အကြီးအကဲ ခွေးရဲ့စစ်ဆင်ရေး
Vol. 13 Ch. 186
ဘာသာပြန် = စနိုးဝှိုက်
"ချီးပဲ အကြီးအကဲခွေး နီကိုး လပ်က တကယ်မယုံနိင်စရာပဲ"
"တစ်ယောက်ယောက် ဖြေပေးကြစမ်းပါ..ဒီလို ခွေးမျိုးတွေက နတ်ဆိုးဝင်ပူးနိုင်လား.."
("ငါ့အမေက ဘာလို့ ထူးထောက်ပြီး..တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေလဲ လို့မေးနေတာ..ငါပြန်ဖြေလိုက်တယ်..အရမ်းတွေအံ့သြနေလို့ပါလို့"
"ဒါက ကမ္ဘာ့စံချိန်တောင် တင်သွားနိုင်တယ်နော်"
"ဒါမဖြစ်နိုင်ဘူး..မဖြစ်နိုင်ဘူး..ငါထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်"
တိမ့်ဖြူလမ်းမှာတော့။
လူတိုင်းအံ့သြသင့်နေကြပါပြီ..လူတိုင်းဟာ သူတို့မြင်နေကြရတဲ့ အရာကို သူတို့ မယုံကြည်နိုင်ကြတော့ပါဘူး။
လူတစ်ယောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း လာတွေဖြစ်နေတာတုန်း..ဒီခွေးတွေ အများကြီးကရော ဘာတွေလဲ.."
သူတို့ဟာ သရဲတစ်ကောင်ကို မြင်ခဲ့ကြရတဲ့ အတိုင်းပါပဲ။လူတိုင်းဟာ မာစတာ လင်းကို သာကြည့်နေကြပြီး..ဒါတွေကို မာစတာ လင်းလုပ်ထားတယ် ဆိုတာ နားလည်လိုက်ကြပါတယ်။
မာစတာ လင်းမှာ စွမ်းရည်တွေရှိမှန်းသိပေမယ့်လည်း..ဒီကိစ္စကတော့ အတော်ထူးဆန်းသွားပါပြီ။
လင်းဖန်ရယ်မောပြီး..တည်ငြိမ်စွာဖြင့်.
"စိတ်မပူနဲ့..ဒါက တကယ်အလုပ်ဖြစ်မှာပါ"
ရဲအရာရှိကတော့ လင်းဖန်ကို လူရောဟုတ်သေးရဲ့လားဆိုပြီး..အံ့သြနေတဲ့ အကြည့်နဲ့ ကြည့်နေခဲ့လို့ပါ။အခုလိုမျိူး ခွေးတစ်ကောင်နဲ့ စကားပြောနေတာကို သူ့လုပ်သက်တစ်လျောက်လုံးမှာ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အစ်မဟောင်ဟာ စိတ်လှုပ်ရှားနေခဲ့ပါတယ်..သူမဟာ လင်းဖန်ရဲ့ လက်ကို ဆုပ်ကိုင်ကာမေးလိုက်တယ်။
"မာစတာ လင်း ကလေးကို တကယ်ပြန်ကယ်နိုင်မှာလား..."
လင်းဖန် ခေါင်းညိမ့်ပြီးပြောလိုက်တယ်။
"စိတ်မပူပါနဲ့..ရှာတွေ့ဖို့က ရာခိုင်နှုန်းပိုမြင့်ပါတယ်"
အစ်မဟောင်ရဲ့ ယောက်ျားဟာလည်း..လင်းဖန်ဆီကို လျောက်လာလိုက်ပြီး..နောင်တရနေသော လေသံဖြင့်...
"မာစတာ လင်း..တောင်းပန်ပါတယ်..ကျွန်တော်ခုနက..တွေးနေတာက"
လင်းဖန် လက်ဝေ့ယမ်းကာ ပြောလိုက်တယ်။
"ကျွန်တော် နားလည်ပါတယ်..ဘယ်မိဘမဆို ဒီလိုပဲ တွေးမိမှာပဲလေ.."
