← Chapters

အစ်မဟောင်ရဲ့သမီးလေးပျောက်သွားပြီ

Vol. 13 Ch. 183

အစ်မဟောင်ရဲ့သမီးလေးပျောက်သွားပြီ

Vol. 13 Ch. 183

ဘာသာပြန် = စနိုးဝှိုက်

လမ်းတစ်ဖက်က အစ်မဟောင်ရဲ့ ဆိုင်ရှေ့မှာတော့ ရဲတွေ အများကြီးဟာ စုဝေးနေကြပါတယ်။တံခါးဝ နားမှာလည်း ဘေးပတ်လည်က ဆိုင်ပိုင်ရှငိ တွေ ရှိနေလို့ပါ။

လင်းဖန် သံသယဖြစ်စွာ မေးလိုက်တယ်။

"လူလိမ် ထျန်..အစ်မဟောင်ရဲ့ ဆိုင်မှာ ဘာတွေ ဖြစ်နေတာတုန်း"

လူလိမ် ထျန်ဟာ စီးကရက်ကို ဖွာလိုက်ပြီး ဖုန်းကို ချကာ ပြောလိုက်တယ်။

"ငါလည်း မသိဘူး..တစ်ချက်သွားကြည့်လိုက်ဦးမယ်"

ကျောက်ကျန်းယန်ဟာ ကင်မရာကို အပြင်ကို ရိုက်ပြလိုက်ပြီး..

"ကြည့် အပြင်မှာ. တစ်ခုခုဖြစ်နေသလိုပဲ..ဘာဖြစ်နေလဲ တော့ အစ်ကို ယန်လဲ မသိဘူး"

"အစ်ကို ယန် သွားပြီး စစ်ဆေးကြည့်ကြည့်.."

"ပြသနာ ရှိတဲ့ နေရာမှာ အစ်ကိုယန် ရှိနေသင့်တယ်။မြန်မြန်သွားပြီး ကျွန်တော်တို့ကို ပြပေးပါဦး"

...

လင်းဖန် တံခါးဝမှာ ရပ်နေပြီး..ပဟေဠိ ဖြစ်နေတဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်။ရုတ်တရက် လူလိမ် ထျန်ဟာ ပြန်ရောက်လာပြီး ပြောလိုက်ပါတယ်။

"ကိစ္စအကြီးကြီးတော့ ဖြစ်သွားပြီ..အစ်မဟောင်ရဲ့ သမီးလေး မရှိတော့ဘူး"

"ဘယ်လို ဖြစ်နိုင်မှာလဲ.."

လင်းဖန် ဆိုင်ကို လာတုန်းကတောင် ကလေးမလေးဟာ ..ကစားနေတုန်း ရှိပါသေးတယ်။

သူမ ရုတ်တရက် ဘယ်လို ပျောက်သွားတာလဲ...

ဝူယူလန်ဟာ လမ်းကို ဖြတ်သွားပြီး သွားကြည့်တဲ့ အချိန်မှာတော့ လင်းဖန်လည်း လိုက်သွားလိုက်ပါတဟ်။

သူတို့ အစ်မဟောင်ရဲ့ ဆိုင်နားကို ရောက်တဲ့ အချိန်မှာတော့ ဘေးနားက လူတွေက လေးနက်စွာ ဆွေးနွေးနေကြလို့ပါ။

ဒီကလေးပျောက်နေတာနဲ့ ပတ်သက်ပြီး သူတို့ဟာ ထင်မြင်ချက်တွေ အမျိုးမျိုးပေးနေခဲ့ကြလို့ပါ။

"ဘာဖြစ်တာလဲ"

လင်းဖန် အနားက ဆိုင်ပိုင်ရှင် တစ်ယောက်ကို မေးလိုက်တယ်။

"သူဌေးလေး အစ်မဟောင်ရဲ့ သမီးလေးပျောက်သွားတာလေ..သူမက တိမ်ဖြူလမ်းကို မိနစ် နှစ်ဆယ်လောက် ရှာပြီးတာတောင် မတွေ့တော့ ရဲကို ခေါ်လိုက်ရတာ..အခုရဲတွေ ရောက်လာပြီး စစ်ဆေးပေးနေကြတယ်လေ"

