← Chapters

ငါ့အချစ်ကလေး ရော

Vol. 13 Ch. 184

ငါ့အချစ်ကလေး ရော

Vol. 13 Ch. 184

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဆိုင်ထဲမှာ နေပြီး ကလေးမလေး ဘယ်မှာ ရှိနေလည်း ဆိုတာကို အတတ်နိုင်ဆုံး အဖြေထုတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။

နောက်ဆုံးမှာတော့..စွယ်စုံကျမ်းဟာ အစွမ်းထက်ပေမယ့် လည်း သဘာဝ တရားကို အများကြီး ဆန့်ကျင်မှာ မဟုတ်ပါဘူး။

ဗေဒင်ပညာရပ်ဟာ အရာရာ တိုင်းကို မြင်နိုင်ပေမယ့် လည်း မမြင်နိုင်တဲ့အရာတွေလည်းရှိပါသေးတယ်။အစကတော့ သူကိုယ်တိုင်းလည်း ကလေးရဲ့ ဓာတ်ပုံကို မြင်ရင် သိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

ကြည့်ရတာ ကောင်းကင်ဘုံက မျှတအောင် လူပ်ဆောင် ပေးထားတဲ့ပါပဲ။အပြစ်ရှိတဲ့လူတွေကို အပြစ်ဒဏ် မချမှတ်ရသေးပဲ လွှတ်မပေးလိုက်ချင်ပါဘူး။

သူတွက်ကြည့်တဲ့ အချိန်မှာ ကလေးသွားနိုင်ခြေရှိတဲ့ နေရာတွေ အများကြီးကိုပဲ တွေ့ခဲ့ရပါတယ်။

တကယ်လို့ ဒီအဖြစ်အပျက် မဖြစ်ခင်ရသာဆိုရင် ကလေးမှာ ဒီလိုအဖြစ်ရှိနိုင်တယ်ဆိုတာ သူဗေဒင်ဟောကြည့်တာနဲ့ တန်းသိရမှာပါ။သို့ပေမယ့် အခုကတော့ နောက်ကျသွားခဲ့ပါပြီ။

ဝူတန်ဟီ ဟာ လင်းဖန်ရဲ့ ဘေးမှာရှိနေပြီး ခေါင်းခါယမ်းကာ ပြောလိုက်တယ်။

"လူတွေပြောကြတာက ဗေဒင်ပညာက အနာဂတ်တွေကို ပြောင်းလဲ နိုင်တယ်တဲ့..ဒါပေမယ့် အဲတာက အန္တရာယ် မကျရောက်လာခင်ကိုပဲ ဆိုလိုတာလေ။တကယ်လို့ အန္တရာယ် ကျရောက်လာပြီဆိုရင် ဘာမှ လုပ်လို့ရတော့ မှာမဟုတ်ပဲ ကောင်းကံဘုံရဲ့ ဆန္ဒအတိုင်း လက်ခံရတော့မှာ"

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..ဝူတန်ဟီက ဒီစကားတွေကို သူ့ကို ပြောနေတာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သဘောတူပါတယ်။

ဝူယူလန်ဟာ စိုးရိမ်နေတဲ့ မျက်နှာနဲ့ မေးလိုက်တယ်။

"သတင်း တစ်ခုခုရမိသေးလား.."

လင်းဖန် ဝိုက်ဘိုကို စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ သီးသန့် မက်ဆေ့တွေ အများကြီးပါပဲ။သို့ပေမယ့် ဒီမက်ဆေ့ တွေဟာ သူ့ကို ပိုပြီးတောင် ဒေါသထွက်စေခဲ့ပါတယ်။

"ငါ့မှာ သတင်းရထားတယ်...ဒါပေမယ့် ဒေါ်လာ တစ်သောင်းလိုချင်တယ်"

"ငါဒီကလေးကို မြင်လိုက်တယ်..ဒါပေမယ့် မင်းကို ငါပြောမှာမဟုတ်ဘူးနော်..ဒီတိုင်းပဲ စိတ်ပူနေလိုက်တော့"

လူတိုင်းဟာ ဒီစာတွေကို မြင်လိုက်တဲ့ အချိန်မှာ အတော် ဒေါသထွက်သွားခဲ့ကြပါတယ်။

ကျောက်ကျန်းယန်ဟာ ဒေါသထွက်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ဒီလိူအချိန်မှာ ဒါမျိုးတွေ လာပြောရအောင်..ဒီကောင်တွေ ဝိဥာဥ်က ဘယ်လောက်တောင် ယုတ်ညံ့လိုက်မလဲ"

ဝူယူလန်ဟာ လည်း စိတ်ဆိုးစွာနဲ့..

