အံ့သြစရာ အကြီးအကဲခွေး
Vol. 13 Ch. 185
ဘာသာပြန် = စနိုးဝှိုက်
လူတိုင်းတွေးနေကြတာကတော့..လင်းဖန် ရူးသွားပြီဆိုတာပါပဲ။
မဟုတ်ရင် သူဘာလို့ ခွေးတစ်ကောင်နဲ့ စကားပြောနေမှာလဲ....
ပိုပြီး အံ့သြစရာက သူတို့ဟာ အမှန်တကယ် စကားပြောနေသလိုပဲ..တစ်ယောက်ပြီးမှ တစ်ယောက်ပြောနေကြတာပါ။
လင်းဖန် ပြောလိုက်တဲ့ အချိန်မှာဆိုရင် သူတို့အကုန်လုံးနားလည်ပါတယ်..ဒါပေမဲ့ အကြီးအကဲ ခွေးနီကိုးလပ်ဟောင်တဲ့ အချိန်မှာတော့ သူတို့ နားမလည်ကြတော့ပါဘူး။
သူတို့ဟာ တစ်ခြားလူတွေ ကြားသလို " ဝုတ် ဝုတ် "ဆိုတဲ့ အသံသာ ကြားကြရပါတယ်။
လူတစ်ယောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း.အဆင်ပြေရဲ့လား"
သူတို့ မာစတာ လင်းလည်း တစ်ယောက်တည်း ပြောနေတာ လို့ပဲ တွေးလိုက်ကြပါတယ်။
လင်းဖန် သူတို့ကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး..ခွေးဆီကို ပြန်လှည့်လိုက်တယ်။
"မင်း သူမကို ရှာနိုင်လား.."
ဝုတ် ဝုတ်..
အကြီးအကဲ ခွေး နီကိုးလပ်ပြောတာကတော့..
"ဒါပေါ့ ..ငါရှာနိုင်တယ်..ငါ့နှာခေါင်းက အကုန်လုံးကို လိုက်ရှာနိုင်ပြီးသား.."
လင်းဖန် ဒါကိုကြားပြီး နှလုံးခုန်သံတွေ မြန်သွားခဲ့တယ် ..သူဒါကို စောစော မတွေးမိခဲ့တာကို တောင် အံ့သြနေမိခဲ့ပါတယ်။
သူ အကြီးအကဲ ခွေး နီကိုးလပ်ကို ပြောလိုက်တယ်။
"ငါမင်းကို တစ်ခုခု အနံ့ခံခိုင်းရင် မင်းပိုင်ရှင်ကို အနံ့ခံပေးနိုင်လား.."
အကြီးအကဲ နီကိုးလပ် : အင်း..ရတယ်။
လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်။
"ဒါဆိုရင် ငါတို့ကို ကူညီပြီး ရှာပေးပါဦး"
အကြီးအကဲ ခွေးနီကိုးလပ်ဟာ ထိုင်ပြီး ပြန်မေးလိုက်တယ်။
"ငါတို့က ဘာလို့ သူ့ကို ရှာရမှာလဲ"
လင်းဖန် :: သူမကို လူကုန်ကူးတဲ့ ကလေးတွေက ဖမ်းခေါ်သွားတာ ..အခု အန္တရာယ် ရှိနေပြီ။
အကြီးးအကဲ နီကိုးလပ်ဟာ သူ့ရဲ့ ခွေးမျက်လုံး တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်တယ်။
"လူကုန်ကူးတယ် ဆိုတာဘာလဲ..သူတို့က ဘာလို့ အန္တရာယ် ရှိတာလဲ"
လင်းဖန်ဟာ အကြီးအကဲ ခွေးနီကိုးလပ် နဲ့ ဆက်သွယ်ပြောဆိုနိုင်ပေမယ့် လည်း အဆုံးမှာတော့ ဒါက လူလို ဦးနှောက် မရှိတဲ့ ခွေးတစ်ကောင်ပဲ ရှိပါသေးတယ်။
ဒါကြောင့် လင်းဖန် တစ်ခြား အဆင်ပြေမယ့် နည်းလမ်းကို တွေးလိုက်ပါတယ်။
"မင်းသူမကို သာရှာတွေ့နိုင်မယ် ဆိုရင် .ပန်ကိတ်တွေ နေတိုင်းစားရမယ်ကွာ..မင်းစားချင်သလောက် စားခွင့်ရမှာနော်"
အကြီးအကဲ ခွေး နီကိုးလပ်ဟာ အစတုန်းက ကူညီဖို့ စိတ်ကူးလုံဝ မရှိပါဘူး..ဒါပေမဲ့ ဒီစကားကို ကြားတဲ့ အချိန်မှာ စိတ်လှုပ်ရှားစွာနဲ့ မတ်တတ်ထရပ်လာပါတော့တယ်။
