← Chapters

သူအပေါ်အထိတက်နိုင်ပါ့မလား..

Vol. 13 Ch. 189

သူအပေါ်အထိတက်နိုင်ပါ့မလား..

Vol. 13 Ch. 189

ဘာသာပြန် = စနိုးဝှိုက်

ခွေးတွေဟာ ပန်ကိတ်တွေကို နှစ်သက်စွာ စားနေကြပြီး..လူတွေကြိုက်သလိုပဲ သူတို့လဲ ပန်ကိတ်ကို ကြိုက်ကြပါတယ်။

လင်းဖန် လည်း သူ ပန်ကိတ် ဘယ်လောက်များများ လုပ်ခဲ့ပြီးပြီတောင် မသိတော့ပေ။ဒီခွေးတွေဟာ အတော်စားနိုင်ကြပြီး သူ့ရဲ့ လက်တွေတောင် နာကျင် နေခဲ့ပါပြီ။

"မာစတာ လင်း အခု ခွေးတွေ ဗိုက်ဝသွားပြီ ဆိုတော့ ကျွန်တော် တို့အတွက် မလုပ်ပေးချင်ဘူးလား.."

လူတွေထဲက တစ်ယောက်ဟာ မေးလိုက်တယ်။

မာစတာ လင်းခွေးတွေ အတွက်ပန်ကိတ် လုပ်ပေးနေတဲ့ အချိန်မှာ သူတို့လည်း စားချင်မိတာ ပုံမှန်ပါပဲ။

လင်းဖန် လက်ဝေ့ယမ်းကာ ပြောလိုက်တယ်။

"ကျွန်တော် ပင်ပန်းသွားပြီ..ဒီခွေးတွေက ဒီနေ့ အတော်ကြိုးစားထားကြတော့ စားဖို့ထိုက်တန်ပါတယ်"

လူအုပ်ကြီးဟာ ရှက်ရွံ့စွာရယ်မောလိုက်ကြတယ်..ဒီနေ့က အတော်ထူးဆန်းတာတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး..ဒီခွေးတွေက တကယ်အံ့သြဖို့ ကောင်းခဲ့တာပါ။

ဘေးနားက ဆိုင်ပိုင်ရှင်များဟာတော့။

"ဒီခွေးတွေနဲ့ ဆိုရင်တော့..ငါတို့ကလေးတွေ လုံခြုံပါပြီ..ဘာမှ စိတ်ပူစရာ မလိုတော့ဘူး"

"ဒီခွေးတွေ မတိုင်ခင်တုန်းကတော့ လူတိုင်းက..ခွေးမွေးတာ မကောင်းဘူးလို့ပဲ ထင်နေကြတာ။ဒါပေမဲ့ ကောင်းတဲ့အရာမှန်း သိသွားခဲ့ကြပြီ"

"ဒီခွေးလေးတွေ ကောင်းကောင်းမွန်မွန် ကြီးပြင်းကြပါစေ..သူတို့ တော်တော် ကြိုးစားခဲ့ကြတာ"

"အကြီးအကဲ ခွေး နီကိုးလပ် မှာ ဒီလောက်စွမ်းဆောင်နိုင်စွမ်းတွေ ရှိမယ်လို့ မထင်ထားမိခဲ့ဘူးနော်"

"ဟေး မာစတာ လင်းကို လည်း မေ့မထားကြနဲ့ဦး မာစတာ လင်းမရှိရင် ဘယ်သူက ခွေးနဲ့ စကားပြောပေးမှာလဲ"

"ဒါအမှန်ပဲ..မာစတာ လင်းက တိမ်ဖြူလမ်းရဲ့ နတ်ဘုရားလေ..သူရောက်လာပြီး နောက်ပိုင်း ငါတို့တွေလည်း ရောင်းအား အတော်တပ်လာကြတယ်"

"အစ်မဟောင်ရဲ့ ကလေး အလျင်အမြန်ပြန်တွေ့ တာလည်း မာစတာ လင်းရဲ့ ကျေးဇူးကြောင့်ပဲ"

လင်းဖန်ဟာ ဒါတွေကို ကြားတဲ့ အချိန်မှာ ရယ်မောလိုက်ပြီး...

