← Chapters

ဥပဒေဆိုတာ ခွေးတွေအပေါ်ကို မသက်ရောက်ဘူး

Vol. 13 Ch. 188

ဥပဒေဆိုတာ ခွေးတွေအပေါ်ကို မသက်ရောက်ဘူး

Vol. 13 Ch. 188

ဘာသာပြန် = စနိုးဝှိုက်

"ရှောင်ရာ ရှောင်ရာ "

အစ်မဟောင်ဟာ တစ်ခြား အခန်းထဲကနေ ရယ်မောတဲ့ အသံကို ကြားပြီး အသည်းအသန်သွားလိုက်ပါတယ်။

သူမ တံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ သူမသမီးလေးဟာ ခွေးမလေးနဲ့ ကစားနေလို့ပါ။

ပျော်ရွှင်မူကြောင့် မျက်ရည်တွေဟာ သူမရဲ့ ပါးပေါ်ကို ကျလာခဲ့ပါပြီ။

ရှောင်ရာဟာ သူမအမေကို တွေ့သွားပြီး ပြောရွှင်စွာရေရွတ်လိုက်တယ်။

"မာမီ.."

ခွေးမလေးဟာတော့ သူမရဲ့ ဘေးနားမှ ပျော်ရွှင်သွာ ခုန်ပေါက်နေလို့ပါ။

အစ်မဟောင်ဟာ သူ့မရဲ့ သမီးလေးကို အလျင်အမြန် ပြေးဖက်လိုက်မှပဲ စိတ်သက်သာရာရရသွားခဲ့ပါတယ်။

အပြင်ဘက်တွင်။

အကြီးအကဲ ခွေး နီကိုးလပ်ဟာ သူ့ရဲ့ ခြေထောက်တွေကို ခြေပစ် လက်ပစ်နဲ့ ဇိမ်ကျကျ ထိုင်စောင့်နေခဲ့တာပါ။

လင်းဖန် တို့ တွေ ဝင်လာတာ တွေ့တဲ့ အချိန်ကျမှ သူလင်းဖန် ဆီကို သွားပြီး မေးလိုက်တယ်။

ဝုတ် ဝုတ်

"ငါတို့က အရည်အချင်းရှိတယ်မဟုတ်လား..ဒါနဲ့ ငါတို့ ပန်ကိတ်တွေက ဘယ်တော့ရမှာတုန်း"

လင်းဖန်ဟာ အကြီးအကဲ ခွေး နီကိုးလပ်ကို လက်မထောင်ပြလိုက်ပြီးတော့...

"အကြီးအကဲ ခွေး..တကယ် အံ့သြဖို့ကောင်းတယ်"

ရဲအရာရှိတွေဟာလည်း သူတို့ရှေ့ကမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ပါတယ်။ဖြစ်ပျက်သွားတဲ့ အရာတွေတိုင်းက မယုံနိုင်စရာ တွေချည်းပါပဲ။

တိုက်ရိုက်ထုတ်လွင့်မူထဲတွင်။

"အကြီးအကဲ ခွေး နီကိုးလပ်က အရမ်းမိုက်တယ်နော်..ငါသူ့အတွက် လက်ဆောင်တွေ ပို့ပေးရမယ်"

"ချီးပဲ..ဒီတိုက်ရိုက်ထုတ်လွင့်မူကို ကြည့်လိုက်ရတာ တကယ်ထိုက်တန်တယ်..မဖြစ်နိုင်တာတွေ မြင်ခဲ့ရပြီ"

"အကြီးအကဲခွေးက အသုံးမဝင်ဘူးလို့ ဘယ်သူပြောတာလဲ..ငါအဲ့ကောင်ကို လက်သီးနဲ့ ထိုးမလို့"

"သူ့အတွက် မြားဆယ်ချောင်းပေးမယ်"

"ငါရဲ့ အံ့သြနေတဲ့ စိတ်ကို ဖော်ပြဖို့ လက်ဆောင်တွေပဲရှိတယ်..ထပ်မပြောတော့ဘူး..ဒုံးကျည် အခုနှစ်ဆယ် ယူလိုက်တော့.."