* ဝုတ် ဝုတ် ဝုတ် ဝုတ် *
ဘေးနားမှာ ရှိနေတဲ့ လူတွေဟာ ဒီခွေး ဘာတွေ ပြောနေလည်း ဆိတာ နားမလည်ကြပေမယ့် ဒီခွေး အတော်ပျော်ရွှင်နေတယ် ဆိုတာကို တော့ သိလိုက်ကြပါတယ်။
တိုက်ရိုက် ထုတ်လွှင်မူ ထဲမှာတော့။
"ချီးပဲ မာစတာ လင်း ခွေးနဲ့ စကားပြော နိုင်ပြီး..ခွေးစကား နားလည်တယ်လို့တော့ မပြောနဲ့နော်"
"သေချာကြည့်ကြဦး..သူတို့ နှစ်ယောက်က အပြန်အလှန် စကားပြောနေကြတာနော်..မာစတာ လင်း စကားပြောပြီးတိုင်း အကြီးအကဲ ခွေးက ပြန်ဟောင်တယ်..အခုလည်း မာစတာ လင်း ပန်ကိတ်အကြောင်း ပြောလို့ သူတော်တော် ပျော်နေတဲ့ ပုံပဲ"
"ခွေးတွေက လူတွေရဲ့ ခံစားချက်ကို နားလည်တယ်လို့တော့ ငါကြားဖူးပါတယ်..ဒါပေမဲ့ ခွေးက လူစကား နားလည်တယ် လို့တော့ ငါမကြားဖူးဘူးနော်။TV တွေထဲက ခွေးတွေက အချိန်တွေ အများကြီး ယူပြီး သင်ကြားပေးထားရတာ။တကယ်လို့ သူတို့ တစ်ခြားလူတစ်ယောက်ယောက် ဆီက ကြားရင် နားလည်ကြမှာမဟူတ်ဘူး..သူတို့ရဲ့ ခွေးပိုင်ရှင်တွေက ငူတို့ ခိုင်းချင်တဲ့ အရာတိုင်းကို အချိန်အကြာကြီး သင်ပေးထားရတာ။ဒါပေမဲ့ အခု မာစတာ လင်းက ခွေးနဲ့ တိုက်ရိုက်ပြောနေတယ် ဆိုတော့.."
"မဖြစ်နိုင်တာ..သူက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ"
"ဒါက ငါ TV ထဲမှာ မြင်နေတဲ့ အတိုင်းနဲ့ နဲနဲတော့တူပါတယ်။ဒါပေမဲ့ မာစတာ လင်းလို. ခွေးနဲ့ တိုက်ရိုက် စကားပြော တဲ့ လူကိုတော့ မမြင်ဖူးဘူး။တကယ် အံ့သြဖို့ကောင်းတယ်"
"666...ငါသူတို့ ပြောတ အကုန်နားမလည်ပေမဲ့ လည်း နည်းနည်းထူးဆန်သလို တော့ ခံစားရတယ်နော်"
......
အဲ့အချိန်မှာပဲ လင်းဖန် မတ်တတ်ရပ်လိုက်ပြီး အစ်မဟောင်ရဲ့ အိမ်ကို လျောက်သွားလိုက်တယ်။
ဆိုင်ထဲမှာတော့ အစ်မဟောင်ဟာ..ခံစားချက်မဲ့စွာထိုင်နေခဲ့ပြီး ..သူ့ဘေးမှာတော့ လူကြီး တစ်ယောက် ရှိနေလို့ပါ။
လူကြီးရဲ့ မျက်နှာဟာလည်း နာကျင်မူကြောင့် ဖြူဖျော့နေပြီး..အစ်မဟောင်ကို ဆက်ပြီး နှစ်သိမ့် နေခဲ့ပါတယ်..သူဟာ ဒီခံစားချက်ကို သိပြီးသားဖြစ်လို့ သူမအပေါ် ဖိအားတွေ ထပ်မပေးချင်တော့ပါဘူး။
လူကြီးဟာ မာစတာ လင်း ဆိုင်ထဲကို ဝင်လာတာကို မြင်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။.သူမာစတာ လင်းဘယ်လောက် စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာကို သိထားပြီး..သူတို့မိသားစုအပေါ် အခုလို ကူညီပေးလို့ အရမ်းကျေးဇူးတင်မိပါတယ်။
လင်းဖန် ဆိုင်ထဲရောက်တာနဲ့ ပြောလိုက်တယ်။
"အစ်မဟောင် ဒီမှာ..ကလေးမလေးရဲ့ အဝတ်အစား ဒါမှမဟုတ် သူမ အမြဲတမ်းသုံနေကြ ပစ္စည်း ရှိလား.."