"ခင်ဗျားတို့က အရမ်းကြင်နာတတ်တာပဲ..ကျုပ်တို့က အိမ်နီးနားချင်းတွေဆိုတော့..အချင်းချင်းကူညီပေးရမယ်လေ.."

......

ရဲဌာနတွင်တော့။

တိမ်ဖြူလမ်း ကလေး လူကုန်ကူးမူရဲ့ ပါဝင်သူတွေကို ရဲတွေဟာ စုံစမ်းစစ်ဆေးနေကြပြီး..အကုန်လုံး အလုပ်ရှုပ်နေကြပါတယ်။

ခွေးတွေရဲ့ လုပ်ဆောင်ချက်တွေကို မြင်ခဲ့ရတဲ့ ရဲတွေကတော့ သူတို့ ပြန်ရောက်လာတဲ့ အချိန်မှာ ပြန်ပြောပြဖို့ မစောင့်နိုင်ကြတော့ပါဘူး။

ဒါက အတော် ထူးခြားတဲ့ ဖြစ်စဥ်ဖြစ်ပြီး..ရှင်းပြဖို့တောင်လအတော်ခက်ခဲလှပါတယ်။

"ငါတို့ အဲ့အနားက CCTV တွေအကုန်လုံးကို စစ်ဆေးပြီး..ဒီအခြေအနေကို ပြန်သုံးသပ်ရမယ်"

မိန်းကလေး ရဲအရာရှိတစ်ယောက်ဟာ ပြောလိုက်တယ်။

"လွှဲပြောင်းတဲ့ ဌာနကို သတင်းပို့လိုက်..ငါတို့ CCTV မှတ်တမ်းကို မလိုတော့ဘူးလို့"

"အိုး... ငါတို့ ဘာလို့ မလိုတော့တာလဲ"

အမျိုးသမီး အရာရှိဟာ မျက်ခုံးကိုပင့်ပြီး အံ့သြစွာမေးလိုက်တယ်။

"ငါတို့ကလေးရော..ဝန်ခံထားကြတဲ့ ပြန်ပေးသမားတွေကိုရော တွေ့ပြီးလို့ ဆေးရုံပေါ်တင်ထားပေးခဲ့တယ်"

အမျိုးသမီးအရာ ရှိဟာ စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်တယ်။

"အစ်ကိုယန် ..ရှင်က ဒီအမူကို တောင် ကျွမ်းကျွမ်းကျင်ကျင် ​ဖြေရှင်းပေးနိုင်ခဲ့တာပဲ"

ရဲအရာရှိဟာ ရယ်မောလိုက်တယ်။

"ငါတို့ ဖြေရှင်းတာမဟုတ်ဘူး..ဒီကိစ္စကို ဖြေရှင်းသွားတာ ခွေးတွေလို့ ပြောရင် ယုံနိုင်ပါ့မလား..ငါတို့က နောက်ဆက်တွဲကို ရှင်းပေးယုံပဲ"

"အာ...ဘယ်လို ဖြစ်နိုင်မှာလဲ"

ယောက်ျားလေး အရာရှိရဲ့ မျက်နှာဟာ ဒါကိုကြားပြီး..တောက်ပသွားခဲ့တယိ။

"ရှင်းပြဖို့ ဆိုရင်တော့ တော်တော် အချိန်ယူရမယ်..ငါတို့ ဒီည ညစာအတူစားပြီး ရှင်းပြရင်ရော ဘယ်လိုလဲ..ငါကျွေးပါ့မယ်"

"ကောင်းပြီလေ.."