......

ရဲအရာရှိဟာ လင်းဖန်ကို ကြည့်လိုက်တယ်..သူတို့မှာ လင်းဖန် ရှိနေလို့ တော်ပါသေးတယ်..မဟုတ်ရင် ဒီအမူဘယ်လို အဆုံးသတ် မလဲ ဆိုတာ စဥ်းစားကြည့်လို့တောင် မရတော့ပါဘူး။

အခုချိန်မှာ သူတို့ ဆေးရုံကား ကို ခေါ်ရပါတော့မယ်။

"ကိုက်ထားတာတွေက အတော်လေးနက်တယ်နော်..ဒါပေမဲ့ ခွေးတွေအတွက် ပြသနာရှိနိုင်ပါ့မလား.."

ရဲအရာရှိဟာ ခေါင်းခါယမ်းပြီး ပြောလိုက်တယ်။

"ဥပဒေက ခွေးတွေအပေါ်မှာ မသက်ရောက်ဘူး"

ရဲအရာရှိတွေဟာ လူကုန်ကူးတဲ့ လူတွေကို စစ်ဆေးလိုက်ကြတယ်။သူတို့ လုပ်ထားရတာကို အခု ပြန်ခံစားနေကြရပါပြီ။

သူတို့လည်း ဒီလူကုန်ကူးသမားတွေကို သွေးထွက်လွနိပြီး သေဆုံးစေချင်ပေမယ့် တာဝန်က တာဝန်သာ ဖြစ်ပြီး..လူနာတင်ကားကို မခေါ်လို့ မရပါဘူး။

လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ကို ကြည့်လိုက်တယ်။

"ဘာလို့ အောက်ကို သွားပြီး ငါတို့ကို မစောင့်နေတာလဲ"

အကြီးအကဲ ခွေး နီကိုးလပ်ဟာ နှစ်ချက်ဆက်တိုက်ဟောင်လိုတဲ့ အချိန်မှာတော့..တစ်ခြားခွေးတွေဟာ ညီညီညာညာ အောက်ကို ဆင်းသွားဖို့ ပြင်ဆင်လိုက်ကြပါတယ်။

အကြီးအကဲ ခွေး နီကိုးလပ် ရဲ့ လက်တွေဟာ တိုပြီး လှေကား တထစ် တထစ်ကို ဆငိးဖို့ လက်တွေကို ဆန့်တန်းနေရပြီး..အခန့်မသင့်ရင် ပြုတိကျမဲ့ အခြေအနေရှိနေခဲ့လို့ပါ။

ဒါက သူလို အကြီးအကဲ ခွေးအတွက်ကတော့ ရှက်စရာ ကောင်းလှပါတယ်။

ဟတ်စကီးဟာ ပါးနပ်စွာပဲ သူ့ရဲ့ နှုတ်သီးနဲ့ အကြီးအကဲ ခွေး ကောင်းကောင်းဆင်းနိုင်ဖို့..ကူညီပေးလိုက်တယ်။

အောက်ဘက်တွင်။

ဟတ်စကီးခွေးဟာ ဆုချခံရမလားလို့.. အကြီးအကဲ ခွေး နီကိုးလပ် ကို စိုက်ကြည့်နေပေမယ့်လည်း..အကြီးအကဲ ခွေး ရဲ့ ဖြတ်ရိုက်ခြင်းကို ပဲ ခံလိုက်ရပါသည်။

.......

