘာသာပြန် = စနိုးဝှိုက်
ဒီ ရိုးရှင်းတဲ့ ဘူးသီး အရုပ်လေး သီချင်းက လူများစွားရဲ့ ငယ်ဘဝကို လွမ်းမိုးထားပါတယ်။သူတို့ရဲ့ များပြားလှတဲ့ အချိန်တွေ နာရီတွေ ရုတ်တရက် ကုန်ဆုံးသွားသလိူပါပဲ။
စွယ်စုံကျမ်းဟာ အတော်ကို စနစ်တကျ လုပ်ထားပြီး..အရံအစီအစဥ်တောင် လုပ်ထားပေးခဲ့တာပါ..မသိရင် ဒီလို အခြေအနေကြုံရမယ်ဆိုတာ ကြိုသိထားတဲ့ အတိုင်းပါပဲ။
ဝက်ဆိုဒ် ကြီးကြပ်ရေးမူးက သူ့ကို အမှန်တကယ် မဖမ်းဆီး ချင်ဘူးဆိုနာ သူနားလည်ပါတယ်..သူတို့က တာဝန်အရလုပ်ရတာဖြစ်ပြီး..တရားမျှတမူကိုလည်း လေးစားကြရမှာပါ။
ဒီလိုအထောက်အထားတွေဟာ နက်ဝါ့ အကူအညီ ကျိန်းသေယူရမယ် ဆိုတာ ကို သူတို့သိထားပြီးသားပါ။သို့ပေမယ့် စိတ်ထဲမှာတော့ သူတို့ လင်းဖန်ကို ကျိတ်ပြီး လေးစားမိပါတယ်။
သူတို့သာ အမှန်တကယ် စုံစမ်းစစ်ဆေးတော့မယ် ဆိုရင် အခုလို စကားအနည်းငယ်လောက်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။
ဝက်ဆိုဒ် စူပါဗိုက်ဆာ တစ်ယောက်အနေနဲ့
လီရှင်းရောင် ဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး...
"ကံကောင်းပါစေ..ကျေးဇူးပြုပြီး..ကောင်းကင်မြေခွေး လုပ်နေတဲ့ အလုပ်တွေကို လိုက်မလုပ်ပါနဲ့။ဒီ အရည်အချင်းတွေကို ရိုးသားတဲ့ လူတွေ အတွက် သုံးပေးပါ။ကောင်းကင် မြေခွေးက တကယ်ကို ဆိုးရွားတဲ့ လူတစ်ယောက်ပဲ"
လင်းဖန် ရယ်မောလိုက်တယ်။
"ကျွန်တော်က အမြဲတမ်း နိုင်ငံသားကောင်း တစ်ယောက်ပါ"
အရာရှိတွေကို တံခါးဝနားလိုက်ပို့ပြီးမှ လင်းဖန်ဟာ ဆိုဖာ ခုံပေါ်မှာ ထိုင်ပြီး စိတ်သက်သာရာ ရသွားပါတော့တယ်။
သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ရှိလို့မှာ..လက်ရှိ သူ့မှာ စွယ်စုံအမှတ် ၁၈ မှတ်ပဲ ရှိတော့ ပေမယ့် ဒါက ထိုက်တန်တယ်လို့ ပြောလို့ရပါတယ်။
အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟာ သူ့ကို ဖုန်းခေါ်လာခဲ့တယ်။
"ညီအစ်ကို မင်းဘက်မှာ အကုန် အိုကေရဲ့လား..ဝက်ဆိုဒ်အရာရှိတွေနဲ့ ဝက်ဆိုဒ် ကြီးကြပ်ရေးမူးတွေက..မင်းကိုလာရှာကြတယ်ဆို.."
လင်းဖန် ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
"ပြသနာ မရှိဘူး..ကျုပ်လို နိုင်ငံသားကောင်းက ဘာပြသနာ ရှိနိုင်မှာလဲ.."