ယောက်ျားလေး အရာရှိဟာ ပျော်ရွှင်သွားခဲ့ပါတယ်..သူ ဒီ မိန်းကလေးကို ဒိတ်လုပ်ဖို့ ပြောချင်ခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ အခွင့်မသာ ခဲ့ပါဘူး။

အခုလို ညစာ အတူတူ စားရတာက ကြီးမားတဲ့ ​တိုးတက်မူကြီးပါပဲ။

.......

ဆေးရုံတွင်။

"ကျွန်တော် အခြေနေ ဘယ်လိုရှိလဲ ဒေါက်တာ"

ဒါရိုက်ဘာဟာကုတင်ပေါ်မှာ နာကျင်စွာ လှဲနေရင်း မေးလိုက်တယ်။

ပုံမှန်ဆိုရင် ဆရာဝန်တွေဟာ လူနားတွေကို အတူတူပဲ ဆက်ဆံပါတယ်..သို့ပေမယ့် ဒီလူနာက လူကုန်ကူးသမားဆိုတာ သိတဲ့ အချိန်မှာတော့ မတူညီ နိုင်တော့ပါဘူး။

"မေ့လိုက်တော့..မျှော်လင့်ချက် မရှိတော့ဘူး"

ဒါရိုက်ဘာရဲ့ မျက်နှာဟာ ဖြတ်ရိုက်ခံလိုက်ရသလို ဖြူဖျော့သွားခဲ့တယ်။

ဒေါက်တာဟာ ဒါခွေးကိုက်ခံရတယ် ဆိုတာ တစ်ချက်ကြည့်တာနဲ့ သိပြီးသားပါ။သူ တောင်မှ ခွေးတွေကို လေးစားမိသွားပါတယိ..ဒီခွေးတွေက ဘယ်နေရာက အဓိကလဲ ဆိုတာ သိနေတဲ့ ပုံပါပဲ။

နောက်တစ်ရက်။

တိုက်ရိုက်ထုတ်လွင့်တဲ့ ဗီဒီယိုကို တစ်စုံတစ်ယောက်ဟာ လိုင်းပေါ်တင်လိုက်တယ်။

"ဝိုး ငါမယုံကြည်နိုင်ဘူး..ဒါကြီးက များလွန်းတယ်"

"လူတစ်ယောက်က ခွေးနဲ့ စကားပြောတယ်လား..မင်းငါ့ကို လာနောက်နေသလိုပဲ"

"ကလေးက ပြန်ပေးဆွဲခံရပြီး ခွေးတွေက ကယ်ပေးခဲ့တယ်..ဘယ်သူ ဒီဇာတ်ညွှန်းကို ရေးတာလဲ"

"မာစတာလင်း မနေ့က ကလေးပျောက်ကြောင်း ပို့စ် မတင်ခဲ့ဘူးလား...ဒါက အမှန်တကယ် ဖြစ်တာဆိုရင် ဘယ်လို လုပ်မလဲ"

မြို့သားတွေဟာ ဒီဗီဒိယို နဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်..ဒီဗီဒီယိုဟာ မရှင်းလင်းတော့ သူတို့ အနည်းငယ်လောက်သာ စိတ်ဝင်စားခဲ့ကြပြီး..ကိစ္စက မကြီးကျယ်ခဲ့ပါဘူး။

ထပ်ပြောရရင် ဒီအရာက တိုက်ရိုက်ထုတ်လွင့်နေတာ ဖြစ်ပြီး တစ်ချို့နေရာတွေမှာ ကင်မရာ မငြိမ် တာတွေ..တစ်ချို့နေရာ တွေမှာ ဖြတ်ထုတ်ပစ်တာတွေ ရှိပါတယ်။

ဒါကို ကြည့်နေကြတာလူတွေဟာ ဘာခံစားမူမှ မရှိကြပါဘူး။သို့ပေမယ့် အဖြစ်အပျက်နားမှာ ရှိနေခဲ့ကြတဲ့ လူတွေ အတွက်ကတော့..ရင်ခုန်စရာ ကောင်းလွန်းခဲ့ပါတယ်။