ကျောက်ကျန်းယန်ကတော့ တိုက်ရိုက်ထုတ်လွင့်မူမှာ စကားပြောနေခဲ့ပါတယ်။
"အားလုံးပဲ အကြီးအကဲ ခွေး နီကိုးလပ်က သူ့ရဲ့တပ်ဖွဲ့တွေကို..ကလေးမလေးကို ရှာဖို့ လွှတ်လိုက်ပြီ..တကယ်လို့ အကြီးအကဲ ခွေး နီကိူးလပ်သာ ရှာနိုင်ခဲ့ရင် ဒီနေ့ကစပြီး သူကငါ့ရဲ့ အိုင်ဒေါပဲ"
" 1 "
"2 "
"အကြီးအကဲခွေး နီကိုးလပ် ကျိန်းသေအောင်မြင်လိမ့်မယ်"
လမ်းပေါ်မှာ တော့ ခွေးတွေ အုပ်စုဟာ လှည့်ပတ်ပြီး အနံ့ခံနေကြပါတယ်။
အကြီးအကဲ ခွေးဟာသူတို့နားကို ရောက်လာပြီး..အကြိမ်အနည်းငယ် ဟောင်ကာ ပြောလိုက်တယ်။
"အနံ့က နေရာသုံးနေရာကနေ ရနေတယ်..တစ်ဖွဲ့က ဟိုဘက်ကိုသွား..တစ်ဖွဲ့က ငါ့နောက်လိုက်ခဲ့.တကယ်လို့ မင်းတို့ ဘာမှ ရှာမတွေ့ဘူးဆိုရင်..ဒီနေရာကို ပြန်လာခဲ့ချေ"
ဝုတ် ဝုတ်
"ဟုတ်ကဲ့ပါ အကြီးအကဲ ခွေး.."
ဘေးနားက လူအုပ်ကြီးဟာတော့ သူတို့ရဲ့ မျက်နှာအမူအရာကြောင့် အံ့သြနေကြပါတယ်။ဒီခွေးတွေက တစ်ကောင်နဲ့ တစ်ကောင် စကားပြောနေကြသလို့ပါပဲ။ဒါပေမဲ့ ခွေးတွေက အချင်းချင်း စကားပြော နိုင်တယ် ဆိုတာ သူတို့ တစ်ခါမှ မကြားဖူးထားပါဘူး။
အဲ့အချိန်မှာ ပဲ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ခွေးတသမချို့ကို ခေါ်ကာထွက်သွားပြီး.ကျန်တဲ့ ခွေးတွေဟာ အုပ်စုနှစ်ခုခွဲကာ ထွက်သွားလိုက်ကြပါတယ်။
အကြီးအကဲ ခွေး နီကိုးလပ်ဟာ တစ်ခြားခွေး တွေထက်စာရင် အကောင်သေးပေမယ့်လည်း..ပြေးတာမှာ လုံးဝ နှေးမနေခဲ့ပေ။
တစ်ချို့လူတွေဟာ ဖုန်းတွေကို ထုက်ကာ ရိုက်ကူးနေကြပါတယ်..ဒီခွေးတွေ ဘယ်ကလာလဲ သူတို့ မသိကြတော့ပါဘူး။
အကြီးအကဲ ခွေးတွေ ရဲ့ နောက်လိုက်ခွေးတွေထဲက တစ်ခေါင်က အနည်းငယ်ဝပြီး အကောင်ကြီးမားတဲ့..ဟတ်စကီး တစ်ကောင်ပါ။
သူဟာ တော်တော်ဝေးဝေး ရောက်တဲ့ အချိန်မှာလျှာထွက်နေပြီး လှမ်းပြောလိုက်တယ်။
"အကြီးအကဲ ခွေး..ကျွန်တော် မောနေပြီ.ထပ်မပြေးနိုင်တော့ဘူး"
အကြီးအကဲ ခွေးဟာ ချက်ချင်းခေါင်းကို ပြန်လှည့်လိုက်ပြီး..ဟတ်စကီး ခွေးကို ကြည့်ကာ ..