ကျောက်ကျန်းယန်ဟာ ဖုန်းကို ကိုင်ထားပြီး ..လူကုန်ကူး သမားတွေရဲ့ အခြေအနေကို ရိုက်ပြနေခဲ့ပါတယ်။

"အားလုံးပဲ..သေချာကြည့်ထားကြ..ဒီလူကုန်ကူးသမားတွေ ရဲ့အခြေအနေက အတော်ဆိုးရွားတယ်။ပိုက်ဆံ အတွက်ကြောင့်နဲ့များ ဒီလို လုပ်ရတယ်လို့..အခုတော့ သူတို့.နဲ့ ထိုက်တန်တာ သူတို့ရပြီလေ.."

"သူတို့တော့ ဒါနဲ့ ထိုက်တန်တယ်"

"အားလုံးပဲ..ခွေးတွေကို အသိအမှတ်ပြုသင့်တယ်။သူတို့ က ဒီလူတွေကို ဖမ်းပေးထားတာ"

"ခွေးတွေက ဒီလောက်ပဲလုပ်ထားတာတောင်..ညှာတာရာ ကျနေပြီ"

"မိုက်တယ်နော်..အကြီးအကဲ ခွေး နီကိုးလပ်က အကောင်းသေးပေမယ့်လည်း..တိုက်ခိုက်တာမှာတော့ ဆရာကျမယ် ထင်တယ်။ငါ ဒီနေ့က စပြီး အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ ပရိတ်သတ်ပဲ"

" + 1 "

......

အစ်မဟောင်ရဲ့ ယောက်ျားဟာ လင်းဖန်ရဲ့ လပ်ကို ညှစ်ပြီး ပြောလိုက်တယ်။

"မာစတာ လင်း..ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားနဲ့ မလုံလောက်ပါဘူး..တစ်သက်လုံး ရင်လတ်ထဲမှာ ထည့်ထားပါ့မယ်"

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။

"ကျွန်တော်ကို ကျေးဇူးမတင်ပါနဲ့ဗျာ..တစ်ယောက်ယောက်ကို ကျေးဇူးတင်ရမယ်ဆိုရင်..ဒီခွေးတွေပဲ ဖြစ်သင့်တာပါ..သူတို့ကြောင့်မဟုတ်ရင် ရှာဖို့ဆိုတာက တကယ်မလွယ်ကူဘူး"

အစ်မဟောင်ရဲ့ ယောက်ျားဟာ ခေါင်း ညိမ့်လိုက်တယ်။

"ဟုတ်တယ် ကျွန်တော် ခွေးတွေကိုလည်း ကျေးဇူးတင်သင့်တယ်"

ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ ဒါရိုက်ဘာဟာ တစ်ချက် တစ်ချက် ထထပြောခဲ့ပါတယ်။

"ကယ်ပါ..ကယ်ပါ..ကျွန်တော် ခွေးကိုက်ခံနေရပြီ..တကယ်မသေချင်သေးဘူး"

လင်းဖန်ဟာ ခွေးတွေကိုက်ထားလို့ သွေးတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဒါရိုက်ဘာကို တစ်ချက်ကြည့်ပြီး ရယ်လိုက်တယ်...ဒီလူက တကယ်ထိုက်တန်တာပါ။

လူကုန်ကူးတဲ့ လူတွေဟာ သူတို့ ဘယ်လိုအဖမ်းခံခဲ့ရလဲ ဆိုတာ အခုထိ နားမလည်သေးပါဘူး။

အရေးပေါ် ဆေးအဖွဲ့ ဟာရောက်လာခဲ့တယိ..သူတို့ ပထမဆုံး မြင်ကွင်းကို မြင်မိတဲ့ အချိန်မှာ ကြောက်ရွံ့သွားမိကြပါတော့တယ်။

အစက တော့ သူနာပြုမလေး တွေဟာ ဒီလူတွေကို မသိကြပဲ ညှင်ညှင်သာသာ လုပ်ပေးကြပါသေးတယ်..သို့ပေမယ့်. ဒီလူတွေဟာ လူကုန်ကူးသမားတွေလို့ သူတို့ သိသွားတဲ့ အခါမှာတော့..ပြောင်းလဲ သွားခဲ့ပါပြီ။