"တကယ်လို့ အဲ့ကောင်တွေသာ ဒီနားမှာ ရှိလို့ ကတွေ ပါးတွေချည်းပဲ ရိုက်ပစ်မှာ"

.......

အနက်ရောက် ကားလေးတစ်စီးဟာ မီးပွိုင့် နေရာမှာ ရပ်သွားခဲ့ပြီး မီးပြောင်းဖို့ကို စောင်နေခဲ့ပါတယ်။

ကားထဲမှာတော့ အမျိုးသမီးကြီး နှစ်ယောက်ထိုင်နေပြီး..ရှေ့ခန်းမှာကားမောင်းနေတာကတော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ပါ။

ဝဝတုတ်တုတ် အမျိုးသမီးကြီးတစ်ယောက်ဟာ ကလေးမလေးကို ပွေ့ချီထားပြီး..သူမရဲ့ ခြေထောက်နားမှာတော့ ကြောက်လန့်နေတဲ့ ခွေးတစ်ကောင် ရှိနေခဲ့ပါတယ်။

"ဒီတစ်ခါ တော့ ငါတို့ဇာတာ တက်နေတယ်ထင်တယ်။ကလေးက တစ်ကယ် မဆိုးဘူး စျေးကောင်းကောင်း ရလိမ့်မယ်"

ဘေးနားမှာရှိနေတဲ့ အသားမဲမဲ မိန်းမကြီးဟာ ရယ်မောပြီး ပြောလိုက်ပါတယ်။

ခပ်ဝဝ အမျိုးသမီးကြီးဟာ ပြန်ပြောလိုက်တယ်။

"ဒီကလေးကို ငါတို့..ဝမ်အာမန်ဇီ ဆီရောင်းပြီး နိုင်ငံခြားကို တစ်ဆင့်ပြန်ရောင်းသင့်လား..ဒါမှမဟုတ် လီရှောင်ဘိုင် ဆီကို ရောင်းပြီး ကိုယ်လက်အဂ်ါ ဖြတ်တောက် ရောင်းစားသင့်လား.."

အသားမဲမဲ မိန်းမကြီးဟာ ကလေးမလေးကို ကြည့်လိုက်တယ်..ယင်းနောက် သူမဟာ နတ်ဆိုးဆန်တဲ့ အမူအရာပေါ်လာပြီး...

"လီရှောင်ဘိုင် ဆီကိုသာရောင်းလိုက်..သူမရဲ့ ခန္တာကိုယ်တွေ ဖြတ်တောက်ပြီး ရောင်းလိမ့်မယ်"

ကားမောင်းနေတဲ့ လူကြီးဟာ ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်။

"မင်းက အတော်ကို ရက်စက်တာပဲ..ကလေးက အတော်ငယ်သေးပြီး ချစ်စရာ လည်းကောင်းတယ်လေ။တကယ်လို့ ငါတို့ ဝမ်အာမန်ဇီ ဆီရောင်းရင် စျေးကောင်း ပိုရမှာ"

ခပ်ဝဝ အမျိူးသမီး ကြီး ဟာပြောလိုက်တယ်။

"ငါတို့ ဝမ်အာမန်ဇီ ဆီ ရောင်းသင့်တယ်လို့ ထင်တယ်။ဒီကလေးမ လေးက အတော်ချစ်စရာကောင်းတယ် ဆိုတော့...အနည်းဆုံး ဒေါ်လာ သုံးထောင်တော့ ရလိမ့်မယ်"

အဲ့အချိန်မှာပဲ ဒါရိုက်တာရဲ့ အမူအရာဟာ ပြောင်းသွားပြီး ပြောလိုက်တယ်။

"ခနလေး ရဲတွေလာနေတယ်"

ဒါရိုက်ဘာဟာ ကားတံခါးကို ချပြီး ပြောလိုက်ပါတယ်။

"ဆရာကြီး ပြသနာ ရှိလို့လား..."

