← Chapters

ကြောက်လန့်စရာ မြင်ကွင်း..

Vol. 13 Ch. 187

ကြောက်လန့်စရာ မြင်ကွင်း..

Vol. 13 Ch. 187

ဘာသာပြန် = စနိုးဝှိုက်

ဒါရိုက်ဘာလူကြီးဟာ အသက်ကို မနည်းရူလိုက်ရပြီး...

"ချီးပဲ..ဒါကဘာတုန်းဟ.."

* ဝုတ် ...ဝုတ် *

* ဝုတ် ဝုတ် *

ခွေးဟောင်သံတွေဟာ တဖြည်းဖြည်းကျယ်လောင်လာခဲ့ပါပြီ။အကြီးအကဲ ခွေး နီကိုးလပ်ဟာ တံခါးဝမှာ မတ်တပ်ရပ်ပြီး ညွှန်ကြားလိုက်တယ်။

"သွား..သွား..သွား..."

ဟတ်စကီးခွေးဟာ ဒါရိုက်ဘာ လူကြီးကို တွန်းလဲလိုက်ပြီး .မျက်နှာကို လျှာဖြင့်လျက်ကာ သူ့ရဲ့ တံတွေးတွေကို မြည်းခိုင်းနေခဲ့ပါတယ်။

အကြီးအကဲ ခွေး နီကိုးလပ်ဟာ ဒါကို လှမ်းမြင်လိုက်ပြီး..

"ကိုက်လိုက်လေ.."

ဟတ်စကီးဟာ ဒါကိုကြားတဲ့ အချိန်မှာ ခံစားချက်မဲ့ စွာဖြင့် ရှေ့ကို တက်သွားလိုက်ကာ..ဒါရိုက်ဘာ လူကြီးရဲ့ နှာခေါင်းကို ကိုက်လိုက်တယ်။

တစ်ခြားခွေးတွေကတော့ ဒါရိုက်ဘာရဲ့ လက်တွေ ..ပေါင်တွေကို ဝိုင်းကိုက်နေကြပါပြီ။

"မအိန်လုံး ပြေးချင်တာလား"

အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဒါရိုက်ဘာလူကြီး အတင်း မတ်တပ်ရပ်ကာ အပေါက်ဝကထွက်ပြေးဖို့ လုပ်နေတာကို မြင်ပြီး..ပြေးသွားလိုက်တယ်။

အနားရောက်တာနဲ့ သူဟာ လူကြီးရဲ့ ပေါင်ကြားကို ခုန်ပြီး ကိုက်လိုက်ပါတယ် ..အကြီးအကဲ ခွေး နီကိုးလပ်ဟာ အကောင်သေးပေမယ့် လူကြီးရဲ့ ပေါင်းကြားကို မိအောင် ဖမ်းဆွဲထားပြီး မလွှတ်ပေးတော့ပါဘူး။

သူဟာ လေထဲမှာ ယမ်းနေခဲ့ပါပြီ။

အား......

ဒါရိုက်ဘာ လူကြီးဟာ သူ့ပေါင်ကြားက လှိုက်တက်လာတဲ့ နာကျင်မူကို မထိန်းထားနိုင်တော့ပါဘူး။

ခပ်ဝဝ အမျိုး သမီးနဲ့ အသားမဲမဲ အမျိုးသမီးတို့ဟာလည်း..ဆွံ့အနေကြပြီး..