"မိန်လုံး..မင်းငါ့လက်အောက် ခေါင်းဆောင်လေးယောက်ထဲက တစ်ယောက်မဟုတ်ဘူးလား. ဒီလိုလုပ်နေရင်.နောက်တစ်ခါ မင်းခေါင်းဆောင်မဟုတ်တော့ဘူး"
ဟတ်စကီးဟာ ဒါကို ကြားလိုက်တဲ့ အချိန်မှာ သစိတ်ကို တင်းထားလိုက်ပြီး အရင်ကထက် ပိုမြန်မြန် ပြေးဖို့ ကြိုးစားလိုက်ပါတယ်။
အကြီးအကဲ ခွေးနီကိုးလပ်ဟာ အော်ဟစ်လိုက်တယ်။
"မင်းက ငါ့နောက်လိုက်လေ..ငါ့ထက်အမြန်ပြေးပြီး မင်းဘာဖြစ်ချင်နေတာလဲ..နောက်က ဖြည်းဖြည်း လိုက်ခဲ့"
လမ်းကြားတစ်ခုကို ရောက်တဲ့အချိန်မှာ အကြီးအကဲ ခွေး နီကိုးလပ်ဟာ တစ်ခုခုကို အနံ့ခံမိပြီး ပြောလိုက်တယ်။
"တစ်ခုခု အန္တရာယ် ဖြစ်နေတယ်..လာငါ့နောက်လိုက်ခဲ့"
လမ်းကြားထဲမှာတော့ လူကြီးတစ်ယောက်ဟာ ခွေးတစ်ကောင်ရဲ့ လည်ပင်းကို ကြိုးနဲ့ တုတ်ဖို့ လုပ်နေခဲ့ပြီး..ခွေးဟာတော့..ဒဏ်ရာတွေ ကနေ သွေးတွေ ထွက်နေလို့ပါ။
လူကြီးဟာ ပြုံးလိုက်ပြီး..
"အနက်စစ်စစ် ဖော်မာဆန် မောင်တိန်ခွေးမျိုးတွေက ကျန်းမာရေးအတွက်ကောင်းတယ်"
သို့ပေမယ့် သိပ်မဝေးတဲ့ နေရာကနေ ခွေးဟောင်သံတွေ ကြားလိုက်ရတဲ့ အချိန်မှာ ပဟေဠိဖြစ်သွားခဲ့တယ်။
ဝုတ်ဝုတ်..
အဲ့အချိန်မှာပဲ..ခွေးအုပ်စုတစ်စုဟာ သူ့မြင်ကွင်းကို ပေါ်လာကာ သူ့ကို ဝိုင်းရံ ထားကြပါတော့တယ်။
အချည်ခံထားရတဲ့ ခွေးတောင်မှ သူ့ကို ပြန်ဟောင်နေခဲ့ပါပြီ။
လူကြီးဟာ ရယ်မောလိုက်ပြီး..