လင်းဖန်ဟာ အနည်းငယ် တိုးလိုက်ပြီး ဆိုင်ထဲကို ဝင်လိုက်တယ်..ဆိုင်ထဲမှာတော့ အစ်မဟောင်ရဲ့ မျက်နှာမှာ မျက်ရည်တွေနဲ့ ပြည့်နေပြီး.. ရဲအရာရှိတွေကို မေးခွန်းထုတ်နေခဲ့ပါတယ်။

"ငါ့ကလေးလေး"

အစ်မဟောင်ဟာ ဘာလုပ်ရမှန်းမသိတော့ပဲ သူမရဲ့ မျှော်လင့်ချက်တွေကို ရဲတွေဆီမှာပဲ ပုံအပ်ထားရတာပါ။

လင်းဖန် ရှေ့ကို တက်ပြီး မေးလိုက်တယ်။

"အစ်မဟောင် ဘာတွေ ဖြစ်ကုန်တာလဲ"

အစ်မဟောင်ဟာ လင်းဖန်ကို မြင်လိုက်တဲ့ အချိန်မှာ မျှော်လင့်ချက် အမျှင်တန်းလေးကို တွေ့လိုက်ရသလိုပါပဲ။

သူမဟာ လင်းဖန်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး..

"သူဌေးလေး..ငါ့ကို ကူညီရမယ်နော်..ငါ့ကလေးလေး မရှိတော့ဘူး။ငါ တိမ်ဖြူလမ်း အနှံ့ကို ရှာပြီးသွားပေမယ့်လည်း ရှာမတွေ့ဘူး"

လင်းဖန် အစ်မဟောင် ဘယ်လို ခံစားနေရမလဲ ဆိုတာကို နားလည်ပါတယ်။အဲ့အချိန်မှာပဲ အစ်မဟောင်ဟာ ရဲအရာရှိရဲ့ လက်မောင်းကို ညှစ်လိုက်ပြီး..

"ကလေးကို တွေ့ပြီလား..အခုထိ မတွေ့ရသေးဘူးလား.."

အစ်မဟောင်ဟာ ရဲ့အရာရှိရဲ့ လက်မောင်းကို နီရဲ သွားတဲ့အထိ ညှစ်နေခဲ့ပါတယ်..သို့ပေမယ့် ရဲအရာရှိဟာ ဒါကို စိတ်ထဲမထားပဲ ပြောလိုက်တယ်။

"စိတ်အေးအေးထားပါ..ကျွန်တော်တို့အခု ကင်မရာ မှတ်တမ်းတွေကို ပြန်ကြည့်နေပါတယ်"

လင်းဖန် ဆိုင်နောက်ဘက်က အခန်းလေးကို ဝင်သွားတဲ နောက်မှာ ရဲအရာရှိတစ်ယောက်ဟာ ကင်မရာမှတ်တမ်းကို ကြည့်နေတာ တွေ့လိုက်တယ်။

"အရာရှိ..အခြေနေဘယ်လိုလဲ..တစ်ခုခု ထူးခြားတာ တွေ့ပြီလား.."

ရဲသားလေးဟာ လင်းဖန်ကို တွေ့ပြီး ကြောင်အသွားခဲ့တယ်။သူ လင်းဖန်ကို မှတ်မိပါတယ်..သူ ခေါင်းဆောင်လီနဲ့ အမူတစ်ခုလိုက်တုန်းက တွေ့ဖူးတာပါ။

"ဘာမှ မတွေ့သေးဘူး မာစတာ လင်း..ကလေးမလေး ခွေးနဲ့ ဆော့နေတဲ့ နေရာမှာပဲ ရှိသေးတယ်။မကြာခင် အရေးကြီးတဲ့ နေရာရောက်တော့မှာပါ"

ရဲသားဟာ ပြန်ပြောလိုက်တယ်။

လင်းဖန်ဟာ စခရင်ကို ကြည့်လိုက်တဲ့ အချိန်မှာ..အမျိူးသမီး အနည်းငယ်..အက်ျီတွေကို ကြည့်နေတာ တွေ့လိုက်ရပါတယ်။

ကလေးကတော့ အပြင်မှာ အမွှေးထူထူ ခွေးမလေးနဲ့ ကစားနေခဲ့ပြီး..အစ်မဟောင်ကတော့ ကာစတန်မာတွေနဲ့ စကားပြောနေလို့ပါ။

"ခနလေး.."