"စောက်ကျိုးနဲ..ဒီခွေးတွေ ဘယ်က ရောက်လာကြတာလဲ"

ဝုတ် ဝုတ်

ခွေးတွေဟာ သူတို့အသံကို ကြားသွားပြီး သွားတွေကို ကျိတ်ကာ သူတို့ ဆီကို ပြေးလာခဲ့ကြပါတယ်။

အားးးးးးး

အသားမဲမဲ မိန်းမကြီးရဲ့ လက်မောင်းဟာ အရင်ဆုံး အကိုက်ခံလိုက်ရပြီး နာကျင်မူကြောင့် အော်ဟစ်လိုက်တယ်...ဒီခွေးတွေက တကယ်ရူးနေကြပါပြီ။

အသားမဲမဲ ခွေးကြီးဟာ အမျိုးသမီးကြီးဆီကို အလျင်အမြန်ဝင်လာပြီး သူမရဲ့ တင်ပါးတွေကို ကိုက်ထည့်လိုက်တာ..သူရဲ့ သွား ချွန်ချွန် ဟာ ချက်ချင်းပဲ အသားထဲကို ထိုးဖောက်သွားပါတော့တယ်။

သူမ နာကျင်စွာနဲ့ ငယ်သံပါအောင် အော်နေခဲ့သည်။

ဝုတ် ..ဝုတ်

ခွေးအုပ်စုကြီးဟာ အမျိုးသမီးနှစ်ယောက်ကို ပါတိုက်ခိုက်နေကြပါပြီ။မန်ဂါ နဲ့ တန်ဒီ တို့ဟာ ခပ်ဝဝ အမျိုးသမီးကြီး ရဲ့ ပေါင် ကို ကိုက်ထားကြပြီး လုံးဝ မလွှတ်ပေးတော့ပေ။

မိန်းမကြီးဟာ ခွေးတွေ အများကြီးကို ပြန်မတုန့်ပြန်နိုင်တော့ပဲ အော်ဟစ်နေဖို့ သာ တတ်နိငင်ပါတော့တယ်။

ဒီလို ခွေးမျိူးတွေက ဘယ်ကနေ ဘယ်လိုပေါ်လာတာလဲ ဆိုတာကတော့ သူတို့ ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး။

ခွေးအနည်းငယ် လောက်သာ ဆိုရင် သူတို့ မောင်းထုတ်လို့ ရပါသေးတယ်..ဒါပေမဲ့ အခုဟာက ခွေးဒါဇင်ကျော်ရှိနေပြီး..သူတို့ ဘာမှ မလုပ်နိုင်တော့ပါဘူး။

အားးးး

ဝုတ်ဝုတ်

ဒီအခန်းထဲမှာ ခွေးဟောင်သံတွေရော..လူအော်သံတွေရော ရောထွေးနေခဲ့ပါပြီ။

....

တိမ်ဖြူလမ်း။

လူတိုင်းဟာ အခြေအနေကို စောင့်ကြည့်နေကြပြီး အစ်မဟောင်ရဲ့ ယောက်ျားဟာလည်း အတော် စိတ်ပူနေခဲ့ပါပြီ။

"မာစတာ လင်း..အသုံးဝင်တာ တစ်ခုခု တွေ့ရပြီလား.."

လင်းဖန် အချိန်ကို ကြည့်လိုက်တယ်..ခွေးတေ ထွက်သွားတာ တော်တော်ကြာနေပါပြီ။ဘာတွေ ဖြစ်နေလည်း ဆိုတာ သူလည်း မသိတော့ပါဘူး။

အဲ့အချိန်မှာပဲ သူတို့ နောက်က ခွေးဟောင်သံကို ကြားလိုက်ရပါတယ်။

ဝုတ် ဝုတ်

ဆိုင်ပိုင်ရှင် တစ်ယောက်ဟာ အံ့သြသွားပြီးရေရွှတ်လိုက်တယ်။

"ဒါက ငါ့ခွေးမလေး လီလီပဲ..သူမက ဒီမှာ ဘာလုပ်နေတာလဲ"

ချီဟွာဟွာကတော့ မာစတာ လင်းဆီကို သာ သွားပြီး ဟောင်လိုက်တယ်။

လူအုပ်ကြီးဟာ ခွေးဘာပြောနေလည်း နားမလည်ကြပါဘူး..ကြည့်ရတာ ဒီလို စွမ်းဆောင် နိုင်တဲ့ လူက မာစတာ လင်းတစ်ယောက်ထဲ ရှိပုံရပါတယ်။

အစ်မဟောင်ဟာ စိတ်ပူစွာမေးလိုက်တယ်။

"အခြေအနေ ဘယ်လို တဲ့လဲ"

လင်းဖန် ပြုံးလိုက်ပြီး..