ဝမ်မင်ယန် :: ကြားရတာ ကောင်းတယ်..ငါကတော့ ငါ့နာမည်ကို သုံးပြီး မင်းအတွက် အာမခံ လုပ်ပေးဖို့တောင် ပြင်ဆင်ထားတာ"
လင်းဖန် ရယ်လိုက်တယ်။
"ကျုပ်ဖင်ကြီးကို အာမခံ ပေးပါလား..ကျုပ်လို နိုင်ငံသားကောင်းက ဘယ်တော့မှ ဥပဒေကို မဆန့်ကျင်ဘူး..ကျုပ် ဒီဗီဒီယိုကို တရားမဝင် ရလာတာ မဟုတိဘူး"
ဝမ်မင်ယန်ဟာ တွက်ချက်တတ်တဲ့ လူတစ်ယောက်လို ရယ်မောလိုက်ပါတယ်။
"ငါသာ မင်းပြောတာကို ယုံနေရင်..ခေါင်းမကောင်းတော့လို့ပဲ ဖြစ်မယ်"
သူဖုန်းချပြီး သိပ်မကြာခင် မှာပဲ နောက်ထပ် ဖုန်းတစ်လုံးဟာ ဝင်လာခဲ့ပါတယ်။
လူလိမ် ထျန်ဟာ ပြောလိုက်တယ်။
"အခြေနေ ဘယ်လိုလဲ..ပြသနာ မရှိဘူးမလား"
ဆိုးကျိူးတွေဟာ လင်းဖန် ရဲ့စိတ်ထဲမှာ ပေါ်လာပြီး..
"ကြည့်ရတာ..ကံဆိုးနေတယ်ထင်တယ်...ကျုပ်ထောင်ထဲ သွားရတော့မယ်"
"အာ.."
လူလိမ် ထျန်ဟာ အံ့သြသွားပြီး ပြောလိုက်တယ်။
"စိတ်မပူနဲ့..စိတ်ချလက်ချသွား..ငါမင်းအစားဒီဆိုင်ကို စောင့်ရှောက်ပေးထားမယ်"
လင်းဖန် :: ................
လူလိမ် ထျန်ဟာ စိတ်ပူတဲ့ အမူအရာ လုံးဝ မရှိပေ။သူက ကယ်တင်ဖို့ စကားတစ်ခွနိးမှတောင် မပြောပါဘူး..ဒီလူက တကယ့်လူပါ။
......
နောက်တစ်ရက်။
လင်းဖန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဝင်မပါတော့ပါဘူး။ကျန်တဲ့ ကိစ္စတွေက တာဝန်ရှိသူတွေ လုပ်ရမှာပါ..အခုလုပ်ထားတာတွေက သူအကောင်းဆုံးလုပ်ပေးနိုင်တာတွေပါပဲ။
သို့ပေမယ့် ရှောင်ရီမိုဟာ သူ့ကို သီးသန့် မက်ဆေ့ ပို့ထားခဲ့ပါတယ်။သူမဟာ ကျေးဇူးတင်စကားတွေပြောနေပြီး..တစ်ချိန်တည်းမှာပဲ. သူမဟာ တစ်ခုခုကို ပြောပြနေခဲ့ပါတယ်။
သူမအပေါ် ကျောင်းလီ နဲ့ ချန်ဂျန် ရဲ့ယုတ်မာမူတွေဟာ ပေါ်သွားခဲ့ပါပြီ..ကျောင်းရဲ့ စုံစမ်းစစ်ဆေးမူတွေ အပြီးမှာ သူမဟာ ကျောင်းကို ပြန်ခဲ့ရပြီး..လျှော်ကြေးတွေပါ ရရှိခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကြယ်အလင်းကျောင်းဟာ ရှောင်ရီမိုတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နစ်နာမူကို တာဝန်ယူပေးပြီး..ဝိုက်ဘိုပေါ်မှာလည်း တောင်းပန်ခဲ့ပါသေးတယ်။
ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ ဒီကိစ္စမှာ နစ်နစ်ရှိုင်းရှိုင်း ပါဝင်နေပြီး..ဒီ ဗီဒီယို ထဲက အချက်အလက်တွေအရ ဆိုရင် နောက်ထပ် ကြံရာပါတွေလဲ ရှိနေနိုင်ပါသေးတယ်။