လင်းဖန် ပြောလိုက်တယ်။

ရဲသားလေး စခရင်ကို ရပ်ကြည့်လိုက်တဲ့ အချိန်မှာ..အမျိုးသမီးကြီး တစ်ယောက်ဟာ ခေါင်းကို ငုံ့ပြီး သူမရဲ့..အမည်အသိအကြောင်းအရင်း တစ်ခုကြောင့် ဆိုင်ထဲကနေ ထွက်သွားခဲ့ပါတယ်။

အမွှေးပွ ခွေးမလေးကတော့ အမျိုးသမီးကြီး နောက်ကို လိုက်သွားလို့ပါ။

ပုံမှန်အရဆိုရင်တော့ ကလေးမလေးဟာလည်း ခွေးနောက်က်ို လိုက်သွားမှာပါပဲ။

စခရင်မှာတော့ အစ်မဟောင်ဟာ ..ကာစတန်မာတွေနဲ့ စကားပြောနေဆဲ ဖြစ်ပြီး..သူမ သမီး ဆိုင်ထဲကနေ ထွက်သွားတာ မသိတာ ထင်မှားပါတယ်။

ဒီအမျိုးသမီးကြီးရဲ့ မျက်နှာကို ကင်မရာမှာ ဖမ်းနိုင်ရင် ရှာရလွယ်ကူမှာဖြစ်ပေမယ့်လည်း..ကင်မရာမှာ ဒီအမျိူးသမီးရဲ့ မျက်နှာက ဝေဝါးနေခဲ့ပြီး ..ရှင်းရှင်းလင်းလင်း မတွေ့ရပါဘူး။

ရဲသားလေးဟာပြော လိုက်တယ်။

"ကင်မရာက ဒီလောက်ပဲ ရိုက်ထားနိုင်တယ်.ဒီအမျိုးသမီးကြီးကတော့ မသင်ကာ စရာပဲ။အပြင်က ကင်မရာတွေကို လည်း စစ်ဆေးကြည့်ရမယ်"

လင်းဖန် ပြောလိုက်တယ်။

"ဘေးနားက ဆိုင်တွေမှာလည်း ..စောင့်ရှောက်ရေး ကင်မရာတွေ တပ်ဆင်ထားတယ်မလား..သူတို့ ဘယ်ဘက်ကို ထွက်သွားလည် ငါတို့ မြင်ရင် မြင်နိုင်မှာပါ"

ပြီးတဲ့နောက်မှာတော့ ရဲတွေဟာ တစ်ခြားဆိုင်တွေရဲ့ ကင်မရာတွေကို စစ်ဆေးဖို့ သွားလိုက်ကြတယ်။

အစ်မဟောင်ဟာ လဲလျောင်းနေပြီး ..ဝူယူလန်ဟာ သူမကို ကြည့်ပေးနေလို့ပါ။လင်းဖန်ဟာ ရဲတွေနဲ့ အတူတူ လိုက်သွားတော့မယိ့ ..အချိန်မှာပဲ အစ်မဟောင်ဟာ ရုတ်တရက်..အားအင်တွေရလာပြီး ပြေးလိုက်လာခဲ့ကာ

"တွေ့ပြီလား..ကလေးကို တွေ့ပြီလား..."