"တွေ့ခဲ့ပြီ..သွားရအောင်"

လူအုပ်ကြီးဟာ ဒါကို ကြားပြီး အံ့သြသွားခဲ့တယ်။

ဒါက တကယ် ရှာတွေ့သွားတာ ဖြစ်နိုင်မလား..

ဘေးနားမှာ ရှိနေကြတဲ့ ရဲတွေဟာလည်း ..သံသယဖြစ်မိပေမယ့် တကယ် ဖြစ်ပါစေလို့သာ မျှော်လင့်နေခဲ့ကြပါတယ်။သူ့တို့ အလျင်အမြန်ပဲ လှုပ်ရှားလိုက်ကာ..

"ကားထဲကို ဝင်..အခု အဲ့ကို သွားကြမယ်"

လင်းဖန်ဟာ ချီဟွာဟွာကို လက်ကနေချီပြီး ကားထဲ ဝင်လိုက်တယ်။

"ကောင်လေးတို့ ငါတို့ ကလေးမလေးကို တွေ့ပြီ..အကြအကဲ ခွေးက ခွေးမလေးကို အကြောင်းကြားဖို့ ပြန်လွှတ်လိုက်တယ်..အခု အဲ့ဒီကို သွားကြမယ်"

ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွှင့်နေရင်း အဖြစ်အပျက်တွေကို ရှင်းပြနေခဲ့ပါတယ်။

"ဒါက စောက်ဆန်းကြီးပဲ ..ကျိန်းသေ သတင်းထဲမှာ ပါလာလိမ့်မယ်"

"ဟုတ်တယ် ဒီလို ဖြစ်လာမယ်လို့ ထင်တောင် မထင်ထားခဲ့ဘူး"

"အစ်ကိုယန် အမြန်လိုက်လေ..တို့လည်း ကြည့်ရအောင်"

"ဒီ လူကုန်ကူးတဲ့ လူတွေ..အခုမိပြီးဆိုတော့ မာစတာ လင်းက ကျိန်းသေ သင်ခန်းစာပေးလိုက်မယ်"

...

ရဲကားထဲမှာတော့။

အရာရှိဟာ မေးလိုက်တယ်။

"ကျုပ်တို့ အခုဘယ်ကို သွားမလဲ"

လင်းဖန် ချီဟွာဟွာကို မေးလိုက်တဲ့ အချိန်မှာ ချီဟွာဟွာဟာ ဟောင်ပြီး ပြန်ဖြေလိုက်တယ်။

လင်းဖန် ခေါင်းညိမ့်ပြပြီး လမ်းညွှန်လိုက်ပါတယ်။

"ဂျန်းရှင်း တည့်တည့်မှာ ဘယ်ဘက်ကို ကွေ့လိုက်"

ကားမောင်းနေတဲ့ ရဲအရာရှိဟာ အံ့သြသွားပေမယ့် လည်း မာစတာ လင်း ရဲ့ စကားကို ယုံကြည်ဖို့ပဲ တတ်နိုင်ပါတော့တယ်။

"မာစတာ လင်း ကျွန်မတို့ တကယ် တွေ့နိုင်မှာလား"

"ကျွန်တော်ကို ယုံ အစ်မဟောင်..စိတ်မပူနဲ့ မကြာခင် တွေ့လိမ့်မယ်"