"ခွေးတွေထဲမှာ တစ်ချို့ခွေးတွေက စျေးကြီးတဲ့ ခွေးတွေတောင်ပါသေးတာပဲ..ငါသာ အကုန်လုံးကို ဖမ်နိုင်ရင် ကံကောင်းပြီးပဲ"
အကြအကဲ ခွေးဟာ ဒါကို ကြားပြီး ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်..သူ့ပုံစံက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
သူ့နောက်မှာ ရှိနေတဲ့ ခွေးတွေအားလုံးဟာလည်းလူကြီး ကို ဝိုင်းထားပြီး အဆင်သင့် အနေအထား လုပ်လိုက်ကြပါတယ်။
ခွေးတွေအကုန်လုံးကို ဖမ်းဖို့ လူကြီးဟာ အနည်းငယ် ကျောချမ်းပြီး ကြောက်ရွံ့မူကို ခံစားလိုက်ရတယ်။
ဝုတ်ဝုတ်
အကြီးအကဲ ခွေးနီကိုးလပ်ဟာ နီရဲနေတဲ့ မျက်လုံတွေနဲ့ဟောင်လိုက်တယ်..ဒါက လူကြီးကို သတိပေးနေသလိုပါပဲ။
လူကြီးဟာ ကြောက်ရွံ့သွားခဲ့ပါပြီ..ဒီမှာခွေးတွေက အများကြီးရှိပြီး ဟတ်စကီး ဆို သူ့တစ်ဝက်လောက် ရှိပါတယ်။တကယ်လို့ အကုန်လုံးသာ ရှေ့ကို တက်လာပြီး ဝိုင်းကိုက်ကြရင် ..သူ့ဘဝတော့ မတွေးရဲစရာပါပဲ။
သူ့ကြိုးနဲ့ ချည်ထားတဲ့ ခွေးဟာ စတင်ရုန်းနေခဲ့ပါပြီ။
လူကြီးဟာ ဘာတွေဖြစ်နေလဲ ဆိုတာ ချက်ချင်းနားလည်လိုက်ပြီး..သူဖမ်းထားတဲ့ ခွေးကို ကြိုးဖြေပြီး လွတ်ပေးလိုက်ပြီး..နောက်ပြန်လှည့်ကာ ထွက်သွားပါတော့တယ်။
အနက်ရောင်ခွေးဟာ အကြီးအကဲ ခွေး နီကိုးလပ် ဆီကို သွားပြီး ပြောလိုက်တယ်။
"ကူညီတဲ့ အတွက်ကျေးဇူးပါ"
အကြီးအကဲ ခွေး နီကိုးလပ်ဟာ ခနလောက်စဥ်းစားပြီးနောက်မှာ အကြိမ်အနည်းငယ်ဟောင်ပြီး လှည့်ထွက်သွားလိုက်ပါတယ်။
"ငါ့နာမည်က အကြီးအကဲခွေး နီကိုးလပ်..မင်းငါ့နောက်လိုက်ချင်ရင်..လိုက်ခဲ့"
ဝုတ်ဝုတ်
အကြီးအကဲ ခွေး နဲ့ တစ်ခြားခွေးတွေဟာ အနံ့ခံပြီး မူလ ဇစ်မြစ်ကို ရှာနေကြတဲ့ အချိန်မှာ ခွေးအမဲဟာလည်း တွေဝေချင်း မရှိလိုက်လာပါတော့တယ်။
ခုနက လူကြီးဟာ ကွယ်ရာကနေ စောင့်ကြည့်နေရင်း ကြောက်ရွံ့စွာတံတွေးကို မြိုချလိုက်တယ်။
"ငါ ဒီနေ့ သရဲကို မြင်လိုက်ရသလိုပဲ"
တိမ်ဖြူလမ်းမှာ ရှိတဲ့ လူတွေကတော့ ရလာဒ်ကိုစောင့်နေကြပြီး ..လူတွေဟာလည်း ပိုပိုပြီး များလာခဲ့ပါပြီ။