အစ်မဟောင် ဟာ မာစတာ လင်းကို ကြည့်လိုက်ပြီး..အားနည်းတဲ့ အသံဖြင့်..
"မာစတာ လင်း.."
လင်းဖန်ဟာ အလျင်အမြန်ပဲ ပြောလိုက်ပါတယ်။
"အစ်မဟောင်.အစ်မကလေးကို ပြန်လိုချင်တယ် ဆိုရင် မြန်မြန် အသိစိတ်ဝင်ပြီး ကျွန်တော်တောင်းတာသာ ပေးပါ"
ဘေးနားမှာ ရှိနေတဲ့ ရဲအရာရှိဟာ လင်းဖန်ကို သံသယ ရှိစွာမေးလိုက်တယ်။
"မာစတာ လင်း..အက်ျီနဲ့ ဘာလုပ်မလို့ တုန်း"
ဘေးနားမှရှိနေတဲ့ လူများဟာလည်း အလျင်အမြန် ပြန်ဖြေပေးလိုက်ကြပါတယ်။
"မာစတာ လင်းက ခွေးနဲ့ ကူပြီးရှာပေးမလို့ မြန်မြန် သူတောင်းတာ ပေးလိုက်..သူ့မှာ အဖြေတစ်ခု တကယ် ရှိလမ့်မယ်"
ရဲ အရာရှိဟာ ဒါကို ကြားပြီး ကြောင်အသွားခဲ့တယ်။ဒီအကြံက ကောင်းမှန်း သူသိပေမယ့်လည်း ..ဒါက.အချိန်တွေ အကြာကြီး လေ့ကျင့်ပေးပြီး မှရတာပါ။
ကလေးကို ဖမ်းသွားတဲ့ လူတွေဟာလည်း ဒီနေရာနဲ့ ဝေးတဲ့ နေရာကို ခေါ်သွားပြီးလောက်ပါပြီ။ကောင်းကောင်း လေ့ကျင့်ပေးထားတဲ့ ခွေးတောင် လိုက်ရှာနိုင်မှာ မဟုတ်ပါဘူး။
အစ်မဟောင်ဟာ ကြောင်တောင် တောင်ဖြစ်နေပြီး ဘာမှမတုန့်ပြန်တော့ပေ..သို့ပေမယ့် သူ့ယောက်ျားဟာ အလျင်အမြန်ပဲ သွားရှာလိုက်ပါတယ်။
"မာစတာ လင်း ဒီဥိီးထုပ်ဆိုရလား..ကျွန်တော် သမီးလေး ကျောင်းကိုသွားတိုင်း..အမြဲတမ်း ဆောင်းဖြစ်တယ်"
လင်းဖန် ဦးထုပ်ကို ယူလိုက်ပြီး ဆိုင်ထဲက အလျင်အမြန်ထွက်ခွာ သွားလိုက်တယ်။ဘေးနားမှာ ရှိနေတဲ့ လူတွေဟာလည်း မာစတာ လင်းနောက်လိုက်သွားလိုက်ကြပါတယ်..အစ်မဟောင်ရဲ့ ယောက်ျားတောင် သူ့မိန်းမကိုတွဲလာပြီး.ကျန်မနေချင်ခဲ့ပါဘူး။
ရဲအရာရှိဟာတော့ သံသယ ဝင်နေပြီး..ဒါလုံးဝ မဖြစ်နိုင်တဲ့ အရာလို့ ယုံကြည်နေခဲ့ပါတယ်။
လင်းဖန်ဟာ ဦးထုပ်ကို ဆိုင်အပြင်မှာ ထိုင်နေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ဆီကို ယူသွားလိုက်တယ်။
သူဟာ အကြီးအကဲ ခွေးနီကိုးလပ်ရဲ့ နှာခေါင်းနားကို ကပ်လိုက်ပြီး..