သို့ပေမယ့် လင်းဖန် နဲ့ ချီဟွာဟွာ ခွေးမလေး စကားပြောနေတာက တကယ် မယုံနိင်စရာ ကောင်းလှပါတယ်။ချီဟွာဟွာ ခွေးမလေးဟာ ဟောင်ဟောင်ပြီး လမ်းညွှန်နေကာ လင်းဖန်က စကားပြန် လုပ်နေပြီး ဒါရိုက်ဘာက အဲ့အတိုင်း လိုက်မောင်း နေခဲ့သည်။

ကျောင်းကျန်းယန်ကတော့ လင်းဖန်ရဲ့ အနောက်ဘက် ကားထဲမှာပါ။သူဟာ ဖုန်းကို ကြည့်နေခဲ့ပြီး..

"ငါအခု ရဲကားထဲမှာ..မာစတာ လင်းက ရှေ့က ကားထဲမှာထိုင်နေတယ်..နေရာမှန်ရဲ့လား ဆိုတာတော့ မသိဘူး..ဒါပေမဲ့ အမှန်တကယ် ဖြစ်လာဖို့ပဲ မျှော်လင့်မိတယ်"

"ဟားဟား မဖြစ်နိုင်တာတွေ ဖြစ်လာတော့မယ့် အချိန်ပဲ..အားလုံး မျက်လုံးပြူးပြီး ကြည့်ထားကြတော့"

"ခွေးတွေ အနံ့ခံ လိုက်နေပြီ ဆိုတော့ သူတို့ ပုန်းစရာ နေရာရှိတော့မှာ မဟုတ်ဘူး"

"တကယ်ရှာတွေ့ခဲ့ရင်တော့ အကြီးအကဲ ခွေးနီကိုးလပ် နာမည်ကြီးပြီးဟေ့"

"သူက သာမန်ခွေးတွေ နဲ့တော့ ဘယ်တူမလည်း..အကြီးအကဲ ခွေးလေ"

မိနစ် နှစ်ဆယ်လောက် မောင်းပြီးတဲ့ နောက်မှာတော့..

"ကားကို ဒီမှာရပ်လိုက်"

လင်းဖန်ဟာ အဆောက်အဦးတစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး..

"သူမက ဒီနားမှာလို့ ပြောနေတယ်"

လင်းဖမ် ချီဟွာဟွာကို ချပေးလိုက်တဲ့ အချိန်မှာ ချီဟွာဟွာဟာ အလျင်အမြန်ပဲ ပြေးသွားခဲ့ပါတယ်။

တစ်ခြားလူတွေ ပြေးလိုက်ကြတဲ့ အချိန်မှာ..အဆောက်အဦးကြီးတစ်ခုရဲ့ အောက်ကို ရောက်လာခဲ့ကြတယ်..အဆောက်အဦးအောက်မှာ လူများစွာစုဝေးနေကြပြီး သူတို့မျက်လုံးတွေကတော့ မယုံကြည်မူတွေ အပြည့်နဲ့ပါ။

"အပေါ်မှာ ဘာလို့ ခွေးတွေ အများကြီး ရှိနေတာလဲ"

"ငါလည်း သေချာမသိဘူး..ဘယ်သူမှ မတက်ကြည့်ရဲဘူးလေ ခွေးတွေက ရူးနေတာ လားမှ မသိတာ"

ရဲအရာရှိတွေဟာ အနားကို ရောက်လာပြီး မေးလိုက်တယိ။

"မာစတာ လင်း အပေါ်မှာလား"

"အင်း..မြန်မြန်သွားသင့်တယ်"

ဒါကို ကြားတဲ့အချိန်မှာ အစ်မဟောင်ဟာ ခွန်အားတွေ ပြည့်လာပြီး ဘယ်သူမှ တောင်တွဲစရာ မလိုပဲ အပေါ်ကို ပြေးတက်သွားခဲ့ပါတယ်။