နောက်တစ်ရက် မနက်။

လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ မစ်ရှင် ပြည့်နိုင်လောက်တယ် ထင်ပြီး အိမ်မှာ ပဲ ရှိနေခဲ့တယ်..သို့ပေမယ့် အချိန်အတော် ကြာပြီး တာတောင် ဘာမှ ထူးခြားတာ ဖြစ်မလာတဲ့အတွက်

သူ ဆိုင်ကို ထွက်လာခဲ့ပါသည်။

တိမ်ဖြူလမ်း။

မြို့သားတွေဟာ တန်းစီနေကြပြီးတော့..မနေ့က အဖြစ်အပျက်ကို ဆွေးနွေး နေခဲ့ကြပါတယ်။

"ဒီဘက်ကို လာပါဦး..အကြီးအကဲ ခွေး နီကိုးလပ်"

မြို့သားတွေဟာ လက်ဝေ့ယမ်းကာ ခေါ်လိုက်ကြတယ်။သို့ပေမယ့်..အကြီးအကဲ ခွေး နီကိုးလပ်ဟာ ခေါင်းတောင် မော့မကြည့်ပဲ ဘဝင်မြင့်စွာ လှဲလျောင်းနေခဲ့လို့ပါ။

"အကြီးအကဲ ခွေး နီကိုးလပ်က ငါတို့ကို ဂရုမစိုက်ဘူးဟ"

"တကယ်လို့ ငါတိုသာ မာစတာ လင်းလို ခွေးတွေနဲ့ စကားပြောတတ်ရင်..သူတို့စားနေတဲ့ ပန်ကိတ်ကို တောင်းစားလို့ရတယ်"

"ဟေး.မာစတာ လင်းက ဒီမှာဟ"

လင်းဖန် မနေ့က အဖြစ်အပျက်ကိုဖြေရှင်းနိုင် ခဲ့လို စိတ်ကောင်း ဝင်နေခဲ့တာပါ။

သူဟာ ကောင်တာဆီ ဝင်လိုက်ပြီး ပန်ကိတ်တွေ စလုပ်ဖို့ အသင့်ပြင်လိုက်တယ်။

အဲ့အချိန်မှာပဲ အကြီးအကဲ နီကိုးလပ်ဟာ လမ်းပေါ်ကို ထွက်ပြီး..ဟောင်လိုက်တာ..ခွေးတွေအကုန်လုံး အလျိုလျို ရောက်လာခဲ့ကြပါတော့တယ်။

အကြီးအကဲ ခွေး နီကိုးလပ်ဟာ လင်းဖန် ဆီကိုသွားလိုက်ပြီး ဟောင်လိုက်တယ်။

"ငါတို့ ပန်ကိတ်လိုချင်တယ်"

လင်းဖန် သက်ပြင်းချလိုက်တယ်..ဒါက လိမ်ညာမူကြီးတစ်ခုဖြစ်ပြီး..ဒါပေမဲ့ လူတွေ ဆီက မဟုတ်ပဲ ခွေးတွေဆီကပါ။

လင်းဖန်.. မနေ့က ဒီခွေးတွေ မဝမချင်း ပန်ကိတ်လုပ်ပေးလိုက်တာ အခု ၁၀၃၀ လောက်ရှိပါတယ်။

ပန်ကိတ် ဝယ်ခွင့်မရတဲ့ လူများဟာလည်း ခွေးတွေကို မနာလိုစွာ ကြည့်လိုက်ကြတယ်။

ခွေးတွေက ဘာလို့ လူတွေထက် ပိုအဆင့်မြင့်နေရတာလဲ...