သို့ပေမယ့် လူထုအမြင်ကို တည်ငြိမ်စေဖို့အတွက် သူတို့ ဒီကိစ္စကို ထပ်ပြီး မချဲ့ကားရဲတော့ပါဘူး။
တစ်ချိန်တည်းမှာပဲ လူကြီးပိုင်းတွေဟာ ဒီကိစ္စကို အလေးအနက်ထားပြီး..ကြယ်အလင်းကျောင်းကို ဖိအားတွေ အများကြီး ပေးနေခဲ့ပါတယ်။
ကျောင်းလီ နဲ့ ချန်ဂျန်တို့ဟာ ရာထူးကနေ ဖယ်ရှားခံကြရပြီ..စစ်ဆေးနေတုန်းပါပဲ..ဒါက သူတို့နှစ်ယောက်ရဲ့ အဆုံးသတိပါ။
သူတို့မှာ ဘယ်လောက်ပဲ နောက်ခံတွေ ရှိရှိ အသုံးမဝင်တော့ပေ။ဒီလို အခြေအနေမျိုးမှာ ဘယ်သူကမှ မရင်းရဲပါဘူး။
ဆိုင်ထဲတွင်။
အကြီးအကဲ ခွေးနီကိုးလပ်ဟာ လင်းဖန် ရဲ့ ခြေထောက်နားမှာ မျက်လုံးမှိတ်ပြီး တိတ်ဆိတ်စွာ လှဲနေခဲ့ပါတယ်။
လင်းဖန်ဟာ တော့ ဖုန်းသုံးနေခဲ့တယ်..သူ့ရဲ့ ဝိုက်ဘိုမှာ အစတုန်းက ဖော်လို တွေလျော့ကျသွားပေမယ့် အခုတော့ပြန်တက်လာခဲ့ပါပြီ။
သူ့ရဲ့ ပရိတ်သတ် တွေဟာ သုံးသန်းလောက်ရှိပါတယ်။
"ဟီးဟီး ငါအခုတော့ အင်တာနက်ဆယ်လီ ဖြစ်ပြီ"
သို့ပေမယ့် သူ့ရဲ့ ဖော်လို တွေဟာ အချိန်မရွေးပြန်ကျ သွားနိုင်တယ် ဆိုတာ သူသိပါတယ်..ဒါက သူလူတိုင်းရဲ့ အာရုံစိုက်မူတွေကို ရတုန်းလောက်ပဲ တက်လာတာပါ။
သူက အနုပညာရှင် ဆယ်လီ မဟုတ်သလို..ဖျော်ဖြေပေးတဲ့ အရည်အချင်းတွေလည်း မရှိပါဘူး။သူ့မှာ ဘာမှ ထူးခြားတာမရှိရင်..ပရိတ်သတ်တွေက မကြာခင်မှာပဲ မေ့လျော့သွားကြမှာပါ။
အဲ့အချိန်မှာပဲ ကျောက်ကျန်းယန်ဟာ ဖုန်းကို ကိုင်ပြီး..လင်းဖန် ဆီကို လျောက်လာခဲ့တယ်။
"မာစတာ လင်း..ပရိတ်သတ် တစ်ယောက် အနေနဲ့ ကျေးဇူးတင် စကားပြောပါရစေ"
သူ ပျင်းနေကတည်းက တိုက်ရိုက် ထုတ်လွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။စပြီး တိုက်ရိုက် ထုတ်လွင့်တဲ့ အချိန်မှာပဲ သူ့ပရိတ်သတ်တွေကတော့ လက်ဆောင် တွေေနေကြပါပြီ။
"ငါမာစတာ လင်းကို တွေ့နေရပြီ .စိတ်လှုပ်ရှားစရာပဲ"
"မပြောနဲ့တော့ လက်ဆောင်တွေပို့ကြ..မာစတာ လင်းက စောက်ရမ်းကြမ်းတယ်"
"666 ငါဒီကိစ္စကို အစကတည်းက စောင့်ကြည့်နေတာ မာစတာ လင်းတစ်ယောက်ပဲ ဒီလို ဝင်ပြောရဲတာ"
"မာစတာ လင်း ကျွန်မက မိန်းမလှလေးပါ။ရှင့်ကိုကြိုက်တယ်။.မာစတာ လင်းကျွန်မရဲ့ ကောင်လေး ဖြစ်ပေးနိုင်မလား"
"666 မိန်းကလေး မာစတာ လင်း သဘောမတူဘူးဆိုရင်..ငါသဘောတူလို့ရလား.."