"ကြားကြလား..အပေါ်ထပ်က ခွေးဟောင်သံတွေက အတော်ကျယ်တယ်..အကြီးအကဲ ခွေးနီကိုးလပ်တော့ ပွဲကြမ်းနေပြီထင်တယ်..ဘာတွေဖြစ်နေလဲ ဆိုတာတော့ စောင့်ကြည့်လိုက်ရအောင်"

ကျောက်ကျန်းယန်ဟာ သူ့ဖုန်းကို ကိုင်ကာ ပြောနေပြီး လေးထပ်မြောက်ကို တက်သွားလိုက်တယ်။

အနားကို ရောက်လာလေလေ ခွေးဟောင်သံတွေက ပိုပိုပြီးကျယ်လာလေလေပါပဲ။

သူတို့ အပေါ်ကို ရောက်ပြီး အခန်းထဲက မြင်ကွင်းကို မြင်တဲ့ အချိန်မှာတော့။

"ဒါက"

ရဲအရာရှိဟာ ကြောင်အသွားခဲ့ပြီး..ကျောက်ကျန်းယန်ကတော့ အလေးအနက်ရိုက်ကူးနေခဲ့ပါသည်။

တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေဟာလည်း အံ့အားသင့်ကုန် ကြပါပြီ။

"ချီးပဲ ..ဒီနေရာက တကယ့်ကို ငရဲပဲ"

"စောက်ကျိူးနဲ့ ငါတောင်ကြောက်လာပြီ"

"အကြီးအကဲ ခွေးနီကိုးလပ်က ပြသနာကို ဖြေရှင်းဖို့ အကူအညီတောင် မလိုဘူး..လူကုန်ကူးတဲ့ လူတွေက မှတ်မိဖို့တောင်ခက်ခဲနေကြပြီ"

လင်းဖန် အခန်းထဲကို ရောက်သွားတဲ့အချိန်မှာလည်း ဆွံ့အသွားခဲ့ပါတယ်..သူဒီလိုတွေ ဖြစ်သွားလိမ့်မယ် လို့ မမျှော်လင့်ထားခဲ့ပါဘူး။

ဒါရိုင်ဘာဟာ နောက်ဆုံးထွက်သက်ကို ရောက်နေသလိုဖြစ်နေပြီး..လူတွေ ဝင်လာတဲ့ အချိန်မှာ သူ့ရဲ့ လက်ကို အားယူမြောက်လိုက်ကာ..

"ကယ်ပါ ကယ်ပါ"

ဟတ်စကီးခွေးဟာ သူ့ဘေးနားမှာ နေပြီး အခန်းထဲက ပစ္စည်းတွေကို ဖျက်ဆီးကိုက်ဖြတ်နေခဲ့တာပါ။သူ ဒီလူကြီးရဲ့ အသံကို ကြားလိုက်တဲ့ အချိန်မှာ အနားကို ရောက်လာပြီး သူ့ခြေထောပ်ကို လူကြီးရဲ့ ပါးစပ်ထဲ ထိုးထည့်လိုက်ကာ တိတ်တိတ်နေခိုင်းလိုက် တယ်။

နောက်တစ်နေရာမှာကတော့ မှတ်မိဖို့တောင် ခက်ခဲနေပြီ ဖြစ်တဲ့..အမျိုးသမီး နှစ်ဦးရဲ့ ပုံစံ ကို တွေ့နေရပါတယ်..သွေးတွေဟာတော့ သူတို့ရဲ့တကိုယ်လုံးမှာ ရွှဲနေခဲ့ပါပြီ။

အသားမဲမဲ မိန်းမကြီးရဲ့ ပုခုံးပေါ်မှာတော့ တိုင်ဒီ ခွေး ဟာ တက်ထိုင်နေခဲ့ပြီး သူမ နာကျင်လေ သဘောကျလေပါပဲ။

သူမဟာ ဘာခွန်အားမှ မကျန်တော့ပဲ..လုံးဝ တောင့်မခံနိုင်တော့ပါဘူး...

All Chapters