ရဲအရာရှိဟာ ပြန်ပြောလိုက်တယ်။

"ဒီတိုင်း စစ်ဆေးနေတာ..လိုင်စင် တစ်ချက်ပြ"

ဒါရိုက်ဘာဟာ ရယ်မောပြီး လိုင်စင်ကို ကမ်းပေးလိုက်တယ်။

"ကျွန်တော် ကံကောင်းနေတယ်ထင်တယ်..ကျွန်တော် စစ်ဆေးခံနေရတာ သုံးခါရှိပြီ"

အရာရှိဟာလည်း လိုင်စင်ကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်ပါတယ်။

"စိတ်မကောင်းပါဘူး..အခု ဝိုက်ဘိုပေါ်မှာ ကလေးမလေး အခိုးခံလိုက်ရတယ်ဆိုပြီး သတင်းတွေ ပျံ့နှံ့နေတယ်လေ...ကြည့်ရတာ လူကုန်ကူးတဲ့ လူတွေ ပဲဖြစ်လိမ့်မယ်..ဒါကြောင့် တစ်ခုခု မသင်ကာ တာရှိရင် တာဝန်ရှိသူတွေကို အကြောင်းကြားပေးပါ"

ဒါရိုက်ဘာရဲ့ နှလုံးသားဟာတော့ တစ်ဒုံးဒုံး ခုန်နေတာပါ..သို့ပေမယ့် သူဟာ ပြုံးလိုက်ပြီး...

"ဟုတ်တယ် ဒီ ကလေးခိုးတဲ့ လူတွေက အတော်နှလုံးသားမဲ့တဲ့လူတွေ။ကလေးရဲ့ မိသားစုတွေ ဆိုဘယ်လောက်တောင် ခံစားနေရလိမ့်မလဲ"

ရဲအရာရှိဟာ လိုင်စင်ကို ပြန်ပေးလိုက်ပြီး.ပြောလိုက်တယ်။

"တကယ် ဝမ်းနည်းဖို့ကောင်းတာပဲ..နောက်က ကလေးက ဘာဖြစ်တာလဲ"

အမွှေးပွခွေးလေးဟာ အသံပေးဖို့ လုပ်နေခဲ့ပေမယ့်လည်း အသားမဲမဲ မိန်းမကြီးဟာ လည်ပင်းကို

တက်နင်းထားလိုက်ပါတယ်။

"ပန်းပွင့်လေး..တိတ်တိတ်နေ"

ခပ်ဝဝ မိန်းမကြီးဟာ..ကလေးမလေးကို ..ဖက်ထားလိုက်ရင်း..

"အရာရှိ..ကလေးက ဖျားပြီး အိပ်ပျော်နေတာလေ..အခု ဆေးရုံကို ခေါ်သွားမလို့"

အရာရှိဟာ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ ဒါဆိုရင်လည်း..အချိန်မဆွဲတော့ဘူး..ကလေးကိုသာ အမြန်ဆုံး ဆေးရုံခေါ်သွားလိုက် .ကလေးရဲ့ ကျန်းမာရေးက အရေးကြီးတယ်.."

ဒါရိုက်ဘာဟာ လိုင်စင်ကို ပြန်ယူလိုက်တယ်။

"ကျေးဇူးပါ ဆရာ..ကြိုးစားလိုက်ပါဦး"

ရဲအရာရှိဟာ ခေါင်းညိမ့်ပြလိုက်ပြီး..နောက်ထပ်ကားတွေဆီကို စစ်ဆေးဖို့ သွားလိုက်ပါတယ်။

ကားထဲမှာတော့..အသားမဲမဲ မိန်းမကြီးဟာ..ဖုန်းကို ဖွင့်ပြီး ဖွင့်ကြည့်လိုက်တယ်..သူမဟာ ချက်ချင်းပဲ လူသန်းပေါင်းများစွာ တင်နေကြတဲ့ ပို့စ်ကို တွေ့လိုက်ရပါတယ်။

"ဒါက ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး..ဒါက ဆယ်မိနစ်ပဲ ရှိသေးတယ် အတော်ပျံ့နှံ့နေပြီ"