အစကတော့ သူတို့ ဘာတွေဖြစ်နေလာ်း မသိကြပါဘူး..နောက်မှ အချင်းချင်းမေးပြီး..မာစတာလင်း. ခွေးတွေနဲ့ စကားပြောပြီး..အစ်မဟောင်ရဲ့ သမီးလေးကို ရှာဖွေပေးနေမှန်း သိလိုက်ကြပါတယ်။
ဒီလူတွေအတွက်ကတော့ မယုံနိင်စရာလို ဖြစ်နေပြီး..မာစတာ လင်းခွေးနဲ့ စကားပြောတာ မတွေလိုက်ရလို့ နောင်တ ရနေကြလို့ပါ။
လူတစ်ယောက်ဟာ ပြောလိုက်ယ်။
"မာစတာ လင်း..မိနစ် နှစ်ဆယ် ကျော်နေပြီနော်..ဘာလို့ ဘာသတင်းမှ အကြားရသေးတာလဲ"
လင်းဖန်ကတော့ တည်ငြိမ်နေလို့ပဲ အကြီးအကဲ ခွေး နီကိုးလပ် ပြန်မလာသေးတာက သူဆက်ရှာနေလို့ပါ..သူသာ မတွေ့တော့ဘူးဆိုရင်.ကျိန်းသေပြန်ရောက်လာမှာပါပဲ။
သို့ပေမယ့် အကြီးအကဲ ခွေး ဘယ်လောက်ဝေးဝေးသွားနေရလည်း လင်းဖန်လည်း မသိပါဘူး။
လူသူရှင်းတဲ့ နေရာရှိ အဆောက်အဦးကြီးတစ်ခု၏ ပထမထပ်မှာတော့..အကြီးအကဲ ခွေး နီကိူးလပ်ဟာ ညွှန်ကြားလိုက်တယ်။
"မင်းပြန်ပြီး အကြောင်းကြားလိုက်..ငါတို့ ရှာနေတာကို တွေ့ပြီလို့"
ချီဟွာဟွာ ခွေးမလေးဟာ ပြန်ဟောင်လိုက်တယ်။
အကြီးအကဲ ခွေးဟာ သူမ ခွေးမတစ်ကောင်ဖြစ်ပြီး ဒီမှာ ဆက်ရှိနေရင်လည်း အကူညီမပေးနိုင်ဘူးဆိုတာ သိပြီးသားပါ။သူမရဲ့ ခွန်အားတွေကလည်း အကန့်အသတ်ရှိတာကြောင့် နောက်ထပ်ကိစ္စကို ဝင်မပါစေတော့ပဲ ဒီတာဝန်ကို ပေးလိုက်ရတာပါ။
လမ်းခွဲပြီး ရှာလိုက်ကြတဲ့ ခွေးတွေဟာလည်း အကြီးအကဲ ခွေးနီကိုးလပ် ရှိရာ နေရာကို ရောက်လာခဲ့ကြပါပြီ။
ဝုတ် ဝုတ်
ဝုတ် ဝုတ်
ခွေးတွေအများကြီးဟာ အကုန်စုဝေးမိပြီး ဟောင်လိုက်ကြတယ်။
"အကြအကဲ ခွေး..ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
ခွေးတစ်ကောင်ဟာ မေးလိုက်တယ်။
"ဒီအနံ့က အပေါ်ကနေလာတာ"
"ကျွန်တော်တို့ တာဝန်ပြီးသွားပြီပေါ့"
အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဟောင်ပြီး ပြောလိုက်တယ်။
"နောက်ကလိုက်ခဲ့..လုပ်ပြီဆိုရင် ပြီးပြတ်အောင် လုပ်ရမယ်"
အဆောက်အဦးဟာ ဟောင်းနွမ်းနေပြီး အထပ် ၅ ထပ်ရှိကာ..ဓာတ်လှေကား မရှိပါဘူး။ဒီမှာနေကြတဲ့ လူတွေ အများစုဟာ အသက်ကြီးတဲ့ လူတွေဖြစ်ပြီး..သူတို့ဟာ ခွေးတွေအများကြီးကို မြင်တဲ့ အချိန်မှာ.. သံသယဖြစ်သွားကြပါတယ်။
အကြီးအကဲခွေး နီကိုးလပ်ဟာ..သူ့ရဲ့ခြေထောက်သေးသေး လေးတွေနဲ့..အဆောက်အဦး လှေကားကို မနည်းတက်နေခဲ့လို့ပါ။