တစ်ရက် နားပြီးတဲ့ နောက်မှာ အစ်မဟောင်ဟာ တည်ငြိမ်သွားခဲ့ပြီး..သူမ ပထမဆုံးတွေးမိတာက လင်းဖန်ကို လက်ဆောင်ကြီးကြီးနဲ့ ကျေးဇူးတင်ဖို့ပါ။

လင်းဖန် အတွက် ဒါက ဘာမှ အားမစိုက်ခဲ့ရပေမယ့်လည်း..အစ်မဟောင်အတွက်ကတော့ ဘဝနဲ့ ရင်းတဲ့ ကယ်တင်မူတစ်ခုပါ။

အစ်မဟောင်ဟာ အထူးကောင်းမွန်တဲ့ ခွေးလှောင်အိမ်တစ်ခုကို ယူလာခဲ့တယ်။

"အကြီးအကဲ ခွေး နီကိုးလပ်..ဒါမင်းအတွက်ပဲ.မင်းကြိုက်ရဲ့လား..ငါမင်းကို မနေ့က ကောင်းကောင်း ကျေးဇူးမတင်ရသေးဘူး"

အကြီးအကဲ ခွေးဟာ ဒါကိုမြင်ပြီး နှာမှုတ်လိုက်တယ်..ယင်းနောက် အစ်မဟောင်ရဲ့ ဆိုင်ထဲမှာ ထည့်ထားတဲ့ အမွှေးပွ ခွေးမလေးတစ်ကို တစ်ချက်ကြည့်လိုက်ကာ...

"ဝုတ်ဝုတ်"

အကြီးအကဲ ခွေးနီကိုးလပ်ဟာ လင်းဖန်ကိုကြည့်ပြီး ဟောင်လိုက်ပါတယ်။

အစ်မဟောင်ဟာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"မာစတာ လင်း..နီကိုးလပ်က ဘာပြောတာလဲ"

လင်းဖန် အနည်းငယ်ရှက်ရွံ့စွာ..

"အစ်မဟောင်..ဒီခွေးပြောတာက အစ်မဟောင်အိမ်မှာ မွေးထားတဲ့ ခွေးမလေးက လှတော့ သူ ရင်းနီးချင်တယ်တဲ့"

ဒါပေမဲ့ ဒါက လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ စကားကို..သိမ်မွေ့အောင်ပြန်ပြင်ပေးထားတာပါ။

လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ စကားကို အတည့်အတိုင်း ပြန်ပြောပြရရင်..

"ငါသူမကို #### ချင်တယ်"

အစ်မဟောင်ဟာ အကြီးအကဲ ခွေးနီကိုးလပ်ရဲ့..ခေါင်းကို ပုတ်လိုက်ပြီး..

"ရင်းနှီးတာ ကောင်းပါတယ်..သွားလေ"

လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ကို သတိပေးတဲ့ မျက်လုံးနဲ့ ကြည့်ပြီး ပြောလိုက်တယ်။

"သွားတော့"

အကြီးအကဲ ခွေး နီကိုးလပ်ဟာ အစ်မဟောင် သူ့ကို ခွင့်ပြုလိုက်တာကို သိတဲ့အခွင်မှာ အလျင်အမြန်ပဲ ထွက်ပြေးသွားခဲ့ပါတယ်။

ဒါကို မြင်ကျတဲ့ လူတွေဟာ ရယ်မောလိုက်ကြတယ်။

"အကြီးအကဲ ခွေး နီကိုးလပ်က တကယ်မလွယ်ဘူး"

လူလိမ် ထျန်ဟာ ပြောလိုက်တယ်။

ကျောက်ကျန်းယန်ဟာလည်း ရယ်မောလိုက်ပြီး...

"အကြီးအကဲခွေး နီကိုးလပ်က အကောင်သေးသေးလေးနော်..သူ အပေါ်ကိုတောင် ရောက်နိုင်ပါ့မလား.."

လူတိုင်းဟာ ဒါကို ကြားပြီး တွေဝေသွားကြပါတယ်။

သူတို့ အစတုန်းက ဒီလိုမျိုး မတွေးမိခဲ့ကြပါဘူး။

န့်တန်းနေရပြီး..အခန့်မသင့်ရင် ပြုတိကျမဲ့ အခြေအနေရှိနေခဲ့လို့ပါ။

All Chapters