ခပ်ဝဝ အမျိုးသမီးကြီးဟာ ပြောလိုက်တယ်။

"ကြည့်ရတာ ငါတို့ ဒီကလေးကို ငါတို့ ဝမ်အာမန်ဇီ ဆီရောင်းလို့ မရတော့ဘူးထင်တယိ..လီရှောငိဘိုင် ဆီကို ပဲရောင်းရတော့မယ်"

အသားမဲမဲ မိန်းမကြီးဟာ ခေါင်းညိမ့်လိုက်တယ်။

"အင်း..လီရှောင်ဘိုင်ကို အရင်ဆုံး ရေနွေးပူပူသုံးပြီး ကလေးမလေး မျက်နှာကို ဖျက်ဆီးထားခိုင်းရမယ်..မဟုတ်ရင် မှတ်မိရလွယ်ကူတယ်..ဒီခွေးကလည်း ရောင်းရဦးမယ်..ပိုက်ဆံ ဘယ်လောက်ရဦးမလဲ မသိသေးဘူး"

ဒါရိုက်ဘာဟာ ပြောလိုက်တယ်။

"ငါတို့ ကလေးကို ဖွတ်ထားဖို့ လူသူကင်းတဲ့ နေရာကို အရင်သွားကြမယ်..လီရှောင်ဘိုင်နဲ့ ဆက်သွယ်ပြီးမှ ညဘက်..ပို့ကြတာပေါ့။ဒါက အလုံခြုံဆုံး နည်းလမ်းပဲ"

............

တိမ်ဖြူလမ်း။

လင်းဖန်ဟာ လက်ရှိ ဝိုက်ဘိုမှာ..များပြားလှတဲ့ မက်ဆေ့ တွေအများကြီး ရှိနေခဲ့ပါတယ်။

သို့ပေမယ့် မက်ဆေ့ အများစုဟာ သူ့ကို အခြေအနေမေးနေကြတာဖြစ်ပြီး..အရေးကြီးတဲ့ အချက်အလက် တစ်ခုမှ မရှိတော့ပါဘူး။

ဘေးနားက ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ မေးလိုက်တယ်။

"မာစတာ လင်း..ဝိုက်ဘို အခြေအနေ ဘယ်လို ရှိလဲ"

လင်းဖန် ခေါင်းယမ်းပြီး ..

"အခုတော့ ဘာမှ ရှိတာမဟုတ်ဘူး..အခြေအနေက ဆိုးသထက်ဆိုးလာနေပြီ..တကယ်လို့ နောက်ထပ် ခြောက်နာရီလောက်သာ ဒီတိုင်း ဆက်သွားနေရင် ကလေးမလေး အန္တရာယ်ရှိနိုင်တယ်"

နောက်တစ်ယောက်ဟာ ခေါင်းယမ်းပြီး ဆက်ပြောလိုက်တယ်။

"ကြည့်ရတာ ကလေး..သူခိုးတွေက နည်းလမ်းတွေ ပိုပြီး ကျွမ်းကျင်လာတယ် ထင်တယ်။ကလေးဘယ်လို ယူသွားလဲ ဆိုတာတောင် ငါတို့ မသိလိုက်ကြဘူး"

"ဟုတ်တယ်..ငါ့သူငယ်ချင်းရဲ့ ကလေးတစ်ယောက်လည်း ခိုးခံလိုက်ရသေးတယ်။ဘယ်လိုရှာရှာ သူတို့ ပြန်မတွေ့ကြတော့ဘူးလေ"

အဲ့အချိန်မှာပဲ ဝူယူလန်ဟာ အစ်မဟောင်တို့ ဘက်ခြမ်းကနေ ပြန်လာခဲ့ပါတယ်။သူမဟာ အစ်မဟောင်ကို နှစ်သိမ့်ပေးဖို့ သွားပေမယ့်လည်း..အစ်မဟောင်ကတော့ ​မလှုပ်မယှက် ကျောက်ရုပ်ကြီး အတိုင်းပါပဲ။

လင်းဖန်မေးလိုက်တယ်။

"အစ်မဟောင် အခြေအနေ ဘယ်လို ရှိလဲ"

ဝူယူလန်ဟာ ခေါင်းယမ်းလိုက်ပြီး..