ဒါကို သိလိုက်တဲ့ ဟတ်စကီး ခွေးဟာ အလျင်အမြန်ပဲ သူ့ရဲ့ နှာခေါင်းနဲ့..အကြီးအကဲခွေး နီကိုးလပ် ရဲ့ဖင်ကို တွန်းတင်ပေးကာ..တက်ရလွယ်ကောင် ကူညီပေးလိုက်တယ်။
လေးထပ်မြောက်ကို ရောက်သွားတဲ့ အချိန်မှာတော့ ဟတ်စကီးခွေးဟာ အကြီးအကဲ ခွေးနီကိုးလပ်ကို ကြည့်လိုက်ပြီး..ဆုချတော့ မလားဆိုပြီး စောင့်ကြည့်နေခဲ့ပါတယ်။
သူဒီလိုမျိုး..အကြီးအကဲခွေး ကို ကူညီဖို့..တွေးမိတာကို တောင် ဂုဏ်ယူမိလိုက်သည်။
အကြီးအကဲ ခွေး နီကိုးလပ်ဟာ သူ့ရဲ့ ရှေ့ခြေထောက်တစ်ဖက်ကို မြောက်လိုက်ပြီး..ဟတ်စကီး ခွေးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တယ်။ဒါမှ ..ဟတ်စကီးခွေး ဘဝင်မမြင့်သွားမှာပါ။
ဝုတ် ဝုတ်
"ဟတ်စကီး ..မြန်မြန်သွားပြီး တံခါးသွားဖွင့်"
အကြီးအကဲ ခွေး နီကိုးလပ်ဟာ ဟတ်စကီး ဘာမှမပြောခင်မှာတင်..အမိန့်ပေးလိုက်တယ်။
သူ အကုန်စီစဥ်ပြီးပါပြီ..သူ့ရဲ့..ခန္တာကိုယ် သေးသေးလေးက..တံခါးကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။
ဘန်း
ဘန်း
အခန်းအထဲမှာတော့..မိန်းမကြီး နှစ်ယောက်နဲ့ လူကြီးတစ်ယောက်ဟာ အသံကို ကြားပြီး စိတ်ပူသွားကြပါတယ်။
လူကြီးဟာ ပြောလိုက်တယ်။
"အသံမထွက်နဲ့ ငါသွား စစ်ကြည့်လိုက်မယ်"
အမျိုးသမီးနှစ်ယောက်ဟာ ခေါင်းညိမ့်ပြလိုက်တယ်။
လူကြီးဟာ..ချောင်းကြည့်တဲ့ အပေါက်ထဲကနေ ကြည့်လိုက်ပေမယ့် လည်း ဘယ်သူမှ မတွေ့ရပါဘူး။
ဘယ်သူမှ မရှိဘူးဆိုတာ သူနားလည်လိုက်ပေမယ့် လည်း တံခါးကို တွန်းနေတဲ့ အသံကတော့ ထွက်နေဆဲပါ။
လူကြီးဟာ ရယ်မောလိုက်ပြီး..
"ဘယ်သူမှ မရှိဘူး..ကြည့်ရတာ ခွေးတစ်ကောင်တွန်းနေတာထင်တယ်"
အသားမဲမဲ မိန်းမကြီးဟာ ရယ်မောလိုက်ပြီးပြောလိုက်တယ်။
"ဝင်ခိုင်းလိုက်..ငါတို့ ခွေးဝယ်မယ့် လူကို ခေါ်ပြီးပြီ ဆိုတော့ တစ်ခါတည်း..ပေါင်းပြီး ရောင်းလိုက်လို့ရတယ်"
လူကြီးဟာ ခေါင်းညိမ့်လိုက်ပြီး တံခါးကို ဖွင့်လိုက်ပါတယ်။
သို့ပေမယ့် သူ တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်တည်း ဟတ်စကီး ခွေး တစ်ကောင် သူ့အပေါ် ခုန်အုပ်တာ ခံလိုက်ရပါတော့တယ်။
အား.....