သူနာပြုတစ်ယောက်ဟာ ကပ်ကြေးကို လက်ကနေ မတော်တဆ လွတ်ကြပြီး..အောက်မှာရှိ နေတဲ့ ဒါရိုက်ဘာရဲ့ ဒဏ်ရာပေါ်ကို ကျသွားခဲ့တယ်။

အားးးး

မတော်တဆ ဆိုတာ က တစ်ခါတည်းဖြစ်မှာဖြစ်ပြီး ..တမင်သက်သက် လုပ်တာဆိုရင်တော့ ဒီသုံးယောက် ဒါမျိုးကို မကြာခန ကြုံရတော့မှာပါ။

အောက်ဘက်တွင်။

အောက်မှာရှိတဲ့ လူတွေဟာ အစက ဘာဖြစ်နေမှန်း မသိကြပါဘူး..သို့ပေမယ့်..လူကုန်ကူးသမား သုံးယောက်ကို ခွေးတွေက တရားမျှတစွာ ဖမ်းပေးတယ်ဆိုတာ သိလိုက်တဲ့ အချိန်မှာ လက်ခုပ်တွေတီးပြီး ဂုဏ်ပြုလိုက်ပါတော့တယိ။

ဒီခွေးတွေဟာ သူတို့ရဲ့ ဂုဏ်ပြုမူတွေနဲ့ အမှန်တကယ် ထိုက်တန်ပါတယ်။

"မာစတာ လင်း ခွေးတွေကို ဘယ်လို လုပ်မှာလဲ"

ရဲအရာရှိတစ်ယောက်ဟာ မေးလိုက်တယ်။

"သူတို့ဟာ သူတို့ ပြန်လိမ့်မယ်"

လင်းဖန် ပြုံးပြီးပြောလိုက်တယ်။

အရာရှိဟာ ခေါင်းညိမ့်လိုက်တယ် ..ဒီကိစ္စကို ဖြေရှင်းတဲ့ ပုံစံက သူတို့အတွက်တော့ ပဟေဠိဖြစ်စရာပါ။

"မာစတာ လင်း..ခင်ဗျားတကယ် ခွေးတွေနဲ့စကားပြောနိုင်ပြီး..ခွေးဘာသာစကားကို နားလည်တာလား"

ဒါကို ကြားလိုက်တဲ့ လူတွေဟာ လည်း သိချင်တဲ့

စိတ်နဲ့ လင်းဖန်ဆီကို ခေါင်းလှည့်ခဲ့ကြပါတယ်။

"နည်းနည်းပါးပါးပဲ..အကုန်လုံးကို နားလည်တယ်လို့ ပြောရင်တော့ ကြွားသလိုဖြစ်သွားမှာပေါ့"

လူတိုင်းရဲ့ အမြင်မှာကတော့ လင်းဖန်က နိမ့်ချနေတာပါ..နည်းနည်းပါးပါးကတင် လင်းဖန် အတော်နားလည်တယိလို့ ပြောလို့ရနေပါပြီ။

"အကြီးအကဲ ခွေး နီကိုးလပ် ပြန်လို့ရပြီ..ဂရုစိုက်နော်..မီးနီတွေကို ဖြတ်မကူးနဲ့"

လင်းဖန် လှမ်းပြောလိုက်တယ်။

ဝုတ် ဝုတ်

"မီးနီက ဘာတုန်း"

အကြီးအကဲ ခွေးဟာ ​ပြန်မေးလိုက်တယ်။

ခွေးတွေကို မီးပွိုင့် အကြောင်းပြောနေတာက နွားမလာတာ ကျွေးနေသလိုပါပဲ။

လူတိုင်း ဟာ သူတို့ရဲ့ အခြေအနေကို ကြည့်ပြီးရယ်မောလိုက်ကြတယ်။အခု တော့ သူတို့ရဲ့ ဖိအားတွေ စိုးရိမ်မူတွေ ပျောက်ကွယ်သွားခဲ့ပါပြီ။