နတိဘုရားဟောင် ဖြစ်ချင်တဲ့ကောင်လေး :
"မာစတာ လင်း ကျေးဇူးအရမ်းတင်တာပဲ..လွန်ခဲ့တဲ့ နှစ်ရက်က ပန်းခြံထဲမှာလမ်းလျောက်လိုက်တာ..အခုတော့ စော်ရသွားပြီ..FA မဟုတ်တော့ဘူး"
,
လင်းဖန် နောက်ဆုံးတော့ စကားပြောလိုက်တယ်။
"ဂုတ်ယူပါတယ် နတိဘုရားဟောင် ဖြစ်ချင်တဲ့ ကောင်လေးရေ..ကြည့်ရတာ ငါဟောထားတာ တိကျတယ် ထင်တယ်"
နတ်လုရားဟောင် ဖြစ်ချင်တဲ့ ကောင်လေး..
"မပြောနဲ့တော့..ဒီလထဲ ငါချီးပဲ စားရမယ် ဆိုရင်တောင်..ဒုံးကျည်တစ်ရာပို့ပြီး မာစတာ လင်းကို လေးစားကြောင်း ပြပေးမယ်"
လင်းဖန် : လက်ဆောင်တွေမလိုပါဘူး..ပိုက်ဆံတွေကို ချိန်းတွေ့ဖို့အတွက်ပဲသုံး..ချိန်းတွေ့ရင် ပိုက်ဆံ မရှိလို့ မဖြစ်ဘူးလေ။ဒုံးကျည် ပို့ချင်တယ် ဆိုရင်လည်း တစ်ခုလောက်ပဲပို့။
နတ်ဘုရားဟောင် ဖြစ်ချင်တဲ့ကောင်လေး
"နားလည်ပေးတဲ့ အတွက်ကျေးဇူးပါ မာစတာ လင်း တစ်ခုထဲက မလုံလောက်ဘူး။အခု အရင်ဆုံး ဆယ်ခု ပို့လိုက်မယ်..ကျန်တာကိုတော့ နောက်မှပေါ့"
ဒုံးကျည် ဆယ်ခုဟာ ပျံသန်းလာခဲ့တယ်။
ဒုံးကျည် တစ်ခုကို ဒေါ်လာ ၅၀၀ ရှိပါတယ်..နတ်ဘုရားဟောင် ဖြစ်ချင်တဲ့ကောင်လေးဟာ ဒေါ်လာ ၅၀၀၀ ကို မျက်စိတစ်မှိတ် အတွင်းမှာသုံးသွားတာပါ။
လင်းဖန် ကြည့်ရသလောက်ကတော့ တိုက်ရိုက်ထုတ်လွင့်တာက ..ဝင်ငွေတော်တော်ကောင်းမယ့်ပုံပါပဲ။ဒါတွေက သူတို့ရဲ့ စိတ်ထားလေးတွေကောင်းကြလို့ပါ။
"666 ညီအစ်ကိုက တကယ်အရည်အချင်းရှိတာပဲ"
"မာစတာ လင်းက လူကောင်းတစ်ယောက်ပဲ..တစ်ခြား တိုက်ရိုက်ထုတ်လွင့်တဲ့ လူတွေနဲ့ မတူဘူး..သူတို့က လက်ဆောင်ပဲ လိုချင်နေကြတာ"
"မာစတာ လင်း ဗေဒင်လေးတွက်ပေးပါ..ကျွန်တော် အနှစ်သုံးဆယ် ရှိနေပြီ..ကျွမ်းကျင်သင့်တဲ့ ပညာတွေတောငိ သင်ပြီးသွားပြီ ..အချစ်ကို ရှာဖို့ပဲ လိုတော့တယ်"