လင်းဖန် နှစ်သိမ့်ဖို့ လုပ်လိုက်တယ်။

"အစ်မဟောင် စိတ်မပူပါနဲ့ ဘာဖြစ်လည်းဆိုတာ နည်းနည်းလောက်တော့ ခန့်မှန်းလို့ ရပါပြီ။အခု ဘေးနားက ဆိုင်တွေကို သွားပြီး စောင့်ရှောက်ရေး ကင်မရာတွေကို စစ်ဆေးတော့မှာ..မကြာခင် သဲလွန်စ ရမှာပါ"

ဘေးနားက ဆိုင်တွေရဲ့ ကင်မရာတွေ ဖမ်းမိနိုင်မယ်လို့ မျှော်လင့်ရပါတယ် .ကင်မရာ အများစုဟာ သူတို့ ဆိုင်တွင်းမှာသာ ရိုက်ထားတာ ဖြစ်ပြီး လမ်းပေါ်ကို ရိုက်မိဖို့ ဆိုတာကတော့ သိပ်ပြီး မလွယ်ကူပါဘူး။

အခုချိန်မှာ ဘေးနားက ဆိုင်ပိုင်ရှင်များဟာလည်း စိတ်ပူနေကြလို့ပါ..သူမတို့ဟာ အစ်မဟောင်ရဲ့ ရင်နှီးတာကြာပြီ ဖြစ်ပြီး အစ်မဟောင်ရဲ့ သမီးလေးကို လည်း ချစ်ကြပါတယ်။

တစ်ကယ်လို့ ကလေးကိုသာ မတွေ့ရရင်..သူတို့လည်း စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။

"ကိုယ့်ဆိုင်က ကင်မရာတွေကို အမြန်သွားပြီး စစ်ဆေးကြဟေ့..သဲလွန်စ ရရင်ရလိမ့်မယ်"

"ငါတို့ရဲ့ နက်ဝါ့ပိုင်း တွေက တိုးတက်နေတာလေ ကလေးရဲ့..ဓာတ်ပုံကိုတင် တင်ပြီး အကူ ညီတောင်းရင် မကောင်းဘူးလား.."

အစ်မဟောင်က တော့ ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး..သူမကိုယ် သူမသာ အပြစ်တင်နေခဲ့ပါတယ်။

"ဒါတွေ အကုန်ငါ့ကြောင့်ပဲ..ကလေးသာ ပြန်မလာရင် ငါဘယ်လို အသက်ရှင်ရမှာလဲ"

လင်းဖန် သူမကို နှစ်သိမ့်ဖို့ လုပ်လိုက်တယ်။

"အစ်မဟောင် စိတ်မပူပါနဲ့ ကျိန်းသေ ရှာပေးပါ့မယ်"

လူလိမ် ထျန်ဟာ သူ့ကို ဘေးကို ခေါ်သွားပြီး မေးလိုက်တယ်

"မင်း ဗေဒင် ပညာကို သုံးပြီး သူမ ဘယ်မှာလဲ တွက်ပေးလို့ မရဘူးလား"

လင်းဖန် ခေါင်းယမ်းပြီး ပြောလိုက်တယ်။

"မရဘူး..ဟိုအမျိုးသမီးရဲ့ မျက်နှာကို မြင်ရမှ သာ မျှော်လင့်ချက် ရှိလိမ့်မယ်"

လူလိမ် ထျန်ဟာ အနည်းငယ် စိတ်ရှုပ်သွားပြီး မေးလိုက်တယ်။

"ကလေးမလေးရဲ့ ဓာတ်ပုံရှိတယ်လေ ဘာလို့ အမျိူးသမီး ဓာတ်ပုံမှလဲ"

လင်းဖန် ပြောလိုက်တယ်။

"အသုံးမဝင်ဘူး..ကြိုးစားပြီးပြီ..ဖြစ်နိုင်ခြေတွေက အများကြီးပဲ"

လင်းဖန်ဟာ ရဲအရာရှိကို ထပ်မေးလိုက်ပါတယ်။

"လမ်းမပေါ်က ကင်မရာတွေကို ပြန်စစ်ဆေးလို့ မရဘူးလား..အဲ့ကဆိုရင်တော့ တွေ့မှာ သေချာတယ်"