တိမ်ဖြူလမ်း။

လင်းဖန် ဝိုက်ဘိုမှာ ပို့စ်တင်လိုက်တယ်။

"ကူညီပြီး ရှာဖွေပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်..ကလေးမလေးက အခုရှာတွေ့သွားပြီး..လူကုန်ကူးတဲ့ လူတွေကို လည်းဖမ်းဆီးထားပါပြီ"

ဒီသတင်းတက်လာတာ နဲ့ လူတိုင်းရဲ့ တုန့်ပြန်မူ ကြီးမားခဲ့ပါတယ်။လူတိုင်းဟာ ကလေးမလေးကို ကယ်တင်ဖို့ အတိုင်း အတတ်နိုင်ဆုံးဝိုင်း ကြိုးစားခဲ့ကြတာဖြစ်ပြီး..ဒီသတင်းတက်လာမှ စိတ်သက်သာရာ ရသွားခဲ့ကြတော့တယ်။

အဲ့အချိန်မှာပဲ လင်းဖန်ဟာ သူ့ဆိုင်ရှေ့မှာ မထင်မှတ်ထားတဲ့ အရာကို တွေ့လိုက်ရတယ်။

ခွေးတွေ ဆယ်ကောင်ကျော်လောက်ဟာ သူ့ရံ ဆိုင်ပေါက်ဝမှာ ရောက်နေကြပြီး ..မျက်လုံးတွေပြူးကာ ဝိုင်းကြည့်နေကြတာပါ။

အကြီးအကဲ ခွေး နီကိုးလပ်ဟာ ခွေးတွေအားလုံးရဲ့ ရှေ့ဆုံးမှာ ရှိနေပြီး..

ဝုတ် ဝုတ်

"ပန်ကိတ်တွေ ပေးတော့လေ..အကုန်ဗိုက်ဆာနေကြပြီ"

ဘေးနားက ဖြတ်လျောက်နေကြတဲ့ လူများဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ ဘာတွေဖြစ်နေတာလည်း လှမ်းကြည့်နေကြပါတယ်။

လင်းဖန် ပန်ကိတ်လှည်း ဆီသွားလိုက်ပြီး စတင်ပြင်ဆင်လိုက်တယ်..ဘာပဲဖြစ်ဖြစ် အပေးမယူကတော့ အပေးအယူပါပဲ။

သူ့ရဲ့ ပန်ကိတ်တွေကို တောင် နာမည်ပြောင်းရမလိုဖြစ်နေပါပြီ။

"ခွေးပန်ကိတ်"

လူတွေဟာ ပန်ကိတ်တစ်ခုရဖို့ အတွက်..တိုက်ခိုက်နေကြတဲ့အချိန်မှာ ခွေးတွေကတော့ ပန်ကိတ်တွေကို သူတို့စားချင်သလောက် တိုက်ခိုက်စရာ မလိုပဲ ရနေကြတာပါ။

ပူပူနွေးနွေး ပန်ကိတ်တွေဟာ မွေးကြိုင်တဲ့ ရနံ့နဲ့ အတူ ..တစ်ခုပြီး တစ်ခု ထွကိလာခဲ့ကြတယ်။

လမ်းဘေးက ဖြတ်လျောက်နေကြတဲ့ လူတွေကတော့ တံတွေးတွေတောင် မျိုချနေ ကြပါပြီ။

ဒီပန်ကိတ်တွေ က သူတို့အတွက် မဟုတ်ယုံသာမကပဲ..ခွေးတွေအတွက်ဖြစ်နေတာကတော့ ရင်နာစရာ ပါပဲ။

သူတိူ့ ဒီပန်ကိတ်တွေကို စားချင်ရင် တစ်ခုတည်းသော နည်းလမ်းက ခွေးတွေဆီကို သွားတောင်စားဖို့ဖြစ်ပြီး ..ဒါက အတော်ကို လူရယ်စရာကောင်းမှာပါ။

All Chapters