"အကြီးအကဲခွေး..ဒီအနံ့ကိုခံပြီး..ကလေးမလေးကို ရှာပေးပါ"
ရဲအရာရှိဟာ ဒီခွေးဆီကို ရောက်လာပြီး ..ဒါမျိုးပြောလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..သူလင်းဖန် နောက်နေတာလား လို့တောင် တွေးလိုက်မိပါတယ်။
ဝုတ် ဝုတ်
အကြီးအကဲ ခွေး နီကိုးလပ် : ငါအခု ပန်ကိတ်စားချင်နေသလိုပဲ။
လင်းဖန် လုံဝ တွေဝေမနေပဲ တွန်းလှည်းနားကို သွားကာ ပန်ကိတ်တစ်ခုလုပ်လိုက်တယ်။
ဘေးနားမှာ ရပ်နေကြတဲ့ လူတွေကတော့ ကြောင်အနေကြပါပြီ။လင်းဖန် ဘာတွေ လုပ်နေလဲ ဆိုတာ သူတို့ နားမလည်နိုင်ကြတော့ပါဘူး။
ဒီခွေးကို အကူညီတောင်းပြီး ကလေးမလေး ကိုရှာမလို့လား...
ဒါဆို သူဘာလို့ ရုတ်တရက် ပန်ကိတ်ထလုပ်နေတာလဲ..
ကျောက်ကျန်းယန်ဟာလည်း တိုက်ရိုက် ထုတ်လွင့်နေဆဲပါ။တိုက်ရိုက် ထုတ်လွင့်မူထဲက လူတွေလည်း ဆွံ့အနေကြပါပြီ။
"မာစတာ လင်းက ဘာလုပ်နေတာလဲ..သူ ပန်ကိတ်လုပ်ဖို့ အချိန်ရှိသေးတာလား.."
"မင်းတို့ဘာသိလို့လဲ..မင်းတို့ ခွေးရဲ့ မျက်နှာကို မမြင်လိုက်ဘူးလား ဗိုက်ဆာနေတဲ့ အမူအရာဖြစ်နေတာ."
"ချီးပဲ ဒီခွေးက အသုံးမကျဘူး..ဘာမှလုပ်မပေးသေးဘူး"
"666 အကြီးအကဲ ခွေးကို စောင့်ကြည့်ကြရအောင်.. သူ ကလေးမလေးကို မရှာနိုင်ရင်.တော့ ခွေးသားပဲ"
"ငါ သဘောတူတယ်"
"သူက အကြီးအကဲ ခွေးကို အစားအသောက်ကျွေးပြီး စိတ်ဓာတ်မြင့်တင်ပေးဖို့ လုပ်နေတာ"
အစ်မဟောင် ရဲ့ယောက်ျားဟာ သည်းမခံနိုင်တော့ပဲ ပြောလိုက်ပါတယ်။
"မာစတာ လင်း ခင်ဗျားမှာ အကြံဥာဏ်မရှိဘူး ဆိုရင်တောင်..ကျုပ်တို့ကိုတော့ မလိမ်ညာပါနဲ့"
လင်းဖန် လက်ဝေ့ယမ်းကာ ပြောလိုက်တယ်။
"စိတ်မပူနဲ့"
သူပန်ကိတ်ကို လုပ်ပြီး တဲ့ နောက်မှာ အကြီးအကဲ ခွေး နီကိုးလပ် ဆိုကို သွားပြီး ကျွေးလိုက်ပါတယိ။
အကြီးအကဲ ခွေး နီကိုးလပ်ဟာ ပန်ကိတ်ကို ကျေနပ်စွာ စားလိုက်ပြီးနောက်..ဦးထုပ်ကို အလျင်အမြန်ပဲ အနံ့ခံ ကြည့်လိုက်ပါတော့တယ်။
ဒါပြီးတဲ့ နောက်မှာ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး ဟောင်လိုက်တယ်။
ဝုတ် ဝုတ်
ဒါကို ကြည့်ပြီးနောက်မှာ..လင်းဖန်. အကြီးအကဲ ခွေး ဘာလုပ်ချင်နေလဲ မသိတော့ပါဘူး။သို့ပေမယ့် ခနအကြာမှာပဲ များပြားလှတဲ့ ခွေးဟောင်သံတွေဆက်တိုက် ထွက်လာပါတော့တယ်။
တစ်ချို့ခွေးတွေဟာ ဆိုင်တွေ ထဲကနေ ထွက်လာပြီး တစ်ချို့ ခွေးတွေဟာတော့ လမ်းထဲတွေကနေ ပြေးလာနေကြလို့ပါ။
တစ်
နှစ်
......