"သူမက မထူးဘူး..သူမယောက်ျားပြန်လာတာတောငိ သူမကို မဆူရဲဘူး..ပြန်ပြီး နှစ်သိမ့်ပေးနေရတယ်..ကလေးသာ မတွေ့ရင် သူမအခြေအနေ အတော် ဆိုးသွားမယ်ထင်တယ်"

လူတိုင်းဟာ ခေါင်းယမ်းလိုက်ကြတယ်..သူတို့ ကူညီပေးချင်ပေမယ့် ဘယ်လို ကူညီရမလဲ မသိကြတော့ပါဘူး။

အဲ့အချိန်မှာပဲ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဆိုင်အပြင်ကို ထွက်သွားးပြီး ခနအကြာမှာ စိတ်ပျက်နေတဲ့ အမူအရာနဲ့ နှစ်ကြိမ် ဟောင် လိုက်တယ်။

ဝုတ် ဝုတ်

ဟုတ်တာပေါ့..တစ်ခြားလူတွေက ဂရုမစိုက်ကြပေမယ့် လင်းဖန်ကတော့ ဒီအဓိပါယ်ကို နားလည်ပါတယ်။ဒီခွေး ပြောလိုက်တာက...

"ငါ့အချစ်ကလေး ဘယ်ရောက်သွားတာလဲ..သူက ဒီမှာ မရှိပါလား..."

"မင်းအချစ်ကလေးကို တစ်ယောက်ယောက်ခေါ်သွားပြီး..မင်းဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး"

လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ကို ကြည့်ပြီး လှမ်းပြောလိုက်တယ်။

ဘေးနားမှာ ရှိနေတဲ့ လူတွေ အကုန်လုံးဟာ စိတ်ရှုပ်သွားကြပါတယ်..မာစတာ လင်းက ဘာလို့ ခွေးကို စကားလှမ်းပြောနေတာလဲ နားမလည်နိုင်ကြပါဘူး။

ခွေးက နားလည်မှာ မို့လို့လား....

ကျောက်ကျန်းယန် ဟာ တိုက်ရိုက် ထုတ်လွင့်နေပြီး လက်ရှိအခြေအနေကို ဆွေးနွေးနေခဲ့တာပါ။

"ကြောက်စရာပဲ..မာစတာ လင်းက ခွေးနဲ့ စကားပြောနေတာလား..ဒါက စိုးရိမ်စရာပဲနော်"

.......

* ဝုတ် ဝုတ် *

အကြီးအကဲ နီကိုးလပ်ဟာ လင်းဖန် ဆီကို ပြေးလာပြီး မျက်နှာချင်းဆိုင်ကာ ​ဟောင်လိုက်တယ်။

"ငါ့အချစ်ကလေးကို တစ်ခြားလူခေါ်သွားလို့ မရဘူးလေ..သူ အနံ့ခံပြီး ပြန်လာမှာပေါ့"

လင်းဖန် အစကရယ်မောတော့ မလို့ပါ..ဒါပေမဲ့ တစ်ခုခုကို သတိထားမိလိုက်ပြီး အသည်းအသန်မေးလိုက်ပါတယ်။

"မင်း အနံ့ခံပြီး သူတို့နောက်ကို လိုက်လို့ ရလား.."

အဲ့အချိန်မှာတော့ အကုန်လုံး ဆွံ့အနေကြပါပြီ..မာစတာ လင်းက ခွေးနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြော နေခဲ့တာပါ။

သူတို့ နှစ်ယောက် တစ်ယောက်ပြောတာ တစ်ယောက် နားလည်ကြလား ဆိုတာတော့ သူတို့လည်း မသေချာပါဘူး။

လူတစ်ယောက်ဟာ မနေနိုင်တော့ပဲ ပြောလိုက်တယ်။

"မာစတာ လင်း..ခင်ဗျားက ကြင်နာတတ်ပြီး..စိတ်ပူနေမှန်း ကျုပ်တို့သိပါတယ်..ဒါပေမဲ့ ခွေးကို တော့ သွားအကူညီတောင်းလို့ မရဘူးလေ။သူလည်း ဘယ်ကူညီနိုင်ပါ့မလဲ"

All Chapters