လင်းဖန် :: တောင်းပန်ပါတယိ..တကယ်လို့ ဗေဒင်မေးချင်တယ် ဆိုရင် ရှန်ဟိုင်း တိမ်ဖြူလမ်းကို လာမှ ရမယ်နော်။ဒီကနေပဲ စောင့်နေပါ့မယ်ဗျာ။
ကျောင်းကျန်းယန်ဟာ မာစတာ လင်း..ရဲ့ တိုက်ရိုက်ထူတ်လွင့်နေတာကို ကြည့်ပြီး မနာလိုတောင် ဖြစ်မိပါတယ်။
သူ့ရဲ့ တိုက်ရိုက်ထုတ် လွင့်မူမှာတောင် မာစတာ လင်းက သူ့ထက်ပိုပြီး သြဇာရှိနေသလိုပါပဲ။
ဝမ်းနည်းသလို ဖြစ်နေတဲ့ ကျောက်ကျန်းယန် ရဲ့ အမူအရာကို မြင်လိုက်ကြပြီး အားလုံးဟာ ရယ်စရာ ဖြစ်နေခဲ့ပါတယ်။
နတ်ဘုရားဟောင် ဖြစ်ချင်တဲ့ ကောင်လေး..
"အစ်ကို ယန်..ကျွန်တော် လက်ဆောင်က မာစတာ လင်းအတွက်နော်..ကိုယ့်ဟာကို မသုံးပစ်နဲ့ဦး"
ကျောက်ကျန်းယန်ဟာ သူ့နှာဖူးသူ ရိုက်ပြီး ပြောလိုက်တယ်။
"မင်းတို့က ငါမာစတာ လင်းရဲ့ လက်ဆောင်ကိုသုံးမယ်လို့ တွေးရဲတယ်လား..ဒါက နာကျင်စရာပဲ"
"666 အစ်ကိုယန် ..မငိုပါနဲ့"
"ကောင်လေး နတ်ဘုရားဟောင်..မင်းက ရိုးသားလွန်းတယ်..မင်းစကားလုံးတွေက အစ်ကို ယန်ကို နာကျင်စေသွားပြီ"
လင်းဖန် လည်း ဒါတွေကို ကြည့်ပြီး ရယ်မောလိုက်တယ်။
အဲ့အချိန်မှာပဲ အကြီးအကဲ ခွေး နီကိုးလပ်ဟာ ထိုင် နေရာကနေ ထလာခဲ့ပါတယ်။သူဟာ ခေါင်းကို မော့ပြီး တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်လိုက်တယ်။
သူဟာ အခုမှ နိုးလာတာ ဆိုတော့ သူ့မျက်လုံးတွေဟာ ရီဝေနေလို့ပါ။
ပရိသတ်တွေဟာ..အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ ပုံစံကို ကြည့်ပြီး အံ့သြကာ လက်ဆောင်တွေ ပေးပို့လိုက်ကြပြီး..
"အစ်ကိုယန်..ဒီလက်ဆောင်က အကြီးအကဲ ခွေး နီကိုးလပ် အတွက်နော်..သူ့ဆီကဟာကို လုမယူနဲ့ဦး"
ကျောက်ကျန်းယန် : ..........
လင်းဖန်လည်း ဒါကိုကြားပြီး.. ရယ်မောလိုက်တယ်..သို့ပေမယ့် သူဆိုင်အပြင်ကို ကြည့်မိလိုက်တဲ့ အချိန်မှာ တစ်ခုခုဖြစ်နေတာ သတိထားမိလိုက်ပါတယ်။