ဆယ်ကောင်။
အကြီးအကဲ ခွေးနီကိုးလပ် ရဲ့အော်သံဟာ သိပ်မကျယ်ပေမဲ့လည်း..ဒီခွေးတွေရဲ့ အကြားအားရုံဟာ အတော်ကောင်းပြီး ချက်ချငိးရောက်လာခဲ့ကြပါတယ်။
ဒီခွေးတွေကို မြင်လိုက်ကြတဲ့ လူတွေဟာ အံ့သြသွားကြတယ်။
"ဒီခွေးတွေက ဘယ်ကရောက်လာတာလဲ..ဘာလို့ ဒီလောက်များတာလဲ"
တိုက်ရိုက် ထုတ်လွင့်မူထဲမှာတော့။
"မိုက်တယ်..အကြီးအကဲ ခွေးမှာလည်း တပည့်တွေ ရှိတယ်ဟ"
"ချီးပဲ အရင်က ငါဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"စောက်ကျိုးနဲ့..ငါ တိုက်ရိုက်ထုတ်လွင့်နေမှန်းသာ မသိရင် ..ဇာတ်ကား ကြည့်နေတယ်လို့ ထင်မိမှာ..ခွေးလိမ္မာကားလေ"
ဝုတ် ဝုတ်
ဒီခွေး ဆယ်ကောင်လုံးဟာ အကြီးအကဲခွေး နီကိုးလပ်ရဲ့ အနားမှာ ဝန်းရံလိုက်ကြပါတယ်။
လင်းဖန် ဟာ ဒီခွေးတွေကို ကြည့်ပြီးအံ့သြသွားခဲ့တယ်..အကြီးအကဲ ခွေး နီကိုးလပ်က ဒီ လမ်းကို ရောက်တာမကြာသေးပဲ..ဒီကခွေးတွေ ကြားထဲမှာ ဆရာကြီးဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
"အကြီးအကဲ ခွေး နီကိုးလပ် အကုန်ရောက်ပါပြီ"
ခွေးတစ်ကောင်ဟာ ပြောလိုက်တယ်။
"အကြီးအကဲ ခွေး..ကျွန်တော် အရိုးစုတစ်ခု တွေ့ထားတယ် အတူတူ သွားစားရအောင်"
အကြီးအကဲ ခွေးဟာ အကောင်အနည်းငယ် သေးပေမယ့်လည်း တစ်ခြားခွေးတွေ သူ့ကို ကြောက်ရွံ့ရတယ် ဆိုတာ ထင်ရှားပါတယ်။
အကြီးအကဲ ခွေးနီကိုးလပ် :: ငါ့သခင်က ဒီအနံ့ကို လိုက်ရှာခိုင်းနေတယ်..တကယ်လို တွေ့မယ်ဆိုရင် ပန်ကိတ် အာမခံပေးတယိ။
ခွေးတွေအုပ်စုဟာ ဟောင်လိုက်ပြီး စတင်အနံ့ခံလိုက်ကြပါတော့တယ်။
လင်းဖန်ပြောလိုက်တယ်။
"မင်းတို့တွေ ဒီ အနံ့ရဲ့ ပိုင်ရှင်ကို တွေ့ပြီ ဆိုရင် ငါ့ဆီကို ပြန်လာခဲ့ကြ..ငါမင်းတို့ အတွက် အစာပြင်ပေးမယ်"
အကြီးအကဲ ခွေး နီကိုးလပ် ::: သွားကြတော့။
* ဝုတ် ဝုတ် *
တစ်ခြားလူတွေကတော့ ဒီမြင်ကွင်းတွေကို ကြည့်နေရင်း..ဘာတွေ ဖြစ်နေမှန်း လိုက်မမှီနိုင်ကြတော့ပါဘူး။
လူအုပ်ထဲက တစ်ယောက်ဟာ ပြောလိုက်တယ်။
"ငါ အိပ်မက်မက်နေတာလား.."
ရဲအရာရှိဟာလည်း ရေရွတ်လိုက်ပါတယ်။
"ဒါဘယ်လို ဖြစ်နိုင်မှာလဲ ."
တိုက်ရိုက် ထုတ်လွင့်မူထဲမှာ ရှိနေကြတဲ့ လူတွေလည်း ရှုပ်ထွေးနေကြပါပြီ..သူတို့ အကုန်လုံး ဒါမျိုး တစ်ခါမှ မမြင်ဖူး ကြပါဘူး။