ရဲအရာရှိဟာပြောလိုက်တယ်။

"ငါတို့ လူပို့ပြီးသွားပြီ..ဒါပေမယ့် အချိန်အရမ်းကြာပြီး..နောက်ကျသွားမှာ စိုးရိမ်ရတယ်"

အစ်မဟောင်ဟာလည်း ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပါဘူး။သူ တကယ်ကို လမ်းပျောက်နေခဲ့ပါပြီ။

"အစ်မဟောင်..ကလေးရဲ့ ဓာတ်ပုံကို လိုင်းပေါ်တင်လိုက်လေ။လူကောင်းတွေနဲ့ တွေ့ပြီး သူမကို ကူညီ ပေးမယ်လို့ မျှော်လင့်ရတာပဲ..တစ်ခါတစ်လေ..လူအင်အားများတာကလည်း အကျိူးရှိတာပဲ"

လင်းဖန်ဟာပြောလိုက်တယ်..သူကိုယ်တိုင်လည်း ခွန်အားတွေ မဲ့နေသလို ခံစားလိုက်ရပါတယ်။သူလည်း နတ်ဘုရား တစ်ပါး မဟုတ်ပါဘူး။သူသာ နောက်ယောင်ခံ လိုက်နိုင်တဲ့ အရည်အချင်း ရှိရင်..ပိုကောင်းမှာပါ။

"ဟုတ်တယ် .ဟုတ်တယ် ..လိုင်းပေါ်တင်ရမယ်..မျှော်လင့်ချက် ရှိဦးမှာပါ"

ဘေးနား က လူများဟာလည်း ကလေးမလေးကို ဘယ်လို ပြန်ရှာရမလဲ ဆိုတာ လေးနက်စွာတွေးတောနေကြပါတယ်။ဒီ လိုအဖြစ်ပျက်မျိူးနဲ့ ကြုံရတဲ့ အချိနိမှာ လူတိုင်းဟာ..ကူညီချင်ကြပြီး...စိတ်နှလုံး ကြင်နာကြပြီးသားပါ။

ကျောက်ကျန်းယန်ဟာ လည်း တိုက်ရိုက်ထုတ်လွင့်မူကို ပြောလိုက်တယ်။

"ဟဲလို လူတိုင်းပဲ . ကလေးမလေးကို ရှာလိုက်ရအောင်။မာစတာ လင်းရဲ့ အကောင့်မှာ ကလေးလေးရဲ့ ပုံကို တင်ပေးထားတယိနော်..ကလေးမလေးကို ရှာတွေ့ရင် အစ်ကို ယန်က မိန်းကလေးလို ဝတ်စားပြီး ဓာတ်ပုံရိုက်ပေးမယ်"

"ချီးပဲ..ဒါက ကလေး လူကုန်ကူးတဲ့ လူတွေပဲ ဖြစ်ရမယ်..တွေ့လို့ကတော့ သေတဲ့ အထိရိုက်ပြီသာ မှတ်ထား.."

"အားလုံးပဲ ဓာတ်ပုံကို သွားကြည့်ပြီး အမြန်ဖြန့်ဝေကြ"

"အစ်ကိုယန် ဒီလို မပြောရင်တောင် ကူညီပေးဦးမှာ ဒါပေမဲ့ အခုတော့ ပိုပြီး စိတ်တက်ကြွလာပြီ"

လင်းဖန် လည်း သူ့အကောင့်ကနေ ကလေးမလေးရဲ့ဓာတ်ပုံနဲ့ တကွပို့စ်တင်လိုက်ပါတယ်..ဒီနည်းလမ်းကသာ ကလေးမလေးကို ရှာတွေ့ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

အခုချိန်မှာ လင်းဖန်ရဲ့ ဝိုက်ဘို အကောင့်ဟာ အတော်​ကျော်ကြားနေပြီး ..ဒီပို့စ်တက်လာတာနဲ့ လူများစွာဟာ ပို့စ်ပြန်တင်ပေးလိုက်ကြပါတယ်။

All Chapters